Love Scenario (KookV/Complete...

By Jinsoohyuk_0127

66K 6.9K 1.1K

Top- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။ More

Introduction
EPISODE - 1
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 12
EPISODE - 13
EPISODE - 14
EPISODE - 15
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE -19
EPISODE - 20
EPISODE - 21
EPISODE - 22
EPISODE - 23
EPISODE - 24
EPISODE - 25
EPISODE - 26
EPISODE - 27
EPISODE - 28
EPISODE - 29
EPISODE - 30
EPISODE - 31
EPISODE - 32
FINAL EPISODE

EPISODE - 2

2.9K 341 24
By Jinsoohyuk_0127


EPISODE - 2 (Unicode)

" Hello Yerin "

" Hello ထယ်ယောင်း~ ငါနင့်ကို ညနေကျရင် အဖြေပေးတော့မလို့။ အဲဒါ...နင် ငါ့ကို proposeလုပ်ခဲ့တဲ့ ကော်ဖီဆိုင်လေးမှာ ညနေ လေးနာရီလောက် စောင့်နေပေးနော်။ ငါရှက်နေလို့ ဒီလောက်နဲ့ဖုန်းချလိုက်ပြီ "

ထယ်ယောင်း ဖုန်းစပီကာဖွင့်ထားသဖြင့် တစ်ဖက်ကပြောသမျှကို ဂျောင်ဂု ကြားနေရသည်။ သူ့ကောင်မလေးဆီက အဖြေရတော့မှာဆိုတော့ ထယ်ယောင်းတို့ သိပ်ပျော်ရှာမှာပေါ့။ ဒီလိုတွေးလိုက်မိတာ ဂျောင်ဂုအဖို့ နောင်တရမိမလို ဖြစ်ရသည်။ ထယ်ယောင်းပုံစံက ဟက်ဟက်ပက်ပက် ပျော်ပုံမရဘဲ တစ်ခုခုကိုစိုးရိမ်နေပုံရသည်လေ။

ထယ်ယောင်း မင်းဘာတွေ တွေဝေနေတာလဲ။ မင်းက ယောက်ျားလေးဆိုတော့ မိန်းကလေးတစ်ယောက်နဲ့တွဲဖို့စဥ်းစားတာ မင်းမှန်တယ်။ ငါက gay တစ်ယောက်မဟုတ်လို့ နမ်ဂျွန်းကို ပြန်ကြိုက်စရာအကြောင်းမရှိဘူး။ သူငယ်ချင်းအချင်းချင်း စည်းဖောက်ပြီးလာကြိုက်တာ သူ့အပြစ်နဲ့သူပဲ။ Yerinကလည်း ငါ့ကိုကြိုက်နေတာဆိုတော့ ငါ proposeလုပ်တာ လက်ခံမှာပဲ။ လောလောဆယ် Yerinကိုမချစ်သေးပေမယ့် အချိန်တန်ရင် သံယောဇဥ်တွယ်ပြီး ချစ်သွားမှာပါ။ လောလောဆယ် နမ်ဂျွန်းရန်ကလွတ်ဖို့ ဒီတစ်လမ်းပဲရှိတယ်။ ငါကယောက်ျားစစ်စစ်မို့ မိန်းကလေးတစ်ယောက်နဲ့တွဲတာ ဖြစ်သင့်တာပဲလေ။

" ထယ်ယောင်း မင်းကြည့်ရတာ ကောင်မလေးဆီကအဖြေရမှာကို သိပ်ပျော်တဲ့ပုံမပေါ်ပါလား။ မင်းချစ်ရေးဆိုထားတဲ့ ကောင်မလေးက မင်းကို No လို့ဖြေမှာ ကြောက်နေတာလား "

ဝတ်ကြေတန်းကျေမေးလိုက်ရသော်လည်း ဂျောင်ဂု ရင်ထဲမှာ သိပ်မပျော်နိုင်။ ထယ်ယောင်းအပေါ် သဘောကျနေသလို ခံစားချက်မျိုးကြောင့် ကောင်မလေးဆီက Yes အဖြေရသွားမှာမျိုး သူ့မသိစိတ်က စိုးရိမ်နေသည်။

မြင်မြင်ချင်းအချစ်ဆိုတာမျိုးက ဒါကိုပြောတာလား။ ထယ်ယောင်းကို နောက်တစ်ကြိမ် ငါစတွေ့ကတည်းက မသိစိတ်မှာ သူ့ပုံရိပ်လေးကို ခဏခဏခိုးကြည့်ချင်နေမိတာ။ အရွယ်ရောက်ပြီး တစ်သွေးတစ်မွေးနဲ့ နုဖတ်ဖွေးဥနေတဲ့ ဂျုံလုံးလိုကောင်လေးဖြစ်နေတော့ ငါသဘောကျမိတာဆန်းလား။ သူယောက်ျားလေးဖြစ်တော့လည်း ဘာအရေးလဲ။ သူ့ပုံစံက မိန်းကလေးတစ်ယောက်ထပ် အများကြီးပိုချစ်စရာကောင်းတာဆိုတော့ ငါ့မျက်လုံးထဲ ထယ်ယောင်း ကို ယောက်ျားသားတစ်ယောက်လို မမြင်မိဘူး။ အို ဘုရားသခင်! ထယ်ယောင်းကို သူ့ကောင်မလေး ပြန်မကြိုက်ပါစေနဲ့။

" Hey! ဂျောင်ဂု.. မင်းငါ့ကို မေးခွန်းမေးပြီး မင်းဟာမင်းဘာတွေစဥ်းစားနေတာလဲ။ ငါပြန်ဖြေလိုက်တာ မင်းဘာမှပြန်မပြောဘူး "

ထယ်ယောင်း သူ့ကိုသတိပေးလာမှ ဂျောင်ဂု သတိပြန်ဝင်လာကာ ကြောင်အန်းအန်းဖြစ်သွားသည်။ အမှန်တကယ်လည်း ထယ်ယောင်း ပြန်ဖြေသည်ကို သူမကြားလိုက်ရသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်ရသည်ပင်။

" သြော် အင်း... ငါကြားလိုက်ပါတယ်။ မင်းက ကောင်မလေးဆီက ကျိန်းသေ Yesအဖြေရမယ်လို့ ယုံကြည်တယ်ဆို "

" လိမ်ပြန်ပြီ။ တကယ်တော့ ငါမင်းကို ဘာစကားမှပြန်မပြောရသေးဘူး။ ငါ့ကိုမေးတုန်းကမေးပြီး ချက်ချင်းဘာတွေစဥ်းစားပြီး ငိုင်သွားသလဲမသိဘူး။ ဧကန္တ ဘူဆန်မှာကျန်ခဲ့တဲ့ မင်းကောင်မလေးကို သတိရသွားလို့လား "

ရယ်လျက် စနောက်လာသော ထယ်ယောင်းကြောင့် ဂျောင်ဂုလည်း သူအညာမိသွားမှန်းသိလိုက်သည်။ အရှက်တွေတော့ကုန်ပြီ ထင်သည်။ သူအတွေးလွန်နေတာတွေ ထယ်ယောင်း သိကုန်လို့။ ပိုဆိုးသည်က ထယ်ယောင်း သူ့ကိုအထင်ကြီးပြီး ကောင်မလေးရှိသည် ထင်နေသည်။ ရှိတော့ ရှိတာပေါ့။ ကောင်မလေးတော့ မဟုတ်ဘူး အခု အနားမှာရှိနေတဲ့တစ်ယောက်။

