Love Scenario (KookV/Complete...

By Jinsoohyuk_0127

66.3K 6.9K 1.1K

Top- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။ More

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 13
EPISODE - 14
EPISODE - 15
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE -19
EPISODE - 20
EPISODE - 21
EPISODE - 22
EPISODE - 23
EPISODE - 24
EPISODE - 25
EPISODE - 26
EPISODE - 27
EPISODE - 28
EPISODE - 29
EPISODE - 30
EPISODE - 31
EPISODE - 32
FINAL EPISODE

EPISODE - 12

1.4K 193 49
By Jinsoohyuk_0127


EPISODE - 12 (Unicode)

" ကဲ ခေါက်ဆွဲပြုတ်ပူပူလေး ရပြီနော် "

အငွေ့တထောင်းထောင်း ခေါက်ဆွဲပြုတ်လေးက ထယ်ယောင်းစိတ်ကို စားချင်လာအောင်ဆွဲဆောင်နေသည်။ သူ့အကြိုက် အသားလုံးလေးတွေက ခေါက်ဆွဲပြုတ်မှာ မပါမဖြစ်။ နှစ်တွေကြာတဲ့အထိ Jungkook သူ့အကြိုက်မမေ့သေးတာ ထယ်ယောင်း အံ့သြမိသည်။ ညသန်းခေါင်ကြီး ဗိုက်ထဆာသောသူ့ကို Jungkookကိုယ်တိုင် ခေါက်ဆွဲပြုတ်ကျွေးသဖြင့် ကျေးဇူးလည်းတင်မိသည်။

" မဆလာရော ထည့်ဦးမလား "

Jungkookဒီလိုမေးတော့ ထယ်ယောင်း သဘောကျပြီး ပြုံးလိုက်မိသည်။ ဒါက သူတို့နှစ်ယောက်ပဲသိတဲ့ လျှို့ဝှက်ချက်။ အရသာအီသော ခေါက်ဆွဲပြုတ်မှာ မဆလာထည့်စားရသည့် အရသာကို နှစ်ယောက်လုံးသဘောကျသည်။ ငယ်ငယ်က Jungkook ဒါနဲ့ပတ်သက်ပြီး ပြောခဲ့တာလေးကို ထယ်ယောင်း ပြန်သတိရမိသေးသည်။

" ခေါက်ဆွဲရဲ့အီတဲ့အရသာကို အနံ့ပြင်းတဲ့မဆလာအရသာနဲ့ ပေါင်းလိုက်ရင် တမူထူးခြားတဲ့ အရသာမျိုးခံစားရလိမ့်မယ်။ မယုံရင် ထည့်စားကြည့်ပါလား "

ကလေးငယ်ထယ်ယောင်းကို ကလေးငယ် Jungkook မဆလာဘူးလေး လှမ်းပေးရင်းပြောလိုက်သောစကား။ Jungkookစကားကို နားမလည်သော ထယ်ယောင်းက ကြောင်စီစီမျက်လုံးလေးဖြင့် ပြန်ကြည့်လာသည်။ ခေါက်ဆွဲပြုတ်ထဲ မဆလာထည့်စားတာ ကြားမှမကြားဖူးဘဲ။

" မင်းပြောတာ ဟုတ်ရောဟုတ်လို့လား။ ငါ့အထင် အိန္ဒိယမဆလာနဲ့ တရုတ်ကစတဲ့ ခေါက်ဆွဲ လားလားမှ မအပ်စပ်သလိုဘဲနော် "

ထယ်ယောင်း ဒီလိုစောဒကတက်လာတော့ Jungkook မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သေချာပြန်စဥ်းစားကြည့်သည်။ ပြောပြီးမှတော့ မထူးတော့ သူ့စကားသူ ယုတ္တိရှိအောင် ဆင်ခြေပေးရမည်။

" မင်းကလည်း ဘာလို့မအပ်စပ်ရမှာလဲ။ ဒီလောကမှာ အိန္ဒိယနဲ့တရုတ်စပ်မွေးတဲ့ လူတွေက အချောဆုံးဆိုတာ မင်းမသိဘူးလား။ အိန္ဒိယက မျက်လုံး မျက်ခုံး နှာတံလှတယ်။ တရုတ်က အသားဖြူတယ်။ ဒီလူမျိုးတွေ စပ်ပြီးမွေးတဲ့ကလေးက ဘယ်လောက်တောင် ချောမလဲ မင်းစဥ်းစားကြည့်။ ဒီခေါက်ဆွဲပြုတ်လည်း အဲ့လိုပဲ။ ခေါက်ဆွဲရဲ့အီတဲ့အရသာကို မဆလာနံ့လေးနဲ့စားရင် ဘယ်လောက်အရသာရှိမလဲ စဥ်းစားကြည့်။ ဒါက အိန္ဒိယနဲ့တရုတ် ပေါင်းစည်းခြင်းအရသာပဲ "

ရှည်ရှည်ဝေးဝေး လိုရာဆွဲစိပြောလာတော့ သူပြောတာက ဟုတ်သလိုလို။ သူ့စကားနဲ့သူ ယုတ္တိရှိနေသဖြင့် ထယ်ယောင်း ဘာမှမငြင်းတော့ဘဲ Jungkookထဲက မဆလာဘူးကိုယူကာ သူ့ခေါက်ဆွဲပြုတ်ထဲ မဆလာတွေဖြူးထည့်လိုက်သည်။ စားကြည့်တော့လည်း အရသာကတစ်မျိုးလေး။ ဒီအခါမှ Jungkookပြောတာဟုတ်သားဟူ၍ မဆလာခေါက်ဆွဲအရသာကို ထယ်ယောင်း သဘောကျသွားခဲ့သည်။

" ဟေး ထယ်ထယ် မင်းဘာတွေပြုံးနေတာလဲ "

ကလေးဘဝကအကြောင်း ပြန်တွေးရင်း ပြုံးနေသောထယ်ယောင်းကို Jungkook ပြုံးပြီးကြည့်လျှက် လှမ်းစလိုက်သည်။ Jungkookအသံကြောင့် ထယ်ယောင်း အတွေးစတွေရပ်ပြီး ရှက်ပြုံးကလေးဖြင့် စပ်ဖြီးဖြီးလုပ်ပြလာသည်။

" ဘာမှမတွေးပါဘူး ဒီအတိုင်း ငါတို့ငယ်ငယ်ကအကြောင်းလေးတွေ ပြန်သတိရသွားလို့။ မင်းအခုထိ ငါ့အကြောင်းတွေ အကုန်မှတ်မိသေးတာပဲနော် "

ကလေးလေးတစ်ယောက်လို မေးလေးလှုပ်ကာလှုပ်ကာဖြင့် ပြုံးရွှင်သောမျက်နှာထားဖြင့် ကျိတိကျိတိပြောလာသော ထယ်ယောင်းကြောင့် Jungkook ဘာမှမပြောဘဲ ပြုံး၍သာနေသည်။ ထယ်ယောင်းနဲ့ပြန်တွေ့ပြီးချိန်ကစပြီး ထယ်ယောင်း လိုလိုလားလား ပြုံးတာ ပထမဆုံးအကြိမ်မြင်ရ၍လည်း Jungkook အတော်လေး ကြည်နူးနေမိသည်။

