Love Scenario (KookV/Complete...

By Jinsoohyuk_0127

66.8K 7K 1.1K

Top- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။ More

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 12
EPISODE - 13
EPISODE - 14
EPISODE - 15
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE -19
EPISODE - 20
EPISODE - 21
EPISODE - 22
EPISODE - 23
EPISODE - 24
EPISODE - 25
EPISODE - 26
EPISODE - 27
EPISODE - 28
EPISODE - 29
EPISODE - 30
EPISODE - 31
EPISODE - 32
FINAL EPISODE

EPISODE - 8

1.7K 226 32
By Jinsoohyuk_0127

EPISODE - 8 (Unicode)

တီ!!!

အခန်းရှေ့မှ လူခေါ်ဘဲလ်သံကြောင့် ဆော့ဂျင် တအံ့တသြဖြစ်ကာ နေရာချလက်စ ပစ္စည်းအချို့ကို ဒီအတိုင်းထားပြီး အခန်းတံခါးဝဆီ ထွက်လာခဲ့သည်။ ဒီနေ့မှ စပြောင်းခါစအခန်းကို ဘယ်သူလာလည်ပါသနည်း။ ဒီအခြေအနေက တကယ်ထူးဆန်းသည်။

အခန်းတံခါးနား နီးလာသည်နှင့်အမျှ စိတ်လှုပ်ရှားမှုက တစ်စထက်တစ်စ တိုး၍လာသည်။ လုံခြုံရေးစနစ် ကောင်းမွန်သော ကွန်ဒိုဖြစ်၍ မဟုတ်ကဟုတ်ကလူတွေလည်း လာမည်မဟုတ်။ ဤသို့ဆိုလျှင် မဖိတ်ခေါ်ဘဲရောက်လာသည့် ထိုလူက မည်သူနည်း။ ဆော့ဂျင် သိချင်စိတ်တို့ ထိန်းမရတော့ဘဲ တံခါးကို အမြန်ဖွင့်လိုက်သည်။

ဝက်ဝံရုပ်လေးပိုက်လျှက် ကြည်လင်သောအပြုံးဖြင့် တံခါးဝမှာရပ်နေသည့် တစ်ယောက်သောသူ။ ထိုသူကိုမြင်တော့ ဆော့ဂျင် အံ့သြခြင်းတို့ဖြင့် နှုတ်ခမ်းနှစ်လွှာပွင့်ဟသွားပြီး ထိုလူ့မျက်နှာကို ကြောင်ကြည့်နေမိသည်။ ယောက်ျားပီသ၍ စတိုင်ကျသော ထိုလူ။ သေချာပါသည်။ ထိုလူက ဆော့ဂျင် မြင်မြင်ချင်းကြွေခဲ့ရတဲ့ လူကြီးရယ်ပါ။

ရေစက်ဆိုတာ ဒါမျိုးလား။ ဘယ်အရာတွေပဲ ကာဆီးနေပါစေ၊ ရေစက်ပါလာရင် လူနှစ်ယောက်က မထင်မှတ်တဲ့နေရာမှာ မထင်မှတ်တဲ့ပုံစံနဲ့ ဆုံတွေ့ရတတ်တယ်တဲ့။ ဆော့ဂျင် ဒီစကားကို အခုပဲ အကြွင်းမဲ့လက်ခံလိုက်သည်။ မြင်မြင်ချင်းကြွေခဲ့ရတဲ့ သူ့ရဲ့လူကြီးက အခု သူ့ရှေ့ရောက်လာခဲ့ပြီလေ။

" ဘာတွေ ကြောင်ကြည့်နေတာလဲ။ ဧည့်သည်ကို အထဲမဝင်ခိုင်းတော့ဘူးလား။ ဒါနဲ့ ငါ့ကိုမှတ်မိပါတယ်နော် "

ပါးချိုင့်ပေါ်အောင်ပြုံးပြရင်း အထဲမခေါ်ဘူးလား မေးလာသော သူ့ရဲ့လူကြီးကြောင့် ဆော့ဂျင် သတိပြန်ဝင်လာကာ တံခါးဝကနေ ဘေးဖယ်ပေးလိုက်သည်။ စပြောင်းလာကာစမို့ ဧည့်ခန်းက ဘာမှမပြင်မဆင်ရသေး။ အခန်းငှားကတည်းက အသင့်ပါပြီးဖြစ်သည့် အသုံးအဆောင်များသာရှိသည်။

ဧည့်ခန်းမှာ ထိုင်စရာဟူ၍ TVစင်ရှေ့မျက်နှာမူထားသော အလျားရှည်ရှည် ဆိုဖာတစ်လုံးသာရှိ၍ နမ်ဂျွန်း ထိုနေရမှာပဲ ဝင်ထိုင်လိုက်သည်။ ဆော့ဂျင်ကတော့ စာကြည့်စားပွဲဘက်သွားကာ သူထိုင်ဖို့ ထိုင်ခုံတစ်လုံးသွားယူသည်။ သူ့နားလာထိုင်မည်ထင်ပြီး ဆိုဖာပေါ်ဘေးကပ်ထိုင်နေပေးသော နမ်ဂျွန်းမှာတော့ အံ့သြခြင်းများစွာဖြင့်။

" မင်းကလည်း ကြီးကျယ်လိုက်တာကွာ။ ငါ့နားလာထိုင်ရင် ရောဂါကူးမှာကြောက်လို့လား။ ငါ့မှာ ဘာရောဂါမှ မရှိပါဘူးဟ "

စိတ်မကောင်းသောမျက်နှာထားဖြင့် စကားဆိုလာသည့် နမ်ဂျွန်းကြောင့် ဆော့ဂျင် ပျာပျာသဲသဲလက်ကာပြရင်း နမ်ဂျွန်းဘေးနား ချက်ချင်းရောက်လာသည်။ ကိုယ်က သူ့နားထိုင်ချင်တာမှ ရိုးရိုးတောင်မဟုတ်။ ဖြစ်နိုင်ရင် သူ့ပခုံးလေးမှီပြီး ချွဲချွဲနွဲ့နွဲ့ ထိုင်ချင်မိတာ။ ဒါပေမဲ့ ယောက်ျားတို့အိန္ဒြေ ရွှေပေးလို့မရ ဆိုတဲ့အတိုင်း အိန္ဒြေလေးတော့ သူထိန်းရသေးသည်။

" ငါ မင်းအနား မထိုင်ချင်လို့မဟုတ်ပါဘူး။ ငါ ရေမချိုးရသေးတော့ အနံ့နံမှာစိုးလို့ "

မေးလေးထော်လျှက် အသည်းအသန်ဖြေရှင်းလာသော ဝက်ဝံပေါက်။ နမ်ဂျွန်းလည်း တကယ်အနံ့ထွက်မထွက် သိရအောင် အနားကပ်ပြီး လည်တိုင်လေးတွေကို အနံခံကြည့်တော့ ဝက်ဝံပေါက်လေးက ရုတ်တရက် လန့်သွားဟန်ဖြင့်။ ယုန်သူငယ်လေးလို သူ့မျက်ဝန်းလေးတွေက နမ်ဂျွန်းကို တကယ်လန့်နေပုံပါ။

" ဟေး ငါက မင်းခန္ဓာကိုယ် အနံ့ထွက်မထွက် အနံ့ခံကြည့်တာပါကွာ။ ရေမချိုးရသေးပေမယ့် မင်းခန္ဓာကိုယ်က မွှေးနေတုန်းပါပဲကွ။ ပြီးတော့ ငါက သူများသားသမီးကို အလိုမတူဘဲ အနိုင်မကျင့်တတ်ပါဘူး။ မင်းငါ့ကို ကြောက်နေဖို့မလိုဘူးနော် "

