Love Scenario (KookV/Complete...

Por Jinsoohyuk_0127

66.3K 6.9K 1.1K

Top- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။ Mais

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 12
EPISODE - 13
EPISODE - 14
EPISODE - 15
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE -19
EPISODE - 20
EPISODE - 21
EPISODE - 22
EPISODE - 23
EPISODE - 25
EPISODE - 26
EPISODE - 27
EPISODE - 28
EPISODE - 29
EPISODE - 30
EPISODE - 31
EPISODE - 32
FINAL EPISODE

EPISODE - 24

1.2K 165 16
Por Jinsoohyuk_0127


EPISODE - 24 (Unicode)

အချိန်က ညကိုးရီထိုးတော့မည်။ ဂျောင်ဂု အိမ်ပြန်ရောက်ကတည်းက ထယ်ယောင်းကို မတွေ့ရသေးသလို ဒီအချိန်ကြီးထိလည်း ပြန်မရောက်သေးသဖြင့် စိတ်ပူပြီး ထမင်းမစားနိုင်သေး။သွားသည့်နေရာကလည်း မိန်းကလေးနှစ်ယောက်နှင့်အတူ အရက် Barဆီမို့ ပိုပြီးစိတ်ပူရသည်။

ပြဿနာ တစ်စုံတရာဖြစ်လာလျှင် ထယ်ယောင်း သူ့ကိုယ်သူ ကာကွယ်နိုင်မည်မဟုတ်သလို အတူသွားသည့် မိန်းကလေးနှစ်ယောက်ကိုလည်း ကူညီပေးနိုင်မည်မဟုတ်။ လုံခြုံရေးတွေ ရောက်မလာသေးခင် တစ်ဖက်က ထယ်ယောင်းကို လက်ဦးမှုယူကာ ရိုက်နှက်သွားလျှင် ခက်ချေတော့မည်။

ဒါက အဆိုးဆုံးဖြစ်နိုင်သည်ကို ဂျောင်ဂု တွေးပူနေမိခြင်း။ တစ်ခါမှ သွားဖူးပုံမရသော အရက်ဘားလိုနေရာမျိုးမှာ ထယ်ယောင်းကို သူမပါဘဲ တစ်နာရီလေးတောင် စိတ်မချနိုင်။ မတွေးကောင်း တွေးကောင်း ကောင်မလေးနှစ်ယောက်လည်း ထယ်ယောင်းကို မကောင်းကြံချင် ကြံနိုင်သေးသည်။

သူချစ်ရသော ထယ်ထယ်က မထိရက်မကိုင်ရက်လောက်အောင် မြတ်နိုးရသူမို့၊ သူ့အတွက် ကမ္ဘာပေါ်မှာ အလှဆုံးဟုသတ်မှတ်ထားသူမို့ သူကလွဲပြီး ဘယ်သူ့လက်ထဲမှာမှ ထယ်ယောင်းကို စိတ်မချထားနိုင်။ အတ္တကြီးလွန်းသည် ထင်ချင်ထင်ပါစေ။ ထယ်ယောင်းအတွက်ဆို မိန်းကလေးနှစ်ယောက်ကိုလည်း သူမယုံကြည်ရဲ။

အရဲစွန့်ပြီး ဖုန်းဆက်ဖို့ကြိုးစားပြန်တော့ Students from Engineering pageမှာ King,Queen selection ပုံများတင်ထားပြီဖြစ်၍ သူနှင့်နာဘီတို့ပုံများကို ထယ်ယောင်း တွေ့ပြီးနေလောက်ပြီဟု ယူဆကာ အခြေအနေကို မှန်းဆမရနိုင်ခြင်းကြောင့် ဖုန်းဆက်ဖို့ တွန့်ဆုတ်နေမိသည်။

ဓာတ်ပုံဆရာက တစ်ရက်လုံးလုံးအချိန်ပေးကာ သေချာပြင်ဆင်ပေးထားသည်မို့ Pageက တင်ထားသည့်ပုံများမှာ လှပပြီး အသက်ဝင်လွန်းနေ၏။ အထူးသဖြင့် သူနှင့် ဟန်နာဘီတို့၏ Romaticဆန်ဆန် ဓာတ်ပုံလေးက အလင်းအမှောင်၊ အရောင်ညီညွတ်မှုကောင်းကာ ပိုအသက်ဝင်နေသည်မို့ ထယ်ယောင်း သဝန်တိုမှာ လုံးဝသေချာသည်။

ဒီအချိန်မျိုးမှာ ဖုန်းသွားဆက်မိလျှင် ထယ်ယောင်း ဒေါသကို ဆွမိသလိုဖြစ်သွားနိုင်၍ ဖုန်းဆက်ချင်သော်လည်း မနည်း အောင့်အီးသည်းခံရသည်။ တစ်ဖက်က ပြန်တွေးကြည့်ပြန်တော့ အိမ်ပြန်ရောက်ပြီး သူ့ဆီဖုန်းမဆက်ရကောင်းလားဟူ၍ စိတ်ပိုဆိုးသွားနိုင်သည်။

ဘာလုပ်သင့်သလဲ ဝေခွဲမရသည်မို့ ဂျောင်ဂုတစ်ယောက် ဆိုဖာပေါ် ထိုင်လိုက်ထလိုက်လုပ်ရင်း ဖုန်းတစ်လုံးဖြင့် ဂဏာမငြိမ်ဖြစ်နေခဲ့သည်။ နောက်ဆုံးတော့ ဖုန်းဆက်ဖို့အကြံကို လက်လျှော့ကာ LINEမှ စာတစ်စောင်သာ လှမ်းပို့လိုက်၏။