" ငါက မင်းနဲ့ပတ်သက်ရင် အသေးစိတ်ကအစ မှတ်မိနေသေးတယ်။ မင်းနဲ့ကွဲသွားပြီးကတည်းက မင်းအကြောင်းတွေမမေ့အောင် ငါ စာအုပ်ထဲမှာ အမြဲချရေးဖြစ်တယ်။ မင်းနဲ့ပြန်ဆုံရမယ်ဆိုတာ သေချာသိခဲ့ရင် အဲ့ဒီစာအုပ်လေး ယူလာခဲ့မိမှာ "

ထယ်ယောင်းတစ်ယောက် Jungkookကိုပြုံးပြရင်း ခေါက်ဆွဲထဲ မဆလာဖြူးထည့်လိုက်သည်။ ခေါက်ဆွဲပူပူကို သေချာအေးအောင်မှုတ် ပါးစပ်ထဲထည့်လိုက်ပြီး နှုတ်ခမ်းရဲရဲလေးဖြင့် စုပ်ယူလျှက် အားရပါးရ စားပြသည်။ ခေါက်ဆွဲကိုစုပ်ယူစားသောက်ချိန် နှုတ်ခမ်းရဲရဲလေးက စူပြီး ဝိုင်းလျှက် အသည်းယားစရာကောင်းနေသည်။ ခေါက်ဆွဲအရသာကို သေချာခံစားပြီးမှ မျက်လုံးအရောင်လက်လာကာ Jungkookကို လက်မထောင်ပြသည်။

" Perfect! မင်းလက်ရာ အခုထိကောင်းတုန်းပဲ Jungkook "

ထယ်ယောင်း ထိုမျှသာပြောပြီး ခေါက်ဆွဲနောက်တစ်လုတ်ထပ်စားပြန်သည်။ အားရပါးရ စားပြနေသော ထယ်ယောင်းကိုကြည့်လျှက် Jungkookပီတိဖြစ်ရမည်က ဆိုဖွယ်ရာမရှိ။ သူ့အတွက်ခေါက်ဆွဲပြုတ်ကိုပင် မစားနိုင်သေးဘဲ ထယ်ယောင်း စားပြနေသည်ကိုကြည့်ရင်း ပီတိဖြင့်ဗိုက်ပြည့်နေသော Jungkookရယ်ပါ။

Jeee! Jeee!

ဖုန်း Vibrationသံက Jungkook ကြည်နူးနေသည်ကို ကြားဖြတ်ဟန့်တားလာသည်။ ဒါက သူ့ဖုန်းကမဟုတ် ထယ်ယောင်း ဖုန်းကဖြစ်သည်။ ခေါက်ဆွဲပြုတ်ထဲ ခေါင်းစိုက်စားနေသော ထယ်ယောင်းက ဖုန်းဝင်နေသည်ကို သတိမထားမိသဖြင့် Jungkookကပဲ သတိလှမ်းပေးလိုက်ရသည်။

" ထယ်ထယ် မင်းဖုန်းလာနေတယ်။ ကိုင်လိုက်ဦးလေ "

Jungkook သတိပေးလာမှ ထယ်ယောင်း အစားရပ်လိုက်ပြီး ဖုန်း Screenကိုလှမ်းကြည့်လိုက်သည်။ ဖုန်းက Yerinဆီကဖြစ်၍ ထယ်ယောင်း သူ့နဖူးသူပြန်ရိုက်မိသည်။ အဖြေရပြီးကတည်းက ဖုန်းမဆက်ဖြစ်တာ သုံးလေးရက် ရှိတော့မည်။ Jungkookနဲ့ တကျက်ကျက်ရန်ဖြစ်ရင်း အချိန်တွေကုန်နေခဲ့သဖြင့် Yerinကို လုံးဝသတိမရမိ။ ဒီလိုနဲ့ သူ့အကြောင်းတွေ Jungkookရိပ်မိမှာ စိုးရိမ်ရသည်။

ထယ်ယောင်း ဖုန်းကိုယူပြီး Jungkookနားက ထွက်လာခဲ့သည်။ Jungkookနဲ့ဝေးရာရောက်မှ Answerနှိပ်ပြီး ဖုန်းကိုပြန်ဖြေလိုက်သည်။ Yerinများ စိတ်ဆိုးနေမလား ရင်ကလည်းတထိတ်ထိတ်ဖြင့်။

" ဟယ်..ဟယ်လို Yerin "

" ဟယ်လို ထယ်ယောင်း နင်အခုရက်ပိုင်း မအားလို့လားဟင်။ ငါ့ဆီကို ဖုန်းလေးတောင် ဆက်မလာဘူး။ အင်းလေ အဆောင်ကိစ္စတွေဘာတွေ လုပ်နေရတာဆိုတော့ နင်ပင်ပန်းမှာပေါ့ "

သူ့ဘာသာမေးပြီး သူ့ဘာသာပြန်ဖြေသွားသော Yerinကြောင့် ထယ်ယောင်း ဘာပြန်ရမယ်မသိ။ စိတ်ဆိုးပုံလည်းမရသဖြင့် ထယ်ယောင်း စိတ်အေးရသည်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူ့ဘက်က တောင်းပန်စကားပြောသင့်သည်ဟု ယူဆမိသည်။

" ငါနင့်ကို ပစ်ထားမိတာ တောင်းပန်ပါတယ် Yerinရယ်။ ငါလည်း နင်ပြောသလို အဆောင်ကိစ္စတွေနဲ့ အလုပ်ရှုပ်သွားလို့ပါဟာ။ ငါ့ကို နားလည်ပေးတဲ့အတွက်လည်း ကျေးဇူးနော် "

ထယ်ယောင်း စိတ်ရင်းဖြင့် တောင်းပန်စကားဆိုမိသည်။ သူ့ဘက်က ဒီမိန်းကလေးကို တစ်ချိန်ချိန်တော့ ချစ်သွားလိမ့်မည်ဟုယူဆကာ ဖွင့်ပြောဖြစ်ခဲ့သည်။ ဘယ်အချိန်မှာမှ တကယ်ချစ်မိမလဲ သူမသေချာ။ ဘယ်သောအခါမှ ချစ်လို့မရနိုင်တာလည်း ဖြစ်နိုင်သည်။ ဤသို့တိုင် ထယ်ယောင်းက သူ့စိတ်ကိုသူပြန်ပြီး လိမ်ညာနေဆဲ။ ယောက်ျားတစ်ယောက်ကို ဘယ်တော့မှမချစ်နိုင်ဟု စိတ်ပိုင်းဖြတ်ထားသဖြင့် သူ့လုပ်ရပ်တွေကို ရှေ့တိုးဖို့ပဲ သူစဥ်းစားထားသည်။

" ငါက ချစ်နေရတဲ့သူပဲ နင်ဘာလုပ်လုပ် နားလည်ခွင့်လွှတ်ပေးရမှာပေါ့။ နင့်ထက်အရင် ငါနင့်ကိုကြိုက်ခဲ့တာ နင်မမေ့လိုက်နဲ့ ထယ်ယောင်း။ နင်ငါ့ကိုချစ်တဲ့အချစ်ထက် ငါက ဆယ်ဆပိုချစ်တယ်။ မအားလို့ ဖုန်းမဆက်ချင်လည်း ရတယ်။ ထယ်ယောင်းက ငါ့ကောင်လေးဆိုတဲ့ အသိလေးနဲ့တင် ငါကျေနပ်တာမို့ နင်ပျော်သလိုသာနေ "