နမ်ဂျွန်း ရယ်ရယ်မောမောဖြင့် ဆော့ဂျင်ဘေးနားက ပြန်ခွာထိုင်လိုက်သည်။ လက်ထဲက ဝက်ဝံရုပ်လေးကိုကမ်းပေးတော့ ဆော့ဂျင်က တုန်တုန်ရီရီဖြင့် အရုပ်ကိုလှမ်းယူရင်း နမ်ဂျွန်းကို စိုက်ကြည့်နေပြန်သည်။ အပြစ်ကင်းလွန်းတဲ့ ကလယ်ကလယ်မျက်ဝန်းလေးတွေက ဆော့ဂျင် စိတ်လှုပ်ရှားနေတာကို ဖုံးဖိပေးနိုင်စွမ်းမရှိ။

" မင်း...ဒါကို ဘာအတွက်ပေးတာလဲ "

မင်း ဟူသော နာမ်စားကို အသံရှည်ဆွဲလျှက် မဝံ့မရဲမေးလာသော ဝက်ဝံပေါက်လေး။ နမ်ဂျွန်းတို့တော့ ဒီကောင်လေးကို ကြာလေအသည်းယားလေ ဖြစ်လာသည်။ လက်ထဲက postcardလေးကို ဝက်ဝံပေါက်ဆီကမ်းပေးရင်း အထဲမှာရေးထားသည်ကို ဖွင့်ဖတ်စေလိုက်သည်။

ဝက်ဝံပေါက်က အရုပ်ကလေးကို လက်တစ်ဖက်ကပိုက်လျှက် ကျန်လက်တစ်ဖက်ဖြင့် postcardလေးကို လှမ်းယူလိုက်သည်။ ဖြူနုနေသော ပြည့်ပြည့်တင်းတင်း လက်ချောင်းကလေးတွေနဲ့ postcardလေးကို ဖွင့်ဟလျှက် နှုတ်ခမ်းဖူးဖူးလေးများ တရွရွလှုပ်ရှားကာ အထဲကစာကို ဖတ်နေပုံက နမ်ဂျွန်း မျက်ဝန်းတွေကို ဖမ်းစားထားသည်။

မင်းက တကယ်ပဲ ငါ့ကိုဖမ်းစားနိုင်တယ် ဝက်ဝံပေါက်။ မရနိုင်တော့တဲ့ ထယ်ယောင်းကို မျှော်လင့်နေမယ့်အစား မင်းကိုပဲလိုက်ရင် ကောင်းမလား။ ဒါပေမဲ့ ငါ ထယ်ယောင်းကို စိတ်ပြတ်နိုင်ပြီလား မသေချာသေးဘူး။ အရင်ဆုံး ငါတို့ သူငယ်ချင်းပဲ ဖြစ်ထားကြရအောင်။

" ငါမင်းကို စိုက်ပေးခဲ့တာက သုံးသောင်းကျော်လေးပဲလေ။ မင်းပြန်ဝယ်ပေးတာက အများကြီး ပိုစျေးကြီးမယ့်ပုံပဲနော်။ ကျေးဇူးတင်ကြောင်း ရေးပေးထားတဲ့ postcardလေးပဲ ယူထားပြီး ဝက်ဝံရုပ်ကို ငါမယူလို့ရမလား "

လိုချင်တာပေါ့... ကိုယ်ကြိုက်နေတဲ့သူ​က ပေးတဲ့လက်ဆောင်လေးကို သိပ်ပြီးလိုချင်တာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ ဒီလိုလက်ဆောင်တွေ လက်မခံသင့်သေးဘူး ထင်တယ်။ ငါတို့ တစ်ယောက်နာမည်တစ်ယောက်တောင် မသိကြသေးတဲ့အချိန်မှာ ဒါမျိုးက ကြေးကြီးလွန်းတယ်။

" မင်း ဝက်ဝံရုပ်ကို မကြိုက်လို့လား။ ဒါဆို မင်းကြိုက်မယ့်ဟာ ပြောလေ။ ငါထပ်ဝယ်ပေးမယ်။ ငါ့အတွက် ငွေက သိပ်ပြီး ခက်ခဲတဲ့အရာ မဟုတ်ဘူး "

" မဟုတ်ပါဘူး ငါကမင်းကို စေတနာသန့်သန့်နဲ့ ကူညီပေးခဲ့တာမို့ ငါ့အတွက် ဒါမျိုးတွေ မလိုပါဘူး။ မင်းရဲ့ ကျေးဇူးသိတတ်တဲ့ စိတ်ရင်းကိုပဲ ငါလက်ခံပါ့မယ် "

ကြိုက်လောက်မည်ထင်၍ ဝယ်လာခဲ့သော သူ့လက်ဆောင်ကို ဝက်ဝံပေါက်က ငြင်းဆန်နေသည်တဲ့။ ထပ်ပြီး စေတနာသန့်သန့်ဖြင့် ကူညီခဲ့သည်ဟူသော စကား။ ဒီအရာတွေကြောင့် နမ်ဂျွန်း ရင်ထဲမကောင်းဖြစ်ရသည်။ တကယ်ပဲ ဝက်ဝံပေါက်အပေါ် သူအမှားလုပ်မိနေပြီလား။

" ငါက မင်းစေတနာကို ဒီဝက်ဝံရုပ်နဲ့ တန်ဖိုးဖြတ်မိသလို ဖြစ်သွားတာလား။ ငါ တောင်းပန်ပါတယ်။ ငါမရွယ်ပါဘူး "

နမ်ဂျွန်း စိတ်မကောင်းခြင်းများစွာဖြင့် ဆော့ဂျင်လက်ထဲက ဝက်ဝံရုပ်လေးကိုပြန်ယူကာ ချက်ချင်းထပြန်သွားခဲ့သည်။ ငိုင်ကျသွားသော သူ့မျက်နှာကိုတော့ ဆော့ဂျင် အချိန်မှီကလေး လှမ်းမြင်လိုက်ပါရဲ့။

" ဟေ့ နေဦးလေ။ ငါတို့ မိတ်မဆက်ရသေး... "

ဆော့ဂျင် အော်ခေါ်နေသော်လည်း နမ်ဂျွန်း ကြားဟန်မတူ။ စကားလုံးတို့ကလည်း တစ်ဝက်တစ်ပျက်ဖြင့် လေထဲမှာ ပျောက်ဆုံးကုန်သည်။ နမ်ဂျွန်း ထွက်သွားတော့မှ ဆော့ဂျင် သူ့လုပ်ရပ်သူ နောင်တရနေမိသည်။