" ထယ်ထယ်ရေ ငါ အိမ်ပြန်ရောက်ပြီနော်။ မင်းရော ပြန်မလာသေးဘူးလား။ ငါမင်းကို စိတ်ပူနေလို့ "
~~~~~xxxxx~~~~

" မောင်လေးရေ ဒီမှာ နင့်သူငယ်ချင်းပုံတွေ တက်လာပြီ။ အင်ဂျင်နီယာဌာနရဲ့ Pageထဲဝင်ကြည့်လိုက်ဦး။ သူတို့ဌာနက queen selectionက သူနဲ့အရမ်းအတွဲညီတာပဲ "

ပြောင်းလဲသွားသော အခေါ်အဝေါ်ကြောင့် ထယ်ယောင်း Yerinကို ကြောင်အန်းအန်းဖြင့် ပြန်ကြည့်လာသည်။ သို့သော် နောက်ဆက်တွဲစကားက သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရသည်။ ဘာတဲ့ အတွဲညီတယ်တဲ့လား။

ရင်ထဲကလိကလိဖြစ်လာသဖြင့် တစ်ခါမှ followမလုပ်ဖူးထားသော ထို Pageကို လိုက်ရှာကာ နောက်ဆုံးတင်ထားသည့် Postကိုဝင်ကြည့်တော့ မေဂျာအလိုက် Kingနှင့် Queen selection စုံတွဲပုံများ။ အခြားသူတွေပုံကို ကျော်ပစ်ရင်း ဂျောင်ဂုပုံကို ကျော်ကြည့်လိုက်မိတော့ ရင်ထဲစနိုးစနှောင့်ဖြစ်ရသည်။

စုံတွဲအစစ်ဟု ထင်ရလောက်အောင် အသက်ဝင်ပီပြင်နေသော ဂျောင်ဂု အကြည့်များက သူ့ဒေါသကို အစပျိုးစေသည်။ သူ့ကိုကြိုက်သည်ဟုဆိုပြီး အခြားတစ်ယောက်ကို အချစ်ရိပ်လွှမ်းသော မျက်ဝန်းတို့ဖြင့် ဘာကြောင့်ကြည့်နေရပါသနည်း။ သဏ္ဍာန်လုပ် သရုပ်တူအောင်လုပ်သည် ဆိုပြန်လျင်လည်း ဒီလောက်ကြီးက လွန်လွန်းရာကျသည်။

ပြောတော့ ငါ့ကိုကြိုက်တယ်ဆိုပြီး ဒါက ဘာအချိုးချိုးတာလဲ။ မင်းက ကြုံရာလူကို ဒီလို flirtနေကျလား ဂျောင်ဂု။ ဒီလိုပုံစံမျိုးဆို မင်းအချစ်ကို ငါဘယ်လိုယုံရမလဲ။ မင်းလုပ်ရက်တွေ စောက်ချိုးကိုမပြေဘူး။ အိမ်ရောက်ရင် မင်းငါနဲ့တွေ့မယ်။

ထယ်ယောင်း စကားလုံးတွေကို ရင်ထဲခဏသိမ်းရင်း အငြိမ်မနေနိုင်သောလက်က Comment sectionထဲဝင်လိုက်မိသည်။ ထိုအခါမှ Commentတွေ လိုက်ဖတ်မိကာ ဒေါသက ပိုတိုးလာခဲ့သည်။

" ဒီအတွဲက တကယ်လိုက်ဖက်တယ်နော်။ တကယ့်အတွဲအစစ်တွေလား မသိဘူး "

" ကောင်လေးရဲ့အကြည့်တွေက တကယ်ကို အသက်ဝင်လွန်းနေတယ်။ ငါ့အထင်တော့ သူတို့နှစ်ယောက် silentတွဲနေတာ ဖြစ်ရမယ် "

" ငါကတော့ Queenနေရာမှာ ငါသာဖြစ်လိုက်ချင်တယ်။ သူ့အကြည့်တွေနဲ့သာဆို ငါအရည်ပျော်သွားမလား မသိဘူး "

" တို့မေဂျာက ကောင်လေးက အရမ်း hotလွန်းတာပဲ။ ငါတော့ သူ့ကို ​အရမ်းကြွေသွားပြီ "

" King selectionနဲ့ classတစ်ခုတည်းမှာ အတူတက်ရတာ ငါဂုဏ်ဆာနေပြီ "

" ချီး! ယောက်ျားချင်းတောင် ပြန်ကြွေမိတော့မယ်။ သူကဘာလို့ ဒီလောက်ထိ coolဖြစ်နေရတာလဲ။ သူသာ gayဖြစ်မယ်ဆို ငါသူ့ကိုလိုက်မယ် "

အမျိုးစုံသော မှတ်ချက်များကို ဖတ်ရှုပြီးသကာလ ပေါက်ကွဲထွက်လုမတတ် တာစူနေခဲ့သော ဒေါသအဟုန်က နောက်ဆုံးအဆင့်သို့ရောက်လာသည်။ အမှတ်မထင် ဆော့ဂျင်၏ Commentကို တွေ့လိုက်ရ၍ ကျော်သွားရာမှ အပေါ်ပြန်ဆွဲကာ ဖတ်ကြည့်လိုက်သည်။

" အရမ်းချောနေတဲ့ ငါတို့သူငယ်ချင်းကြီးပါလား။ ဒီအတိုင်းဆို ငါလည်း မင်းကိုကြွေမိတော့မယ်။ သူငယ်ချင်းအချင်းချင်း ပြန်ကြိုက်လို့ရလား။ ငါအရမ်း သဘောကျနေပြီ "

သူ့ Commentမှာ တန်းစီနေသော Wow reactတွေ။ နမ်ဂျွန်းနှင့် ဘာလိုလိုဖြစ်နေပါလျှက် အခြားယောက်ျားတစ်ယောက်ကို ဒီလိုမျိုးဝင်ရေးရဲသည်က တော်ရုံရဲတင်းမှုနှင့်မရ။ ဒါက သူ့ကို တမင်စိန်ခေါ်လိုက်ခြင်းဖြစ်၍ ထယ်ယောင်း ဒေါသက ထိန်းမရသိမ်းမရ ပေါက်ကွဲထွက်လာသည်။

" ဘောမို့လို့ ဒီကောင့်ကို ဝိုင်းချီးကျူးနေကြတာလား။ လူတွေများ ရုပ်ချောရုံလေးနဲ့ လူတစ်ယောက်ကို ဝိုင်းကြိုက်ရတယ်လို့။ သူတို့ရမှာလည်း မဟုတ်ဘဲနဲ့ overတွေလုပ်ပြနေကြတယ်။ ဓာတ်ပုံမြင်ရတာတောင် ဒီလောက်ဖြစ်နေကြရင် ငါ့လိုမျိုး သူနဲ့ တစ်ခန်းတည်းအတူနေရရင် ဘယ်လိုများဖြစ်ကုန်ကြမလဲ မသိဘူး "

ရုတ်တရက် ထဆဲလာသော ထယ်ယောင်းကို မီဂျင်းနှင့် Yerinတို့ မျက်လုံးပြူးကြည့်လာသည်။ ဒေါသထွက်ရလောက်အောင်လည်း ဆိုးဆိုးရွားရွား မှတ်ချက်များကို မတွေ့ရပြန်။ အမှန်ဆိုလျှင် ကိုယ့်သူငယ်ချင်း ချီးကျူးခံနေရတာကို ထယ်ယောင်း ပျော်သင့်သည်မဟုတ်လား။

" ဟေး နင့်ပြဿနာက ဘာများလဲ ထယ်ယောင်း။ သူတို့ commentပေးထားတာတွေက သိပ်ဆိုးဆိုးရွားရွားတွေ မပါပါဘူးဟ။ နင်ဘာလို့ အခုလို ဒေါသထွက်နေရတာလဲ။ နင့်ကြည့်ရတာ သူ့ကို သဝန်တိုနေတဲ့ပုံပဲ "

အရက်လေး နည်းနည်းဝင်ထားသဖြင့် မီဂျင်းအသံက ခပ်လေးလေးထွက်ပေါ်လာသည်။ သူ့စကားကြားတော့ ထယ်ယောင်းက ခေါင်းခါပြလျှက် ငြင်းဆန်သည်။ ဂျောင်ဂုကို သူသဝန်တိုရလောက်အောင် သူတို့ပတ်သက်မှုက ထူးထူးခြားခြားမရှိ။ ဂျောင်ဂုကသာ သူ့ကို ကြိုက်နေခဲ့တာ မဟုတ်လား။

" ကျွန်တော်က ဘာကိစ္စ သူ့ကိုသဝန်တိုရမှာလဲ မီဂျင်း။ သူနဲ့ကျွန်တော်က ဒီအတိုင်း သူငယ်ချင်းတွေပဲလေ "

