Love Scenario (KookV/Complete...

By Jinsoohyuk_0127

66.3K 6.9K 1.1K

Top- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။ More

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 12
EPISODE - 13
EPISODE - 14
EPISODE - 15
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE -19
EPISODE - 20
EPISODE - 21
EPISODE - 22
EPISODE - 23
EPISODE - 24
EPISODE - 25
EPISODE - 26
EPISODE - 27
EPISODE - 28
EPISODE - 29
EPISODE - 30
EPISODE - 31
EPISODE - 32
FINAL EPISODE

EPISODE - 6

1.9K 246 56
By Jinsoohyuk_0127

EPISODE - 6 (Unicode)

အချိန်က ညဆယ်နာရီ။ ရာသီဥတုက ချမ်းစိမ်းစိမ့်ဖြင့် အေးသထက်ပိုအေးလာခဲ့သည်။ အိပ်စက်အနားယူချိန် အကောင်းဆုံးသောအချိန်တွင် Jungkookနှင့်ထယ်ယောင်းတို့ အိပ်ရာပြဿနာ ရှင်းလို့မပြီးသေး။ ထယ်ယောင်းအမေက Jungkookကို ထယ်ယောင်းအခန်းထဲအိပ်ဖို့ စီစဥ်လိုက်သဖြင့် နှစ်ယောက်သားအငြင်းအခုံဖြစ်နေကြသည်။

ထယ်ယောင်းက Jungkookကို သူ့ကုတင်ပေါ် အတူအိပ်ဖို့ ငြင်းဆန်သည်။ အသားထိလျှင်မကြိုက်ဟူသော အကြောင်းပြချက်သုံးကာ Jungkookကို ​လက်မခံနိုင်ဟုဆိုသည်။ အမှန်စင်စစ် ထယ်ယောင်းကုတင်က လူနှစ်ယောက် လွတ်လွတ်လပ်လပ် အိပ်နိုင်လောက်အောင်ကျယ်သည်။ အလယ်မှာ ဖက်ခေါင်းအုံးပါထားလိုက်လျှင် အသားချင်းထိစရာ အကြောင်းမရှိနိုင်။

" ဟေး ထယ်ထယ် မင်းဇီဇာကြောင်တာကြီးက လွန်လွန်းပါတယ်ကွာ။ ဒီလောက် ကုတင်အကျယ်ကြီးကို ငါတို့နှစ်ယောက် မထိမိအောင် ခွာအိပ်လို့ရပါတယ်ကွ "

သူ့ကို ဇီဇာကြောင်သည်ဟု ပြောလာသဖြင့် ထယ်ယောင်း မကျေမနပ်ဖြင့် Jungkookကို နှုတ်ခမ်းစူပြသည်။ ဘယ်နှယ့် ကိုယ့်ကို စားမလိုဝါးမလို စိုက်ကြည့်ဖူးတဲ့ကောင်ကို တစ်ကုတင်တည်းခေါ်သိပ်ရမယ်တဲ့။ ဒါမျိုးတော့ ထယ်ယောင်းတို့ လုံးဝလက်မခံ။ မရရအောင် အကြောက်အကန်ငြင်းရမည်။

" မင်းကို ယုံရမယ်ထင်နေတာလား။ ဆုတောင်းလေ နေ့လည်က မင်းငါ့ကို မရိုးမသားမျက်လုံးတွေနဲ့ကြည့်တာ ငါရိပ်မိတယ်နော်။ အသားချင်းထိလို့ မကြိုက်တာထက် မင်းစိတ်ထဲက မမြင်ရတဲ့အတွေးတွေကို ပိုကြောက်မိလို့ ငါအခုလို ငြင်းနေရတာသိလား "

ပါးစပ်က ပွစိပွစိဖြင့် ကလေးဆန်ဆန်လျှောက်တွေးနေသော ထယ်ယောင်းကြောင့် Jungkook စိတ်ထဲမှာ ကြိတ်ရယ်နေမိသည်။ ထယ်ယောင်းရေးတဲ့ဇာတ်မှာ သူက မတရားအနိုင်ကျင့်တတ်တဲ့ ကြောက်စရာသတ္တဝါကြီးလိုလို။ မျက်စိရှေ့ရောက်လာ၍ ငမ်းချင်လျှင်ငမ်းလိုက်မည်။ ထယ်ယောင်းပြောသလို ကိုယ်ပါလက်ပါ အနိုင်ကျင့်ဖို့လောက်ထိ သူစိတ်ကူးမရှိ။

သူတစ်ပါး မသထာလျှင် လက်ဖျားနဲ့တောင် မတို့တတ်တာက သူ့ရဲ့အကျင့်။ သူ့ကိုသာရလျှင် ဘာမဆိုလုပ်ပေးနိုင်သည်ဟူသော သူများကိုပင် သူအခွင့်အရေးမယူခဲ့။ ထယ်ယောင်းလို လျှောက်တွေးပြီး တွန့်တိုနေသူဆိုလျှင် ပို၍ပင်မဖြစ်နိုင်။ ဆန္ဒကို သိက္ခာနဲ့လဲရလောက်အောင်လည်း Jungkookတို့ အချဥ်မဟုတ်သေး။ သူကြင်မှကိုယ်ကြင်ဟူသော စကားအတိုင်း အသားမထိစေချင်လျှင် လုံးဝမထိစေရ။ ဒါက သူ့ရဲ့ခိုင်မာသော ယောက်ျားသစ္စာစကား။ သို့သော် အကဲပိုနေသော ထယ်ယောင်းကို လွယ်လွယ်နဲ့တော့ အလျှော့မပေးနိုင်။

" နေစမ်းပါဦး မင်းပြောသလို ငါကမင်းကို အနိုင်ကျင့်မယ်ပဲထား။ မင်းမှာ ဘာနစ်နာစရာရှိလို့လဲ။ မင်းမှာ ဗိုက်လည်းကြီးစရာမရှိဘူး။ တကယ်လို့ နစ်နာတယ်ထင်လည်း မင်းကို ငါတာဝန်ယူနိုင်တယ်။ ငါက ဘူဆန်သင်္ဘောကျင်းရဲ့ ဆက်ဆံသူပဲ မင်းတစ်ယောက်အတွက်ကတော့ တစ်ကိုယ်လုံးတောင် စိန်စီပေးလို့ရတယ်။ ငါ့လို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် စော်ကြည်ဘဲကြည် cool boyလေးနဲ့ အတူအိပ်ရတာ ဘယ်လောက်ကံထူးလဲ မင်းသိရဲ့လား။ ငါသာတောင်းဆိုရင် သူတို့အခန်းထဲ လာပါလာပါ လက်ယပ်ခေါ်မယ့် ကောင်လေးတွေ၊ ကောင်မလေးတွေများ တန်းစီလို့။ တန်းစီနေတဲ့ လူတန်းရဲ့အဆုံးက အရှေ့ပင်လယ်ကိုဖြတ်ပြီး ဟိုးဂျပန်အထိ ရောက်သွားမှာမင်းသိလား။ ဘာလည်း မင်းနဲ့တစ်ကုတင်တည်းအိပ်ဖို့ ကုမ္ပဏီမှာ အရှက်အာမခံတို့ဘာတို့ သွားထားပေးရမှာလား "