" ငါကိုက လျှာရှည်မိတာပါ။ လိုချင်နေရဲ့သားနဲ့ မျက်နှာပြောင်တိုက်ပြီး ယူထားလိုက်ရမှာ။ မူလိုက်မိတာ မှားပါရောလား။ နောက်တစ်ခါဆို အိန္ဒြေတွေ သိက္ခာတွေ ထိန်းမနေတော့ဘဲ စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုပြုမူတော့မယ်။ အခုတော့ ငါ့လူကြီးနာမည်ကိုတောင် ငါမသိလိုက်ရဘူး "
~~~~~xxxxx~~~~~

Jungkookနဲ့ ထယ်ယောင်းတို့အခန်း။ အခန်းထဲဝင်ဝင်ချင်း ထယ်ယောင်း အပြေးအလွှားလိုက်ရှာမိသည်က သူ့အတွက် ကိုယ်ပိုင်အိပ်ခန်း။ ဧည့်ခန်း၊ မီးဖိုခန်း၊ ပြီးတော့ အိပ်ခန်း...။ အိပ်ခန်းဟူ၍ တစ်ခန်းသာတွေ့သဖြင့် ထယ်ယောင်း နည်းနည်းခေါင်းရှုပ်သွားသည်။ ဘာလဲ ဒီအခန်းမှာ အိပ်ခန်းက တစ်ခန်းတည်းပါတာလား။

" ထယ်ထယ် မင်းဘာတွေလိုက်ရှာနေတာလဲ။ အထဲဝင်ကြမယ်လေ "

Jungkookက သူ့အထုပ်သူဆွဲလျှက် အခန်းထဲအရင်ဝင်သွားသည်အထိ ထယ်ယောင်းတစ်ယောက် ဧည့်ခန်းအလယ်မှာ မတ်တပ်ရပ်ကျန်နေခဲ့သည်။ စိတ်ထဲကလည်း လူကြီးတွေကို သိပ်မကျေနပ်ချင်။ သူ့အကြောင်း သိသိကြီးနဲ့ အိပ်ခန်းတစ်ခန်းပဲပါသော အခန်းအမျိုးအစားကို ရွေးပြီးငှားပေးသည်တဲ့။ လူကြီးတွေကို တကယ်လက်လံမိသည်။

" ဟေး ထယ်ထယ် အခန်းထဲဝင်လာပါဆို ဘာရပ်လုပ်နေတာလဲ။ ဘယ်ကုတင်လိုချင်လဲ လာရွေးဦး "

အိပ်ခန်းထဲကပြန်ထွက်လာပြီး သူ့ကိုလှမ်းခေါ်နေသော Jungkookပြောစကား​ကြောင့် ထယ်ယောင်း နည်းနည်းစဥ်းစားသွားသည်။ ဘယ်ကုတင်လိုချင်လဲ လာရွေးဆိုတော့ တစ်ယောက် ကုတင်တစ်လုံးစီလား။ ဒီလိုဆိုရင်တော့ သူ့အတွက် နည်းနည်းအဆင်ပြေသေးသည်။

ငါလာပြီ ငါ့ကုတင်လေးရေ။ နေရာကောင်းကောင်းကို ရွေးပြီးယူရမယ် ဟဲဟဲ။

ကလေးဆန်သော ထယ်ယောင်းက ဘယ်အရာမဆို သူကချည်းအနိုင်ရမှကြိုက်သည်။ အခုလည်း Jungkookကသူ့ကို ကုတင် အရင်ရွေးခိုင်းနေသဖြင့် သူ့စိတ်ကြိုက်ရွေးရပေဦးမည်။ ဒီတစ်ကြိမ်တော့ Jungkookတို့ သူ့ကိုအလျော့ပေးသားပဲ။

အိပ်ခန်းကျယ်ကျယ်တွင် အလင်းရောင်ဝင်သည့် မှန်ပြတင်းရှိရာဘက်၌ ကုတင်တစ်လုံး၊ နံရံနှင့်ကပ်လျှက်တွင် ကုတင်တစ်လုံးဖြစ်သည်။ ကုတင်နှစ်လုံးကို ခပ်ခွာခွာနေရာချပေးထားသည်က ထယ်ယောင်းတို့စိတ်ကြိုက်။ ကုတင်နှစ်လုံးကြား ခြေရင်းဘက်မှာတော့ အဝတ်ဗီရိုအကြီးကြီးတစ်လုံး။ ဒါကိုတော့ နှစ်ယောက်မျှသုံးရမည်။

ကုတင်နှစ်လုံးကြား ခေါင်းရင်းပိုင်းမှာတော့ သက်ဆိုင်ရာကုတင်နှင့်ကပ်လျှက်တွင် စာကြည့်စားပွဲတစ်လုံးစီ အသင့်ရှိနေသည်။ စာကြည့်စားပွဲတွေပေါ်မှာ ညမီးအိမ်လေးတွေကလည်း တစ်လုံးစီရှိသည်မို့ အဝေမတည့်ဖြစ်စရာမရှိ။

ထယ်ယောင်းက အအေးကြိုက်တတ်သူဖြစ်၍ အဲကွန်းနှင့်ပိုနီးသည့် အတွင်းဘက်ကျသော ကုတင်ကို ရွေးယူလိုက်သည်။ အခုက ဆောင်းတွင်းဘက်ဖြစ်၍ ကိစ္စမရှိသော်လည်း နွေရောက်လျှင် အဲကွန်းက အရေးကြီးသည်။ တစ်ကိုယ်ကောင်းဆန်နေမလား သူမသိသော်လည်း ကလေးဆန်သောသူ့စိတ်က သူဖြစ်ချင်တာကို ဦးစားပေးတတ်သည်။

" ငါ နံရံနဲ့ကပ်လျှက်က ကုတင်ကိုယူမယ်နော်။ မင်းက ပြတင်းပေါက်နားက ကုတင်ယူလိုက်။ အဲ့ဒီမှာက လေကောင်းလေသန့်လည်း ရတယ် "

" အင်း မင်းကျေနပ်ရင် ပြီးတာပါပဲ။ ဗီရိုကိုရော နှစ်ခြမ်းခွဲသုံးဦးမလား "

ထယ်ယောင်းအကြောင်း သိထားပြီးဖြစ်၍ Jungkook လိုရမယ်ရ ထပ်မေးလိုက်ခြင်း။ ထယ်ယောင်းက ဇီဇာကြောင်တတ်သူမို့ အစစအရာရာ သူ့စိတ်တိုင်းကျ လိုက်လျောပေးနေရသည်။ ဒါမှသာ နှစ်ယောက်သား ရေရှည် အခန်းဖော်အဖြစ်နေနိုင်မယ် မဟုတ်လား။

" ဗီရိုကတော့ ထားပါတော့ ခွဲမနေတော့ဘူး။ အတွင်းခံတွေကိုတော့ သပ်သပ်စီထားမယ်။ ကျန်တဲ့အဝတ်အစားတွေကတော့ အဆင်ပြေသလို ထားကြတာပေါ့ "

ထယ်ယောင်းနှင့် ညှိရနှိုင်းရ အဆင်ပြေသွားသဖြင့် Jungkookလည်း ခရီးဆောင်အိတ်ကိုဖွင့်ကာ အဝတ်အစားအချို့နှင့် အသုံးအဆောင်ပစ္စည်းအချို့ကို နေရာချလိုက်သည်။ ထယ်ယောင်းလည်း Jungkookလိုပဲ သူ့ပစ္စည်းတွေကို နေရာချနေသည်။

အားလုံးပြီးစီးသွားချိန်မှ နှစ်ယောက်သား ကိုယ့်အိပ်ရာပေါ်ကိုယ်လှဲကာ အမောဖြေလိုက်ကြသည်။ အမောပြေသွားသောအခါမှ Jungkookတစ်ယောက် ထယ်ယောင်းဆီ စကားစမြည်ပြောဖို့ ထလာခဲ့သည်။ Jungkook သူ့ဆီထလာသည်ကို လှမ်းမြင်လိုက်ရသော ထယ်ယောင်းက ပျာပျာယာယာဖြင့် အိပ်ရာကထထိုင်လာသည်။

ဒီအခြေအနေကို Jungkook သိပ်ပြီး မနှစ်မြို့လှ။ သူလာတာမြင်မှ အိပ်ရာက ကမန်းကတမ်းထထိုင်တာ ဘာသဘောမျိုးလဲ။ ဒီအပြုအမူက ငယ်သူငယ်ချင်းလည်းဖြစ် အခန်းဖော်လည်းဖြစ်တဲ့ သူ့​အပေါ် ထယ်ယောင်းရဲ့ မယုံကြည်သလိုပုံစံက မာနထိခိုက်စရာဖြစ်သည်။ ဒါမျိုးကျတော့ ထယ်ယောင်းတို့ လွန်လွန်းတယ် ထင်မိသည်။

Jungkook ထယ်ယောင်း စာကြည့်စားပွဲကထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း ထယ်ယောင်းကို မျက်လုံးချင်းဆိုင်လိုက်သည်။   စူးရဲလွန်းသော သူ့အကြည့်တို့က ထယ်ယောင်းကို ကြောက်စိတ်ပိုဝင်စေသည်။ မတတ်နိုင် တည့်တိုးရှင်းရမည့်ကိစ္စကို အခုပဲ ရှင်းရမည်။