" နင်ကတော့ နင့်ကိုယ်နင် အဲ့လိုပဲထင်နေမှာပေါ့ဟာ။ ဘေးကမြင်နေရတဲ့ ငါတို့ကတော့ နင်ဖြစ်နေတာတွေကို ကြည့်လိုက်ရုံနဲ့ ဘာဆိုတာ ပြောလို့ရတယ်။ အခြားသူတွေ သူ့ကိုဝိုင်းကြိုက်နေလို့ နင်သူ့ကို သဝန်တိုပြီး အခုလိုဒေါသထွက်နေတာ "

မီဂျင်း အပြောကြောင့် ထယ်ယောင်း ခဏငြိမ်သက်သွားသည်။ သူများတွေအမြင်မှာ သူက ဂျောင်ဂုကို သဝန်တိုနေပုံပေါက်နေခဲ့ပြီလား။ ဒါက ဘယ်လိုမှမဖြစ်သင့်သော ကိစ္စ။ ယောက်ျားတစ်ယောက်ကို ပြန်ပြီးသဝန်တိုဖို့ဆို ပိုတောင်မဖြစ်သင့်သေးသည်။

" ကျွန်တော့်ကို အဲ့လိုထပ်မပြောပါနဲ့ မီဂျင်း။ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ကို သဝန်တိုနေတယ်ဆိုရင် ကျွန်တော် ဘာကြီးဖြစ်သွားပြီးလဲ စဥ်းစားကြည့်လေ။ မဖြစ်နိုင်တာတွေ ထပ်မပြောပါနဲ့လား "

မီဂျင်း ထယ်ယောင်းကို သေချာစိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းနက်နက်တွေက ထယ်ယောင်းကို လိမ်ညာမပြောဝံ့အောင် ခြိမ်းခြောက်နေသည့်အလား စူးရှတောက်ပလွန်းနေသည်။ တကယ်လည်း မီဂျင်းဆီက စိုက်ကြည့်ခံရတိုင်း ထယ်ယောင်းတို့ လိပ်ပြာမလုံသလို ခံစားရတာအမှန်။

" ဟေး ထယ်ယောင်း နင်က နင့်စိတ်နင်မသိဘဲ သူများတွေ နင့်ကိုဘယ်လိုမြင်မလဲဆိုတာ ထည့်တွက်နေပုံပဲ။ ယောက်ျားလေးတစ်ယောက်ကို သဝန်တိုလိုက်မိလို့ဆိုပြီး နင်က ဘာကြီးမှဖြစ်မသွားဘူး။ အမြဲတမ်း နင်ဆိုတာ နင်ပဲဖြစ်နေမှာ။ ကိုယ့်စိတ်ကိုယ်ပြန်လိမ်ပြီး အမှန်တရားကို အတင်းငြင်းနေရင် နင်ပိုပြီးပင်ပန်းလိမ့်မယ်။ လောကကြီးရဲ့ ပညတ်ချက်တွေကိုဖယ်ပြီး ကိုယ့်နှလုံးသားရဲ့ စကားသံကို နားထောင်ကြည့်လိုက်ရင် နင့်အတွက် အဖြေတွေအများကြီး တွေ့လာလိမ့်မယ် "

ထယ်ယောင်းကို ရှည်လျ​​ားစွာ ရှင်းပြလိုက်ရသဖြင့် မီဂျင်း အမူးပြေသွားကာ နောက်တစ်ခွက်ထပ်ထည့်နေသည်။ ထယ်ယောင်းမှာတော့ အတွေးများဖြင့် ရှုပ်ထွေးနေဆဲ။ နှလုံးသားရဲ့ စကားသံတဲ့။ နှလုံးသားရဲ့စကားသံက ဘာကိုဆိုလိုပါသနည်း။

Ting Tong!

အချက်ပေးသံနှင့်အတူ ရောက်ရှိလာခဲ့သော ဂျောင်ဂုဆီမှ messageတစ်စောင်။ အစတည်းက ရန်ဖြစ်ဖို့တွေးထားသည်မို့ မကျေနပ်သမျှ ကောပစ်မည် ဟူသောအတွေးဖြင့် chat roomထဲ ဝင်ကြည့်လိုက်သည်။

" ထယ်ထယ်ရေ ငါ အိမ်ပြန်ရောက်ပြီနော်။ မင်းရော ပြန်မလာသေးဘူးလား။ ငါမင်းကို စိတ်ပူနေလို့ "

ဂျောင်ဂုစာကို ဖတ်ကြည့်ပြီး အပိုတွေဟူသော အဓိပ္ပါယ်ဖြင့် နှုတ်ခမ်းကိုမဲ့လိုက်သည်။ စိတ်တိုစရာလုပ်ရပ်တွေ လုပ်ထားပြီးတော့မှ သူ့အပြစ်ပေါ့အောင် စိတ်ပူကြောင်းတွေ လာပြောနေသေးသည်။ ဒီလောက်ကတော့ ထယ်ယောင်းတို့ အထာနပ်ပြီးသားပေ။

" ငါ့ဘာသာငါ ပြန်လာချင်တဲ့အချိန် ပြန်လာမှာပေါ့။ ငါ
ကလေးလည်း မဟုတ်တော့ဘူး အရွယ်ရောက်နေပြီ။ နေရာတကာ လိုက်စိတ်ပူနေရအောင် မင်းက ငါ့အဖေမို့လို့လား။ အိုဗာတွေ လုပ်ပြမနေနဲ့ "

စိတ်ထဲ အစာမကြေသေးသည်မို့ ဘောက်ဆတ်ဆတ်တွေရေးကာ ဂျောင်ဂုဆီ စာပြန်လိုက်သည်။ သူ့ပြန်စာကြောင့် ဂျောင်ဂု အနည်းငယ် စိတ်ထိခိုက်သွားသည်ထင်။ seenပြပြီးသော်လည်း သုံးမိနစ်လောက်ထိ စာပြန်မပို့လာခဲ့။ မနေနိုင်သည့်အဆုံးမှ ပြောချင်သမျှချရေးကာ စာပြန်လာခဲ့၏။

" ငါက မင်းအတွက် တကယ်စိတ်ပူလို့ပါကွာ။ ငါ့မှာ မင်းအတွက်ပူနေရလို့ ထမင်းတောင် မစားနိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ကို စိတ်ထဲမထားပါနဲ့။ မင်းဆန္ဒအတိုင်း မင်းပြန်လာချင်တဲ့အချိန်မှ ပြန်လာခဲ့ပါ။ ငါကတော့ မင်းပြန်လာတာမြင်ရမှ ထမင်းစားဝင်လိမ့်မယ် "

ဂျောင်ဂုစာကို ဖတ်ပြီးချိန် ထယ်ယောင်းရင်ထဲ နင့်ခနဲခံစားချက်ကြီး ဝင်ရောက်လာသည်။ ဂျောင်ဂု ဘာကြောင့်များ အခုလို ရူးကြောင်ကြောင်လုပ်ရပ်တွေ လုပ်နေရသည်ကိုလည်း သူနားမလည်နိုင်ခဲ့။ လူကို တမင်တကာ စိတ်မကောင်းဖြစ်အောင်ပဲ လုပ်နေရော့သလား။

ဘာပဲဖြစ်ဖြစ် ဂျောင်ဂုတို့ dramaချိုးတဲ့နေရာမှာ ပီပြင်လွန်းသည်။ တစ်ခါတစ်ခါ ပြောလိုက်သည့်စကားတို့က ထယ်ယောင်းရင်ကို နင့်ခနဲဖြစ်သွားစေတတ်၍ ထိရောက်လွန်းသော စိတ်ဓာတ်စစ်ဆင်ရေးပင်။

သို့သော် ဒီလောက်ခံစားရရုံလေးနဲ့ ထယ်ယောင်း သူ့ကိုပြန်မချစ်နိုင်သေး။ သူ့စိတ်ကိုပင် သူပြန်နားမလည်နိုင်သေးချိန်မို့ အခြားတစ်ယောက်ကို နားလည်ပြီးချစ်လာနိုင်ဖို့က အလှမ်းဝေးလွန်းနေသေးသည်။

တစ်ဖက်က ပြန်စဥ်းစားကြည့်ပြန်တော့ သူမလာမချင်း ဗိုက်အဆာခံထိုင်စောင့်နေမည့် ဂျောင်ဂုကို ပြေးမြင်မိသည်။ ပြောသည့်အတိုင်း တကယ်လုပ်တတ်သူမို့ သူ့ကြောင့် ဗိုက်အဆာလွန်ပြီး တစ်ခုခုဖြစ်သွားလျှင် ဒီအပြစ်ကိုအကြောင်းပြပြီး အခွင့်အရေးတွေ ထပ်ယူလာနိုင်သေးသည်။

ချက်ချင်း ထပြန်သွားပြန်လျှင်လည်း အတူလာသည့် မိန်းကလေးနှစ်ယောက်ကို မျက်နှာပူစရာကောင်းသည်။ အချိန်ကလည်း ကိုးနာရီထိုးပြီမို့ မုန့်စားလေ့မရှိသော ဂျောင်ဂုအတွက် အတော်လေး ဆာလောင်နေပေလိမ့်မည်။ Yerinတို့ နှစ်ယောက်လည်း သူ့ကိုအကဲခတ်နေ၍ ပိုပြီး အနေကြပ်လှသည်။