" ငါ့မှာ ဘယ်ကကောင်မလေးရှိရမှာလဲ။ ငါက ရည်းစားမထားဘူးသေးတဲ့ ရေမရောတဲ့လူပျိုစစ်စစ် "

ထယ်ယောင်းတစ်ယောက် အံ့သြမှုဖြင့် မျက်လုံးပြူးလျက် နှုတ်ခမ်းနှစ်လွှာပွင့်ဟသွားသည်။ ဂျောင်ဂုလိုလူမျိုးက အခုထိ ရည်စားတစ်ယောက်မှ မထားဖူးပါတဲ့။ ဒါက ဖြစ်နိုင်ပါ့မလား။

" မင်း တကယ်ကြီးလား။ မင်းလိုမျိုး hotဖြစ်တဲ့ကောင်က ရည်းစားတစ်ယောက်မှ မထားဖူးဘူးဆိုတော့။ ငါ့အထင် မင်းနားမှာ ကောင်မလေးတွေဝိုင်းနေမှာပဲ။ ဘာလို့ဆို မင်းက ကောင်မလေးအများစုကြိုက်တတ်တဲ့ ပုံစံမျိုးလေ "

ထယ်ယောင်းစကားကြောင့် ဂျောင်ဂု ပြုံးသည်ဆိုရုံလေး ပြုံးမိသည်။ တကယ်လည်း ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေသော်လည်း သူ့ကိုယ်တိုင်က အချစ်ရေးစိတ်မဝင်စား၍ ရည်းစားမထားဖြစ်ခဲ့ခြင်း။ အခုမှ အချစ်ကိုရှာတွေ့သွားတာမို့ ပထမဆုံးအချစ်မှာ သူမကျရှုံးချင်။

" တကယ်လည်း ငါက မင်းပြောသလို ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတဲ့ ကောင်ပါပဲ။ ငါကိုယ်တိုင်က အချစ်ရေးကိုခေါင်းထဲမရှိခဲ့တော့ ဘယ်သူ့ကိုမှ ချစ်သူအဖြစ်မရွေးချယ်ခဲ့ဘူး။ ဒါပေမဲ့ ငါအခု အချစ်ကိုရှာတွေ့သွားပြီ။ အဲ့ဒီအချစ်က အခုငါ့ဘေးမှာ "

ဂျောင်ဂုတစ်ယောက် ထိုစကားကို ထယ်ယောင်းမျက်နှာ စေ့စေ့ကြည့်ရင်း ပြောလိုက်ခြင်း။ အဓိပ္ပါယ်ရှင်းလင်းလွန်းသော ထိုအကြည့်ကြောင့် ထယ်ယောင်းလည်း ရင်ထဲထိတ်ခနဲဖြစ်ကာ မျက်လုံးအပြူးသားဖြင့်။ ထိတ်လန့်ခြင်းတစ်လှည့် အံ့သြခြင်းတစ်လှည့်ဖြင့် ဟန်မဆောင်နိုင်လောက်အောင် သူ့အမူအရာပျက်ယွင်းနေသည်။

ဘာလား! မင်းကပါ ငါ့ကိုကြိုက်နေတယ်လို့ မပြောနဲ့နော်။ ငါ့မှာ နမ်ဂျွန်းတစ်ယောက်နဲ့တင် မနည်းရှောင်ပြေးနေရတာ။ မင်းပါ ငါ့ကိုထပ်ကြိုက်တယ်ဆိုရင် ငါတော့ ရူးမိတော့မယ်။ ငါ့နားက ယောက်ျားလေးတွေ ဘာစိတ်တွေပေါက်နေကြလဲမသိ။ ရင်းရင်းနှီးနှီး ယောက်ျားလေးသူငယ်ချင်းဆိုလို့ နှစ်ယောက်တည်းရှိပါတယ် နှစ်ကောင်လုံး ငါ့လာကြိုက်နေရလား။ ဘုရားစူး ငါယောက်ျားစစ်စစ်ပါဟ။ ငါ့ကို ကျေးဇူးပြုပြီး လာမကြိုက်ကြပါနဲ့။

ဒီစကားတွေကို ပါးစပ်ကအော်ပြောချင်ပေမဲ့ ထယ်ယောင်း နှုတ်ကထွက်မလာ။ ဂျောင်ဂုနှုတ်က ဖွင့်မပြောလာသေးသဖြင့် တကယ်မဟုတ်လျှင် ရှက်စရာကြီးပင်။ လောလောဆယ် သူ့အတွက်အကောင်းဆုံးအဖြေက မသိချင်ယောင်ပြီး မူနေလိုက်ရန်။

" ဟုတ်လား မင်းချစ်တဲ့သူက မင်းအနားမှာရှိတာ မင်းကံကောင်းတာပေါ့။ ကြိုးစားပါ ငါ့သူငယ်ချင်းလေး။ အကူအညီလိုရင် ငါ့ကိုပြော "

မင်းက အရှောင်အတိမ်းကောင်းသားပဲ ထယ်ယောင်း~ ငါ့စကားက မင်းကိုရည်ရွယ်တာသိရက်နဲ့ မသိချင်ယောင်ပြီး စကားကိုလွတ်အောင်ပြောသွားတယ်။ ငါ့စိတ်က အလိုလိုသိနေတယ်.. မင်းကိုအဖြေပေးမယ့်ကောင်မလေးကို မင်းတကယ်မချစ်ဘူးဆိုတာ။ နောက်ကွယ်မှာ ဘာအကြောင်းတွေရှိနေလဲ ငါမသိပေမဲ့ မင်းကိုငါ့လူဖြစ်အောင်လုပ်ဖို့ ငါ့ဘက်က လုံးဝလက်လျော့မှာမဟုတ်ဘူး။ မင်းနဲ့ငါ တိုက်ခန်းတစ်ခန်းတည်းမှာ အတူနေရတော့မှာဆိုတော့ ငါ့မှာ ကြိုးစားဖို့ အခွင့်အရေးတွေရှိသေးတယ်။

ဒီစကားတွေအားလုံး ေဂျာင်ဂု စိတ်ထဲမှာပဲ ပြောဖြစ်ခဲ့သည်။ တကယ် နှုတ်ကထွက်လာသည်က စကားလမ်းကြောင်းလွှဲရန်ဦးတည်သော စကားလုံးများသာ။

" အေးပါ သူငယ်ချင်းရယ်။ ဒါနဲ့ မင်းကိုငါမေးပါဦးမယ်။ အခုဆောင်းဝင်နေပြီကို မင်းဘာလို့ ဘောင်းဘီတိုနဲ့နေရတာလဲ။ တစ်ရက်ထပ်တစ်ရက် ပိုအေးလာတော့မှာ အဝတ်အစားဂရုစိုက်ဦး "

" အေး ဟုတ်သားပဲ။ ငါလည်း တစ်ခါတစ်ခါ ဆောင်းရာသီဝင်လာတာကို မေ့နေတယ်။ အိမ်ကလည်းလုံတော့ နေ့ဘက်အေးတာ သိပ်မသိသာပါဘူး။ ညနေလောက်မှသာ တဖြည်းဖြည်းအေးလာတာ။ ဘာပဲဖြစ်ဖြစ် မင်းပြောသလို အဝတ်အစားဂရုစိုက်ပါ့မယ် "