" ငါမင်းကို ရှင်းရှင်းပဲမေးမယ် ထယ်ထယ်။ မင်းငါနဲ့ တစ်ခန်းတည်းအတူနေဖို့ မင်းငါ့အပေါ် ယုံကြည်စိတ်ရော ရှိရဲ့လား။ ငါလာတာမြင်တော့ မင်း အိပ်ရာပေါ်လှဲနေရာက ချက်ချင်း ထထိုင်တယ်။ မင်းမျက်လုံးထဲမှာလည်း စိုးရိမ်တဲ့အကြည့်တွေနဲ့။ ဒါက ဘာသဘောလဲ ထယ်ထယ်။ ငါက မင်းကို တစ်ခုခုလုပ်မယ့်လူလို့ မင်းထင်နေတာလား။ ငယ်သူငယ်ချင်းဖြစ်တဲ့ ငါ့ကိုတောင် မင်းမယုံကြည်တော့ဘူးလား။ မင်း ဇီဇာကြောင်တတ်တာ ငါလက်ခံတယ်။ မင်းအသားထိတာ မကြိုက်ဘူးပြောလို့ ငါထပ်လည်းမထိခဲ့ဘူး။ ဒါတောင် မင်းအပြုအမူတွေက ငါ့စာရိတ္တကို မယုံကြည်တဲ့ပုံ ပေါက်နေတုန်းပဲ။ မင်းဘာဖြစ်ချင်တာလဲ ထယ်ထယ် "

ရင်ထဲမြိုသိပ်မထားနိုင်သဖြင့် Jungkookပါးစပ်က စကားလုံးတွေ တစ်သီကြီး ပြောထွက်သွားသည်။ စိတ်ထဲရှိသမျှ အကုန်ထုတ်ပြောလိုက်မှ သူ့ရင်ထဲ ပေါ့သွားသလိုခံစားရသည်။ ပြောချင်ရာပြောပြီး ထယ်ယောင်း အခြေအနေကို သူပြန်အကဲခတ်ကြည့်တော့ တွေတွေကြီးစိုက်ကြည့်လျှက် ငိုမယောင်ဖြစ်နေသော ထယ်ယောင်းမျက်ဝန်းတို့က နားလည်ရခက်စွာ။

" ဟုတ်တယ် ငါမင်းကို မယုံဘူး။ မင်းမှမဟုတ်ဘူး ငါ့နားမှာရှိတဲ့ ဘယ်ယောက်ျားသားကိုမှ ငါမယုံကြည်တာ။ ငါက ယောက်ျားဖြစ်ပြီး ယောက်ျားတွေကိုမယုံကြည်တာ မင်းအတွက် ထူးဆန်းချင်ထူးဆန်းလိမ့်မယ်။ ငါ့မှာလည်း ငါ့အကြောင်းနဲ့ငါရှိတယ်။ ဖြစ်နိုင်ရင် မင်းငါ့နား သိပ်မကပ်ပါနဲ့။ မင်းလည်း ယောက်ျားထဲကယောက်ျားတစ်ယောက်မို့ ငယ်သူငယ်ချင်းဖြစ်နေရင်တောင် ငါ့စိတ်က မင်းကိုမယုံကြည်ဘူးဖြစ်နေတယ်။ ငါ့ကို ထင်ချင်သလိုထင်ပါ။ ငါနဲ့မနေချင်ဘူးဆိုလည်း မင်းအမေကိုပြောပြီး အခန်းပြောင်းလိုက်ပါ။ ငါတကယ် တောင်းပန်ပါတယ်။ ငါလေ ယောက်ျားတွေကို ကြောက်လည်းကြောက်မိတယ် Jungkook "

စကားဆုံးတော့ ထယ်ယောင်းမျက်ဝန်းအိမ်ဆီက မျက်ရည်ပေါက်တွေက ပါးပြင်ပေါ်တဖြည်းဖြည်း စီးကျလာခဲ့သည်။ ထိုမျက်ရည်များ၏ နောက်ကွယ်တွင် အတိုင်းအဆမရှိသော နာကျင်ခြင်းတို့ ပုန်းကွယ်နေသည်။ အတိတ်ကစိတ်ဒဏ်ရာသည် အခုထိ သူ့ကို ဒုက္ခကောင်းစွာပေးနေဆဲဖြစ်သည်။

Jungkookကတော့ ထယ်ယောင်း မျက်ရည်တွေကြည့်ရင်း ရင်ထဲဆို့နင့်လာသလို ခံစားရသည်။ ပွေ့ဖက်နှစ်သိမ့်ပေးချင်သော်လည်း ထိတွေ့ခွင့်မရသူမို့ သူဘာမှမတတ်နိုင်။ ဘယ်အရာတွေကများ ထယ်ယောင်းကို သူ့မျက်စိရှေ့က အခြေအနေမျိုးဖြစ်အောင် ဖန်တီးခဲ့ပါသနည်း။ ယောက်ျားမြင်တာနဲ့ ကြောက်နေရလောက်တဲ့အထိ ထယ်ယောင်း ဘာတွေကြုံခဲ့ရသည်ကို Jungkookအဖြေထုတ်ကြည့်ချင်သည်။

လောလောဆယ်တော့ ရှိုက်ကြီးတငင်ဖြစ်သည်အထိ ငိုနေဆဲဖြစ်သော ထယ်ယောင်းကို သူ စိတ်မကောင်းခြင်းများစွာဖြင့် ဒီအတိုင်းထိုင်ကြည့်နေရသည်။

ကိုယ်ချစ်တဲ့သူတစ်ယောက်လုံး ကိုယ့်ရှေ့မှာ ရှိုက်ကြီးတငင်ငိုနေတာ မြင်ရက်နဲ့ ပွေ့ဖက်နှစ်သိမ့်ခွင့်မရတာ ဘယ်လိုဝဋ်ကြွေးတွေလဲ ထယ်ထယ်။ အစက မင်းကို ဒီအတိုင်း ဇီဇာကြောင်တတ်တယ် ထင်ခဲ့မိတာ။ တကယ်တမ်းတော့ မင်းကို ဒီလိုဖြစ်အောင် အခြေအနေတစ်ခုခုက တွန်းပို့ပေးခဲ့တာပဲ။ စိတ်ချပါ မင်းစိတ်ထဲနေရာယူထားတဲ့ အတိတ်ကဒဏ်ရာတွေကို ငါရအောင် ကုသပေးမှာပါ။ ထိတွေ့ခွင့်မရှိလည်း မင်းအနားကနေ အကောင်းဆုံးရှိနေပေးပါ့မယ်။

To be continued...

EPISODE - 8 (Zawgyi)

တီ!!!

အခန္းေ႐ွ႕မွ လူေခၚဘဲလ္သံေၾကာင့္ ေဆာ့ဂ်င္ တအံ့တၾသျဖစ္ကာ ေနရာခ်လက္စ ပစၥည္းအခ်ိဳ႕ကို ဒီအတိုင္းထားၿပီး အခန္းတံခါးဝဆီ ထြက္လာခဲ့သည္။ ဒီေန႔မွ စေျပာင္းခါစအခန္းကို ဘယ္သူလာလည္ပါသနည္း။ ဒီအေျခအေနက တကယ္ထူးဆန္းသည္။

အခန္းတံခါးနား နီးလာသည္ႏွင့္အမွ် စိတ္လႈပ္႐ွားမႈက တစ္စထက္တစ္စ တိုး၍လာသည္။ လုံျခဳံေရးစနစ္ ေကာင္းမြန္ေသာ ကြန္ဒိုျဖစ္၍ မဟုတ္ကဟုတ္ကလူေတြလည္း လာမည္မဟုတ္။ ဤသို႔ဆိုလွ်င္ မဖိတ္ေခၚဘဲေရာက္လာသည့္ ထိုလူက မည္သူနည္း။ ေဆာ့ဂ်င္ သိခ်င္စိတ္တို႔ ထိန္းမရေတာ့ဘဲ တံခါးကို အျမန္ဖြင့္လိုက္သည္။

ဝက္ဝံ႐ုပ္ေလးပိုက္လွ်က္ ၾကည္လင္ေသာအျပဳံးျဖင့္ တံခါးဝမွာရပ္ေနသည့္ တစ္ေယာက္ေသာသူ။ ထိုသူကိုျမင္ေတာ့ ေဆာ့ဂ်င္ အံ့ၾသျခင္းတို႔ျဖင့္ ႏႈတ္ခမ္းႏွစ္လႊာပြင့္ဟသြားၿပီး ထိုလူ႕မ်က္ႏွာကို ေၾကာင္ၾကည့္ေနမိသည္။ ေယာက်္ားပီသ၍ စတိုင္က်ေသာ ထိုလူ။ ေသခ်ာပါသည္။ ထိုလူက ေဆာ့ဂ်င္ ျမင္ျမင္ခ်င္းေႂကြခဲ့ရတဲ့ လူႀကီးရယ္ပါ။

ေရစက္ဆိုတာ ဒါမ်ိဳးလား။ ဘယ္အရာေတြပဲ ကာဆီးေနပါေစ၊ ေရစက္ပါလာရင္ လူႏွစ္ေယာက္က မထင္မွတ္တဲ့ေနရာမွာ မထင္မွတ္တဲ့ပုံစံနဲ႔ ဆုံေတြ႕ရတတ္တယ္တဲ့။ ေဆာ့ဂ်င္ ဒီစကားကို အခုပဲ အႂကြင္းမဲ့လက္ခံလိုက္သည္။ ျမင္ျမင္ခ်င္းေႂကြခဲ့ရတဲ့ သူ႕ရဲ႕လူႀကီးက အခု သူ႕ေ႐ွ႕ေရာက္လာခဲ့ၿပီေလ။

" ဘာေတြ ေၾကာင္ၾကည့္ေနတာလဲ။ ဧည့္သည္ကို အထဲမဝင္ခိုင္းေတာ့ဘူးလား။ ဒါနဲ႔ ငါ့ကိုမွတ္မိပါတယ္ေနာ္ "

ပါးခ်ိဳင့္ေပၚေအာင္ျပဳံးျပရင္း အထဲမေခၚဘူးလား ေမးလာေသာ သူ႕ရဲ႕လူႀကီးေၾကာင့္ ေဆာ့ဂ်င္ သတိျပန္ဝင္လာကာ တံခါးဝကေန ေဘးဖယ္ေပးလိုက္သည္။ စေျပာင္းလာကာစမို႔ ဧည့္ခန္းက ဘာမွမျပင္မဆင္ရေသး။ အခန္းငွားကတည္းက အသင့္ပါၿပီးျဖစ္သည့္ အသုံးအေဆာင္မ်ားသာ႐ွိသည္။

ဧည့္ခန္းမွာ ထိုင္စရာဟူ၍ TVစင္ေ႐ွ႕မ်က္ႏွာမူထားေသာ အလ်ား႐ွည္႐ွည္ ဆိုဖာတစ္လုံးသာ႐ွိ၍ နမ္ဂြၽန္း ထိုေနရမွာပဲ ဝင္ထိုင္လိုက္သည္။ ေဆာ့ဂ်င္ကေတာ့ စာၾကည့္စားပြဲဘက္သြားကာ သူထိုင္ဖို႔ ထိုင္ခုံတစ္လုံးသြားယူသည္။ သူ႕နားလာထိုင္မည္ထင္ၿပီး ဆိုဖာေပၚေဘးကပ္ထိုင္ေနေပးေသာ နမ္ဂြၽန္းမွာေတာ့ အံ့ၾသျခင္းမ်ားစြာျဖင့္။