" မီဂျင်းရေ ငါတို့ ဒီလောက်နဲ့ပဲ ပြန်ကြမလား။ မနက်ဖြန်အတန်းချိန်အပြည့်ဆိုတော့ အိပ်ချိန်မှန်ဖို့လိုတယ်လေ။ အခုချိနိပြန်မှ အိမ်ရောက်ပြီး ရေမိုးချိုး Skin careလုပ်ပြီး ၁၁နာရီ အိပ်ရာဝင်လို့ရမှာ "

အရိပ်အကဲနားလည်သော Yerinက ထယ်​ယောင်းအခြေအနေကို ကောင်းကောင်းရိပ်မိပြီး မီဂျင်းကို ပြန်ဖို့အဖော်စပ်လိုက်သည်။ အရာရာမှာ သူများထက်ပိုမြင်တတ်သော မီဂျင်းပေမို့ Yerinဆိုလိုသည်ကို ကောင်းကောင်းသဘောပေါက်လိုက်သည်။

" ငါတို့ပြန်သွားရင် ထယ်ယောင်းက တစ်ယောက်တည်းဖြစ်နေမှာပေါ့။ သူပြန်ချင်လား မပြန်ချင်လားဆိုတာ အရင်မေးပါဦးဟ "

ထယ်ယောင်း အိမ်ပြန်ဖို့ပြောထွက်အောင် စကားလမ်းကြောင်းပေးတတ်သော မီဂျင်းကို Yerin စိတ်ထဲက ချီးကျူးလိုက်သည်။ သူတစ်ပါး အခက်အခဲကို ပြေလည်အောင်လုပ်တဲ့နေရာမှာ မီဂျင်းက တကယ့်ကို ဆရာတစ်ပါးအလား။

" အင်း ကျွန်တော်လည်း ပြန်တော့မလို့ စဥ်းစားနေတာ။ မီဂျင်းတို့ ဆေးပညာဌာနက အလုပ်အရမ်းများတာဆိုတော့ အချိန်တွေ အများကြီးဖြုန်းလို့ မဖြစ်ဘူးမဟုတ်လား။ ကျွန်တော့်ကြောင့် အချိန်တွေပေးနေရတာ အားနာနေပြီ "

" okayလေ ဒါဆို တို့တွေပြန်ကြတာပေါ့။ မနက်ဖြန် အတန်းချိန်လွတ်ရင် ထပ်တွေ့ကြတာပေါ့

အိမ်ပြန်ဖို့ အဆင်ပြေခဲ့ပြီဖြစ်၍ ထယ်ယောင်း ပိုက်ဆံမြန်မြန်ရှင်းပေးပြီး barထဲက ပြန်ထွက်လာခဲ့သည်။ ကားပါကင်ရောက်တော့ ကားပေါ်အမြန်တက်ကာ မောင်းထွက်လာခဲ့ပြီး အပြန်ခရီးကို စတင်လိုက်၏။ အပြန်လမ်းတစ်လျှောက်လုံးမှာတော့ ထယ်ယောင်း၏ အတွေးတို့ကို ဂျောင်ဂုက စိုးမိုးထားခဲ့သည်။

ငါပြန်မလာမချင်း ထမင်းမစားဘူးဆိုလို့ ငါပြန်လာခဲ့ပြီ။ ဒီလိုဆိုပြီး မင်းလုပ်ထားတဲ့အပြစ်ကို ငါကျော်သွားပေးမယ် မထင်လိုက်နဲ့။ မင်း ထမင်းစားလို့ပြီးတာနဲ့ ငါမဟုတ်တဲ့ အခြားလူနဲ့ မင်းကြည်နူးနေတဲ့ကိစ္စကို ဘောက်ချာထပ်ရှင်းဦးမယ်။ ဘုရားသာတနေပေတော့ ဂျောင်ဂု။

To be continued...

EPISODE - 24 (Zawgyi)

အခ်ိန္က ညကိုးရီထိုးေတာ့မည္။ ေဂ်ာင္ဂု အိမ္ျပန္ေရာက္ကတည္းက ထယ္ေယာင္းကို မေတြ႕ရေသးသလို ဒီအခ်ိန္ႀကီးထိလည္း ျပန္မေရာက္ေသးသျဖင့္ စိတ္ပူၿပီး ထမင္းမစားႏိုင္ေသး။သြားသည့္ေနရာကလည္း မိန္းကေလးႏွစ္ေယာက္ႏွင့္အတူ အရက္ Barဆီမို႔ ပိုၿပီးစိတ္ပူရသည္။

ျပႆနာ တစ္စုံတရာျဖစ္လာလွ်င္ ထယ္ေယာင္း သူ႕ကိုယ္သူ ကာကြယ္ႏိုင္မည္မဟုတ္သလို အတူသြားသည့္ မိန္းကေလးႏွစ္ေယာက္ကိုလည္း ကူညီေပးႏိုင္မည္မဟုတ္။ လုံျခဳံေရးေတြ ေရာက္မလာေသးခင္ တစ္ဖက္က ထယ္ေယာင္းကို လက္ဦးမႈယူကာ ႐ိုက္ႏွက္သြားလွ်င္ ခက္ေခ်ေတာ့မည္။

ဒါက အဆိုးဆုံးျဖစ္ႏိုင္သည္ကို ေဂ်ာင္ဂု ေတြးပူေနမိျခင္း။ တစ္ခါမွ သြားဖူးပုံမရေသာ အရက္ဘားလိုေနရာမ်ိဳးမွာ ထယ္ေယာင္းကို သူမပါဘဲ တစ္နာရီေလးေတာင္ စိတ္မခ်ႏိုင္။ မေတြးေကာင္း ေတြးေကာင္း ေကာင္မေလးႏွစ္ေယာက္လည္း ထယ္ေယာင္းကို မေကာင္းၾကံခ်င္ ၾကံႏိုင္ေသးသည္။

သူခ်စ္ရေသာ ထယ္ထယ္က မထိရက္မကိုင္ရက္ေလာက္ေအာင္ ျမတ္ႏိုးရသူမို႔၊ သူ႕အတြက္ ကမ႓ာေပၚမွာ အလွဆုံးဟုသတ္မွတ္ထားသူမို႔ သူကလြဲၿပီး ဘယ္သူ႕လက္ထဲမွာမွ ထယ္ေယာင္းကို စိတ္မခ်ထားႏိုင္။ အတၱႀကီးလြန္းသည္ ထင္ခ်င္ထင္ပါေစ။ ထယ္ေယာင္းအတြက္ဆို မိန္းကေလးႏွစ္ေယာက္ကိုလည္း သူမယုံၾကည္ရဲ။

အရဲစြန္႔ၿပီး ဖုန္းဆက္ဖို႔ႀကိဳးစားျပန္ေတာ့ Students from Engineering pageမွာ King,Queen selection ပုံမ်ားတင္ထားၿပီျဖစ္၍ သူႏွင့္နာဘီတို႔ပုံမ်ားကို ထယ္ေယာင္း ေတြ႕ၿပီးေနေလာက္ၿပီဟု ယူဆကာ အေျခအေနကို မွန္းဆမရႏိုင္ျခင္းေၾကာင့္ ဖုန္းဆက္ဖို႔ တြန္႔ဆုတ္ေနမိသည္။

ဓာတ္ပုံဆရာက တစ္ရက္လုံးလုံးအခ်ိန္ေပးကာ ေသခ်ာျပင္ဆင္ေပးထားသည္မို႔ Pageက တင္ထားသည့္ပုံမ်ားမွာ လွပၿပီး အသက္ဝင္လြန္းေန၏။ အထူးသျဖင့္ သူႏွင့္ ဟန္နာဘီတို႔၏ Romaticဆန္ဆန္ ဓာတ္ပုံေလးက အလင္းအေမွာင္၊ အေရာင္ညီၫြတ္မႈေကာင္းကာ ပိုအသက္ဝင္ေနသည္မို႔ ထယ္ေယာင္း သဝန္တိုမွာ လုံးဝေသခ်ာသည္။

ဒီအခ်ိန္မ်ိဳးမွာ ဖုန္းသြားဆက္မိလွ်င္ ထယ္ေယာင္း ေဒါသကို ဆြမိသလိုျဖစ္သြားႏိုင္၍ ဖုန္းဆက္ခ်င္ေသာ္လည္း မနည္း ေအာင့္အီးသည္းခံရသည္။ တစ္ဖက္က ျပန္ေတြးၾကည့္ျပန္ေတာ့ အိမ္ျပန္ေရာက္ၿပီး သူ႕ဆီဖုန္းမဆက္ရေကာင္းလားဟူ၍ စိတ္ပိုဆိုးသြားႏိုင္သည္။

ဘာလုပ္သင့္သလဲ ေဝခြဲမရသည္မို႔ ေဂ်ာင္ဂုတစ္ေယာက္ ဆိုဖာေပၚ ထိုင္လိုက္ထလိုက္လုပ္ရင္း ဖုန္းတစ္လုံးျဖင့္ ဂဏာမၿငိမ္ျဖစ္ေနခဲ့သည္။ ေနာက္ဆုံးေတာ့ ဖုန္းဆက္ဖို႔အၾကံကို လက္ေလွ်ာ့ကာ LINEမွ စာတစ္ေစာင္သာ လွမ္းပို႔လိုက္၏။

" ထယ္ထယ္ေရ ငါ အိမ္ျပန္ေရာက္ၿပီေနာ္။ မင္းေရာ ျပန္မလာေသးဘူးလား။ ငါမင္းကို စိတ္ပူေနလို႔ "
~~~~~xxxxx~~~~