ကိုယ့်ဘက်ကိုယ်ယက်ပြီး သူ့ကောင်းကြောင်းတွေပါ ထည့်ကြော်ငြာသွားသော လိပ်မျိုး Jungkookကြောင့် ထယ်ယောင်း နှုတ်ခမ်းရွဲ့ကာ မျက်နှာမဲ့သွားသည်။ မသိရင် သူကပဲ အားနာပါနဲ့ သူများအခန်းလာအိပ်ပေးရသလိုလို။ ငယ်ငယ်ကသိခဲ့တဲ့ Jungkookက ဒီလိုမဟုတ်။ ဘယ်တုန်းကဘယ်လို လေတစ်လုံးမိုးတစ်လုံး ပြောတတ်သွားသလဲ သူအံ့သြမိသည်။ အင်းလေ အသက်ကြီးလေ ဟိုအခေါင်းကျယ်လေဆိုတော့။

" မလိုပါဘူး! မင်းအဲ့လောက် ဝိုင်းဝိုင်းလည်နေတယ်ဆိုလည်း မင်းနားဝိုင်းနေတဲ့လူတွေထဲက တစ်ယောက်ယောက်နဲ့သွားအိပ်လေ။ ဘာကိစ္စ ငါ့ကုတင်ပေါ်မှ လာအိပ်ချင်ရတာလဲ။ ငါက ရည်းစားရှိတဲ့လူပျိုလေး ငါအနေအထိုင်ဆင်ခြင်ရမယ် "

ရော် ခက်ပြီ။ ထယ်ယောင်းတို့ အသက်သာကြီးလာတာ ကလေးအတွေးက တွေးနေတုန်း။ မသိရင် သူ့ကိုယ်သူ ဇာတ်လမ်းတွဲထဲက မင်းသမီးလိုလို။ အကဲပိုချက်က မိန်းကလေးရှုံးလောက်သည်။ ယောက်ျားလေးနှစ်ယောက် ရိုးရိုးသားသားအတူအိပ်တာ ထယ်ယောင်းတို့ပြောမှ အပြစ်ပိုကြီးသွားသလိုလိုရယ်။ ဘယ်နှယ့် ရည်းစားရှိတဲ့ကောင်လေးက သူငယ်ချင်းနဲ့ ဘေးချင်းကပ်တောင် အိပ်လို့မရဘူးတဲ့။ မှတ်သားထိုက်သော ယူဆချက်ကြီးပါပဲ။

ထယ်ယောင်းနဲ့ ဒီအတိုင်းဆက်ငြင်းနေလျှင် ဒီတစ်ညအိပ်ရတော့မည်မဟုတ်။ စကားအပြန်အလှန်ပြောရင်း မိုးလင်းသွားနိုင်သဖြင့် Jungkookဖြစ်ချင်ရာဖြစ်ဟု သဘောထားကာ ထယ်ယောင်းကုတင်ပေါ် အမြန်ပြေးတက်လိုက်သည်။ အိပ်ရာပေါ်ရောက်ရောက်ချင်း ကုတင်ခေါင်းရင်းတိုင်ကို အသေဖက်ထားပြီး ရိုက်ချလည်းမဆင်းဟူသော ဒီဇိုင်းဖြင့်။

ဒါတောင် ကိုယ်တော်ထယ်ယောင်းက မရှိရှိသောအားဖြင့် Jungkookကိုဆွဲချရန် ကြိုးစားလာပြန်သည်။ Jungkookကလည်း ပေတေပြီးနေသဖြင့် ထယ်ယောင်း လွယ်လွယ်ဖြင့် ဆွဲချမရ။ သို့သော် ကိုယ်တော်ချောက ဇွဲမလျော့စတမ်း ဆက်ကြိုးစားနေဆဲ။

နောက်ဆုံးတော့ Jungkook၏ တောင့်ခံနိုင်စွမ်းကို မယှဥ်နိုင်ဘဲ ထယ်ယောင်း မကျေမနပ်ဖြင့် အလျှော့ပေးလိုက်ရသည်။ ဖက်ခေါင်းအုံးနှစ်လုံးပူးကို ကြားထဲထားပြီး Jungkookနှင့် ဆန့်ကျင်ဘက်အခြမ်းတွင် ပါးစပ်ကပွစိပွစိဖြင့် ဝင်လှဲအိပ်လိုက်သည်။

" မသာကောင် ဒီလိုကောင်းကျိုး မပေးမှန်းသိရင် မင်းကို ငယ်ငယ်ကတည်းက အပေါင်းအသင်းမလုပ်ခဲ့ပါဘူး။ မင်းကို ကုတင်ပေါ်ကဆွဲချရတာ ငါ့လက်တွေပြုတ်ထွက်တော့မလို့။ တစ်သက်နဲ့တစ်ကိုယ် ဒီလိုကုတင် ဒီလိုအိပ်ရာနဲ့ မအိပ်ဖူးသလိုလို အတင်းပေကပ်နေတယ်။ အမေ့ကြောင့်သာမဟုတ်ရင် မင်းကို ငါ့ကုတင်ပေါ် ပေးမအိပ်ဘူးသိလား "

ပွပွစိစိပြောနေသော ထယ်ယောင်း စကားကိုနားထောင်ရင်း Jungkook တိတ်တိတ်လေးခိုးရယ်နေသည်။ သူ့ဟာသူ အားမသန်လို့ ကုတင်ပေါ်ကမဆွဲချနိုင်ဘဲ မဆိုင်သည့်အမေကို ကြားထဲဆွဲထည့်သည်။ ဘာတဲ့ အမေ့ကြောင့်လက်ခံတယ်ဆိုပဲ။ လက်ခံတယ်ဆို အစောကြီးကတည်းက ဒီလိုအကန်တွေ မပြောခဲ့ရမှာကို။ အခုမှ ရှက်ယမ်းယမ်းပြီး ဘာစကားတွေပြောနေသည်မသိ။

အိပ်ရာပေါ်ရောက်သည်အထိ ပြဿနာကမပြီးသေးပါ။ ထယ်ယောင်း နှစ်ယောက်ခြုံစောင်ကို သူ့ဘက်အတင်းဆွဲယူပြန်သည်။ Jungkookကလည်း ဒါမျိုးဆို လုံးဝအလျှော့မပေးချင်။ သူ့ဘက်ကစောင်အစကို ကိုယ်လုံးနဲ့ဖိ လက်ကလည်း ကျစ်နေအောင်ဆုပ်ပြီး ထယ်ယောင်းဘက်မပါရအောင် ကာကွယ်နေသည်။ နောက်ဆုံးတော့ ထယ်ယောင်းတို့ Jungkookအားကိုမယှဥ်နိုင်ဘဲ ထုံးစံအတိုင်း အလျှော့ပေးလိုက်ရသည်။