" မင္းကလည္း ႀကီးက်ယ္လိုက္တာကြာ။ ငါ့နားလာထိုင္ရင္ ေရာဂါကူးမွာေၾကာက္လို႔လား။ ငါ့မွာ ဘာေရာဂါမွ မ႐ွိပါဘူးဟ "

စိတ္မေကာင္းေသာမ်က္ႏွာထားျဖင့္ စကားဆိုလာသည့္ နမ္ဂြၽန္းေၾကာင့္ ေဆာ့ဂ်င္ ပ်ာပ်ာသဲသဲလက္ကာျပရင္း နမ္ဂြၽန္းေဘးနား ခ်က္ခ်င္းေရာက္လာသည္။ ကိုယ္က သူ႕နားထိုင္ခ်င္တာမွ ႐ိုး႐ိုးေတာင္မဟုတ္။ ျဖစ္ႏိုင္ရင္ သူ႕ပခုံးေလးမွီၿပီး ခြၽဲခြၽဲႏြဲ႕ႏြဲ႕ ထိုင္ခ်င္မိတာ။ ဒါေပမဲ့ ေယာက်္ားတို႔အိေႁႏၵ ေ႐ႊေပးလို႔မရ ဆိုတဲ့အတိုင္း အိေႁႏၵေလးေတာ့ သူထိန္းရေသးသည္။

" ငါ မင္းအနား မထိုင္ခ်င္လို႔မဟုတ္ပါဘူး။ ငါ ေရမခ်ိဳးရေသးေတာ့ အနံ႔နံမွာစိုးလို႔ "

ေမးေလးေထာ္လွ်က္ အသည္းအသန္ေျဖ႐ွင္းလာေသာ ဝက္ဝံေပါက္။ နမ္ဂြၽန္းလည္း တကယ္အနံ႔ထြက္မထြက္ သိရေအာင္ အနားကပ္ၿပီး လည္တိုင္ေလးေတြကို အနံခံၾကည့္ေတာ့ ဝက္ဝံေပါက္ေလးက ႐ုတ္တရက္ လန္႔သြားဟန္ျဖင့္။ ယုန္သူငယ္ေလးလို သူ႕မ်က္ဝန္းေလးေတြက နမ္ဂြၽန္းကို တကယ္လန္႔ေနပုံပါ။

" ေဟး ငါက မင္းခႏၶာကိုယ္ အနံ႔ထြက္မထြက္ အနံ႔ခံၾကည့္တာပါကြာ။ ေရမခ်ိဳးရေသးေပမယ့္ မင္းခႏၶာကိုယ္က ေမႊးေနတုန္းပါပဲကြ။ ၿပီးေတာ့ ငါက သူမ်ားသားသမီးကို အလိုမတူဘဲ အႏိုင္မက်င့္တတ္ပါဘူး။ မင္းငါ့ကို ေၾကာက္ေနဖို႔မလိုဘူးေနာ္ "

နမ္ဂြၽန္း ရယ္ရယ္ေမာေမာျဖင့္ ေဆာ့ဂ်င္ေဘးနားက ျပန္ခြာထိုင္လိုက္သည္။ လက္ထဲက ဝက္ဝံ႐ုပ္ေလးကိုကမ္းေပးေတာ့ ေဆာ့ဂ်င္က တုန္တုန္ရီရီျဖင့္ အ႐ုပ္ကိုလွမ္းယူရင္း နမ္ဂြၽန္းကို စိုက္ၾကည့္ေနျပန္သည္။ အျပစ္ကင္းလြန္းတဲ့ ကလယ္ကလယ္မ်က္ဝန္းေလးေတြက ေဆာ့ဂ်င္ စိတ္လႈပ္႐ွားေနတာကို ဖုံးဖိေပးႏိုင္စြမ္းမ႐ွိ။

" မင္း...ဒါကို ဘာအတြက္ေပးတာလဲ "

မင္း ဟူေသာ နာမ္စားကို အသံ႐ွည္ဆြဲလွ်က္ မဝံ့မရဲေမးလာေသာ ဝက္ဝံေပါက္ေလး။ နမ္ဂြၽန္းတို႔ေတာ့ ဒီေကာင္ေလးကို ၾကာေလအသည္းယားေလ ျဖစ္လာသည္။ လက္ထဲက postcardေလးကို ဝက္ဝံေပါက္ဆီကမ္းေပးရင္း အထဲမွာေရးထားသည္ကို ဖြင့္ဖတ္ေစလိုက္သည္။

ဝက္ဝံေပါက္က အ႐ုပ္ကေလးကို လက္တစ္ဖက္ကပိုက္လွ်က္ က်န္လက္တစ္ဖက္ျဖင့္ postcardေလးကို လွမ္းယူလိုက္သည္။ ျဖဴႏုေနေသာ ျပည့္ျပည့္တင္းတင္း လက္ေခ်ာင္းကေလးေတြနဲ႔ postcardေလးကို ဖြင့္ဟလွ်က္ ႏႈတ္ခမ္းဖူးဖူးေလးမ်ား တ႐ြ႐ြလႈပ္႐ွားကာ အထဲကစာကို ဖတ္ေနပုံက နမ္ဂြၽန္း မ်က္ဝန္းေတြကို ဖမ္းစားထားသည္။

မင္းက တကယ္ပဲ ငါ့ကိုဖမ္းစားႏိုင္တယ္ ဝက္ဝံေပါက္။ မရႏိုင္ေတာ့တဲ့ ထယ္ေယာင္းကို ေမွ်ာ္လင့္ေနမယ့္အစား မင္းကိုပဲလိုက္ရင္ ေကာင္းမလား။ ဒါေပမဲ့ ငါ ထယ္ေယာင္းကို စိတ္ျပတ္ႏိုင္ၿပီလား မေသခ်ာေသးဘူး။ အရင္ဆုံး ငါတို႔ သူငယ္ခ်င္းပဲ ျဖစ္ထားၾကရေအာင္။

" ငါမင္းကို စိုက္ေပးခဲ့တာက သုံးေသာင္းေက်ာ္ေလးပဲေလ။ မင္းျပန္ဝယ္ေပးတာက အမ်ားႀကီး ပိုေစ်းႀကီးမယ့္ပုံပဲေနာ္။ ေက်းဇူးတင္ေၾကာင္း ေရးေပးထားတဲ့ postcardေလးပဲ ယူထားၿပီး ဝက္ဝံ႐ုပ္ကို ငါမယူလို႔ရမလား "

လိုခ်င္တာေပါ့... ကိုယ္ႀကိဳက္ေနတဲ့သူ​က ေပးတဲ့လက္ေဆာင္ေလးကို သိပ္ၿပီးလိုခ်င္တာေပါ့။ ဒါေပမဲ့ အခုအခ်ိန္မွာ ဒီလိုလက္ေဆာင္ေတြ လက္မခံသင့္ေသးဘူး ထင္တယ္။ ငါတို႔ တစ္ေယာက္နာမည္တစ္ေယာက္ေတာင္ မသိၾကေသးတဲ့အခ်ိန္မွာ ဒါမ်ိဳးက ေၾကးႀကီးလြန္းတယ္။

" မင္း ဝက္ဝံ႐ုပ္ကို မႀကိဳက္လို႔လား။ ဒါဆို မင္းႀကိဳက္မယ့္ဟာ ေျပာေလ။ ငါထပ္ဝယ္ေပးမယ္။ ငါ့အတြက္ ေငြက သိပ္ၿပီး ခက္ခဲတဲ့အရာ မဟုတ္ဘူး "

" မဟုတ္ပါဘူး ငါကမင္းကို ေစတနာသန္႔သန္႔နဲ႔ ကူညီေပးခဲ့တာမို႔ ငါ့အတြက္ ဒါမ်ိဳးေတြ မလိုပါဘူး။ မင္းရဲ႕ ေက်းဇူးသိတတ္တဲ့ စိတ္ရင္းကိုပဲ ငါလက္ခံပါ့မယ္ "

ႀကိဳက္ေလာက္မည္ထင္၍ ဝယ္လာခဲ့ေသာ သူ႕လက္ေဆာင္ကို ဝက္ဝံေပါက္က ျငင္းဆန္ေနသည္တဲ့။ ထပ္ၿပီး ေစတနာသန္႔သန္႔ျဖင့္ ကူညီခဲ့သည္ဟူေသာ စကား။ ဒီအရာေတြေၾကာင့္ နမ္ဂြၽန္း ရင္ထဲမေကာင္းျဖစ္ရသည္။ တကယ္ပဲ ဝက္ဝံေပါက္အေပၚ သူအမွားလုပ္မိေနၿပီလား။

" ငါက မင္းေစတနာကို ဒီဝက္ဝံ႐ုပ္နဲ႔ တန္ဖိုးျဖတ္မိသလို ျဖစ္သြားတာလား။ ငါ ေတာင္းပန္ပါတယ္။ ငါမ႐ြယ္ပါဘူး "

နမ္ဂြၽန္း စိတ္မေကာင္းျခင္းမ်ားစြာျဖင့္ ေဆာ့ဂ်င္လက္ထဲက ဝက္ဝံ႐ုပ္ေလးကိုျပန္ယူကာ ခ်က္ခ်င္းထျပန္သြားခဲ့သည္။ ငိုင္က်သြားေသာ သူ႕မ်က္ႏွာကိုေတာ့ ေဆာ့ဂ်င္ အခ်ိန္မွီကေလး လွမ္းျမင္လိုက္ပါရဲ႕။

" ေဟ့ ေနဦးေလ။ ငါတို႔ မိတ္မဆက္ရေသး... "

ေဆာ့ဂ်င္ ေအာ္ေခၚေနေသာ္လည္း နမ္ဂြၽန္း ၾကားဟန္မတူ။ စကားလုံးတို႔ကလည္း တစ္ဝက္တစ္ပ်က္ျဖင့္ ေလထဲမွာ ေပ်ာက္ဆုံးကုန္သည္။ နမ္ဂြၽန္း ထြက္သြားေတာ့မွ ေဆာ့ဂ်င္ သူ႕လုပ္ရပ္သူ ေနာင္တရေနမိသည္။

" ငါကိုက လွ်ာ႐ွည္မိတာပါ။ လိုခ်င္ေနရဲ႕သားနဲ႔ မ်က္ႏွာေျပာင္တိုက္ၿပီး ယူထားလိုက္ရမွာ။ မူလိုက္မိတာ မွားပါေရာလား။ ေနာက္တစ္ခါဆို အိေႁႏၵေတြ သိကၡာေတြ ထိန္းမေနေတာ့ဘဲ စိတ္ထဲ႐ွိတဲ့အတိုင္း ေျပာဆိုျပဳမူေတာ့မယ္။ အခုေတာ့ ငါ့လူႀကီးနာမည္ကိုေတာင္ ငါမသိလိုက္ရဘူး "
~~~~~xxxxx~~~~~