" ေမာင္ေလးေရ ဒီမွာ နင့္သူငယ္ခ်င္းပုံေတြ တက္လာၿပီ။ အင္ဂ်င္နီယာဌာနရဲ႕ Pageထဲဝင္ၾကည့္လိုက္ဦး။ သူတို႔ဌာနက queen selectionက သူနဲ႔အရမ္းအတြဲညီတာပဲ "

ေျပာင္းလဲသြားေသာ အေခၚအေဝၚေၾကာင့္ ထယ္ေယာင္း Yerinကို ေၾကာင္အန္းအန္းျဖင့္ ျပန္ၾကည့္လာသည္။ သို႔ေသာ္ ေနာက္ဆက္တြဲစကားက သူ႕အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္သလို ခံစားရသည္။ ဘာတဲ့ အတြဲညီတယ္တဲ့လား။

ရင္ထဲကလိကလိျဖစ္လာသျဖင့္ တစ္ခါမွ followမလုပ္ဖူးထားေသာ ထို Pageကို လိုက္႐ွာကာ ေနာက္ဆုံးတင္ထားသည့္ Postကိုဝင္ၾကည့္ေတာ့ ေမဂ်ာအလိုက္ Kingႏွင့္ Queen selection စုံတြဲပုံမ်ား။ အျခားသူေတြပုံကို ေက်ာ္ပစ္ရင္း ေဂ်ာင္ဂုပုံကို ေက်ာ္ၾကည့္လိုက္မိေတာ့ ရင္ထဲစႏိုးစေႏွာင့္ျဖစ္ရသည္။

စုံတြဲအစစ္ဟု ထင္ရေလာက္ေအာင္ အသက္ဝင္ပီျပင္ေနေသာ ေဂ်ာင္ဂု အၾကည့္မ်ားက သူ႕ေဒါသကို အစပ်ိဳးေစသည္။ သူ႕ကိုႀကိဳက္သည္ဟုဆိုၿပီး အျခားတစ္ေယာက္ကို အခ်စ္ရိပ္လႊမ္းေသာ မ်က္ဝန္းတို႔ျဖင့္ ဘာေၾကာင့္ၾကည့္ေနရပါသနည္း။ သ႑ာန္လုပ္ သ႐ုပ္တူေအာင္လုပ္သည္ ဆိုျပန္လ်င္လည္း ဒီေလာက္ႀကီးက လြန္လြန္းရာက်သည္။

ေျပာေတာ့ ငါ့ကိုႀကိဳက္တယ္ဆိုၿပီး ဒါက ဘာအခ်ိဳးခ်ိဳးတာလဲ။ မင္းက ၾကဳံရာလူကို ဒီလို flirtေနက်လား ေဂ်ာင္ဂု။ ဒီလိုပုံစံမ်ိဳးဆို မင္းအခ်စ္ကို ငါဘယ္လိုယုံရမလဲ။ မင္းလုပ္ရက္ေတြ ေစာက္ခ်ိဳးကိုမေျပဘူး။ အိမ္ေရာက္ရင္ မင္းငါနဲ႔ေတြ႕မယ္။