Yerin စကားတစ်ခွန်းချင်းစီက ထယ်ယောင်း နှလုံးသားကို အကြိမ်ကြိမ် ဆို့နင့်စေသည်။ စိတ်ထဲက အကြိမ်ကြိမ် တောင်းပန်စကားဆိုရုံကလွဲပြီး သူ့မှာတတ်နိုင်တာမရှိ။ တကယ်မချစ်သေးဘဲ ဖွင့်ပြောမိသည့်အတွက်လည်း အကြိမ်ကြိမ် အားနာစိတ်ဖြစ်မိသည်။ နမ်ဂျွန်းကြောင့်သာ မဟုတ်ခဲ့လျှင် သူ Yerinကို အသုံးချခဲ့မှာမဟုတ်။

" ဟယ်လို ထယ်ယောင်း နင်ဘာဖြစ်တာလဲ။ ဘာစကားမှ ပြန်မပြောတော့ပါလား "

တစ်ဘက်မှ စိုးရိမ်တကြီးမေးလာသော အသံ။ ထယ်ယောင်း စိတ်မကောင်းလွန်းသဖြင့် အသားတဆတ်ဆတ်တုန်သည်အထိ ဖြစ်ရသည်။ ဖုန်းကိုင်နိုင်စွမ်းမရှိလောက်အောင် လက်ကတုန်ရီနေသည်။ နောင်တတရား၏ ပူလောင်ခြင်းက မျက်ဝန်းအိမ်မှ မျက်ရည်ပူများဖြင့် ပနံသင့်နေသည်။

" တောင်းပန်ပါတယ်။ ငါနင့်ကို အနူးအညွတ်တောင်းပန်ပါတယ် Yerin "

ထယ်ယောင်း ဤမျှသာပြောပြီး ဖုန်းချလိုက်သည်။ ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်ရင်း သူချုံးပွဲချငိုမိသည်။ ကိုယ့်ကိုတကယ်ချစ်သော သူကိုမှ ရက်ရက်စက်စက် အသုံးချရက်သည့် သူ့ကိုယ်သူ မုန်းတီးမိသည်။ ယောက်ျားတစ်ယောက်ဖြစ်လျှက် မိန်းကလေးတစ်ယောက်ကို အကာအကွယ်ယူပြီး မချစ်မနှစ်သက်သူထံမှ ဝေးကွာရစေဖို့ သူကြိုးစားမိခဲ့သည်။

သူ့အတွက် အခြေအနေအရပ်ရပ်က သူ့ကို ချောင်ပိတ်မိစေသည်။ ယောက်ျားတစ်ယောက်ကို ဘယ်နည်းနဲ့မှ ချစ်မလာနိုင်သဖြင့် မိန်းမတစ်ယောက်ကို ချစ်ကြည့်ဖို့ကြိုးစားတာ သူမှားသလား။ အခြေအနေတွေက လက်လွန်ခဲ့ပြီဖြစ်၍ နောက်ပြန်ဆုတ်၍လည်းမရ။ သို့သော် Yerinမျက်နှာမြင်တိုင်း အားနာစိတ်ဖြင့် တစ်သက်လုံးနေသွားရမည်က သေချာလှသည်။

" ငါအခုလိုဖြစ်ရတာ အားလုံးက မင်းကြောင့်ပဲ နမ်ဂျွန်း။ မင်းသာ သူငယ်ချင်းအဆင့်က ကျော်မလာခဲ့ရင် ငါအခုလိုတွေလုပ်မိမှာ မဟုတ်ဘူး။ မင်းသာအဆင့်မကျော်လာရင် မင်းသူငယ်ချင်းအဖြစ်နဲ့ ငါမင်းအနားမှာ ပျော်ပျော်ကြီးနေမိမှာ။ ငါ့ပျော်ရွှင်ချိန်တွေ ပျက်စီးခဲ့ရတာ မင်းကြောင့်ပဲ နမ်ဂျွန်း။ ငါမင်းကို မုန်းတယ်! "

ပြောရင်းဖြင့်ပင် ထယ်ယောင်း ရှိုက်ကြီးတငင် ငိုနေမိသည်။ မှတ်ညဏ်ထဲစွဲထင်နေသော အတိတ်ပုံရိပ်များကို ပြန်သတိရတိုင်း နှမျောတသဖြစ်ခြင်းတို့ဖြင့် နာကျင်ရသည်။ ပျော်ရွှင်ခဲ့ရသော အချိန်များဆုံးရှုံးရခြင်းက နမ်ဂျွန်းကြောင့်ဟူ၍သာ သူတစ်ယူသန်မှတ်ထားသည်။ နမ်ဂျွန်း အချစ်ကိုမငြင်းဆန်ခဲ့လျှင် အခုအချိန်ပျော်ရွှင်နေရမည်ကိုတော့ သူထည့်မတွေးခဲ့ပါ။

သူမမြင်နိုင်သော နံရံအကွယ်တစ်ခုမှာတော့ သူ့မျက်ရည်တွေကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေသူတစ်ဦးရှိနေသည်။ ဒါကို ထယ်ယောင်းတစ်ယောက် သိချင်မှသိလိမ့်မည်။ သို့သော် ထိုလူသားကလည်း ထယ်ယောင်းနှင့်ထပ်တူ နာကျင်ကြေကွဲနေရသည်။