Jungkookနဲ႔ ထယ္ေယာင္းတို႔အခန္း။ အခန္းထဲဝင္ဝင္ခ်င္း ထယ္ေယာင္း အေျပးအလႊားလိုက္႐ွာမိသည္က သူ႕အတြက္ ကိုယ္ပိုင္အိပ္ခန္း။ ဧည့္ခန္း၊ မီးဖိုခန္း၊ ၿပီးေတာ့ အိပ္ခန္း...။ အိပ္ခန္းဟူ၍ တစ္ခန္းသာေတြ႕သျဖင့္ ထယ္ေယာင္း နည္းနည္းေခါင္း႐ႈပ္သြားသည္။ ဘာလဲ ဒီအခန္းမွာ အိပ္ခန္းက တစ္ခန္းတည္းပါတာလား။

" ထယ္ထယ္ မင္းဘာေတြလိုက္႐ွာေနတာလဲ။ အထဲဝင္ၾကမယ္ေလ "

Jungkookက သူ႕အထုပ္သူဆြဲလွ်က္ အခန္းထဲအရင္ဝင္သြားသည္အထိ ထယ္ေယာင္းတစ္ေယာက္ ဧည့္ခန္းအလယ္မွာ မတ္တပ္ရပ္က်န္ေနခဲ့သည္။ စိတ္ထဲကလည္း လူႀကီးေတြကို သိပ္မေက်နပ္ခ်င္။ သူ႕အေၾကာင္း သိသိႀကီးနဲ႔ အိပ္ခန္းတစ္ခန္းပဲပါေသာ အခန္းအမ်ိဳးအစားကို ေ႐ြးၿပီးငွားေပးသည္တဲ့။ လူႀကီးေတြကို တကယ္လက္လံမိသည္။