ထယ္ေယာင္း စကားလုံးေတြကို ရင္ထဲခဏသိမ္းရင္း အၿငိမ္မေနႏိုင္ေသာလက္က Comment sectionထဲဝင္လိုက္မိသည္။ ထိုအခါမွ Commentေတြ လိုက္ဖတ္မိကာ ေဒါသက ပိုတိုးလာခဲ့သည္။

" ဒီအတြဲက တကယ္လိုက္ဖက္တယ္ေနာ္။ တကယ့္အတြဲအစစ္ေတြလား မသိဘူး "

" ေကာင္ေလးရဲ႕အၾကည့္ေတြက တကယ္ကို အသက္ဝင္လြန္းေနတယ္။ ငါ့အထင္ေတာ့ သူတို႔ႏွစ္ေယာက္ silentတြဲေနတာ ျဖစ္ရမယ္ "

" ငါကေတာ့ Queenေနရာမွာ ငါသာျဖစ္လိုက္ခ်င္တယ္။ သူ႕အၾကည့္ေတြနဲ႔သာဆို ငါအရည္ေပ်ာ္သြားမလား မသိဘူး "

" တို႔ေမဂ်ာက ေကာင္ေလးက အရမ္း hotလြန္းတာပဲ။ ငါေတာ့ သူ႕ကို ​အရမ္းေႂကြသြားၿပီ "

" King selectionနဲ႔ classတစ္ခုတည္းမွာ အတူတက္ရတာ ငါဂုဏ္ဆာေနၿပီ "

" ခ်ီး! ေယာက်္ားခ်င္းေတာင္ ျပန္ေႂကြမိေတာ့မယ္။ သူကဘာလို႔ ဒီေလာက္ထိ coolျဖစ္ေနရတာလဲ။ သူသာ gayျဖစ္မယ္ဆို ငါသူ႕ကိုလိုက္မယ္ "

အမ်ိဳးစုံေသာ မွတ္ခ်က္မ်ားကို ဖတ္႐ႈၿပီးသကာလ ေပါက္ကြဲထြက္လုမတတ္ တာစူေနခဲ့ေသာ ေဒါသအဟုန္က ေနာက္ဆုံးအဆင့္သို႔ေရာက္လာသည္။ အမွတ္မထင္ ေဆာ့ဂ်င္၏ Commentကို ေတြ႕လိုက္ရ၍ ေက်ာ္သြားရာမွ အေပၚျပန္ဆြဲကာ ဖတ္ၾကည့္လိုက္သည္။

" အရမ္းေခ်ာေနတဲ့ ငါတို႔သူငယ္ခ်င္းႀကီးပါလား။ ဒီအတိုင္းဆို ငါလည္း မင္းကိုေႂကြမိေတာ့မယ္။ သူငယ္ခ်င္းအခ်င္းခ်င္း ျပန္ႀကိဳက္လို႔ရလား။ ငါအရမ္း သေဘာက်ေနၿပီ "

သူ႕ Commentမွာ တန္းစီေနေသာ Wow reactေတြ။ နမ္ဂြၽန္းႏွင့္ ဘာလိုလိုျဖစ္ေနပါလွ်က္ အျခားေယာက်္ားတစ္ေယာက္ကို ဒီလိုမ်ိဳးဝင္ေရးရဲသည္က ေတာ္႐ုံရဲတင္းမႈႏွင့္မရ။ ဒါက သူ႕ကို တမင္စိန္ေခၚလိုက္ျခင္းျဖစ္၍ ထယ္ေယာင္း ေဒါသက ထိန္းမရသိမ္းမရ ေပါက္ကြဲထြက္လာသည္။

" ေဘာမို႔လို႔ ဒီေကာင့္ကို ဝိုင္းခ်ီးက်ဴးေနၾကတာလား။ လူေတြမ်ား ႐ုပ္ေခ်ာ႐ုံေလးနဲ႔ လူတစ္ေယာက္ကို ဝိုင္းႀကိဳက္ရတယ္လို႔။ သူတို႔ရမွာလည္း မဟုတ္ဘဲနဲ႔ overေတြလုပ္ျပေနၾကတယ္။ ဓာတ္ပုံျမင္ရတာေတာင္ ဒီေလာက္ျဖစ္ေနၾကရင္ ငါ့လိုမ်ိဳး သူနဲ႔ တစ္ခန္းတည္းအတူေနရရင္ ဘယ္လိုမ်ားျဖစ္ကုန္ၾကမလဲ မသိဘူး "

႐ုတ္တရက္ ထဆဲလာေသာ ထယ္ေယာင္းကို မီဂ်င္းႏွင့္ Yerinတို႔ မ်က္လုံးျပဴးၾကည့္လာသည္။ ေဒါသထြက္ရေလာက္ေအာင္လည္း ဆိုးဆိုး႐ြား႐ြား မွတ္ခ်က္မ်ားကို မေတြ႕ရျပန္။ အမွန္ဆိုလွ်င္ ကိုယ့္သူငယ္ခ်င္း ခ်ီးက်ဴးခံေနရတာကို ထယ္ေယာင္း ေပ်ာ္သင့္သည္မဟုတ္လား။

" ေဟး နင့္ျပႆနာက ဘာမ်ားလဲ ထယ္ေယာင္း။ သူတို႔ commentေပးထားတာေတြက သိပ္ဆိုးဆိုး႐ြား႐ြားေတြ မပါပါဘူးဟ။ နင္ဘာလို႔ အခုလို ေဒါသထြက္ေနရတာလဲ။ နင့္ၾကည့္ရတာ သူ႕ကို သဝန္တိုေနတဲ့ပုံပဲ "

အရက္ေလး နည္းနည္းဝင္ထားသျဖင့္ မီဂ်င္းအသံက ခပ္ေလးေလးထြက္ေပၚလာသည္။ သူ႕စကားၾကားေတာ့ ထယ္ေယာင္းက ေခါင္းခါျပလွ်က္ ျငင္းဆန္သည္။ ေဂ်ာင္ဂုကို သူသဝန္တိုရေလာက္ေအာင္ သူတို႔ပတ္သက္မႈက ထူးထူးျခားျခားမ႐ွိ။ ေဂ်ာင္ဂုကသာ သူ႕ကို ႀကိဳက္ေနခဲ့တာ မဟုတ္လား။

" ကြၽန္ေတာ္က ဘာကိစၥ သူ႕ကိုသဝန္တိုရမွာလဲ မီဂ်င္း။ သူနဲ႔ကြၽန္ေတာ္က ဒီအတိုင္း သူငယ္ခ်င္းေတြပဲေလ "

" နင္ကေတာ့ နင့္ကိုယ္နင္ အဲ့လိုပဲထင္ေနမွာေပါ့ဟာ။ ေဘးကျမင္ေနရတဲ့ ငါတို႔ကေတာ့ နင္ျဖစ္ေနတာေတြကို ၾကည့္လိုက္႐ုံနဲ႔ ဘာဆိုတာ ေျပာလို႔ရတယ္။ အျခားသူေတြ သူ႕ကိုဝိုင္းႀကိဳက္ေနလို႔ နင္သူ႕ကို သဝန္တိုၿပီး အခုလိုေဒါသထြက္ေနတာ "