မင်း ထပ်ပြီးငိုပြန်ပြီ။ မင်းငိုရင် ငါ့ရင်တွေဘယ်လောက်ထိ စုတ်ပြတ်သတ်သွားလဲ မင်းမမြင်နိုင်ဘူး။ ငါ့မှာ ပွေ့ဖက်နှစ်သိမ့်ပေးချင်ရက်နဲ့ မင်းကိုထိတွေ့ခွင့်မရတော့ ငါပိုပြီး ​ကြေကွဲရတယ် ထယ်ထယ်။ ဒါနဲ့ဆို မင်းငိုတာ နှစ်ခါရှိပြီ။
~~~~~xxxxx~~~~~

" Happy Birthday ထယ်ယောင်း! "

လူသူမရှိသော အားကစားခန်းမထဲ နမ်ဂျွန်းလာခိုင်းထားသဖြင့် တစ်ယောက်တည်းဖြစ်နေစဥ် အနောက်ဘက်ဆီမှ ထွက်ပေါ်လာသော နမ်ဂျွန်းအသံကြောင့် ထယ်ယောင်း ချာခနဲလှည့်ကြည့်မိသည်။ ဖယောင်းတိုင်ထွန်းထားသော မွေးနေ့ကိတ် ခပ်သေးသေးတစ်လုံးဖြင့် ရောက်ချလာသော နမ်ဂျွန်းကြောင့် ထယ်ယောင်း အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားဖြင့်။

တစ်သက်နဲ့တစ်ကိုယ် သူငယ်ချင်းဆီက မွေးနေ့ surpriseအလုပ်မခံရဖူးသော ထယ်ယောင်းအဖို့ အထက်တန်းနောက်ဆုံးနှစ်ရောက်မှ နမ်ဂျွန်း၏ မွေးနေ့ surprise ရဖူးခဲ့လေပြီ။ အတိုင်းမသိသော ပျော်ရွှင်ခြင်းတို့က ရင်တွင်းမှလှိုက်တက်လာသဖြင့် ထယ်ယောင်း ငိုမိတော့မလို ခံစားလိုက်ရသည်။ ကလေးငယ်လေးပမာ ခြေလှမ်းခပ်သွက်သွက်ဖြင့် နမ်ဂျွန်းရှေ့အပြေးကလေးသွားမိတော့ နမ်ဂျွန်းက အပြုံးဖြင့်ဆီးကြိုလျှက်။

" မင်း ငါ့မွေးနေ့ကို မှတ်ထားတယ်ပေါ့။ ငါအရမ်းပျော်တာပဲ နမ်ဂျွန်းရယ်။ မင်းကို သူငယ်ချင်းအဖြစ်ရထားတာ ငါသိပ်ကံကောင်းတယ်။ အရမ်းချစ်တယ် ငါ့ကောင်ကြီး "

ထယ်ယောင်း ဒီစကားကို အမှုမဲ့အမှတ်မဲ့ပြောရင်း အ​အေးဘူးပါသည့်အိတ်ကိုပါ ဆွဲထားရသော နမ်ဂျွန်းလက်ထဲက ကိတ်မုန့်ကို လက်ပြောင်းယူလိုက်ပြီး ကိတ်မုန့်ခွဲဖို့ ခုံတန်းလေးဆီယူသွားလိုက်သည်။ နမ်ဂျွန်းမှာတော့ ထယ်ယောင်းစကားတစ်ခွန်းကြောင့် ရင်ထဲလှိုင်းဂယက်ထပြီး ကျန်နေခဲ့သည်။ သူကြိုက်နေတာ ထယ်ယောင်းသိနေလောက်ပြီဟု ယူဆရင်း မျှော်လင့်ချက်တွေ ပိုလာခဲ့ရသည်။ သိပ်မကြာခင် ဖွင့်ပြောဖို့လည်း သူအကြံဖြစ်မိသည်။

" နမ်ဂျွန်း လာလေ.. ကိတ်မုန့်ခွဲရအောင် "

ထယ်ယောင်းက ကိတ်မုန့်ပေါ်က ဖယောင်းတိုင်တွေကိုမီးမှုတ်ပစ်ရင်း သူ့ကိုလှမ်းခေါ်လာသဖြင့် နမ်ဂျွန်းအတွေးစကိုရပ်ပြီး ထယ်ယောင်းရှိရာ ခုံတန်းလေးဆီ လျှောက်လာခဲ့သည်။ မွေးနေ့ကိတ်က သူတို့နှစ်ယောက်စာ ခပ်သေးသေးဖြစ်သော်လည်း ထယ်ယောင်း သဘောကျနေသဖြင့် နမ်ဂျွန်း ကျေနပ်မိသည်။ အအေးဘူးထည့်လာသည့် အိတ်ထဲမှ ကော်ဓားလေးကိုထုတ်ပေးတော့ ထယ်ယောင်းက လှမ်းယူပြီး ကိတ်မုန့်ကိုစခွဲလိုက်သည်။

" နမ်ဂျွန်း ပါးစပ်ဟ..အာ "

ကိတ်မုန့်ကို အတုံးသေးသေးလေးတုံးပြီး ခွံ့ကျွေးလာသော ထယ်ယောင်းကြောင့် နမ်ဂျွန်း ပါးစပ်ဟပေးလိုက်သည်။ ကိုယ်တော်ချောထယ်ယောင်းက ကိတ်မုန့်ကိုကောင်းကောင်းမခွံ့ဘဲ စတန့်ထွင်ပြန်တော့ နမ်ဂျွန်းနှုတ်ခမ်းမှာ creamတွေ ပေကုန်သည်။ နမ်ဂျွန်း ဒါကိုစိတ်မဆိုး။ သဘောကျပြီး ပြုံး၍သာနေသည်။

" ထယ်ယောင်း ငါမင်းကို မွေးနေ့လက်ဆောင် ပေးစရာရှိသေးတယ် "

နမ်ဂျွန်းဒီလိုပြောလာတော့ ထယ်ယောင်း ပါးစပ်ထဲထည့်လက်စ ကိတ်မုန့်တုံးလေးကို အမြန်ထည့်ဝါးရင်း ပါးစပ်မအားသဖြင့် ခေါင်းလေးညိမ့်ရုံညိမ့်ပြလာသည်။ နမ်ဂျွန်းက သူ့အင်္ကျီအိတ်ထဲက အနက်ရောင်ဗူးလေးတစ်ခုကို ထုတ်ယူပြီး ဖွင့်ပြလာသောအခါမှ ထယ်ယောင်းမုန့်မြန်မြန်မြိုချလိုက်ပြီး ပါးစပ်က အာမေဍိတ်သံထွက်လာသည်။

" ဟင် ဒါက နောက်ဆုံးထွက်ထားတဲ့ Rolexနာရီလေး မဟုတ်လား။ အဲဒါလေး ငါအရမ်းလိုချင်နေတာ။ ပျော်လိုက်တာ နမ်ဂျွန်းရယ် "

မပြောမဆိုဖြင့် ဝမ်းသာလုံးဆို့ကာ နမ်ဂျွန်းပါးကို ရွတ်ခနဲထနမ်းလာသော ထယ်ယောင်း။ ပါးစပ်အဟောင်းသားဖြစ်ပြီး ရင်တဒိတ်ဒိတ်ခုန်သွားရသော နမ်ဂျွန်းမှာတော့ အသက်ရှူဖို့ပင် မေ့လျော့သည်အထိ။ ကလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းကင်း ပျော်ရွှင်မှုမျိုးကို နမ်ဂျွန်း ဖန်တီးပေးသော ကမ္ဘာငယ်လေးတွင် ထယ်ယောင်း ပိုင်ဆိုင်ခဲ့ရသည်။

ဤသို့ ဤသို့ ပျော်ရွှင်ခဲ့ရခြင်းများက အခုတော့ ပုံပြင်ဟောင်းတစ်ပုဒ်ပမာ။ အခြေအနေအရပ်ရပ်တို့ ပြောင်းလဲခဲ့ပြီးသည့်နောက်တွင် အရာရာက ကြေကွဲမျက်ရည်တို့ဖြင့် အဆုံးသတ်သွားခဲ့ပြီ။ ထယ်ယောင်း၏ ပျော်ရွှင်မှုကမ္ဘာလေးကလည်း အခုတော့ ဘယ်ဆီဘယ်ဝယ် ရောက်သွားခဲ့သည်မသိနိုင်တော့ချေ။

To be continued....

EPISODE - 12 (Zawgyi)

" ကဲ ေခါက္ဆြဲျပဳတ္ပူပူေလး ရၿပီေနာ္ "

အေငြ႕တေထာင္းေထာင္း ေခါက္ဆြဲျပဳတ္ေလးက ထယ္ေယာင္းစိတ္ကို စားခ်င္လာေအာင္ဆြဲေဆာင္ေနသည္။ သူ႕အႀကိဳက္ အသားလုံးေလးေတြက ေခါက္ဆြဲျပဳတ္မွာ မပါမျဖစ္။ ႏွစ္ေတြၾကာတဲ့အထိ Jungkook သူ႕အႀကိဳက္မေမ့ေသးတာ ထယ္ေယာင္း အံ့ၾသမိသည္။ ညသန္းေခါင္ႀကီး ဗိုက္ထဆာေသာသူ႕ကို Jungkookကိုယ္တိုင္ ေခါက္ဆြဲျပဳတ္ေကြၽးသျဖင့္ ေက်းဇူးလည္းတင္မိသည္။

" မဆလာေရာ ထည့္ဦးမလား "