ဆောင်းတွင်းမဟုတ်လည်း ငါမင်းရှေ့မှာ ဘောင်းဘီတိုထပ်မဝတ်ရဲတော့ဘူး။ ငါ့ပေါင်ဖွေးဖွေးတွေကို မင်းအသားယူပြီးကြည့်တာ ငါမခံနိုင်ဘူးလေ။

" ဒါနဲ့လေ မင်းနဲ့မင်းကောင်မလေး ချိန်းထားတဲ့နေရာကို ငါလိုက်ခဲ့လို့ရမလား။ ငါ မင်းတို့ကို မနှောင့်ယှက်ပါဘူး။ အခြားစားပွဲမှာထိုင်ပြီး ခပ်လှမ်းလှမ်းကနေ မင်းတို့ကို လှမ်းကြည့်နေမယ်။ ဒါမှ မင်းနဲ့သူ လိုက်မလိုက်ဆိုတာ ငါကြည့်ပေးလို့ရမှာ "

ဂျောင်ဂု ရုတ်တရက် ထပြောလာသောစကားကြောင့် ထယ်ယောင်းဦးနှောက်က အကြံတစ်ခု ဖြတ်ခနဲပေါ်လာသည်။ ဒါက ဂျောင်ဂု သူ့အပေါ် လက်လျော့သွားအောင်လုပ်ဖို့ ထိုးနှက်ချက်တစ်ခုပဲ။

" ဒီအကြံကောင်းသားပဲ။ ငါလည်း သူနဲ့သွားတွေ့ရင် ဘယ်သူ့အဖော်ခေါ်သွားရမလဲ စဥ်းစားနေတာ။ မင်းလိုက်မယ်ဆိုတော့ ငါ့အတွက်အဆင်ပြေတာပေါ့ "

ပြေတယ်... သိပ်ကို အဆင်ပြေတယ်။ ဒါမှ ငါ ကောင်မလေးဆီက အဖြေရသွားတာကို သူ့မျက်လုံးနဲ့တပ်အပ်မြင်ပြီး ငါ့ကိုဆက်မကြိုက်တော့မှာ။ ငါနဲ့လိုက်ခဲ့ပြီး ငါရည်းစားရသွားတာကို ရင်နာနာနဲ့လိုက်ကြည့်ပေါ့။ ပြန်တွေ့တွေ့ချင်းနေ့မှာ အကျင့်ယုတ်ရတာ စိတ်မကောင်းပါဘူး ငယ်သူငယ်ချင်းလေးရေ။
~~~~~xxxxx~~~~~

ညနေ ၄ နာရီ။ ဂျောင်ဂုတို့နှစ်ယောက်သား Yerinကိုချိန်းထားသည့် ကော်ဖီဆိုင်လေးဆီ ရောက်လာခဲ့ကြသည်။ ဆိုင်ထဲရောက်ရောက်ချင်း ထယ်ယောင်းတစ်ယောက် လှပစွာဝတ်စားထားသော ကောင်မလေးတစ်ယောက်ရှိရာ စားပွဲကိုလှမ်းမြင်လိုက်သည်။

" သူကတောင် အစောကြီးကြိုရောက်နေတာပဲ။ ဟိုမှာထိုနေတာ ငါပြောတဲ့ Yerinလေ "

ထယ်ယောင်း လက်ညှိုးညွှန်သည့်စားပွဲကို ဂျောင်ဂု လှမ်းကြည့်တော့ အပြုံးချိုချိုဖြင့် လက်လှမ်းပြနေသော ခပ်ချောချော မိန်းကလေးတစ်ယောက်။ သူ့ကိုတော့ မျက်နှာစိမ်းမို့ထင်သည်။ ဘယ်သူလဲဟူသော အကြည့်ဖြင့် စူးစမ်းလျှက်။

" သူရောက်နေပြီဆိုတော့ မင်းသူ့ဆီသွားလိုက်တော့လေ။ ငါဒီနေရာကနေ မင်းတို့ကိုလှမ်းကြည့်နေမယ် "

ဂျောင်ဂုလည်း ထယ်ယောင်းတို့စားပွဲကို ကောင်းကောင်းလှမ်းမြင်နိုင်သော စားပွဲတစ်ခုမှာ နေရာယူလိုက်ပြီး ထယ်ယောင်းကို Yerinဆီ သွားစေသည်။ ထယ်ယောင်း တို့ကို အဝေးကအကဲခတ်ကြည့်ရင်း သူ့ဘေးဘီဝဲယာကိုလည်း လိုက်ကြည့်နေမိသည်။ ထူးခြားသည်တစ်ခုမှာ သူ့နားကပ်လျှက်စားပွဲတွင်လည်း မျက်နှာမမြင်ရအောင် ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသူတစ်ဦး ထိုင်နေပြီး ထယ်ယောင်းတို့စားပွဲဆီ လှမ်းကြည့်နေခြင်းပင်။

ဒီလူက ငါ့လိုပဲ ထယ်ယောင်းတို့နှစ်ယောက်ကို လှမ်းကြည့်နေတာပဲ။ မျက်နှာမမြင်အောင် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားတော့ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်ဘူး။ထယ်ယောင်းတို့ကို အန္တရာယ်ပေးမယ့်သူဆိုရင် ဒုက္ခပဲ။ ဒီလူ့ကိုပါ မျက်ခြေမပျက်အောင် စောင့်ကြည့်ရမယ်။
~~~~~xxxxx~~~~~

ထယ်ယောင်း စိတ်ကိုအကောင်းဆုံးပြင်ဆင်ရင်း Yerinရှေ့မှာဝင်ထိုင်လိုက်သည်။ ဂျောင်ဂုအပါအဝင် ဘယ်သူမှသံသယမဝင်အောင်လည်း သဏ္ဍာန်လုပ်သရုပ်တူအောင် သရုပ်ဆောင်ပြရဦးမည်။

" Yerin စောင့်ရတာကြာသွားပြီလား "

" မကြာသေးပါဘူး။ နင်မရောက်ခင် နှစ်မိနစ်လောက်က ရောက်နေတာဆိုတော့ သိပ်မစောင့်လိုက်ရဘူး "

ထယ်ယောင်း အမေးကိုပြန်ဖြေနေရင်း Yerin စိတ်တွေ အတော်လေးလှုပ်ရှားနေသည်။ သူပထမဆုံးချစ်ရသူ၊ နှစ်ရှည်လများချစ်ခဲ့ရသောသူ၊ အချိန်အကြာကြီး မျှော်လင့်နေခဲ့သူ... ထိုသူအား အဖြေပေးရတော့မည်မို့ စိတ်လှုပ်ရှားမိတာမဆန်းပါ။ အိပ်မက်ထဲထည့်မက်ရသည်အထိ စွဲလွမ်းရပါသော မိမိရှေ့က ဖြူဖြူဥဥကောင်လေးကို ဘယ်လိုစိတ်မျိုးနဲ့ ငြင်းရက်ပါမည်နည်း။

" ဟို ငါလေ... နင် အဖြေတောင်းထားတဲ့ကိစ္စ... "

စိတ်လှုပ်ရှားနေသည့်ကြားမှ Yerin တုန်တုန်ရီရီဖြင့် စကားစလာသည်။ စိတ်လှုပ်ရှားခြင်းအပြည့်ဖြင့် စကားပြောရသည်မှာလည်း မဝံ့မရဲ။ သို့သော် သူမ အကောင်းဆုံး သတ္တိမွေးရမည်။ ဒါမှ သူအချစ်ရဆုံးယောက်ျားတစ်ယောက်ကို လက်မလွတ်ရမှာ။