ထယ်ယောင်းဘက်က ဘာလှုပ်ရှားမှုမှ မရှိတော့သောအခါမှ Jungkookတို့ မျက်လုံးစုံမှိတ်ကာ စိတ်ချလက်ချအိပ်နိုင်တော့သည်။ တစ်နေ့တည်းနှင့် ထယ်ယောင်း ဒီလောက်ပညာပြနိုင်လျှင် တက္ကသိုလ်တက်သည့်တောက်လျောက် အခန်းဖော်အဖြစ်နေရမည့် Jungkookအဖြစ်က တွေးကြည့်လေ ရင်လေးစရာဖြစ်လေပင်။
~~~~~xxxxx~~~~~

နောက်တစ်နေ့ မနက်စာထမင်းဝိုင်း။ ထယ်ယောင်းတို့ မိသားစုနှင့် Jungkook အတူထမင်းစားနေကြသည်။ ထယ်ယောင်းကတော့ ညကကိစ္စ​အတွက် Jungkookအပေါ် လေစိမ်းတွေတိုက်လျှက်။ မတတ်သာ၍ အရှုံးပေးခဲ့ရသော်လည်း စိတ်ထဲကမကျေနပ်လှ။ သူ့တစ်သက်နဲ့တစ်ကိုယ် သူများကို အလျှော့ပေးရသည်မရှိ။ သူကသာ အနိုင်ယူခဲ့သည်ချည်း။ အခုတော့ Jungkookကို မနေ့ညက အလျှော့ပေးလိုက်ရခြင်းအတွက် သူ့ရင်ထဲကလိလိဖြင့်။

" ညက သားတို့အတူအိပ်ရတာ အဆင်ပြေရဲ့လား။ သားလေးထယ်ယောင်းက နည်းနည်းဇီဇာကြောင်တော့ အိပ်ခိုင်းရတာ ခပ်လန့်လန့်ရယ်။ သားအမေက ဟိုတယ်ပြန်အိပ်တာဆိုတော့ သားတစ်ယောက်တည်းဖြစ်နေလို့ ထယ်ယောင်းအခန်းထဲ အတူအိပ်ခိုင်းလိုက်ရတာ "

သူမေ့ဖို့ကြိုးစားခါမှ အစပြန်ဖော်ပေးလာသော မိခင်ဖြစ်သူ မဒမ်ဂိုကြောင့် ထယ်ယောင်း သေချင်စိတ်ပေါက်သွားသည်။ ဘယ်နှယ့် ဒီလိုဗရုတ်ကျတဲ့ကောင်နဲ့ အတူအိပ်ရတဲ့သားကိုမှ အားမနာ။ မေးလည်းမေးတတ်ပေသော မာတာမိခင်ကြီးပင်။

" ဟုတ်ကဲ့ အဆင်ပြေပါတယ်။ ထယ်ယောင်းက ဇီဇာကြောင်တယ်ဆိုပေမဲ့ ကျွန်တော်နဲ့ဆို အဲ့လိုမဟုတ်ပါဘူး။ ညကဆို ချမ်းချမ်းနဲ့ နှစ်ယောက်သားဖက်အိပ်ကြ
သေးတာ "

မဟုတ်တာဆို ရှေ့ဆုံးကပြောထွက်သော Jungkookကြောင့် ထယ်ယောင်း တအံ့တသြဖြင့် မျက်လုံးပြူးသွားသည်။ မတရားစွပ်စွဲခံရသလို ခံစားချက်မျိုးဖြင့် စိတ်လည်းတို ရှက်လည်းရှက်ဖြင့် မျက်နှာကြီးရဲတက်လာကာ Jungkookလက်မောင်းကို လှမ်းရိုက်လိုက်သည်။

" ဒလံကောင် သတင်းမှားတွေ လျှောက်ဖြန့်မနေနဲ့။ ညက မင်းနဲ့ငါ အဝေးကြီးခွာအိပ်တာနော်။ ပြီးတော့ ငါ့အဖေနဲ့အမေက spy warထည့်တိုင်း ယုံမယ့်သူတွေမဟုတ်ဘူးနော် "

" မင်းကလည်း ငါက ဒီအတိုင်း စလိုက်တဲ့ဟာကို။ ဘာတွေ စိတ်တိုနေတာလဲ။ အား..မင်းရိုက်တာ နာလိုက်တာ "

တမင်တကာ မျက်နှာရှုံ့မဲ့ပြပြီး နာချင်ယောင်ဆောင်သော Jungkookကို ထယ်ယောင်း ဘာဖြစ်လဲဟူသော အမူအရာဖြင့် နှုတ်ခမ်းစူရင်း လက်သီးထောင်ပြလိုက်သည်။ ထယ်ယောင်းမိဘနှစ်ပါးမှာတော့ သူတို့နှစ်ယောက် တကျက်ကျက်ဖြစ်နေပုံကို သဘောကျပြီးရယ်မောလျှက်။

" ဟုတ်သားပဲ သားရယ်။ သူငယ်ချင်းက ချစ်လို့စတာပဲကို။ ဘာလို့ အားကြီးနဲ့သွားရိုက်တာလဲ။ အခု Jungkook အရမ်းနာသွားပြီထင်တယ်။ စိတ်ဆိုးစိတ်ကောက်ရအောင် ငယ်တော့တဲ့အရွယ်လည်း မဟုတ်ဘူး "

မျက်နှာကြီးပြုံးလျှက် Jungkookဘက်က ရှေ့နေဝင်လိုက်ပေးပါသော ဖေဖေထယ်ဂျာ။ ငိုချင်ရက်လက်တို့သလို ပြောခါမှပိုဆိုးကာ အထိမခံရွှေပန်းကန် ကိုယ်တော် Jungkookက ပိုပြီး အကဲပိုပြလာသည်။

" ဟုတ်တယ် ထယ်ယောင်းရိုက်တာ အရမ်းနာတာပဲ ဦးလေးရယ်။ သူငယ်ချင်း အချင်းချင်းကို မညှာမတာနဲ့။ သားက သူ့ကို ငယ်သူငယ်ချင်းမို့ သည်းခံပေးနေပေမယ့် သူအလှည့်ကျ သားကိုအရမ်းအနိုင်ကျင့်တာပဲ "

ငိုတော့မလို မျက်နှာထားဖြင့် အပီအပြင်သရုပ်ဆောင်ပြနေသော Jungkookကြောင့် ထယ်ယောင်း ရင်ထဲကလိကလိဖြစ်ကာ လက်ကလည်းတယားယားဖြင့်။ အိုက်တင်ကောင်းချက်က ကွယ်လွန်သွားသည့် အော်စကာဆုရှင်များ သေရွာကပြန်လာပြီး သူ့ကိုဝိုင်းအလေးပြုရလောက်သည်။ပြီးတော့ ပြောလိုက်သေးသည်။ သူ့အသက်အရွယ်မှ အားမနာ သူ့ကိုယ်သူ သားတဲ့။ ဘာသားလဲ အမဲသားလား ဝက်သားလား။

သေချာတာကတော့ ဒီလောက်လျှာရှည်ပုံထောက်လျှင် မိကျောင်းမသားဖြစ်နိုင်သည်။ ဒီကိစ္စအတွက် ထယ်ယောင်းတို့ အကောင်းဆုံးအကြံရှိပြီးသားဖြစ်သည်။ မိဘတွေရှေ့ Jungkookကို မဆုံးမရလျှင် မမြင်အောင် ဆုံးမတဲ့နည်းတွေများ တစ်ပုံကြီးရှိသည်။ ဒီလောက် ဗလောင်းဗလဲနိုင်သောကောင်ကို ဒီအတိုင်းတော့ လွှတ်မထားနိုင်။

ထယ်ယောင်း မဟာစီမံကိန်းကြီးကို အတွေးထဲမှာ အမြန်ချလိုက်ပြီး သူ့လက်တွေကို Jungkookဗိုက်နား တိုးသွားသည်။ အဖေနှင့်အမေ အလစ်ကိုချောင်းလျှက် Jungkookဗိုက်ခေါက်ကို လိမ်ဆွဲလိုက်သည်။ သို့သော် သူ့အစီအစဥ် မအောင်မြင်လိုက်။ မာကျစ်နေသော ဝမ်းဗိုက်ကြွက်သားအဖုအထစ်တွေက လက်ဖြင့်ဆွဲညှစ်၍မရနိုင်။

သူ့အစီအစဥ် မအောင်မြင်သဖြင့် Jungkookမျက်နှာကို မကြေမချမ်းလှမ်းကြည့်တော့ ဒင်းက အေးဆေးပဲဟူသော မျက်နှာထားဖြင့်။ လောလောဆယ် Jungkookကို ပညာပေးဖို့မဖြစ်နိုင်တော့သဖြင့် ထယ်ယောင်းလည်း ဒေါသကိုထမင်းအပေါ်ပုံချလျှက် တစ်ဇွန်းပြီးတစ်ဇွန်း အငြိုးဖြင့်ခပ်စားနေမိသည်။