မီဂ်င္း အေျပာေၾကာင့္ ထယ္ေယာင္း ခဏၿငိမ္သက္သြားသည္။ သူမ်ားေတြအျမင္မွာ သူက ေဂ်ာင္ဂုကို သဝန္တိုေနပုံေပါက္ေနခဲ့ၿပီလား။ ဒါက ဘယ္လိုမွမျဖစ္သင့္ေသာ ကိစၥ။ ေယာက်္ားတစ္ေယာက္ကို ျပန္ၿပီးသဝန္တိုဖို႔ဆို ပိုေတာင္မျဖစ္သင့္ေသးသည္။

" ကြၽန္ေတာ္႕ကို အဲ့လိုထပ္မေျပာပါနဲ႔ မီဂ်င္း။ ကြၽန္ေတာ္က ေယာက်္ားေလးတစ္ေယာက္ကို သဝန္တိုေနတယ္ဆိုရင္ ကြၽန္ေတာ္ ဘာႀကီးျဖစ္သြားၿပီးလဲ စဥ္းစားၾကည့္ေလ။ မျဖစ္ႏိုင္တာေတြ ထပ္မေျပာပါနဲ႔လား "

မီဂ်င္း ထယ္ေယာင္းကို ေသခ်ာစိုက္ၾကည့္လိုက္သည္။ သူ႕မ်က္ဝန္းနက္နက္ေတြက ထယ္ေယာင္းကို လိမ္ညာမေျပာဝံ့ေအာင္ ၿခိမ္းေျခာက္ေနသည့္အလား စူး႐ွေတာက္ပလြန္းေနသည္။ တကယ္လည္း မီဂ်င္းဆီက စိုက္ၾကည့္ခံရတိုင္း ထယ္ေယာင္းတို႔ လိပ္ျပာမလုံသလို ခံစားရတာအမွန္။

" ေဟး ထယ္ေယာင္း နင္က နင့္စိတ္နင္မသိဘဲ သူမ်ားေတြ နင့္ကိုဘယ္လိုျမင္မလဲဆိုတာ ထည့္တြက္ေနပုံပဲ။ ေယာက်္ားေလးတစ္ေယာက္ကို သဝန္တိုလိုက္မိလို႔ဆိုၿပီး နင္က ဘာႀကီးမွျဖစ္မသြားဘူး။ အၿမဲတမ္း နင္ဆိုတာ နင္ပဲျဖစ္ေနမွာ။ ကိုယ့္စိတ္ကိုယ္ျပန္လိမ္ၿပီး အမွန္တရားကို အတင္းျငင္းေနရင္ နင္ပိုၿပီးပင္ပန္းလိမ့္မယ္။ ေလာကႀကီးရဲ႕ ပညတ္ခ်က္ေတြကိုဖယ္ၿပီး ကိုယ့္ႏွလုံးသားရဲ႕ စကားသံကို နားေထာင္ၾကည့္လိုက္ရင္ နင့္အတြက္ အေျဖေတြအမ်ားႀကီး ေတြ႕လာလိမ့္မယ္ "

ထယ္ေယာင္းကို ႐ွည္လ်​​ားစြာ ႐ွင္းျပလိုက္ရသျဖင့္ မီဂ်င္း အမူးေျပသြားကာ ေနာက္တစ္ခြက္ထပ္ထည့္ေနသည္။ ထယ္ေယာင္းမွာေတာ့ အေတြးမ်ားျဖင့္ ႐ႈပ္ေထြးေနဆဲ။ ႏွလုံးသားရဲ႕ စကားသံတဲ့။ ႏွလုံးသားရဲ႕စကားသံက ဘာကိုဆိုလိုပါသနည္း။

Ting Tong!

အခ်က္ေပးသံႏွင့္အတူ ေရာက္႐ွိလာခဲ့ေသာ ေဂ်ာင္ဂုဆီမွ messageတစ္ေစာင္။ အစတည္းက ရန္ျဖစ္ဖို႔ေတြးထားသည္မို႔ မေက်နပ္သမွ် ေကာပစ္မည္ ဟူေသာအေတြးျဖင့္ chat roomထဲ ဝင္ၾကည့္လိုက္သည္။

" ထယ္ထယ္ေရ ငါ အိမ္ျပန္ေရာက္ၿပီေနာ္။ မင္းေရာ ျပန္မလာေသးဘူးလား။ ငါမင္းကို စိတ္ပူေနလို႔ "

ေဂ်ာင္ဂုစာကို ဖတ္ၾကည့္ၿပီး အပိုေတြဟူေသာ အဓိပၸါယ္ျဖင့္ ႏႈတ္ခမ္းကိုမဲ့လိုက္သည္။ စိတ္တိုစရာလုပ္ရပ္ေတြ လုပ္ထားၿပီးေတာ့မွ သူ႕အျပစ္ေပါ့ေအာင္ စိတ္ပူေၾကာင္းေတြ လာေျပာေနေသးသည္။ ဒီေလာက္ကေတာ့ ထယ္ေယာင္းတို႔ အထာနပ္ၿပီးသားေပ။

" ငါ့ဘာသာငါ ျပန္လာခ်င္တဲ့အခ်ိန္ ျပန္လာမွာေပါ့။ ငါ
ကေလးလည္း မဟုတ္ေတာ့ဘူး အ႐ြယ္ေရာက္ေနၿပီ။ ေနရာတကာ လိုက္စိတ္ပူေနရေအာင္ မင္းက ငါ့အေဖမို႔လို႔လား။ အိုဗာေတြ လုပ္ျပမေနနဲ႔ "

စိတ္ထဲ အစာမေၾကေသးသည္မို႔ ေဘာက္ဆတ္ဆတ္ေတြေရးကာ ေဂ်ာင္ဂုဆီ စာျပန္လိုက္သည္။ သူ႕ျပန္စာေၾကာင့္ ေဂ်ာင္ဂု အနည္းငယ္ စိတ္ထိခိုက္သြားသည္ထင္။ seenျပၿပီးေသာ္လည္း သုံးမိနစ္ေလာက္ထိ စာျပန္မပို႔လာခဲ့။ မေနႏိုင္သည့္အဆုံးမွ ေျပာခ်င္သမွ်ခ်ေရးကာ စာျပန္လာခဲ့၏။

" ငါက မင္းအတြက္ တကယ္စိတ္ပူလို႔ပါကြာ။ ငါ့မွာ မင္းအတြက္ပူေနရလို႔ ထမင္းေတာင္ မစားႏိုင္ေသးဘူး။ ဘာပဲျဖစ္ျဖစ္ ငါ့ကို စိတ္ထဲမထားပါနဲ႔။ မင္းဆႏၵအတိုင္း မင္းျပန္လာခ်င္တဲ့အခ်ိန္မွ ျပန္လာခဲ့ပါ။ ငါကေတာ့ မင္းျပန္လာတာျမင္ရမွ ထမင္းစားဝင္လိမ့္မယ္ "

ေဂ်ာင္ဂုစာကို ဖတ္ၿပီးခ်ိန္ ထယ္ေယာင္းရင္ထဲ နင့္ခနဲခံစားခ်က္ႀကီး ဝင္ေရာက္လာသည္။ ေဂ်ာင္ဂု ဘာေၾကာင့္မ်ား အခုလို ႐ူးေၾကာင္ေၾကာင္လုပ္ရပ္ေတြ လုပ္ေနရသည္ကိုလည္း သူနားမလည္ႏိုင္ခဲ့။ လူကို တမင္တကာ စိတ္မေကာင္းျဖစ္ေအာင္ပဲ လုပ္ေနေရာ့သလား။