" ငါပြောမယ့်အဖြေကို နင်ကြိုသိနေလောက်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငါလေ...နင့်ကိုအရမ်းချစ်တယ်။ ငါသေချာပြောရဲတယ် နင်ငါ့ကိုချစ်တဲ့အချစ်ထက် ငါနင့်ကိုအများကြီးပိုချစ်တယ်။ ငါ့ကို နင်အရင်ဖွင့်ပြောခဲ့လို့ ငါအရမ်းပျော်မိတယ်။ ငါလေ နင့်ကိုအဖြေပေးရတာ အရမ်းပျော်တာပဲ "

အဖြေကိုကြိုသိနေသဖြင့်ထယ်ယောင်း အတွက် သိပ်ပြီးအံ့သြစရာမရှိ။ သို့သော် ေဂျာင်ဂု စောင့်ကြည့်နေသဖြင့် ပီပြင်အောင် သရုပ်ဆောင်ပေးရမည်။

" တကယ်လား Yerin! နင်ငါ့ကို တကယ်ချစ်တယ်ပေါ့။ ငါပျော်လိုက်တာဟာ "

ဂျောင်ဂုထိုင်နေသည့်နေရာအထိ ကြားရအောင် ထယ်ယောင်းက အားရဝမ်းသာလေသံဖြင့် အသံမြှင့်ပြောလိုက်သည်။ သူ့အသံကျယ်လွန်းသဖြင့် အရှေ့မှာထိုင်နေသည့် Yerinပင် ရုတ်တရက်လန့်သွားခဲ့သည်။

" တိုးတိုးပြောပါ ထယ်ယောင်းရယ်။ ဆိုင်ထဲကလူတွေ အကုန်ကြားတော့မှာပဲ "

Yerinစကားကို ထယ်ယောင်း ဘာမှပြန်မပြောဘဲ သူ့အဓိပ္ပါယ်နှင့်သူ ပြုံးစိစိလုပ်နေသည်။ သူ့အသံကို ဂျောင်ဂု ကြားလိုက်ရတာ ကျိန်းသေသဖြင့် ဂျောင်ဂုရန်က လွတ်ပြီဟု တွေးလိုက်မိသည်။

မင်းအခု ဘာတတ်နိုင်သေးလဲ ဂျောင်ဂု ~ အခုတော့ ငါက ရည်းစားရသွားပြီ။ ဒီတော့ မင်းငါ့ကိုကြိုက်နေလည်း အလိုက်တသိ နောက်ဆုတ်ပေးလိုက်တော့။ အခု ဒီကောင် အသည်းကွဲပြီး ချောင်တစ်ချောင်မှာ သွားငိုတော့မလားမသိဘူး။

ထယ်ယောင်း သူ့အတွေးနှင့်သူ စိတ်ထဲစကားတွေပြောနေရင်း သူ့လက်ကိုလာကိုင်သော အေးစက်စက်လက်တစ်စုံကြောင့် ထိတ်ထိတ်လန့်လန့်ဖြင့် လက်ကိုခါလိုက်မိသည်။ နောက်မှ လက်ပိုင်ရှင်ကိုပြန်ကြည့်တော့ ကြောက်နေပုံရသောမျက်ဝန်းတို့ဖြင့် Yerin~

" နင်က လက်ကိုင်တာမကြိုက်လို့လားဟင်။ အေးလေ အခုမှ ရည်းစားစဖြစ်တာဆိုတော့ နင်ရှက်နေမှာပေါ့။ ငါနင်မကြိုက်တာဆို အကုန်ရှောင်မှာမို့လို့ နင်မကြိုက်တဲ့အရာတွေ ငါ့ကို အကုန်ပြောပြထားလေ "

မျက်နှာငယ်လေးဖြင့် စကားဆိုလာသည့် Yerinကြောင့် ထယ်ယောင်း ​ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။ ဘယ်တတ်နိုင်မလဲ သူကိုက အတွေးလွန်ပြီး လက်ကိုင်တာလန့်သွားမိတာကို။

" ငါတောင်းပန်ပါတယ် Yerin~ ရုတ်တရက်မို့ ငါလန့်ပြီး ခါထုတ်လိုက်မိတာ။ ပြီးတော့ တကယ်လည်းငါက ငါ့အသကို သူများလာထိတာ မကြိုက်တတ်ဘူးဟ။ ဒါပေမဲ့ နင်နဲ့တွဲနေပြီဆိုတော့ ငါ့အကျင့်ကို ကြိုးစားပြင်ပေးပါ့မယ် "

ငါ Yerinလက်ကို ခါထုတ်လိုက်တာ ဂျောင်ဂု မြင်မသွားလောက်ပါဘူးနော်။ ဒီကောင်သာမြင်ရင် ငါတို့ဆက်ဆံရေးကို သံသယဝင်ပြီး ငါ့ကိုဆက်ကြိုက်နေဦးမယ်။

ထယ်ယောင်း စိတ်ထဲ ဇဝေဇဝါဖြစ်လာသဖြင့် ဂျောင်ဂု ထိုင်နေသည့်နေရာကို မသိမသာလှမ်းကြည့်လိုက်သည်။ ဘယ်အချိန်တည်းက ထွက်သွားမှန်းမသိဘဲ ဂျောင်ဂုတစ်ယောက် သူထိုင်နေသည့်နေရာမှာ မရှိတော့ပေ။

ဒီကောင် ဘယ်ရောက်သွားတာလဲ။ ငါထင်သလို တစ်နေရာရာမှာများ သွားငိုနေပြီလား။

To be continued...

EPISODE - 2 (Zawgyi)

" Hello Yerin "

" Hello ထယ္ေယာင္း~ ငါနင့္ကို ညေနက်ရင္ အေျဖေပးေတာ့မလို႔။ အဲဒါ...နင္ ငါ့ကို proposeလုပ္ခဲ့တဲ့ ေကာ္ဖီဆိုင္ေလးမွာ ညေန ေလးနာရီေလာက္ ေစာင့္ေနေပးေနာ္။ ငါ႐ွက္ေနလို႔ ဒီေလာက္နဲ႔ဖုန္းခ်လိုက္ၿပီ "

ထယ္ေယာင္း ဖုန္းစပီကာဖြင့္ထားသျဖင့္ တစ္ဖက္ကေျပာသမွ်ကို ေဂ်ာင္ဂု ၾကားေနရသည္။ သူ႕ေကာင္မေလးဆီက အေျဖရေတာ့မွာဆိုေတာ့ ထယ္ေယာင္းတို႔ သိပ္ေပ်ာ္႐ွာမွာေပါ့။ ဒီလိုေတြးလိုက္မိတာ ေဂ်ာင္ဂုအဖို႔ ေနာင္တရမိမလို ျဖစ္ရသည္။ ထယ္ေယာင္းပုံစံက ဟက္ဟက္ပက္ပက္ ေပ်ာ္ပုံမရဘဲ တစ္ခုခုကိုစိုးရိမ္ေနပုံရသည္ေလ။