" ဟယ် ထမင်းကို ဖြည်းဖြည်းစားလေ သားရဲ့။ တော်ကြာ ထမင်းနင်နေဦးမယ် "

မိခင်ဖြစ်သူ၏ သတိပေးစကားကို ထယ်ယောင်းနားမဝင်။ တွေ့သမျှကို ပါးစပ်ထဲသွင်းလျှက် အငြိုးတကြီး ပလုတ်ပလောင်း ဝါးစားနေသည်။ အရေးထဲ သူ့ကိုလှောင်ရယ်နေသည့် Jungkookကြောင့် ထယ်ယောင်း မျက်စောင်းတစ်ချက် ပစ်ကျွေးလိုက်သေးသည်။

" ဒါနဲ့ ကျွန်တော် ဒီညလည်း ထယ်ယောင်းအခန်းမှာပဲ အိပ်လို့ရမလား "

သူပွဲလန့်နေတုန်း ဖျာဝင်ခင်းပြန်သော Jungkookကြောင့် ထယ်ယောင်း ဒေါသက ပိုပြီးအရှိန်တက်လာသည်။ သို့သော် သူအတတ်နိုင်ဆုံး စိတ်ထိန်းရင်း ယဥ်ယဥ်ကျေးကျေးငြင်းဆန်ရန် မိဘတွေဘက် မျက်နှာမူလိုက်သည်။

" သိပ်ရတာပေါ့ သားရဲ့။ ဟိုတယ်မှာထက်စာရင် ဦးတို့ဆီမှာနေရတာ သားအတွက် ပိုအဆင်ပြေမှာပဲ "

မဆိုင်းမတွဘဲ အဖြေပေးလာသည့် ဖခင်ဖြစ်သူကြောင့် ထယ်ယောင်းတစ်ယောက် ပြောရမည့်စကားတို့ အတွေးထဲမှာပဲ ပြန်သိမ်းထားလိုက်ရသည်။ သို့သော် ရင်ထဲတနုံ့နုံဖြင့် Jungkookကို အခဲမကြေသေး။ အမြဲတမ်း အနိုင်ယူနေကျသူက Jungkookရောက်လာမှ အမြဲအလျှော့ပေးနေရသဖြင့် ရာဇဝင်ရိုင်းရတော့မည်လား။

ဒါမျိုးတော့ ထယ်ယောင်းတို့ မဖြစ်မခံနိုင်။ မရရသည့်နည်းဖြင့် Jungkookကို အနိုင်ပြန်ယူရမည်။ လိုချင်တာမှန်သမျှ အကုန်ရခဲ့သော တစ်ဦးတည်းသောသားမို့ အနိုင်ယူချင်သူကိုလည်း နိုင်ရမှဖြစ်မည်။ အထူးသဖြင့် သူ့ကိုနှာဘူးကျတဲ့ ကောင်တွေကိုပေါ့။

ထမင်းကို အငမ်းမရခပ်စားနေရာမှ ရုတ်တရက်ပြန်ငြိမ်သွားပြီး မျက်မှောင်ကြီးကြုံ့ကာ တစ်ခုခုကြံနေပုံရသော ထယ်ယောင်းကို Jungkookသေချာ အကဲခတ်ကြည့်နေသည်။ ဒီအသက်အရွယ်အထိ ကလေးဆိုးကြီးလုပ်နေသည်ကိုလည်း သူသဘောကျမိသည်။

တကယ်ပါပဲ မျက်မှောင်ကြီးကြုံ့ပြီး ဘာတွေ ကလေးကျင့်ကလေးကြံ ကြံဦးမလဲမသိ။ ရည်းစားကျတော့ ထားတတ်ပြီး ကလေးစိတ်ကျတော့ မကုန်နိုင်သေးဘူး။ ဒါပေမဲ့ မင်းသိရဲ့လား။ မင်းအဲ့လိုလုပ်လေလေ ငါမင်းကို ပိုသဘောကျလေဆိုတာ။

ပြီးတော့ မင်းမှာ ရည်းစားရှိတယ်ဆိုတာလည်း ငါမယုံကြည်သေးဘူး။ အကြောင်းတစ်ခုခုကြောင့် ဟိုကောင်မလေးကို မင်းတွဲပြတယ်လို့ ငါ့စိတ်ကထင်နေတယ်။ သူနဲ့မင်း ရည်းစားတွေမဟုတ်တာ သေချာအတည်ပြုနိုင်လို့ကတော့ ငါမင်းကိုလိုက်ပြီပဲ 'ထယ်ထယ်'

To be continued...

EPISODE - 6 (Zawgyi)

အခ်ိန္က ညဆယ္နာရီ။ ရာသီဥတုက ခ်မ္းစိမ္းစိမ့္ျဖင့္ ေအးသထက္ပိုေအးလာခဲ့သည္။ အိပ္စက္အနားယူခ်ိန္ အေကာင္းဆုံးေသာအခ်ိန္တြင္ Jungkookႏွင့္ထယ္ေယာင္းတို႔ အိပ္ရာျပႆနာ ႐ွင္းလို႔မၿပီးေသး။ ထယ္ေယာင္းအေမက Jungkookကို ထယ္ေယာင္းအခန္းထဲအိပ္ဖို႔ စီစဥ္လိုက္သျဖင့္ ႏွစ္ေယာက္သားအျငင္းအခုံျဖစ္ေနၾကသည္။

ထယ္ေယာင္းက Jungkookကို သူ႕ကုတင္ေပၚ အတူအိပ္ဖို႔ ျငင္းဆန္သည္။ အသားထိလွ်င္မႀကိဳက္ဟူေသာ အေၾကာင္းျပခ်က္သုံးကာ Jungkookကို ​လက္မခံႏိုင္ဟုဆိုသည္။ အမွန္စင္စစ္ ထယ္ေယာင္းကုတင္က လူႏွစ္ေယာက္ လြတ္လြတ္လပ္လပ္ အိပ္ႏိုင္ေလာက္ေအာင္က်ယ္သည္။ အလယ္မွာ ဖက္ေခါင္းအုံးပါထားလိုက္လွ်င္ အသားခ်င္းထိစရာ အေၾကာင္းမ႐ွိႏိုင္။

" ေဟး ထယ္ထယ္ မင္းဇီဇာေၾကာင္တာႀကီးက လြန္လြန္းပါတယ္ကြာ။ ဒီေလာက္ ကုတင္အက်ယ္ႀကီးကို ငါတို႔ႏွစ္ေယာက္ မထိမိေအာင္ ခြာအိပ္လို႔ရပါတယ္ကြ "

သူ႕ကို ဇီဇာေၾကာင္သည္ဟု ေျပာလာသျဖင့္ ထယ္ေယာင္း မေက်မနပ္ျဖင့္ Jungkookကို ႏႈတ္ခမ္းစူျပသည္။ ဘယ္ႏွယ့္ ကိုယ့္ကို စားမလိုဝါးမလို စိုက္ၾကည့္ဖူးတဲ့ေကာင္ကို တစ္ကုတင္တည္းေခၚသိပ္ရမယ္တဲ့။ ဒါမ်ိဳးေတာ့ ထယ္ေယာင္းတို႔ လုံးဝလက္မခံ။ မရရေအာင္ အေၾကာက္အကန္ျငင္းရမည္။

" မင္းကို ယုံရမယ္ထင္ေနတာလား။ ဆုေတာင္းေလ ေန႔လည္က မင္းငါ့ကို မ႐ိုးမသားမ်က္လုံးေတြနဲ႔ၾကည့္တာ ငါရိပ္မိတယ္ေနာ္။ အသားခ်င္းထိလို႔ မႀကိဳက္တာထက္ မင္းစိတ္ထဲက မျမင္ရတဲ့အေတြးေတြကို ပိုေၾကာက္မိလို႔ ငါအခုလို ျငင္းေနရတာသိလား "

ပါးစပ္က ပြစိပြစိျဖင့္ ကေလးဆန္ဆန္ေလွ်ာက္ေတြးေနေသာ ထယ္ေယာင္းေၾကာင့္ Jungkook စိတ္ထဲမွာ ႀကိတ္ရယ္ေနမိသည္။ ထယ္ေယာင္းေရးတဲ့ဇာတ္မွာ သူက မတရားအႏိုင္က်င့္တတ္တဲ့ ေၾကာက္စရာသတၱဝါႀကီးလိုလို။ မ်က္စိေ႐ွ႕ေရာက္လာ၍ ငမ္းခ်င္လွ်င္ငမ္းလိုက္မည္။ ထယ္ေယာင္းေျပာသလို ကိုယ္ပါလက္ပါ အႏိုင္က်င့္ဖို႔ေလာက္ထိ သူစိတ္ကူးမ႐ွိ။

သူတစ္ပါး မသထာလွ်င္ လက္ဖ်ားနဲ႔ေတာင္ မတို႔တတ္တာက သူ႕ရဲ႕အက်င့္။ သူ႕ကိုသာရလွ်င္ ဘာမဆိုလုပ္ေပးႏိုင္သည္ဟူေသာ သူမ်ားကိုပင္ သူအခြင့္အေရးမယူခဲ့။ ထယ္ေယာင္းလို ေလွ်ာက္ေတြးၿပီး တြန္႔တိုေနသူဆိုလွ်င္ ပို၍ပင္မျဖစ္ႏိုင္။ ဆႏၵကို သိကၡာနဲ႔လဲရေလာက္ေအာင္လည္း Jungkookတို႔ အခ်ဥ္မဟုတ္ေသး။ သူၾကင္မွကိုယ္ၾကင္ဟူေသာ စကားအတိုင္း အသားမထိေစခ်င္လွ်င္ လုံးဝမထိေစရ။ ဒါက သူ႕ရဲ႕ခိုင္မာေသာ ေယာက်္ားသစၥာစကား။ သို႔ေသာ္ အကဲပိုေနေသာ ထယ္ေယာင္းကို လြယ္လြယ္နဲ႔ေတာ့ အေလွ်ာ့မေပးႏိုင္။