ဘာပဲျဖစ္ျဖစ္ ေဂ်ာင္ဂုတို႔ dramaခ်ိဳးတဲ့ေနရာမွာ ပီျပင္လြန္းသည္။ တစ္ခါတစ္ခါ ေျပာလိုက္သည့္စကားတို႔က ထယ္ေယာင္းရင္ကို နင့္ခနဲျဖစ္သြားေစတတ္၍ ထိေရာက္လြန္းေသာ စိတ္ဓာတ္စစ္ဆင္ေရးပင္။

သို႔ေသာ္ ဒီေလာက္ခံစားရ႐ုံေလးနဲ႔ ထယ္ေယာင္း သူ႕ကိုျပန္မခ်စ္ႏိုင္ေသး။ သူ႕စိတ္ကိုပင္ သူျပန္နားမလည္ႏိုင္ေသးခ်ိန္မို႔ အျခားတစ္ေယာက္ကို နားလည္ၿပီးခ်စ္လာႏိုင္ဖို႔က အလွမ္းေဝးလြန္းေနေသးသည္။

တစ္ဖက္က ျပန္စဥ္းစားၾကည့္ျပန္ေတာ့ သူမလာမခ်င္း ဗိုက္အဆာခံထိုင္ေစာင့္ေနမည့္ ေဂ်ာင္ဂုကို ေျပးျမင္မိသည္။ ေျပာသည့္အတိုင္း တကယ္လုပ္တတ္သူမို႔ သူ႕ေၾကာင့္ ဗိုက္အဆာလြန္ၿပီး တစ္ခုခုျဖစ္သြားလွ်င္ ဒီအျပစ္ကိုအေၾကာင္းျပၿပီး အခြင့္အေရးေတြ ထပ္ယူလာႏိုင္ေသးသည္။

ခ်က္ခ်င္း ထျပန္သြားျပန္လွ်င္လည္း အတူလာသည့္ မိန္းကေလးႏွစ္ေယာက္ကို မ်က္ႏွာပူစရာေကာင္းသည္။ အခ်ိန္ကလည္း ကိုးနာရီထိုးၿပီမို႔ မုန္႔စားေလ့မ႐ွိေသာ ေဂ်ာင္ဂုအတြက္ အေတာ္ေလး ဆာေလာင္ေနေပလိမ့္မည္။ Yerinတို႔ ႏွစ္ေယာက္လည္း သူ႕ကိုအကဲခတ္ေန၍ ပိုၿပီး အေနၾကပ္လွသည္။

" မီဂ်င္းေရ ငါတို႔ ဒီေလာက္နဲ႔ပဲ ျပန္ၾကမလား။ မနက္ျဖန္အတန္းခ်ိန္အျပည့္ဆိုေတာ့ အိပ္ခ်ိန္မွန္ဖို႔လိုတယ္ေလ။ အခုခ်ိနိျပန္မွ အိမ္ေရာက္ၿပီး ေရမိုးခ်ိဳး Skin careလုပ္ၿပီး ၁၁နာရီ အိပ္ရာဝင္လို႔ရမွာ "

အရိပ္အကဲနားလည္ေသာ Yerinက ထယ္​ေယာင္းအေျခအေနကို ေကာင္းေကာင္းရိပ္မိၿပီး မီဂ်င္းကို ျပန္ဖို႔အေဖာ္စပ္လိုက္သည္။ အရာရာမွာ သူမ်ားထက္ပိုျမင္တတ္ေသာ မီဂ်င္းေပမို႔ Yerinဆိုလိုသည္ကို ေကာင္းေကာင္းသေဘာေပါက္လိုက္သည္။

" ငါတို႔ျပန္သြားရင္ ထယ္ေယာင္းက တစ္ေယာက္တည္းျဖစ္ေနမွာေပါ့။ သူျပန္ခ်င္လား မျပန္ခ်င္လားဆိုတာ အရင္ေမးပါဦးဟ "

ထယ္ေယာင္း အိမ္ျပန္ဖို႔ေျပာထြက္ေအာင္ စကားလမ္းေၾကာင္းေပးတတ္ေသာ မီဂ်င္းကို Yerin စိတ္ထဲက ခ်ီးက်ဴးလိုက္သည္။ သူတစ္ပါး အခက္အခဲကို ေျပလည္ေအာင္လုပ္တဲ့ေနရာမွာ မီဂ်င္းက တကယ့္ကို ဆရာတစ္ပါးအလား။

" အင္း ကြၽန္ေတာ္လည္း ျပန္ေတာ့မလို႔ စဥ္းစားေနတာ။ မီဂ်င္းတို႔ ေဆးပညာဌာနက အလုပ္အရမ္းမ်ားတာဆိုေတာ့ အခ်ိန္ေတြ အမ်ားႀကီးျဖဳန္းလို႔ မျဖစ္ဘူးမဟုတ္လား။ ကြၽန္ေတာ္႕ေၾကာင့္ အခ်ိန္ေတြေပးေနရတာ အားနာေနၿပီ "

" okayေလ ဒါဆို တို႔ေတြျပန္ၾကတာေပါ့။ မနက္ျဖန္ အတန္းခ်ိန္လြတ္ရင္ ထပ္ေတြ႕ၾကတာေပါ့

အိမ္ျပန္ဖို႔ အဆင္ေျပခဲ့ၿပီျဖစ္၍ ထယ္ေယာင္း ပိုက္ဆံျမန္ျမန္႐ွင္းေပးၿပီး barထဲက ျပန္ထြက္လာခဲ့သည္။ ကားပါကင္ေရာက္ေတာ့ ကားေပၚအျမန္တက္ကာ ေမာင္းထြက္လာခဲ့ၿပီး အျပန္ခရီးကို စတင္လိုက္၏။ အျပန္လမ္းတစ္ေလွ်ာက္လုံးမွာေတာ့ ထယ္ေယာင္း၏ အေတြးတို႔ကို ေဂ်ာင္ဂုက စိုးမိုးထားခဲ့သည္။

ငါျပန္မလာမခ်င္း ထမင္းမစားဘူးဆိုလို႔ ငါျပန္လာခဲ့ၿပီ။ ဒီလိုဆိုၿပီး မင္းလုပ္ထားတဲ့အျပစ္ကို ငါေက်ာ္သြားေပးမယ္ မထင္လိုက္နဲ႔။ မင္း ထမင္းစားလို႔ၿပီးတာနဲ႔ ငါမဟုတ္တဲ့ အျခားလူနဲ႔ မင္းၾကည္ႏူးေနတဲ့ကိစၥကို ေဘာက္ခ်ာထပ္႐ွင္းဦးမယ္။ ဘုရားသာတေနေပေတာ့ ေဂ်ာင္ဂု။

To be continued...

Continuar a ler

Também vai Gostar

138K 16.4K 11
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
140M 2.9M 64
Completed. Emily Winston has returned back home after spending a year in London. She comes home to her shared apartment with her twin brother, Emmett...
190M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
543K 31.9K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...