Jungkookဒီလိုေမးေတာ့ ထယ္ေယာင္း သေဘာက်ၿပီး ျပဳံးလိုက္မိသည္။ ဒါက သူတို႔ႏွစ္ေယာက္ပဲသိတဲ့ လွ်ိဳ႕ဝွက္ခ်က္။ အရသာအီေသာ ေခါက္ဆြဲျပဳတ္မွာ မဆလာထည့္စားရသည့္ အရသာကို ႏွစ္ေယာက္လုံးသေဘာက်သည္။ ငယ္ငယ္က Jungkook ဒါနဲ႔ပတ္သက္ၿပီး ေျပာခဲ့တာေလးကို ထယ္ေယာင္း ျပန္သတိရမိေသးသည္။

" ေခါက္ဆြဲရဲ႕အီတဲ့အရသာကို အနံ႔ျပင္းတဲ့မဆလာအရသာနဲ႔ ေပါင္းလိုက္ရင္ တမူထူးျခားတဲ့ အရသာမ်ိဳးခံစားရလိမ့္မယ္။ မယုံရင္ ထည့္စားၾကည့္ပါလား "

ကေလးငယ္ထယ္ေယာင္းကို ကေလးငယ္ Jungkook မဆလာဘူးေလး လွမ္းေပးရင္းေျပာလိုက္ေသာစကား။ Jungkookစကားကို နားမလည္ေသာ ထယ္ေယာင္းက ေၾကာင္စီစီမ်က္လုံးေလးျဖင့္ ျပန္ၾကည့္လာသည္။ ေခါက္ဆြဲျပဳတ္ထဲ မဆလာထည့္စားတာ ၾကားမွမၾကားဖူးဘဲ။

" မင္းေျပာတာ ဟုတ္ေရာဟုတ္လို႔လား။ ငါ့အထင္ အိႏၵိယမဆလာနဲ႔ တ႐ုတ္ကစတဲ့ ေခါက္ဆြဲ လားလားမွ မအပ္စပ္သလိုဘဲေနာ္ "

ထယ္ေယာင္း ဒီလိုေစာဒကတက္လာေတာ့ Jungkook မ်က္လုံးေလး ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ေသခ်ာျပန္စဥ္းစားၾကည့္သည္။ ေျပာၿပီးမွေတာ့ မထူးေတာ့ သူ႕စကားသူ ယုတၱိ႐ွိေအာင္ ဆင္ေျခေပးရမည္။

" မင္းကလည္း ဘာလို႔မအပ္စပ္ရမွာလဲ။ ဒီေလာကမွာ အိႏၵိယနဲ႔တ႐ုတ္စပ္ေမြးတဲ့ လူေတြက အေခ်ာဆုံးဆိုတာ မင္းမသိဘူးလား။ အိႏၵိယက မ်က္လုံး မ်က္ခုံး ႏွာတံလွတယ္။ တ႐ုတ္က အသားျဖဴတယ္။ ဒီလူမ်ိဳးေတြ စပ္ၿပီးေမြးတဲ့ကေလးက ဘယ္ေလာက္ေတာင္ ေခ်ာမလဲ မင္းစဥ္းစားၾကည့္။ ဒီေခါက္ဆြဲျပဳတ္လည္း အဲ့လိုပဲ။ ေခါက္ဆြဲရဲ႕အီတဲ့အရသာကို မဆလာနံ႔ေလးနဲ႔စားရင္ ဘယ္ေလာက္အရသာ႐ွိမလဲ စဥ္းစားၾကည့္။ ဒါက အိႏၵိယနဲ႔တ႐ုတ္ ေပါင္းစည္းျခင္းအရသာပဲ "

႐ွည္႐ွည္ေဝးေဝး လိုရာဆြဲစိေျပာလာေတာ့ သူေျပာတာက ဟုတ္သလိုလို။ သူ႕စကားနဲ႔သူ ယုတၱိ႐ွိေနသျဖင့္ ထယ္ေယာင္း ဘာမွမျငင္းေတာ့ဘဲ Jungkookထဲက မဆလာဘူးကိုယူကာ သူ႕ေခါက္ဆြဲျပဳတ္ထဲ မဆလာေတြျဖဴးထည့္လိုက္သည္။ စားၾကည့္ေတာ့လည္း အရသာကတစ္မ်ိဳးေလး။ ဒီအခါမွ Jungkookေျပာတာဟုတ္သားဟူ၍ မဆလာေခါက္ဆြဲအရသာကို ထယ္ေယာင္း သေဘာက်သြားခဲ့သည္။

" ေဟး ထယ္ထယ္ မင္းဘာေတြျပဳံးေနတာလဲ "

ကေလးဘဝကအေၾကာင္း ျပန္ေတြးရင္း ျပဳံးေနေသာထယ္ေယာင္းကို Jungkook ျပဳံးၿပီးၾကည့္လွ်က္ လွမ္းစလိုက္သည္။ Jungkookအသံေၾကာင့္ ထယ္ေယာင္း အေတြးစေတြရပ္ၿပီး ႐ွက္ျပဳံးကေလးျဖင့္ စပ္ၿဖီးၿဖီးလုပ္ျပလာသည္။

" ဘာမွမေတြးပါဘူး ဒီအတိုင္း ငါတို႔ငယ္ငယ္ကအေၾကာင္းေလးေတြ ျပန္သတိရသြားလို႔။ မင္းအခုထိ ငါ့အေၾကာင္းေတြ အကုန္မွတ္မိေသးတာပဲေနာ္ "

ကေလးေလးတစ္ေယာက္လို ေမးေလးလႈပ္ကာလႈပ္ကာျဖင့္ ျပဳံး႐ႊင္ေသာမ်က္ႏွာထားျဖင့္ က်ိတိက်ိတိေျပာလာေသာ ထယ္ေယာင္းေၾကာင့္ Jungkook ဘာမွမေျပာဘဲ ျပဳံး၍သာေနသည္။ ထယ္ေယာင္းနဲ႔ျပန္ေတြ႕ၿပီးခ်ိန္ကစၿပီး ထယ္ေယာင္း လိုလိုလားလား ျပဳံးတာ ပထမဆုံးအႀကိမ္ျမင္ရ၍လည္း Jungkook အေတာ္ေလး ၾကည္ႏူးေနမိသည္။

" ငါက မင္းနဲ႔ပတ္သက္ရင္ အေသးစိတ္ကအစ မွတ္မိေနေသးတယ္။ မင္းနဲ႔ကြဲသြားၿပီးကတည္းက မင္းအေၾကာင္းေတြမေမ့ေအာင္ ငါ စာအုပ္ထဲမွာ အၿမဲခ်ေရးျဖစ္တယ္။ မင္းနဲ႔ျပန္ဆုံရမယ္ဆိုတာ ေသခ်ာသိခဲ့ရင္ အဲ့ဒီစာအုပ္ေလး ယူလာခဲ့မိမွာ "

ထယ္ေယာင္းတစ္ေယာက္ Jungkookကိုျပဳံးျပရင္း ေခါက္ဆြဲထဲ မဆလာျဖဴးထည့္လိုက္သည္။ ေခါက္ဆြဲပူပူကို ေသခ်ာေအးေအာင္မႈတ္ ပါးစပ္ထဲထည့္လိုက္ၿပီး ႏႈတ္ခမ္းရဲရဲေလးျဖင့္ စုပ္ယူလွ်က္ အားရပါးရ စားျပသည္။ ေခါက္ဆြဲကိုစုပ္ယူစားေသာက္ခ်ိန္ ႏႈတ္ခမ္းရဲရဲေလးက စူၿပီး ဝိုင္းလွ်က္ အသည္းယားစရာေကာင္းေနသည္။ ေခါက္ဆြဲအရသာကို ေသခ်ာခံစားၿပီးမွ မ်က္လုံးအေရာင္လက္လာကာ Jungkookကို လက္မေထာင္ျပသည္။

" Perfect! မင္းလက္ရာ အခုထိေကာင္းတုန္းပဲ Jungkook "

ထယ္ေယာင္း ထိုမွ်သာေျပာၿပီး ေခါက္ဆြဲေနာက္တစ္လုတ္ထပ္စားျပန္သည္။ အားရပါးရ စားျပေနေသာ ထယ္ေယာင္းကိုၾကည့္လွ်က္ Jungkookပီတိျဖစ္ရမည္က ဆိုဖြယ္ရာမ႐ွိ။ သူ႕အတြက္ေခါက္ဆြဲျပဳတ္ကိုပင္ မစားႏိုင္ေသးဘဲ ထယ္ေယာင္း စားျပေနသည္ကိုၾကည့္ရင္း ပီတိျဖင့္ဗိုက္ျပည့္ေနေသာ Jungkookရယ္ပါ။

Jeee! Jeee!

ဖုန္း Vibrationသံက Jungkook ၾကည္ႏူးေနသည္ကို ၾကားျဖတ္ဟန္႔တားလာသည္။ ဒါက သူ႕ဖုန္းကမဟုတ္ ထယ္ေယာင္း ဖုန္းကျဖစ္သည္။ ေခါက္ဆြဲျပဳတ္ထဲ ေခါင္းစိုက္စားေနေသာ ထယ္ေယာင္းက ဖုန္းဝင္ေနသည္ကို သတိမထားမိသျဖင့္ Jungkookကပဲ သတိလွမ္းေပးလိုက္ရသည္။

" ထယ္ထယ္ မင္းဖုန္းလာေနတယ္။ ကိုင္လိုက္ဦးေလ "

Jungkook သတိေပးလာမွ ထယ္ေယာင္း အစားရပ္လိုက္ၿပီး ဖုန္း Screenကိုလွမ္းၾကည့္လိုက္သည္။ ဖုန္းက Yerinဆီကျဖစ္၍ ထယ္ေယာင္း သူ႕နဖူးသူျပန္႐ိုက္မိသည္။ အေျဖရၿပီးကတည္းက ဖုန္းမဆက္ျဖစ္တာ သုံးေလးရက္ ႐ွိေတာ့မည္။ Jungkookနဲ႔ တက်က္က်က္ရန္ျဖစ္ရင္း အခ်ိန္ေတြကုန္ေနခဲ့သျဖင့္ Yerinကို လုံးဝသတိမရမိ။ ဒီလိုနဲ႔ သူ႕အေၾကာင္းေတြ Jungkookရိပ္မိမွာ စိုးရိမ္ရသည္။