" ေဟး ထယ္ထယ္ အခန္းထဲဝင္လာပါဆို ဘာရပ္လုပ္ေနတာလဲ။ ဘယ္ကုတင္လိုခ်င္လဲ လာေ႐ြးဦး "

အိပ္ခန္းထဲကျပန္ထြက္လာၿပီး သူ႕ကိုလွမ္းေခၚေနေသာ Jungkookေျပာစကား​ေၾကာင့္ ထယ္ေယာင္း နည္းနည္းစဥ္းစားသြားသည္။ ဘယ္ကုတင္လိုခ်င္လဲ လာေ႐ြးဆိုေတာ့ တစ္ေယာက္ ကုတင္တစ္လုံးစီလား။ ဒီလိုဆိုရင္ေတာ့ သူ႕အတြက္ နည္းနည္းအဆင္ေျပေသးသည္။

ငါလာၿပီ ငါ့ကုတင္ေလးေရ။ ေနရာေကာင္းေကာင္းကို ေ႐ြးၿပီးယူရမယ္ ဟဲဟဲ။

ကေလးဆန္ေသာ ထယ္ေယာင္းက ဘယ္အရာမဆို သူကခ်ည္းအႏိုင္ရမွႀကိဳက္သည္။ အခုလည္း Jungkookကသူ႕ကို ကုတင္ အရင္ေ႐ြးခိုင္းေနသျဖင့္ သူ႕စိတ္ႀကိဳက္ေ႐ြးရေပဦးမည္။ ဒီတစ္ႀကိမ္ေတာ့ Jungkookတို႔ သူ႕ကိုအေလ်ာ့ေပးသားပဲ။

အိပ္ခန္းက်ယ္က်ယ္တြင္ အလင္းေရာင္ဝင္သည့္ မွန္ျပတင္း႐ွိရာဘက္၌ ကုတင္တစ္လုံး၊ နံရံႏွင့္ကပ္လွ်က္တြင္ ကုတင္တစ္လုံးျဖစ္သည္။ ကုတင္ႏွစ္လုံးကို ခပ္ခြာခြာေနရာခ်ေပးထားသည္က ထယ္ေယာင္းတို႔စိတ္ႀကိဳက္။ ကုတင္ႏွစ္လုံးၾကား ေျခရင္းဘက္မွာေတာ့ အဝတ္ဗီ႐ိုအႀကီးႀကီးတစ္လုံး။ ဒါကိုေတာ့ ႏွစ္ေယာက္မွ်သုံးရမည္။

ကုတင္ႏွစ္လုံးၾကား ေခါင္းရင္းပိုင္းမွာေတာ့ သက္ဆိုင္ရာကုတင္ႏွင့္ကပ္လွ်က္တြင္ စာၾကည့္စားပြဲတစ္လုံးစီ အသင့္႐ွိေနသည္။ စာၾကည့္စားပြဲေတြေပၚမွာ ညမီးအိမ္ေလးေတြကလည္း တစ္လုံးစီ႐ွိသည္မို႔ အေဝမတည့္ျဖစ္စရာမ႐ွိ။

ထယ္ေယာင္းက အေအးႀကိဳက္တတ္သူျဖစ္၍ အဲကြန္းႏွင့္ပိုနီးသည့္ အတြင္းဘက္က်ေသာ ကုတင္ကို ေ႐ြးယူလိုက္သည္။ အခုက ေဆာင္းတြင္းဘက္ျဖစ္၍ ကိစၥမ႐ွိေသာ္လည္း ေႏြေရာက္လွ်င္ အဲကြန္းက အေရးႀကီးသည္။ တစ္ကိုယ္ေကာင္းဆန္ေနမလား သူမသိေသာ္လည္း ကေလးဆန္ေသာသူ႕စိတ္က သူျဖစ္ခ်င္တာကို ဦးစားေပးတတ္သည္။

" ငါ နံရံနဲ႔ကပ္လွ်က္က ကုတင္ကိုယူမယ္ေနာ္။ မင္းက ျပတင္းေပါက္နားက ကုတင္ယူလိုက္။ အဲ့ဒီမွာက ေလေကာင္းေလသန္႔လည္း ရတယ္ "

" အင္း မင္းေက်နပ္ရင္ ၿပီးတာပါပဲ။ ဗီ႐ိုကိုေရာ ႏွစ္ျခမ္းခြဲသုံးဦးမလား "

ထယ္ေယာင္းအေၾကာင္း သိထားၿပီးျဖစ္၍ Jungkook လိုရမယ္ရ ထပ္ေမးလိုက္ျခင္း။ ထယ္ေယာင္းက ဇီဇာေၾကာင္တတ္သူမို႔ အစစအရာရာ သူ႕စိတ္တိုင္းက် လိုက္ေလ်ာေပးေနရသည္။ ဒါမွသာ ႏွစ္ေယာက္သား ေရ႐ွည္ အခန္းေဖာ္အျဖစ္ေနႏိုင္မယ္ မဟုတ္လား။

" ဗီ႐ိုကေတာ့ ထားပါေတာ့ ခြဲမေနေတာ့ဘူး။ အတြင္းခံေတြကိုေတာ့ သပ္သပ္စီထားမယ္။ က်န္တဲ့အဝတ္အစားေတြကေတာ့ အဆင္ေျပသလို ထားၾကတာေပါ့ "

ထယ္ေယာင္းႏွင့္ ညႇိရႏိႈင္းရ အဆင္ေျပသြားသျဖင့္ Jungkookလည္း ခရီးေဆာင္အိတ္ကိုဖြင့္ကာ အဝတ္အစားအခ်ိဳ႕ႏွင့္ အသုံးအေဆာင္ပစၥည္းအခ်ိဳ႕ကို ေနရာခ်လိုက္သည္။ ထယ္ေယာင္းလည္း Jungkookလိုပဲ သူ႕ပစၥည္းေတြကို ေနရာခ်ေနသည္။

အားလုံးၿပီးစီးသြားခ်ိန္မွ ႏွစ္ေယာက္သား ကိုယ့္အိပ္ရာေပၚကိုယ္လွဲကာ အေမာေျဖလိုက္ၾကသည္။ အေမာေျပသြားေသာအခါမွ Jungkookတစ္ေယာက္ ထယ္ေယာင္းဆီ စကားစျမည္ေျပာဖို႔ ထလာခဲ့သည္။ Jungkook သူ႕ဆီထလာသည္ကို လွမ္းျမင္လိုက္ရေသာ ထယ္ေယာင္းက ပ်ာပ်ာယာယာျဖင့္ အိပ္ရာကထထိုင္လာသည္။

ဒီအေျခအေနကို Jungkook သိပ္ၿပီး မႏွစ္ၿမိဳ႕လွ။ သူလာတာျမင္မွ အိပ္ရာက ကမန္းကတမ္းထထိုင္တာ ဘာသေဘာမ်ိဳးလဲ။ ဒီအျပဳအမူက ငယ္သူငယ္ခ်င္းလည္းျဖစ္ အခန္းေဖာ္လည္းျဖစ္တဲ့ သူ႕​အေပၚ ထယ္ေယာင္းရဲ႕ မယုံၾကည္သလိုပုံစံက မာနထိခိုက္စရာျဖစ္သည္။ ဒါမ်ိဳးက်ေတာ့ ထယ္ေယာင္းတို႔ လြန္လြန္းတယ္ ထင္မိသည္။

Jungkook ထယ္ေယာင္း စာၾကည့္စားပြဲကထိုင္ခုံမွာ ဝင္ထိုင္လိုက္ရင္း ထယ္ေယာင္းကို မ်က္လုံးခ်င္းဆိုင္လိုက္သည္။ စူးရဲလြန္းေသာ သူ႕အၾကည့္တို႔က ထယ္ေယာင္းကို ေၾကာက္စိတ္ပိုဝင္ေစသည္။ မတတ္ႏိုင္ တည့္တိုး႐ွင္းရမည့္ကိစၥကို အခုပဲ ႐ွင္းရမည္။