" ေနစမ္းပါဦး မင္းေျပာသလို ငါကမင္းကို အႏိုင္က်င့္မယ္ပဲထား။ မင္းမွာ ဘာနစ္နာစရာ႐ွိလို႔လဲ။ မင္းမွာ ဗိုက္လည္းႀကီးစရာမ႐ွိဘူး။ တကယ္လို႔ နစ္နာတယ္ထင္လည္း မင္းကို ငါတာဝန္ယူႏိုင္တယ္။ ငါက ဘူဆန္သေဘၤာက်င္းရဲ႕ ဆက္ဆံသူပဲ မင္းတစ္ေယာက္အတြက္ကေတာ့ တစ္ကိုယ္လုံးေတာင္ စိန္စီေပးလို႔ရတယ္။ ငါ့လို ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ ေစာ္ၾကည္ဘဲၾကည္ cool boyေလးနဲ႔ အတူအိပ္ရတာ ဘယ္ေလာက္ကံထူးလဲ မင္းသိရဲ႕လား။ ငါသာေတာင္းဆိုရင္ သူတို႔အခန္းထဲ လာပါလာပါ လက္ယပ္ေခၚမယ့္ ေကာင္ေလးေတြ၊ ေကာင္မေလးေတြမ်ား တန္းစီလို႔။ တန္းစီေနတဲ့ လူတန္းရဲ႕အဆုံးက အေ႐ွ႕ပင္လယ္ကိုျဖတ္ၿပီး ဟိုးဂ်ပန္အထိ ေရာက္သြားမွာမင္းသိလား။ ဘာလည္း မင္းနဲ႔တစ္ကုတင္တည္းအိပ္ဖို႔ ကုမၸဏီမွာ အ႐ွက္အာမခံတို႔ဘာတို႔ သြားထားေပးရမွာလား "

ကိုယ့္ဘက္ကိုယ္ယက္ၿပီး သူ႕ေကာင္းေၾကာင္းေတြပါ ထည့္ေၾကာ္ျငာသြားေသာ လိပ္မ်ိဳး Jungkookေၾကာင့္ ထယ္ေယာင္း ႏႈတ္ခမ္း႐ြဲ႕ကာ မ်က္ႏွာမဲ့သြားသည္။ မသိရင္ သူကပဲ အားနာပါနဲ႔ သူမ်ားအခန္းလာအိပ္ေပးရသလိုလို။ ငယ္ငယ္ကသိခဲ့တဲ့ Jungkookက ဒီလိုမဟုတ္။ ဘယ္တုန္းကဘယ္လို ေလတစ္လုံးမိုးတစ္လုံး ေျပာတတ္သြားသလဲ သူအံ့ၾသမိသည္။ အင္းေလ အသက္ႀကီးေလ ဟိုအေခါင္းက်ယ္ေလဆိုေတာ့။

" မလိုပါဘူး! မင္းအဲ့ေလာက္ ဝိုင္းဝိုင္းလည္ေနတယ္ဆိုလည္း မင္းနားဝိုင္းေနတဲ့လူေတြထဲက တစ္ေယာက္ေယာက္နဲ႔သြားအိပ္ေလ။ ဘာကိစၥ ငါ့ကုတင္ေပၚမွ လာအိပ္ခ်င္ရတာလဲ။ ငါက ရည္းစား႐ွိတဲ့လူပ်ိဳေလး ငါအေနအထိုင္ဆင္ျခင္ရမယ္ "

ေရာ္ ခက္ၿပီ။ ထယ္ေယာင္းတို႔ အသက္သာႀကီးလာတာ ကေလးအေတြးက ေတြးေနတုန္း။ မသိရင္ သူ႕ကိုယ္သူ ဇာတ္လမ္းတြဲထဲက မင္းသမီးလိုလို။ အကဲပိုခ်က္က မိန္းကေလး႐ႈံးေလာက္သည္။ ေယာက်္ားေလးႏွစ္ေယာက္ ႐ိုး႐ိုးသားသားအတူအိပ္တာ ထယ္ေယာင္းတို႔ေျပာမွ အျပစ္ပိုႀကီးသြားသလိုလိုရယ္။ ဘယ္ႏွယ့္ ရည္းစား႐ွိတဲ့ေကာင္ေလးက သူငယ္ခ်င္းနဲ႔ ေဘးခ်င္းကပ္ေတာင္ အိပ္လို႔မရဘူးတဲ့။ မွတ္သားထိုက္ေသာ ယူဆခ်က္ႀကီးပါပဲ။

ထယ္ေယာင္းနဲ႔ ဒီအတိုင္းဆက္ျငင္းေနလွ်င္ ဒီတစ္ညအိပ္ရေတာ့မည္မဟုတ္။ စကားအျပန္အလွန္ေျပာရင္း မိုးလင္းသြားႏိုင္သျဖင့္ Jungkookျဖစ္ခ်င္ရာျဖစ္ဟု သေဘာထားကာ ထယ္ေယာင္းကုတင္ေပၚ အျမန္ေျပးတက္လိုက္သည္။ အိပ္ရာေပၚေရာက္ေရာက္ခ်င္း ကုတင္ေခါင္းရင္းတိုင္ကို အေသဖက္ထားၿပီး ႐ိုက္ခ်လည္းမဆင္းဟူေသာ ဒီဇိုင္းျဖင့္။

ဒါေတာင္ ကိုယ္ေတာ္ထယ္ေယာင္းက မ႐ွိ႐ွိေသာအားျဖင့္ Jungkookကိုဆြဲခ်ရန္ ႀကိဳးစားလာျပန္သည္။ Jungkookကလည္း ေပေတၿပီးေနသျဖင့္ ထယ္ေယာင္း လြယ္လြယ္ျဖင့္ ဆြဲခ်မရ။ သို႔ေသာ္ ကိုယ္ေတာ္ေခ်ာက ဇြဲမေလ်ာ့စတမ္း ဆက္ႀကိဳးစားေနဆဲ။

ေနာက္ဆုံးေတာ့ Jungkook၏ ေတာင့္ခံႏိုင္စြမ္းကို မယွဥ္ႏိုင္ဘဲ ထယ္ေယာင္း မေက်မနပ္ျဖင့္ အေလွ်ာ့ေပးလိုက္ရသည္။ ဖက္ေခါင္းအုံးႏွစ္လုံးပူးကို ၾကားထဲထားၿပီး Jungkookႏွင့္ ဆန္႔က်င္ဘက္အျခမ္းတြင္ ပါးစပ္ကပြစိပြစိျဖင့္ ဝင္လွဲအိပ္လိုက္သည္။

" မသာေကာင္ ဒီလိုေကာင္းက်ိဳး မေပးမွန္းသိရင္ မင္းကို ငယ္ငယ္ကတည္းက အေပါင္းအသင္းမလုပ္ခဲ့ပါဘူး။ မင္းကို ကုတင္ေပၚကဆြဲခ်ရတာ ငါ့လက္ေတြျပဳတ္ထြက္ေတာ့မလို႔။ တစ္သက္နဲ႔တစ္ကိုယ္ ဒီလိုကုတင္ ဒီလိုအိပ္ရာနဲ႔ မအိပ္ဖူးသလိုလို အတင္းေပကပ္ေနတယ္။ အေမ့ေၾကာင့္သာမဟုတ္ရင္ မင္းကို ငါ့ကုတင္ေပၚ ေပးမအိပ္ဘူးသိလား "

ပြပြစိစိေျပာေနေသာ ထယ္ေယာင္း စကားကိုနားေထာင္ရင္း Jungkook တိတ္တိတ္ေလးခိုးရယ္ေနသည္။ သူ႕ဟာသူ အားမသန္လို႔ ကုတင္ေပၚကမဆြဲခ်ႏိုင္ဘဲ မဆိုင္သည့္အေမကို ၾကားထဲဆြဲထည့္သည္။ ဘာတဲ့ အေမ့ေၾကာင့္လက္ခံတယ္ဆိုပဲ။ လက္ခံတယ္ဆို အေစာႀကီးကတည္းက ဒီလိုအကန္ေတြ မေျပာခဲ့ရမွာကို။ အခုမွ ႐ွက္ယမ္းယမ္းၿပီး ဘာစကားေတြေျပာေနသည္မသိ။

အိပ္ရာေပၚေရာက္သည္အထိ ျပႆနာကမၿပီးေသးပါ။ ထယ္ေယာင္း ႏွစ္ေယာက္ျခဳံေစာင္ကို သူ႕ဘက္အတင္းဆြဲယူျပန္သည္။ Jungkookကလည္း ဒါမ်ိဳးဆို လုံးဝအေလွ်ာ့မေပးခ်င္။ သူ႕ဘက္ကေစာင္အစကို ကိုယ္လုံးနဲ႔ဖိ လက္ကလည္း က်စ္ေနေအာင္ဆုပ္ၿပီး ထယ္ေယာင္းဘက္မပါရေအာင္ ကာကြယ္ေနသည္။ ေနာက္ဆုံးေတာ့ ထယ္ေယာင္းတို႔ Jungkookအားကိုမယွဥ္ႏိုင္ဘဲ ထုံးစံအတိုင္း အေလွ်ာ့ေပးလိုက္ရသည္။

ထယ္ေယာင္းဘက္က ဘာလႈပ္႐ွားမႈမွ မ႐ွိေတာ့ေသာအခါမွ Jungkookတို႔ မ်က္လုံးစုံမွိတ္ကာ စိတ္ခ်လက္ခ်အိပ္ႏိုင္ေတာ့သည္။ တစ္ေန႔တည္းႏွင့္ ထယ္ေယာင္း ဒီေလာက္ပညာျပႏိုင္လွ်င္ တကၠသိုလ္တက္သည့္ေတာက္ေလ်ာက္ အခန္းေဖာ္အျဖစ္ေနရမည့္ Jungkookအျဖစ္က ေတြးၾကည့္ေလ ရင္ေလးစရာျဖစ္ေလပင္။
~~~~~xxxxx~~~~~