ထယ္ေယာင္း ဖုန္းကိုယူၿပီး Jungkookနားက ထြက္လာခဲ့သည္။ Jungkookနဲ႔ေဝးရာေရာက္မွ Answerႏွိပ္ၿပီး ဖုန္းကိုျပန္ေျဖလိုက္သည္။ Yerinမ်ား စိတ္ဆိုးေနမလား ရင္ကလည္းတထိတ္ထိတ္ျဖင့္။

" ဟယ္..ဟယ္လို Yerin "

" ဟယ္လို ထယ္ေယာင္း နင္အခုရက္ပိုင္း မအားလို႔လားဟင္။ ငါ့ဆီကို ဖုန္းေလးေတာင္ ဆက္မလာဘူး။ အင္းေလ အေဆာင္ကိစၥေတြဘာေတြ လုပ္ေနရတာဆိုေတာ့ နင္ပင္ပန္းမွာေပါ့ "

သူ႕ဘာသာေမးၿပီး သူ႕ဘာသာျပန္ေျဖသြားေသာ Yerinေၾကာင့္ ထယ္ေယာင္း ဘာျပန္ရမယ္မသိ။ စိတ္ဆိုးပုံလည္းမရသျဖင့္ ထယ္ေယာင္း စိတ္ေအးရသည္။ ဘာပဲျဖစ္ျဖစ္ အနည္းဆုံးေတာ့ သူ႕ဘက္က ေတာင္းပန္စကားေျပာသင့္သည္ဟု ယူဆမိသည္။

" ငါနင့္ကို ပစ္ထားမိတာ ေတာင္းပန္ပါတယ္ Yerinရယ္။ ငါလည္း နင္ေျပာသလို အေဆာင္ကိစၥေတြနဲ႔ အလုပ္႐ႈပ္သြားလို႔ပါဟာ။ ငါ့ကို နားလည္ေပးတဲ့အတြက္လည္း ေက်းဇူးေနာ္ "

ထယ္ေယာင္း စိတ္ရင္းျဖင့္ ေတာင္းပန္စကားဆိုမိသည္။ သူ႕ဘက္က ဒီမိန္းကေလးကို တစ္ခ်ိန္ခ်ိန္ေတာ့ ခ်စ္သြားလိမ့္မည္ဟုယူဆကာ ဖြင့္ေျပာျဖစ္ခဲ့သည္။ ဘယ္အခ်ိန္မွာမွ တကယ္ခ်စ္မိမလဲ သူမေသခ်ာ။ ဘယ္ေသာအခါမွ ခ်စ္လို႔မရႏိုင္တာလည္း ျဖစ္ႏိုင္သည္။ ဤသို႔တိုင္ ထယ္ေယာင္းက သူ႕စိတ္ကိုသူျပန္ၿပီး လိမ္ညာေနဆဲ။ ေယာက်္ားတစ္ေယာက္ကို ဘယ္ေတာ့မွမခ်စ္ႏိုင္ဟု စိတ္ပိုင္းျဖတ္ထားသျဖင့္ သူ႕လုပ္ရပ္ေတြကို ေ႐ွ႕တိုးဖို႔ပဲ သူစဥ္းစားထားသည္။

" ငါက ခ်စ္ေနရတဲ့သူပဲ နင္ဘာလုပ္လုပ္ နားလည္ခြင့္လႊတ္ေပးရမွာေပါ့။ နင့္ထက္အရင္ ငါနင့္ကိုႀကိဳက္ခဲ့တာ နင္မေမ့လိုက္နဲ႔ ထယ္ေယာင္း။ နင္ငါ့ကိုခ်စ္တဲ့အခ်စ္ထက္ ငါက ဆယ္ဆပိုခ်စ္တယ္။ မအားလို႔ ဖုန္းမဆက္ခ်င္လည္း ရတယ္။ ထယ္ေယာင္းက ငါ့ေကာင္ေလးဆိုတဲ့ အသိေလးနဲ႔တင္ ငါေက်နပ္တာမို႔ နင္ေပ်ာ္သလိုသာေန "

Yerin စကားတစ္ခြန္းခ်င္းစီက ထယ္ေယာင္း ႏွလုံးသားကို အႀကိမ္ႀကိမ္ ဆို႔နင့္ေစသည္။ စိတ္ထဲက အႀကိမ္ႀကိမ္ ေတာင္းပန္စကားဆို႐ုံကလြဲၿပီး သူ႕မွာတတ္ႏိုင္တာမ႐ွိ။ တကယ္မခ်စ္ေသးဘဲ ဖြင့္ေျပာမိသည့္အတြက္လည္း အႀကိမ္ႀကိမ္ အားနာစိတ္ျဖစ္မိသည္။ နမ္ဂြၽန္းေၾကာင့္သာ မဟုတ္ခဲ့လွ်င္ သူ Yerinကို အသုံးခ်ခဲ့မွာမဟုတ္။

" ဟယ္လို ထယ္ေယာင္း နင္ဘာျဖစ္တာလဲ။ ဘာစကားမွ ျပန္မေျပာေတာ့ပါလား "

တစ္ဘက္မွ စိုးရိမ္တႀကီးေမးလာေသာ အသံ။ ထယ္ေယာင္း စိတ္မေကာင္းလြန္းသျဖင့္ အသားတဆတ္ဆတ္တုန္သည္အထိ ျဖစ္ရသည္။ ဖုန္းကိုင္ႏိုင္စြမ္းမ႐ွိေလာက္ေအာင္ လက္ကတုန္ရီေနသည္။ ေနာင္တတရား၏ ပူေလာင္ျခင္းက မ်က္ဝန္းအိမ္မွ မ်က္ရည္ပူမ်ားျဖင့္ ပနံသင့္ေနသည္။

" ေတာင္းပန္ပါတယ္။ ငါနင့္ကို အႏူးအၫြတ္ေတာင္းပန္ပါတယ္ Yerin "

ထယ္ေယာင္း ဤမွ်သာေျပာၿပီး ဖုန္းခ်လိုက္သည္။ ဖုန္းကို ေဘာင္းဘီအိတ္ထဲထည့္ရင္း သူခ်ံဳးပြဲခ်ငိုမိသည္။ ကိုယ့္ကိုတကယ္ခ်စ္ေသာ သူကိုမွ ရက္ရက္စက္စက္ အသုံးခ်ရက္သည့္ သူ႕ကိုယ္သူ မုန္းတီးမိသည္။ ေယာက်္ားတစ္ေယာက္ျဖစ္လွ်က္ မိန္းကေလးတစ္ေယာက္ကို အကာအကြယ္ယူၿပီး မခ်စ္မႏွစ္သက္သူထံမွ ေဝးကြာရေစဖို႔ သူႀကိဳးစားမိခဲ့သည္။

သူ႕အတြက္ အေျခအေနအရပ္ရပ္က သူ႕ကို ေခ်ာင္ပိတ္မိေစသည္။ ေယာက်္ားတစ္ေယာက္ကို ဘယ္နည္းနဲ႔မွ ခ်စ္မလာႏိုင္သျဖင့္ မိန္းမတစ္ေယာက္ကို ခ်စ္ၾကည့္ဖို႔ႀကိဳးစားတာ သူမွားသလား။ အေျခအေနေတြက လက္လြန္ခဲ့ၿပီျဖစ္၍ ေနာက္ျပန္ဆုတ္၍လည္းမရ။ သို႔ေသာ္ Yerinမ်က္ႏွာျမင္တိုင္း အားနာစိတ္ျဖင့္ တစ္သက္လုံးေနသြားရမည္က ေသခ်ာလွသည္။

" ငါအခုလိုျဖစ္ရတာ အားလုံးက မင္းေၾကာင့္ပဲ နမ္ဂြၽန္း။ မင္းသာ သူငယ္ခ်င္းအဆင့္က ေက်ာ္မလာခဲ့ရင္ ငါအခုလိုေတြလုပ္မိမွာ မဟုတ္ဘူး။ မင္းသာအဆင့္မေက်ာ္လာရင္ မင္းသူငယ္ခ်င္းအျဖစ္နဲ႔ ငါမင္းအနားမွာ ေပ်ာ္ေပ်ာ္ႀကီးေနမိမွာ။ ငါ့ေပ်ာ္႐ႊင္ခ်ိန္ေတြ ပ်က္စီးခဲ့ရတာ မင္းေၾကာင့္ပဲ နမ္ဂြၽန္း။ ငါမင္းကို မုန္းတယ္! "

ေျပာရင္းျဖင့္ပင္ ထယ္ေယာင္း ႐ိႈက္ႀကီးတငင္ ငိုေနမိသည္။ မွတ္ညဏ္ထဲစြဲထင္ေနေသာ အတိတ္ပုံရိပ္မ်ားကို ျပန္သတိရတိုင္း ႏွေမ်ာတသျဖစ္ျခင္းတို႔ျဖင့္ နာက်င္ရသည္။ ေပ်ာ္႐ႊင္ခဲ့ရေသာ အခ်ိန္မ်ားဆုံး႐ႈံးရျခင္းက နမ္ဂြၽန္းေၾကာင့္ဟူ၍သာ သူတစ္ယူသန္မွတ္ထားသည္။ နမ္ဂြၽန္း အခ်စ္ကိုမျငင္းဆန္ခဲ့လွ်င္ အခုအခ်ိန္ေပ်ာ္႐ႊင္ေနရမည္ကိုေတာ့ သူထည့္မေတြးခဲ့ပါ။

သူမျမင္ႏိုင္ေသာ နံရံအကြယ္တစ္ခုမွာေတာ့ သူ႕မ်က္ရည္ေတြကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္ေနသူတစ္ဦး႐ွိေနသည္။ ဒါကို ထယ္ေယာင္းတစ္ေယာက္ သိခ်င္မွသိလိမ့္မည္။ သို႔ေသာ္ ထိုလူသားကလည္း ထယ္ေယာင္းႏွင့္ထပ္တူ နာက်င္ေၾကကြဲေနရသည္။

မင္း ထပ္ၿပီးငိုျပန္ၿပီ။ မင္းငိုရင္ ငါ့ရင္ေတြဘယ္ေလာက္ထိ စုတ္ျပတ္သတ္သြားလဲ မင္းမျမင္ႏိုင္ဘူး။ ငါ့မွာ ေပြ႕ဖက္ႏွစ္သိမ့္ေပးခ်င္ရက္နဲ႔ မင္းကိုထိေတြ႕ခြင့္မရေတာ့ ငါပိုၿပီး ​ေၾကကြဲရတယ္ ထယ္ထယ္။ ဒါနဲ႔ဆို မင္းငိုတာ ႏွစ္ခါ႐ွိၿပီ။
~~~~~xxxxx~~~~~