ထယ္ေယာင္း မင္းဘာေတြ ေတြေဝေနတာလဲ။ မင္းက ေယာက်္ားေလးဆိုေတာ့ မိန္းကေလးတစ္ေယာက္နဲ႔တြဲဖို႔စဥ္းစားတာ မင္းမွန္တယ္။ ငါက gay တစ္ေယာက္မဟုတ္လို႔ နမ္ဂြၽန္းကို ျပန္ႀကိဳက္စရာအေၾကာင္းမ႐ွိဘူး။ သူငယ္ခ်င္းအခ်င္းခ်င္း စည္းေဖာက္ၿပီးလာႀကိဳက္တာ သူ႕အျပစ္နဲ႔သူပဲ။ Yerinကလည္း ငါ့ကိုႀကိဳက္ေနတာဆိုေတာ့ ငါ proposeလုပ္တာ လက္ခံမွာပဲ။ ေလာေလာဆယ္ Yerinကိုမခ်စ္ေသးေပမယ့္ အခ်ိန္တန္ရင္ သံေယာဇဥ္တြယ္ၿပီး ခ်စ္သြားမွာပါ။ ေလာေလာဆယ္ နမ္ဂြၽန္းရန္ကလြတ္ဖို႔ ဒီတစ္လမ္းပဲ႐ွိတယ္။ ငါကေယာက်္ားစစ္စစ္မို႔ မိန္းကေလးတစ္ေယာက္နဲ႔တြဲတာ ျဖစ္သင့္တာပဲေလ။

" ထယ္ေယာင္း မင္းၾကည့္ရတာ ေကာင္မေလးဆီကအေျဖရမွာကို သိပ္ေပ်ာ္တဲ့ပုံမေပၚပါလား။ မင္းခ်စ္ေရးဆိုထားတဲ့ ေကာင္မေလးက မင္းကို No လို႔ေျဖမွာ ေၾကာက္ေနတာလား "

ဝတ္ေၾကတန္းေက်ေမးလိုက္ရေသာ္လည္း ေဂ်ာင္ဂု ရင္ထဲမွာ သိပ္မေပ်ာ္ႏိုင္။ ထယ္ေယာင္းအေပၚ သေဘာက်ေနသလို ခံစားခ်က္မ်ိဳးေၾကာင့္ ေကာင္မေလးဆီက Yes အေျဖရသြားမွာမ်ိဳး သူ႕မသိစိတ္က စိုးရိမ္ေနသည္။

ျမင္ျမင္ခ်င္းအခ်စ္ဆိုတာမ်ိဳးက ဒါကိုေျပာတာလား။ ထယ္ေယာင္းကို ေနာက္တစ္ႀကိမ္ ငါစေတြ႕ကတည္းက မသိစိတ္မွာ သူ႕ပုံရိပ္ေလးကို ခဏခဏခိုးၾကည့္ခ်င္ေနမိတာ။ အ႐ြယ္ေရာက္ၿပီး တစ္ေသြးတစ္ေမြးနဲ႔ ႏုဖတ္ေဖြးဥေနတဲ့ ဂ်ံဳလုံးလိုေကာင္ေလးျဖစ္ေနေတာ့ ငါသေဘာက်မိတာဆန္းလား။ သူေယာက်္ားေလးျဖစ္ေတာ့လည္း ဘာအေရးလဲ။ သူ႕ပုံစံက မိန္းကေလးတစ္ေယာက္ထပ္ အမ်ားႀကီးပိုခ်စ္စရာေကာင္းတာဆိုေတာ့ ငါ့မ်က္လုံးထဲ ထယ္ေယာင္း ကို ေယာက်္ားသားတစ္ေယာက္လို မျမင္မိဘူး။ အို ဘုရားသခင္! ထယ္ေယာင္းကို သူ႕ေကာင္မေလး ျပန္မႀကိဳက္ပါေစနဲ႔။

" Hey! ေဂ်ာင္ဂု.. မင္းငါ့ကို ေမးခြန္းေမးၿပီး မင္းဟာမင္းဘာေတြစဥ္းစားေနတာလဲ။ ငါျပန္ေျဖလိုက္တာ မင္းဘာမွျပန္မေျပာဘူး "

ထယ္ေယာင္း သူ႕ကိုသတိေပးလာမွ ေဂ်ာင္ဂု သတိျပန္ဝင္လာကာ ေၾကာင္အန္းအန္းျဖစ္သြားသည္။ အမွန္တကယ္လည္း ထယ္ေယာင္း ျပန္ေျဖသည္ကို သူမၾကားလိုက္ရသျဖင့္ ႐ွက္ကိုး႐ွက္ကန္းျဖစ္ရသည္ပင္။

" ေၾသာ္ အင္း... ငါၾကားလိုက္ပါတယ္။ မင္းက ေကာင္မေလးဆီက က်ိန္းေသ Yesအေျဖရမယ္လို႔ ယုံၾကည္တယ္ဆို "

" လိမ္ျပန္ၿပီ။ တကယ္ေတာ့ ငါမင္းကို ဘာစကားမွျပန္မေျပာရေသးဘူး။ ငါ့ကိုေမးတုန္းကေမးၿပီး ခ်က္ခ်င္းဘာေတြစဥ္းစားၿပီး ငိုင္သြားသလဲမသိဘူး။ ဧကႏၲ ဘူဆန္မွာက်န္ခဲ့တဲ့ မင္းေကာင္မေလးကို သတိရသြားလို႔လား "

ရယ္လ်က္ စေနာက္လာေသာ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂုလည္း သူအညာမိသြားမွန္းသိလိုက္သည္။ အ႐ွက္ေတြေတာ့ကုန္ၿပီ ထင္သည္။ သူအေတြးလြန္ေနတာေတြ ထယ္ေယာင္း သိကုန္လို႔။ ပိုဆိုးသည္က ထယ္ေယာင္း သူ႕ကိုအထင္ႀကီးၿပီး ေကာင္မေလး႐ွိသည္ ထင္ေနသည္။ ႐ွိေတာ့ ႐ွိတာေပါ့။ ေကာင္မေလးေတာ့ မဟုတ္ဘူး အခု အနားမွာ႐ွိေနတဲ့တစ္ေယာက္။

" ငါ့မွာ ဘယ္ကေကာင္မေလး႐ွိရမွာလဲ။ ငါက ရည္းစားမထားဘူးေသးတဲ့ ေရမေရာတဲ့လူပ်ိဳစစ္စစ္ "

ထယ္ေယာင္းတစ္ေယာက္ အံ့ၾသမႈျဖင့္ မ်က္လုံးျပဴးလ်က္ ႏႈတ္ခမ္းႏွစ္လႊာပြင့္ဟသြားသည္။ ေဂ်ာင္ဂုလိုလူမ်ိဳးက အခုထိ ရည္စားတစ္ေယာက္မွ မထားဖူးပါတဲ့။ ဒါက ျဖစ္ႏိုင္ပါ့မလား။

" မင္း တကယ္ႀကီးလား။ မင္းလိုမ်ိဳး hotျဖစ္တဲ့ေကာင္က ရည္းစားတစ္ေယာက္မွ မထားဖူးဘူးဆိုေတာ့။ ငါ့အထင္ မင္းနားမွာ ေကာင္မေလးေတြဝိုင္းေနမွာပဲ။ ဘာလို႔ဆို မင္းက ေကာင္မေလးအမ်ားစုႀကိဳက္တတ္တဲ့ ပုံစံမ်ိဳးေလ "

ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂု ျပဳံးသည္ဆို႐ုံေလး ျပဳံးမိသည္။ တကယ္လည္း ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ေနေသာ္လည္း သူ႕ကိုယ္တိုင္က အခ်စ္ေရးစိတ္မဝင္စား၍ ရည္းစားမထားျဖစ္ခဲ့ျခင္း။ အခုမွ အခ်စ္ကို႐ွာေတြ႕သြားတာမို႔ ပထမဆုံးအခ်စ္မွာ သူမက်႐ႈံးခ်င္။

" တကယ္လည္း ငါက မင္းေျပာသလို ေကာင္မေလးေတြဝိုင္းဝိုင္းလည္ေနတဲ့ ေကာင္ပါပဲ။ ငါကိုယ္တိုင္က အခ်စ္ေရးကိုေခါင္းထဲမ႐ွိခဲ့ေတာ့ ဘယ္သူ႕ကိုမွ ခ်စ္သူအျဖစ္မေ႐ြးခ်ယ္ခဲ့ဘူး။ ဒါေပမဲ့ ငါအခု အခ်စ္ကို႐ွာေတြ႕သြားၿပီ။ အဲ့ဒီအခ်စ္က အခုငါ့ေဘးမွာ "

ေဂ်ာင္ဂုတစ္ေယာက္ ထိုစကားကို ထယ္ေယာင္းမ်က္ႏွာ ေစ့ေစ့ၾကည့္ရင္း ေျပာလိုက္ျခင္း။ အဓိပၸါယ္႐ွင္းလင္းလြန္းေသာ ထိုအၾကည့္ေၾကာင့္ ထယ္ေယာင္းလည္း ရင္ထဲထိတ္ခနဲျဖစ္ကာ မ်က္လုံးအျပဴးသားျဖင့္။ ထိတ္လန္႔ျခင္းတစ္လွည့္ အံ့ၾသျခင္းတစ္လွည့္ျဖင့္ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ သူ႕အမူအရာပ်က္ယြင္းေနသည္။

ဘာလား! မင္းကပါ ငါ့ကိုႀကိဳက္ေနတယ္လို႔ မေျပာနဲ႔ေနာ္။ ငါ့မွာ နမ္ဂြၽန္းတစ္ေယာက္နဲ႔တင္ မနည္းေ႐ွာင္ေျပးေနရတာ။ မင္းပါ ငါ့ကိုထပ္ႀကိဳက္တယ္ဆိုရင္ ငါေတာ့ ႐ူးမိေတာ့မယ္။ ငါ့နားက ေယာက်္ားေလးေတြ ဘာစိတ္ေတြေပါက္ေနၾကလဲမသိ။ ရင္းရင္းႏွီးႏွီး ေယာက်္ားေလးသူငယ္ခ်င္းဆိုလို႔ ႏွစ္ေယာက္တည္း႐ွိပါတယ္ ႏွစ္ေကာင္လုံး ငါ့လာႀကိဳက္ေနရလား။ ဘုရားစူး ငါေယာက်္ားစစ္စစ္ပါဟ။ ငါ့ကို ေက်းဇူးျပဳၿပီး လာမႀကိဳက္ၾကပါနဲ႔။

ဒီစကားေတြကို ပါးစပ္ကေအာ္ေျပာခ်င္ေပမဲ့ ထယ္ေယာင္း ႏႈတ္ကထြက္မလာ။ ေဂ်ာင္ဂုႏႈတ္က ဖြင့္မေျပာလာေသးသျဖင့္ တကယ္မဟုတ္လွ်င္ ႐ွက္စရာႀကီးပင္။ ေလာေလာဆယ္ သူ႕အတြက္အေကာင္းဆုံးအေျဖက မသိခ်င္ေယာင္ၿပီး မူေနလိုက္ရန္။

" ဟုတ္လား မင္းခ်စ္တဲ့သူက မင္းအနားမွာ႐ွိတာ မင္းကံေကာင္းတာေပါ့။ ႀကိဳးစားပါ ငါ့သူငယ္ခ်င္းေလး။ အကူအညီလိုရင္ ငါ့ကိုေျပာ "

မင္းက အေ႐ွာင္အတိမ္းေကာင္းသားပဲ ထယ္ေယာင္း~ ငါ့စကားက မင္းကိုရည္႐ြယ္တာသိရက္နဲ႔ မသိခ်င္ေယာင္ၿပီး စကားကိုလြတ္ေအာင္ေျပာသြားတယ္။ ငါ့စိတ္က အလိုလိုသိေနတယ္.. မင္းကိုအေျဖေပးမယ့္ေကာင္မေလးကို မင္းတကယ္မခ်စ္ဘူးဆိုတာ။ ေနာက္ကြယ္မွာ ဘာအေၾကာင္းေတြ႐ွိေနလဲ ငါမသိေပမဲ့ မင္းကိုငါ့လူျဖစ္ေအာင္လုပ္ဖို႔ ငါ့ဘက္က လုံးဝလက္ေလ်ာ့မွာမဟုတ္ဘူး။ မင္းနဲ႔ငါ တိုက္ခန္းတစ္ခန္းတည္းမွာ အတူေနရေတာ့မွာဆိုေတာ့ ငါ့မွာ ႀကိဳးစားဖို႔ အခြင့္အေရးေတြ႐ွိေသးတယ္။

ဒီစကားေတြအားလုံး ေဂ်ာင္ဂု စိတ္ထဲမွာပဲ ေျပာျဖစ္ခဲ့သည္။ တကယ္ ႏႈတ္ကထြက္လာသည္က စကားလမ္းေၾကာင္းလႊဲရန္ဦးတည္ေသာ စကားလုံးမ်ားသာ။

" ေအးပါ သူငယ္ခ်င္းရယ္။ ဒါနဲ႔ မင္းကိုငါေမးပါဦးမယ္။ အခုေဆာင္းဝင္ေနၿပီကို မင္းဘာလို႔ ေဘာင္းဘီတိုနဲ႔ေနရတာလဲ။ တစ္ရက္ထပ္တစ္ရက္ ပိုေအးလာေတာ့မွာ အဝတ္အစားဂ႐ုစိုက္ဦး "

" ေအး ဟုတ္သားပဲ။ ငါလည္း တစ္ခါတစ္ခါ ေဆာင္းရာသီဝင္လာတာကို ေမ့ေနတယ္။ အိမ္ကလည္းလုံေတာ့ ေန႔ဘက္ေအးတာ သိပ္မသိသာပါဘူး။ ညေနေလာက္မွသာ တျဖည္းျဖည္းေအးလာတာ။ ဘာပဲျဖစ္ျဖစ္ မင္းေျပာသလို အဝတ္အစားဂ႐ုစိုက္ပါ့မယ္ "

ေဆာင္းတြင္းမဟုတ္လည္း ငါမင္းေ႐ွ႕မွာ ေဘာင္းဘီတိုထပ္မဝတ္ရဲေတာ့ဘူး။ ငါ့ေပါင္ေဖြးေဖြးေတြကို မင္းအသားယူၿပီးၾကည့္တာ ငါမခံႏိုင္ဘူးေလ။

" ဒါနဲ႔ေလ မင္းနဲ႔မင္းေကာင္မေလး ခ်ိန္းထားတဲ့ေနရာကို ငါလိုက္ခဲ့လို႔ရမလား။ ငါ မင္းတို႔ကို မေႏွာင့္ယွက္ပါဘူး။ အျခားစားပြဲမွာထိုင္ၿပီး ခပ္လွမ္းလွမ္းကေန မင္းတို႔ကို လွမ္းၾကည့္ေနမယ္။ ဒါမွ မင္းနဲ႔သူ လိုက္မလိုက္ဆိုတာ ငါၾကည့္ေပးလို႔ရမွာ "