ေနာက္တစ္ေန႔ မနက္စာထမင္းဝိုင္း။ ထယ္ေယာင္းတို႔ မိသားစုႏွင့္ Jungkook အတူထမင္းစားေနၾကသည္။ ထယ္ေယာင္းကေတာ့ ညကကိစၥ​အတြက္ Jungkookအေပၚ ေလစိမ္းေတြတိုက္လွ်က္။ မတတ္သာ၍ အ႐ႈံးေပးခဲ့ရေသာ္လည္း စိတ္ထဲကမေက်နပ္လွ။ သူ႕တစ္သက္နဲ႔တစ္ကိုယ္ သူမ်ားကို အေလွ်ာ့ေပးရသည္မ႐ွိ။ သူကသာ အႏိုင္ယူခဲ့သည္ခ်ည္း။ အခုေတာ့ Jungkookကို မေန႔ညက အေလွ်ာ့ေပးလိုက္ရျခင္းအတြက္ သူ႕ရင္ထဲကလိလိျဖင့္။

" ညက သားတို႔အတူအိပ္ရတာ အဆင္ေျပရဲ႕လား။ သားေလးထယ္ေယာင္းက နည္းနည္းဇီဇာေၾကာင္ေတာ့ အိပ္ခိုင္းရတာ ခပ္လန္႔လန္႔ရယ္။ သားအေမက ဟိုတယ္ျပန္အိပ္တာဆိုေတာ့ သားတစ္ေယာက္တည္းျဖစ္ေနလို႔ ထယ္ေယာင္းအခန္းထဲ အတူအိပ္ခိုင္းလိုက္ရတာ "