" Happy Birthday ထယ္ေယာင္း! "

လူသူမ႐ွိေသာ အားကစားခန္းမထဲ နမ္ဂြၽန္းလာခိုင္းထားသျဖင့္ တစ္ေယာက္တည္းျဖစ္ေနစဥ္ အေနာက္ဘက္ဆီမွ ထြက္ေပၚလာေသာ နမ္ဂြၽန္းအသံေၾကာင့္ ထယ္ေယာင္း ခ်ာခနဲလွည့္ၾကည့္မိသည္။ ဖေယာင္းတိုင္ထြန္းထားေသာ ေမြးေန႔ကိတ္ ခပ္ေသးေသးတစ္လုံးျဖင့္ ေရာက္ခ်လာေသာ နမ္ဂြၽန္းေၾကာင့္ ထယ္ေယာင္း အံ့အားသင့္ၿပီး ပါးစပ္အေဟာင္းသားျဖင့္။

တစ္သက္နဲ႔တစ္ကိုယ္ သူငယ္ခ်င္းဆီက ေမြးေန႔ surpriseအလုပ္မခံရဖူးေသာ ထယ္ေယာင္းအဖို႔ အထက္တန္းေနာက္ဆုံးႏွစ္ေရာက္မွ နမ္ဂြၽန္း၏ ေမြးေန႔ surprise ရဖူးခဲ့ေလၿပီ။ အတိုင္းမသိေသာ ေပ်ာ္႐ႊင္ျခင္းတို႔က ရင္တြင္းမွလိႈက္တက္လာသျဖင့္ ထယ္ေယာင္း ငိုမိေတာ့မလို ခံစားလိုက္ရသည္။ ကေလးငယ္ေလးပမာ ေျခလွမ္းခပ္သြက္သြက္ျဖင့္ နမ္ဂြၽန္းေ႐ွ႕အေျပးကေလးသြားမိေတာ့ နမ္ဂြၽန္းက အျပဳံးျဖင့္ဆီးႀကိဳလွ်က္။