ေဂ်ာင္ဂု ႐ုတ္တရက္ ထေျပာလာေသာစကားေၾကာင့္ ထယ္ေယာင္းဦးေႏွာက္က အၾကံတစ္ခု ျဖတ္ခနဲေပၚလာသည္။ ဒါက ေဂ်ာင္ဂု သူ႕အေပၚ လက္ေလ်ာ့သြားေအာင္လုပ္ဖို႔ ထိုးႏွက္ခ်က္တစ္ခုပဲ။

" ဒီအၾကံေကာင္းသားပဲ။ ငါလည္း သူနဲ႔သြားေတြ႕ရင္ ဘယ္သူ႕အေဖာ္ေခၚသြားရမလဲ စဥ္းစားေနတာ။ မင္းလိုက္မယ္ဆိုေတာ့ ငါ့အတြက္အဆင္ေျပတာေပါ့ "

ေျပတယ္... သိပ္ကို အဆင္ေျပတယ္။ ဒါမွ ငါ ေကာင္မေလးဆီက အေျဖရသြားတာကို သူ႕မ်က္လုံးနဲ႔တပ္အပ္ျမင္ၿပီး ငါ့ကိုဆက္မႀကိဳက္ေတာ့မွာ။ ငါနဲ႔လိုက္ခဲ့ၿပီး ငါရည္းစားရသြားတာကို ရင္နာနာနဲ႔လိုက္ၾကည့္ေပါ့။ ျပန္ေတြ႕ေတြ႕ခ်င္းေန႔မွာ အက်င့္ယုတ္ရတာ စိတ္မေကာင္းပါဘူး ငယ္သူငယ္ခ်င္းေလးေရ။
~~~~~xxxxx~~~~~

ညေန ၄ နာရီ။ ေဂ်ာင္ဂုတို႔ႏွစ္ေယာက္သား Yerinကိုခ်ိန္းထားသည့္ ေကာ္ဖီဆိုင္ေလးဆီ ေရာက္လာခဲ့ၾကသည္။ ဆိုင္ထဲေရာက္ေရာက္ခ်င္း ထယ္ေယာင္းတစ္ေယာက္ လွပစြာဝတ္စားထားေသာ ေကာင္မေလးတစ္ေယာက္႐ွိရာ စားပြဲကိုလွမ္းျမင္လိုက္သည္။

" သူကေတာင္ အေစာႀကီးႀကိဳေရာက္ေနတာပဲ။ ဟိုမွာထိုေနတာ ငါေျပာတဲ့ Yerinေလ "

ထယ္ေယာင္း လက္ညိႇဳးၫႊန္သည့္စားပြဲကို ေဂ်ာင္ဂု လွမ္းၾကည့္ေတာ့ အျပဳံးခ်ိဳခ်ိဳျဖင့္ လက္လွမ္းျပေနေသာ ခပ္ေခ်ာေခ်ာ မိန္းကေလးတစ္ေယာက္။ သူ႕ကိုေတာ့ မ်က္ႏွာစိမ္းမို႔ထင္သည္။ ဘယ္သူလဲဟူေသာ အၾကည့္ျဖင့္ စူးစမ္းလွ်က္။

" သူေရာက္ေနၿပီဆိုေတာ့ မင္းသူ႕ဆီသြားလိုက္ေတာ့ေလ။ ငါဒီေနရာကေန မင္းတို႔ကိုလွမ္းၾကည့္ေနမယ္ "

ေဂ်ာင္ဂုလည္း ထယ္ေယာင္းတို႔စားပြဲကို ေကာင္းေကာင္းလွမ္းျမင္ႏိုင္ေသာ စားပြဲတစ္ခုမွာ ေနရာယူလိုက္ၿပီး ထယ္ေယာင္းကို Yerinဆီ သြားေစသည္။ ထယ္ေယာင္း တို႔ကို အေဝးကအကဲခတ္ၾကည့္ရင္း သူ႕ေဘးဘီဝဲယာကိုလည္း လိုက္ၾကည့္ေနမိသည္။ ထူးျခားသည္တစ္ခုမွာ သူ႕နားကပ္လွ်က္စားပြဲတြင္လည္း မ်က္ႏွာမျမင္ရေအာင္ ဦးထုပ္ခပ္ငိုက္ငိုက္ေဆာင္းထားသူတစ္ဦး ထိုင္ေနၿပီး ထယ္ေယာင္းတို႔စားပြဲဆီ လွမ္းၾကည့္ေနျခင္းပင္။

ဒီလူက ငါ့လိုပဲ ထယ္ေယာင္းတို႔ႏွစ္ေယာက္ကို လွမ္းၾကည့္ေနတာပဲ။ မ်က္ႏွာမျမင္ေအာင္ ဦးထုပ္ကိုခပ္ငိုက္ငိုက္ေဆာင္းထားေတာ့ ဘယ္သူဘယ္ဝါဆိုတာ မသိႏိုင္ဘူး။ထယ္ေယာင္းတို႔ကို အႏၲရာယ္ေပးမယ့္သူဆိုရင္ ဒုကၡပဲ။ ဒီလူ႕ကိုပါ မ်က္ေျခမပ်က္ေအာင္ ေစာင့္ၾကည့္ရမယ္။
~~~~~xxxxx~~~~~

ထယ္ေယာင္း စိတ္ကိုအေကာင္းဆုံးျပင္ဆင္ရင္း Yerinေ႐ွ႕မွာဝင္ထိုင္လိုက္သည္။ ေဂ်ာင္ဂုအပါအဝင္ ဘယ္သူမွသံသယမဝင္ေအာင္လည္း သ႑ာန္လုပ္သ႐ုပ္တူေအာင္ သ႐ုပ္ေဆာင္ျပရဦးမည္။

" Yerin ေစာင့္ရတာၾကာသြားၿပီလား "

" မၾကာေသးပါဘူး။ နင္မေရာက္ခင္ ႏွစ္မိနစ္ေလာက္က ေရာက္ေနတာဆိုေတာ့ သိပ္မေစာင့္လိုက္ရဘူး "

ထယ္ေယာင္း အေမးကိုျပန္ေျဖေနရင္း Yerin စိတ္ေတြ အေတာ္ေလးလႈပ္႐ွားေနသည္။ သူပထမဆုံးခ်စ္ရသူ၊ ႏွစ္႐ွည္လမ်ားခ်စ္ခဲ့ရေသာသူ၊ အခ်ိန္အၾကာႀကီး ေမွ်ာ္လင့္ေနခဲ့သူ... ထိုသူအား အေျဖေပးရေတာ့မည္မို႔ စိတ္လႈပ္႐ွားမိတာမဆန္းပါ။ အိပ္မက္ထဲထည့္မက္ရသည္အထိ စြဲလြမ္းရပါေသာ မိမိေ႐ွ႕က ျဖဴျဖဴဥဥေကာင္ေလးကို ဘယ္လိုစိတ္မ်ိဳးနဲ႔ ျငင္းရက္ပါမည္နည္း။

" ဟို ငါေလ... နင္ အေျဖေတာင္းထားတဲ့ကိစၥ... "