သူေမ့ဖို႔ႀကိဳးစားခါမွ အစျပန္ေဖာ္ေပးလာေသာ မိခင္ျဖစ္သူ မဒမ္ဂိုေၾကာင့္ ထယ္ေယာင္း ေသခ်င္စိတ္ေပါက္သြားသည္။ ဘယ္ႏွယ့္ ဒီလိုဗ႐ုတ္က်တဲ့ေကာင္နဲ႔ အတူအိပ္ရတဲ့သားကိုမွ အားမနာ။ ေမးလည္းေမးတတ္ေပေသာ မာတာမိခင္ႀကီးပင္။

" ဟုတ္ကဲ့ အဆင္ေျပပါတယ္။ ထယ္ေယာင္းက ဇီဇာေၾကာင္တယ္ဆိုေပမဲ့ ကြၽန္ေတာ္နဲ႔ဆို အဲ့လိုမဟုတ္ပါဘူး။ ညကဆို ခ်မ္းခ်မ္းနဲ႔ ႏွစ္ေယာက္သားဖက္အိပ္ၾက
ေသးတာ "

မဟုတ္တာဆို ေ႐ွ႕ဆုံးကေျပာထြက္ေသာ Jungkookေၾကာင့္ ထယ္ေယာင္း တအံ့တၾသျဖင့္ မ်က္လုံးျပဴးသြားသည္။ မတရားစြပ္စြဲခံရသလို ခံစားခ်က္မ်ိဳးျဖင့္ စိတ္လည္းတို ႐ွက္လည္း႐ွက္ျဖင့္ မ်က္ႏွာႀကီးရဲတက္လာကာ Jungkookလက္ေမာင္းကို လွမ္း႐ိုက္လိုက္သည္။

" ဒလံေကာင္ သတင္းမွားေတြ ေလွ်ာက္ျဖန္႔မေနနဲ႔။ ညက မင္းနဲ႔ငါ အေဝးႀကီးခြာအိပ္တာေနာ္။ ၿပီးေတာ့ ငါ့အေဖနဲ႔အေမက spy warထည့္တိုင္း ယုံမယ့္သူေတြမဟုတ္ဘူးေနာ္ "

" မင္းကလည္း ငါက ဒီအတိုင္း စလိုက္တဲ့ဟာကို။ ဘာေတြ စိတ္တိုေနတာလဲ။ အား..မင္း႐ိုက္တာ နာလိုက္တာ "

တမင္တကာ မ်က္ႏွာ႐ႈံ႕မဲ့ျပၿပီး နာခ်င္ေယာင္ေဆာင္ေသာ Jungkookကို ထယ္ေယာင္း ဘာျဖစ္လဲဟူေသာ အမူအရာျဖင့္ ႏႈတ္ခမ္းစူရင္း လက္သီးေထာင္ျပလိုက္သည္။ ထယ္ေယာင္းမိဘႏွစ္ပါးမွာေတာ့ သူတို႔ႏွစ္ေယာက္ တက်က္က်က္ျဖစ္ေနပုံကို သေဘာက်ၿပီးရယ္ေမာလွ်က္။

" ဟုတ္သားပဲ သားရယ္။ သူငယ္ခ်င္းက ခ်စ္လို႔စတာပဲကို။ ဘာလို႔ အားႀကီးနဲ႔သြား႐ိုက္တာလဲ။ အခု Jungkook အရမ္းနာသြားၿပီထင္တယ္။ စိတ္ဆိုးစိတ္ေကာက္ရေအာင္ ငယ္ေတာ့တဲ့အ႐ြယ္လည္း မဟုတ္ဘူး "

မ်က္ႏွာႀကီးျပဳံးလွ်က္ Jungkookဘက္က ေ႐ွ႕ေနဝင္လိုက္ေပးပါေသာ ေဖေဖထယ္ဂ်ာ။ ငိုခ်င္ရက္လက္တို႔သလို ေျပာခါမွပိုဆိုးကာ အထိမခံေ႐ႊပန္းကန္ ကိုယ္ေတာ္ Jungkookက ပိုၿပီး အကဲပိုျပလာသည္။

" ဟုတ္တယ္ ထယ္ေယာင္း႐ိုက္တာ အရမ္းနာတာပဲ ဦးေလးရယ္။ သူငယ္ခ်င္း အခ်င္းခ်င္းကို မညႇာမတာနဲ႔။ သားက သူ႕ကို ငယ္သူငယ္ခ်င္းမို႔ သည္းခံေပးေနေပမယ့္ သူအလွည့္က် သားကိုအရမ္းအႏိုင္က်င့္တာပဲ "

ငိုေတာ့မလို မ်က္ႏွာထားျဖင့္ အပီအျပင္သ႐ုပ္ေဆာင္ျပေနေသာ Jungkookေၾကာင့္ ထယ္ေယာင္း ရင္ထဲကလိကလိျဖစ္ကာ လက္ကလည္းတယားယားျဖင့္။ အိုက္တင္ေကာင္းခ်က္က ကြယ္လြန္သြားသည့္ ေအာ္စကာဆု႐ွင္မ်ား ေသ႐ြာကျပန္လာၿပီး သူ႕ကိုဝိုင္းအေလးျပဳရေလာက္သည္။ၿပီးေတာ့ ေျပာလိုက္ေသးသည္။ သူ႕အသက္အ႐ြယ္မွ အားမနာ သူ႕ကိုယ္သူ သားတဲ့။ ဘာသားလဲ အမဲသားလား ဝက္သားလား။

ေသခ်ာတာကေတာ့ ဒီေလာက္လွ်ာ႐ွည္ပုံေထာက္လွ်င္ မိေက်ာင္းမသားျဖစ္ႏိုင္သည္။ ဒီကိစၥအတြက္ ထယ္ေယာင္းတို႔ အေကာင္းဆုံးအၾကံ႐ွိၿပီးသားျဖစ္သည္။ မိဘေတြေ႐ွ႕ Jungkookကို မဆုံးမရလွ်င္ မျမင္ေအာင္ ဆုံးမတဲ့နည္းေတြမ်ား တစ္ပုံႀကီး႐ွိသည္။ ဒီေလာက္ ဗေလာင္းဗလဲႏိုင္ေသာေကာင္ကို ဒီအတိုင္းေတာ့ လႊတ္မထားႏိုင္။