" ငါမင္းကို ႐ွင္း႐ွင္းပဲေမးမယ္ ထယ္ထယ္။ မင္းငါနဲ႔ တစ္ခန္းတည္းအတူေနဖို႔ မင္းငါ့အေပၚ ယုံၾကည္စိတ္ေရာ ႐ွိရဲ႕လား။ ငါလာတာျမင္ေတာ့ မင္း အိပ္ရာေပၚလွဲေနရာက ခ်က္ခ်င္း ထထိုင္တယ္။ မင္းမ်က္လုံးထဲမွာလည္း စိုးရိမ္တဲ့အၾကည့္ေတြနဲ႔။ ဒါက ဘာသေဘာလဲ ထယ္ထယ္။ ငါက မင္းကို တစ္ခုခုလုပ္မယ့္လူလို႔ မင္းထင္ေနတာလား။ ငယ္သူငယ္ခ်င္းျဖစ္တဲ့ ငါ့ကိုေတာင္ မင္းမယုံၾကည္ေတာ့ဘူးလား။ မင္း ဇီဇာေၾကာင္တတ္တာ ငါလက္ခံတယ္။ မင္းအသားထိတာ မႀကိဳက္ဘူးေျပာလို႔ ငါထပ္လည္းမထိခဲ့ဘူး။ ဒါေတာင္ မင္းအျပဳအမူေတြက ငါ့စာရိတၱကို မယုံၾကည္တဲ့ပုံ ေပါက္ေနတုန္းပဲ။ မင္းဘာျဖစ္ခ်င္တာလဲ ထယ္ထယ္ "

ရင္ထဲၿမိဳသိပ္မထားႏိုင္သျဖင့္ Jungkookပါးစပ္က စကားလုံးေတြ တစ္သီႀကီး ေျပာထြက္သြားသည္။ စိတ္ထဲ႐ွိသမွ် အကုန္ထုတ္ေျပာလိုက္မွ သူ႕ရင္ထဲ ေပါ့သြားသလိုခံစားရသည္။ ေျပာခ်င္ရာေျပာၿပီး ထယ္ေယာင္း အေျခအေနကို သူျပန္အကဲခတ္ၾကည့္ေတာ့ ေတြေတြႀကီးစိုက္ၾကည့္လွ်က္ ငိုမေယာင္ျဖစ္ေနေသာ ထယ္ေယာင္းမ်က္ဝန္းတို႔က နားလည္ရခက္စြာ။

" ဟုတ္တယ္ ငါမင္းကို မယုံဘူး။ မင္းမွမဟုတ္ဘူး ငါ့နားမွာ႐ွိတဲ့ ဘယ္ေယာက်္ားသားကိုမွ ငါမယုံၾကည္တာ။ ငါက ေယာက်္ားျဖစ္ၿပီး ေယာက်္ားေတြကိုမယုံၾကည္တာ မင္းအတြက္ ထူးဆန္းခ်င္ထူးဆန္းလိမ့္မယ္။ ငါ့မွာလည္း ငါ့အေၾကာင္းနဲ႔ငါ႐ွိတယ္။ ျဖစ္ႏိုင္ရင္ မင္းငါ့နား သိပ္မကပ္ပါနဲ႔။ မင္းလည္း ေယာက်္ားထဲကေယာက်္ားတစ္ေယာက္မို႔ ငယ္သူငယ္ခ်င္းျဖစ္ေနရင္ေတာင္ ငါ့စိတ္က မင္းကိုမယုံၾကည္ဘူးျဖစ္ေနတယ္။ ငါ့ကို ထင္ခ်င္သလိုထင္ပါ။ ငါနဲ႔မေနခ်င္ဘူးဆိုလည္း မင္းအေမကိုေျပာၿပီး အခန္းေျပာင္းလိုက္ပါ။ ငါတကယ္ ေတာင္းပန္ပါတယ္။ ငါေလ ေယာက်္ားေတြကို ေၾကာက္လည္းေၾကာက္မိတယ္ Jungkook "

စကားဆုံးေတာ့ ထယ္ေယာင္းမ်က္ဝန္းအိမ္ဆီက မ်က္ရည္ေပါက္ေတြက ပါးျပင္ေပၚတျဖည္းျဖည္း စီးက်လာခဲ့သည္။ ထိုမ်က္ရည္မ်ား၏ ေနာက္ကြယ္တြင္ အတိုင္းအဆမ႐ွိေသာ နာက်င္ျခင္းတို႔ ပုန္းကြယ္ေနသည္။ အတိတ္ကစိတ္ဒဏ္ရာသည္ အခုထိ သူ႕ကို ဒုကၡေကာင္းစြာေပးေနဆဲျဖစ္သည္။

Jungkookကေတာ့ ထယ္ေယာင္း မ်က္ရည္ေတြၾကည့္ရင္း ရင္ထဲဆို႔နင့္လာသလို ခံစားရသည္။ ေပြ႕ဖက္ႏွစ္သိမ့္ေပးခ်င္ေသာ္လည္း ထိေတြ႕ခြင့္မရသူမို႔ သူဘာမွမတတ္ႏိုင္။ ဘယ္အရာေတြကမ်ား ထယ္ေယာင္းကို သူ႕မ်က္စိေ႐ွ႕က အေျခအေနမ်ိဳးျဖစ္ေအာင္ ဖန္တီးခဲ့ပါသနည္း။ ေယာက်္ားျမင္တာနဲ႔ ေၾကာက္ေနရေလာက္တဲ့အထိ ထယ္ေယာင္း ဘာေတြၾကဳံခဲ့ရသည္ကို Jungkookအေျဖထုတ္ၾကည့္ခ်င္သည္။

ေလာေလာဆယ္ေတာ့ ႐ိႈက္ႀကီးတငင္ျဖစ္သည္အထိ ငိုေနဆဲျဖစ္ေသာ ထယ္ေယာင္းကို သူ စိတ္မေကာင္းျခင္းမ်ားစြာျဖင့္ ဒီအတိုင္းထိုင္ၾကည့္ေနရသည္။

ကိုယ္ခ်စ္တဲ့သူတစ္ေယာက္လုံး ကိုယ့္ေ႐ွ႕မွာ ႐ိႈက္ႀကီးတငင္ငိုေနတာ ျမင္ရက္နဲ႔ ေပြ႕ဖက္ႏွစ္သိမ့္ခြင့္မရတာ ဘယ္လိုဝဋ္ေႂကြးေတြလဲ ထယ္ထယ္။ အစက မင္းကို ဒီအတိုင္း ဇီဇာေၾကာင္တတ္တယ္ ထင္ခဲ့မိတာ။ တကယ္တမ္းေတာ့ မင္းကို ဒီလိုျဖစ္ေအာင္ အေျခအေနတစ္ခုခုက တြန္းပို႔ေပးခဲ့တာပဲ။ စိတ္ခ်ပါ မင္းစိတ္ထဲေနရာယူထားတဲ့ အတိတ္ကဒဏ္ရာေတြကို ငါရေအာင္ ကုသေပးမွာပါ။ ထိေတြ႕ခြင့္မ႐ွိလည္း မင္းအနားကေန အေကာင္းဆုံး႐ွိေနေပးပါ့မယ္။

To be continued...

Continue Reading

You'll Also Like

213K 14K 22
Jeon Jungkook.....ဆိုတဲ့အသက်​25နှစ်​အရွယ်​...Hot boyကြီးနဲ့ Kim Taehyung.....ဆိုတဲ့အသက်​22နှစ်​အရွယ်​cute boyတို့ဘယ်​သူကအချစ်​ကိုအနိုင်​ရမလဲ...... Je...
10.2M 599K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
34K 3.5K 10
Love is more than everything.....