စိတ္လႈပ္႐ွားေနသည့္ၾကားမွ Yerin တုန္တုန္ရီရီျဖင့္ စကားစလာသည္။ စိတ္လႈပ္႐ွားျခင္းအျပည့္ျဖင့္ စကားေျပာရသည္မွာလည္း မဝံ့မရဲ။ သို႔ေသာ္ သူမ အေကာင္းဆုံး သတၱိေမြးရမည္။ ဒါမွ သူအခ်စ္ရဆုံးေယာက်္ားတစ္ေယာက္ကို လက္မလြတ္ရမွာ။

" ငါေျပာမယ့္အေျဖကို နင္ႀကိဳသိေနေလာက္မယ္လို႔ ငါေမွ်ာ္လင့္ပါတယ္။ ငါေလ...နင့္ကိုအရမ္းခ်စ္တယ္။ ငါေသခ်ာေျပာရဲတယ္ နင္ငါ့ကိုခ်စ္တဲ့အခ်စ္ထက္ ငါနင့္ကိုအမ်ားႀကီးပိုခ်စ္တယ္။ ငါ့ကို နင္အရင္ဖြင့္ေျပာခဲ့လို႔ ငါအရမ္းေပ်ာ္မိတယ္။ ငါေလ နင့္ကိုအေျဖေပးရတာ အရမ္းေပ်ာ္တာပဲ "

အေျဖကိုႀကိဳသိေနသျဖင့္ထယ္ေယာင္း အတြက္ သိပ္ၿပီးအံ့ၾသစရာမ႐ွိ။ သို႔ေသာ္ ေဂ်ာင္ဂု ေစာင့္ၾကည့္ေနသျဖင့္ ပီျပင္ေအာင္ သ႐ုပ္ေဆာင္ေပးရမည္။

" တကယ္လား Yerin! နင္ငါ့ကို တကယ္ခ်စ္တယ္ေပါ့။ ငါေပ်ာ္လိုက္တာဟာ "

ေဂ်ာင္ဂုထိုင္ေနသည့္ေနရာအထိ ၾကားရေအာင္ ထယ္ေယာင္းက အားရဝမ္းသာေလသံျဖင့္ အသံျမႇင့္ေျပာလိုက္သည္။ သူ႕အသံက်ယ္လြန္းသျဖင့္ အေ႐ွ႕မွာထိုင္ေနသည့္ Yerinပင္ ႐ုတ္တရက္လန္႔သြားခဲ့သည္။

" တိုးတိုးေျပာပါ ထယ္ေယာင္းရယ္။ ဆိုင္ထဲကလူေတြ အကုန္ၾကားေတာ့မွာပဲ "

Yerinစကားကို ထယ္ေယာင္း ဘာမွျပန္မေျပာဘဲ သူ႕အဓိပၸါယ္ႏွင့္သူ ျပဳံးစိစိလုပ္ေနသည္။ သူ႕အသံကို ေဂ်ာင္ဂု ၾကားလိုက္ရတာ က်ိန္းေသသျဖင့္ ေဂ်ာင္ဂုရန္က လြတ္ၿပီဟု ေတြးလိုက္မိသည္။

မင္းအခု ဘာတတ္ႏိုင္ေသးလဲ ေဂ်ာင္ဂု ~ အခုေတာ့ ငါက ရည္းစားရသြားၿပီ။ ဒီေတာ့ မင္းငါ့ကိုႀကိဳက္ေနလည္း အလိုက္တသိ ေနာက္ဆုတ္ေပးလိုက္ေတာ့။ အခု ဒီေကာင္ အသည္းကြဲၿပီး ေခ်ာင္တစ္ေခ်ာင္မွာ သြားငိုေတာ့မလားမသိဘူး။

ထယ္ေယာင္း သူ႕အေတြးႏွင့္သူ စိတ္ထဲစကားေတြေျပာေနရင္း သူ႕လက္ကိုလာကိုင္ေသာ ေအးစက္စက္လက္တစ္စုံေၾကာင့္ ထိတ္ထိတ္လန္႔လန္႔ျဖင့္ လက္ကိုခါလိုက္မိသည္။ ေနာက္မွ လက္ပိုင္႐ွင္ကိုျပန္ၾကည့္ေတာ့ ေၾကာက္ေနပုံရေသာမ်က္ဝန္းတို႔ျဖင့္ Yerin~

" နင္က လက္ကိုင္တာမႀကိဳက္လို႔လားဟင္။ ေအးေလ အခုမွ ရည္းစားစျဖစ္တာဆိုေတာ့ နင္႐ွက္ေနမွာေပါ့။ ငါနင္မႀကိဳက္တာဆို အကုန္ေ႐ွာင္မွာမို႔လို႔ နင္မႀကိဳက္တဲ့အရာေတြ ငါ့ကို အကုန္ေျပာျပထားေလ "

မ်က္ႏွာငယ္ေလးျဖင့္ စကားဆိုလာသည့္ Yerinေၾကာင့္ ထယ္ေယာင္း ​ေျခမကိုင္မိ လက္မကိုင္မိျဖစ္သြားသည္။ ဘယ္တတ္ႏိုင္မလဲ သူကိုက အေတြးလြန္ၿပီး လက္ကိုင္တာလန္႔သြားမိတာကို။

" ငါေတာင္းပန္ပါတယ္ Yerin~ ႐ုတ္တရက္မို႔ ငါလန္႔ၿပီး ခါထုတ္လိုက္မိတာ။ ၿပီးေတာ့ တကယ္လည္းငါက ငါ့အသကို သူမ်ားလာထိတာ မႀကိဳက္တတ္ဘူးဟ။ ဒါေပမဲ့ နင္နဲ႔တြဲေနၿပီဆိုေတာ့ ငါ့အက်င့္ကို ႀကိဳးစားျပင္ေပးပါ့မယ္ "

ငါ Yerinလက္ကို ခါထုတ္လိုက္တာ ေဂ်ာင္ဂု ျမင္မသြားေလာက္ပါဘူးေနာ္။ ဒီေကာင္သာျမင္ရင္ ငါတို႔ဆက္ဆံေရးကို သံသယဝင္ၿပီး ငါ့ကိုဆက္ႀကိဳက္ေနဦးမယ္။

ထယ္ေယာင္း စိတ္ထဲ ဇေဝဇဝါျဖစ္လာသျဖင့္ ေဂ်ာင္ဂု ထိုင္ေနသည့္ေနရာကို မသိမသာလွမ္းၾကည့္လိုက္သည္။ ဘယ္အခ်ိန္တည္းက ထြက္သြားမွန္းမသိဘဲ ေဂ်ာင္ဂုတစ္ေယာက္ သူထိုင္ေနသည့္ေနရာမွာ မ႐ွိေတာ့ေပ။

ဒီေကာင္ ဘယ္ေရာက္သြားတာလဲ။ ငါထင္သလို တစ္ေနရာရာမွာမ်ား သြားငိုေနၿပီလား။

To be continued...

Continue Reading

You'll Also Like

52.3K 7.4K 28
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
104K 25.5K 76
හීන ........ හැමෝගෙම හිත්වල හීන තියෙනවා .... ඒත් විවිධාකාරයි.... සමහර හීන අහසට පොළොව වගේ...... ඒත් කොතනකදි හරි මේ හීන එකට මුණගැහුනොත්...... එහෙම වෙ...
172K 13K 38
Jeon Jungkook Top / Kim Taehyung bottom
24.9K 2.3K 12
L'Amour = Love #France