ထယ္ေယာင္း မဟာစီမံကိန္းႀကီးကို အေတြးထဲမွာ အျမန္ခ်လိုက္ၿပီး သူ႕လက္ေတြကို Jungkookဗိုက္နား တိုးသြားသည္။ အေဖႏွင့္အေမ အလစ္ကိုေခ်ာင္းလွ်က္ Jungkookဗိုက္ေခါက္ကို လိမ္ဆြဲလိုက္သည္။ သို႔ေသာ္ သူ႕အစီအစဥ္ မေအာင္ျမင္လိုက္။ မာက်စ္ေနေသာ ဝမ္းဗိုက္ႂကြက္သားအဖုအထစ္ေတြက လက္ျဖင့္ဆြဲညႇစ္၍မရႏိုင္။

သူ႕အစီအစဥ္ မေအာင္ျမင္သျဖင့္ Jungkookမ်က္ႏွာကို မေၾကမခ်မ္းလွမ္းၾကည့္ေတာ့ ဒင္းက ေအးေဆးပဲဟူေသာ မ်က္ႏွာထားျဖင့္။ ေလာေလာဆယ္ Jungkookကို ပညာေပးဖို႔မျဖစ္ႏိုင္ေတာ့သျဖင့္ ထယ္ေယာင္းလည္း ေဒါသကိုထမင္းအေပၚပုံခ်လွ်က္ တစ္ဇြန္းၿပီးတစ္ဇြန္း အၿငိဳးျဖင့္ခပ္စားေနမိသည္။

" ဟယ္ ထမင္းကို ျဖည္းျဖည္းစားေလ သားရဲ႕။ ေတာ္ၾကာ ထမင္းနင္ေနဦးမယ္ "

မိခင္ျဖစ္သူ၏ သတိေပးစကားကို ထယ္ေယာင္းနားမဝင္။ ေတြ႕သမွ်ကို ပါးစပ္ထဲသြင္းလွ်က္ အၿငိဳးတႀကီး ပလုတ္ပေလာင္း ဝါးစားေနသည္။ အေရးထဲ သူ႕ကိုေလွာင္ရယ္ေနသည့္ Jungkookေၾကာင့္ ထယ္ေယာင္း မ်က္ေစာင္းတစ္ခ်က္ ပစ္ေကြၽးလိုက္ေသးသည္။

" ဒါနဲ႔ ကြၽန္ေတာ္ ဒီညလည္း ထယ္ေယာင္းအခန္းမွာပဲ အိပ္လို႔ရမလား "

သူပြဲလန္႔ေနတုန္း ဖ်ာဝင္ခင္းျပန္ေသာ Jungkookေၾကာင့္ ထယ္ေယာင္း ေဒါသက ပိုၿပီးအ႐ွိန္တက္လာသည္။ သို႔ေသာ္ သူအတတ္ႏိုင္ဆုံး စိတ္ထိန္းရင္း ယဥ္ယဥ္ေက်းေက်းျငင္းဆန္ရန္ မိဘေတြဘက္ မ်က္ႏွာမူလိုက္သည္။

" သိပ္ရတာေပါ့ သားရဲ႕။ ဟိုတယ္မွာထက္စာရင္ ဦးတို႔ဆီမွာေနရတာ သားအတြက္ ပိုအဆင္ေျပမွာပဲ "

မဆိုင္းမတြဘဲ အေျဖေပးလာသည့္ ဖခင္ျဖစ္သူေၾကာင့္ ထယ္ေယာင္းတစ္ေယာက္ ေျပာရမည့္စကားတို႔ အေတြးထဲမွာပဲ ျပန္သိမ္းထားလိုက္ရသည္။ သို႔ေသာ္ ရင္ထဲတႏုံ႔ႏုံျဖင့္ Jungkookကို အခဲမေၾကေသး။ အၿမဲတမ္း အႏိုင္ယူေနက်သူက Jungkookေရာက္လာမွ အၿမဲအေလွ်ာ့ေပးေနရသျဖင့္ ရာဇဝင္႐ိုင္းရေတာ့မည္လား။

ဒါမ်ိဳးေတာ့ ထယ္ေယာင္းတို႔ မျဖစ္မခံႏိုင္။ မရရသည့္နည္းျဖင့္ Jungkookကို အႏိုင္ျပန္ယူရမည္။ လိုခ်င္တာမွန္သမွ် အကုန္ရခဲ့ေသာ တစ္ဦးတည္းေသာသားမို႔ အႏိုင္ယူခ်င္သူကိုလည္း ႏိုင္ရမွျဖစ္မည္။ အထူးသျဖင့္ သူ႕ကိုႏွာဘူးက်တဲ့ ေကာင္ေတြကိုေပါ့။

ထမင္းကို အငမ္းမရခပ္စားေနရာမွ ႐ုတ္တရက္ျပန္ၿငိမ္သြားၿပီး မ်က္ေမွာင္ႀကီးၾကဳံ႕ကာ တစ္ခုခုၾကံေနပုံရေသာ ထယ္ေယာင္းကို Jungkookေသခ်ာ အကဲခတ္ၾကည့္ေနသည္။ ဒီအသက္အ႐ြယ္အထိ ကေလးဆိုးႀကီးလုပ္ေနသည္ကိုလည္း သူသေဘာက်မိသည္။

တကယ္ပါပဲ မ်က္ေမွာင္ႀကီးၾကဳံ႕ၿပီး ဘာေတြ ကေလးက်င့္ကေလးၾကံ ၾကံဦးမလဲမသိ။ ရည္းစားက်ေတာ့ ထားတတ္ၿပီး ကေလးစိတ္က်ေတာ့ မကုန္ႏိုင္ေသးဘူး။ ဒါေပမဲ့ မင္းသိရဲ႕လား။ မင္းအဲ့လိုလုပ္ေလေလ ငါမင္းကို ပိုသေဘာက်ေလဆိုတာ။

ၿပီးေတာ့ မင္းမွာ ရည္းစား႐ွိတယ္ဆိုတာလည္း ငါမယုံၾကည္ေသးဘူး။ အေၾကာင္းတစ္ခုခုေၾကာင့္ ဟိုေကာင္မေလးကို မင္းတြဲျပတယ္လို႔ ငါ့စိတ္ကထင္ေနတယ္။ သူနဲ႔မင္း ရည္းစားေတြမဟုတ္တာ ေသခ်ာအတည္ျပဳႏိုင္လို႔ကေတာ့ ငါမင္းကိုလိုက္ၿပီပဲ 'ထယ္ထယ္'

To be continued...

Continue Reading

You'll Also Like

12K 1.2K 8
Jeon Jungkook x Kim Taehyung The story of living with mi amor for 30 days.
44.5K 8.1K 43
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
2K 178 8
"ကျွန်တော်တို့ လက်ထပ်ကြမယ်" TaeKook ❦︎ Romance ❣︎ Started date-30.12.2022
16.3K 1K 14
Unicode & Zawgyi You're my lovely Doctor Tae This story is my first creation.