" မင္း ငါ့ေမြးေန႔ကို မွတ္ထားတယ္ေပါ့။ ငါအရမ္းေပ်ာ္တာပဲ နမ္ဂြၽန္းရယ္။ မင္းကို သူငယ္ခ်င္းအျဖစ္ရထားတာ ငါသိပ္ကံေကာင္းတယ္။ အရမ္းခ်စ္တယ္ ငါ့ေကာင္ႀကီး "

ထယ္ေယာင္း ဒီစကားကို အမႈမဲ့အမွတ္မဲ့ေျပာရင္း အ​ေအးဘူးပါသည့္အိတ္ကိုပါ ဆြဲထားရေသာ နမ္ဂြၽန္းလက္ထဲက ကိတ္မုန္႔ကို လက္ေျပာင္းယူလိုက္ၿပီး ကိတ္မုန္႔ခြဲဖို႔ ခုံတန္းေလးဆီယူသြားလိုက္သည္။ နမ္ဂြၽန္းမွာေတာ့ ထယ္ေယာင္းစကားတစ္ခြန္းေၾကာင့္ ရင္ထဲလိႈင္းဂယက္ထၿပီး က်န္ေနခဲ့သည္။ သူႀကိဳက္ေနတာ ထယ္ေယာင္းသိေနေလာက္ၿပီဟု ယူဆရင္း ေမွ်ာ္လင့္ခ်က္ေတြ ပိုလာခဲ့ရသည္။ သိပ္မၾကာခင္ ဖြင့္ေျပာဖို႔လည္း သူအၾကံျဖစ္မိသည္။

" နမ္ဂြၽန္း လာေလ.. ကိတ္မုန္႔ခြဲရေအာင္ "

ထယ္ေယာင္းက ကိတ္မုန္႔ေပၚက ဖေယာင္းတိုင္ေတြကိုမီးမႈတ္ပစ္ရင္း သူ႕ကိုလွမ္းေခၚလာသျဖင့္ နမ္ဂြၽန္းအေတြးစကိုရပ္ၿပီး ထယ္ေယာင္း႐ွိရာ ခုံတန္းေလးဆီ ေလွ်ာက္လာခဲ့သည္။ ေမြးေန႔ကိတ္က သူတို႔ႏွစ္ေယာက္စာ ခပ္ေသးေသးျဖစ္ေသာ္လည္း ထယ္ေယာင္း သေဘာက်ေနသျဖင့္ နမ္ဂြၽန္း ေက်နပ္မိသည္။ အေအးဘူးထည့္လာသည့္ အိတ္ထဲမွ ေကာ္ဓားေလးကိုထုတ္ေပးေတာ့ ထယ္ေယာင္းက လွမ္းယူၿပီး ကိတ္မုန္႔ကိုစခြဲလိုက္သည္။

" နမ္ဂြၽန္း ပါးစပ္ဟ..အာ "

ကိတ္မုန္႔ကို အတုံးေသးေသးေလးတုံးၿပီး ခြံ႕ေကြၽးလာေသာ ထယ္ေယာင္းေၾကာင့္ နမ္ဂြၽန္း ပါးစပ္ဟေပးလိုက္သည္။ ကိုယ္ေတာ္ေခ်ာထယ္ေယာင္းက ကိတ္မုန္႔ကိုေကာင္းေကာင္းမခြံ႕ဘဲ စတန္႔ထြင္ျပန္ေတာ့ နမ္ဂြၽန္းႏႈတ္ခမ္းမွာ creamေတြ ေပကုန္သည္။ နမ္ဂြၽန္း ဒါကိုစိတ္မဆိုး။ သေဘာက်ၿပီး ျပဳံး၍သာေနသည္။

" ထယ္ေယာင္း ငါမင္းကို ေမြးေန႔လက္ေဆာင္ ေပးစရာ႐ွိေသးတယ္ "

နမ္ဂြၽန္းဒီလိုေျပာလာေတာ့ ထယ္ေယာင္း ပါးစပ္ထဲထည့္လက္စ ကိတ္မုန္႔တုံးေလးကို အျမန္ထည့္ဝါးရင္း ပါးစပ္မအားသျဖင့္ ေခါင္းေလးညိမ့္႐ုံညိမ့္ျပလာသည္။ နမ္ဂြၽန္းက သူ႕အက်ႌအိတ္ထဲက အနက္ေရာင္ဗူးေလးတစ္ခုကို ထုတ္ယူၿပီး ဖြင့္ျပလာေသာအခါမွ ထယ္ေယာင္းမုန္႔ျမန္ျမန္ၿမိဳခ်လိုက္ၿပီး ပါးစပ္က အာေမဍိတ္သံထြက္လာသည္။

" ဟင္ ဒါက ေနာက္ဆုံးထြက္ထားတဲ့ Rolexနာရီေလး မဟုတ္လား။ အဲဒါေလး ငါအရမ္းလိုခ်င္ေနတာ။ ေပ်ာ္လိုက္တာ နမ္ဂြၽန္းရယ္ "

မေျပာမဆိုျဖင့္ ဝမ္းသာလုံးဆို႔ကာ နမ္ဂြၽန္းပါးကို ႐ြတ္ခနဲထနမ္းလာေသာ ထယ္ေယာင္း။ ပါးစပ္အေဟာင္းသားျဖစ္ၿပီး ရင္တဒိတ္ဒိတ္ခုန္သြားရေသာ နမ္ဂြၽန္းမွာေတာ့ အသက္႐ွဴဖို႔ပင္ ေမ့ေလ်ာ့သည္အထိ။ ကေလးတစ္ေယာက္လို ဟန္ေဆာင္မႈကင္းကင္း ေပ်ာ္႐ႊင္မႈမ်ိဳးကို နမ္ဂြၽန္း ဖန္တီးေပးေသာ ကမ႓ာငယ္ေလးတြင္ ထယ္ေယာင္း ပိုင္ဆိုင္ခဲ့ရသည္။

ဤသို႔ ဤသို႔ ေပ်ာ္႐ႊင္ခဲ့ရျခင္းမ်ားက အခုေတာ့ ပုံျပင္ေဟာင္းတစ္ပုဒ္ပမာ။ အေျခအေနအရပ္ရပ္တို႔ ေျပာင္းလဲခဲ့ၿပီးသည့္ေနာက္တြင္ အရာရာက ေၾကကြဲမ်က္ရည္တို႔ျဖင့္ အဆုံးသတ္သြားခဲ့ၿပီ။ ထယ္ေယာင္း၏ ေပ်ာ္႐ႊင္မႈကမ႓ာေလးကလည္း အခုေတာ့ ဘယ္ဆီဘယ္ဝယ္ ေရာက္သြားခဲ့သည္မသိႏိုင္ေတာ့ေခ်။

To be continued....

Continue Reading

You'll Also Like

33.9K 3.5K 10
Love is more than everything.....
54.7K 3.3K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
16.3K 1K 14
Unicode & Zawgyi You're my lovely Doctor Tae This story is my first creation.
45K 8.2K 43
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...