Chapter : 24

26K 3.3K 266
                                    

Unicode

အရှင့်သားရဲ့မေးခွန်းကို ကျွန်တော်ဖြေမယ်

______________________

အရုဏနိုးလာသောအချိန်သည် လင်းအရုဏ်ပင် မရောက်သေးသော ညဉ့်အချိန်နှင့် မနက်ခင်းအကြား အကူးအပြောင်းအချိန်ကာလတွင်ဖြစ်သည်။ နေ့တစ်နေ့ကို အားယူမွေးဖွားနေသော ညတစ်ည​၏အဆုံးသတ်ကာလဖြစ်ပြီး ပတ်ဝန်းကျင်မှာ အေးစက်မှောင်မဲနေဆဲပင်။ သူ​၏ဘေးတွင် နန္ဒနှင့်ပီယံမှာ နှစ်ခြိုက်စွာအိပ်မောကျနေဆဲဖြစ်ပြီး ယုဂန်ကိုကား မတွေ့ရ။

အရုဏသည် တိတ်ဆိတ်လွန်းသောလှုပ်ရှားမှုများနှင့် အိမ်အပြင်သို့ထွက်လာခဲ့သည်။

အပြင်ဘက်၌ အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို မဟူရာညဉ့်လွှာရုံကြီးက ခြုံလွှမ်းဆိုင်းအုပ်ထားပြီး မြူမှုန်များဆိုင်းကာ နှင်းမှုန်များဖျန်းပက်နေသည်။ အလွန်တရာ အေးစိမ့်လွန်းပါ​၏။ အပြင်ဘက်သို့ထွက်လာသော ခြေလှမ်းတစ်လှမ်းချင်းစီအလိုက်၊ လက်အလွှဲ တစ်ချက်အလိုက် စိမ့်သောချမ်းအေးမှုက ရေခဲစများနှင့် ထိခတ်လိုက်ရသည့်အလား။ အနက်ရောင်အာကာယံတွင် မလုံးဝန်းသောလမင်းမှာ မကွယ်ပျောက်သေး။ မှိန်ဖျဖျကြယ်အချို့မှာလည်း အနက်ရောင်ခြုံလွှာတွင် ကပ်ငြိနေသော စိန်ပွင့်များပမာကောင်းကင်ကို ကုပ်ဆွဲကပ်တွယ်ထားဆဲ။

ညဉ့်သုံးယံ​၏ နောက်ဆုံးယံဖြစ်သောနေထွက်ချိန်ကို မရောက်ရှိသေးသဖြင့် ပတ်ဝန်းကျင်မှာမှောင်နေသော်ငြား
နေမင်း​၏ရှေ့တော်ပြေးဖြစ်သည့် မိုးသောက်ကြယ်ကိုမူ အရှေ့ဘက်ကောင်းကင်ယံတွင် လင်းလက်တောက်ပစွာ တွေ့ရသည်။

ည​၏လမင်းနှင့် နေထွက်ချိန်​၏သင်္ကေတ မိုးသောက်ကြယ်တို့ အလင်းအားပြိုင်နေကြ​၏။ နေမင်းလောက် မတောက်ပသော်ငြား ၎င်းတို့​၏အလင်းကြောင့် ပတ်ဝန်းကျင်ကို
မပီဝိုးတဝါးစွာ မြင်နေရသည်။

ထိုသို့ ပီသကြည်မြခြင်းမရှိသောအလင်းမြူအောက်တွင်မူ တောင်ဇလပ်ပင်ကြီးနှင့် ယင်းအပင်အောက်ရှိကွပ်ပျစ်၌ နောက်ကျောပေးထိုင်နေပါသော ယုဂန်နိုင်​၏ပုံရိပ်.....

The Everlasting One  ( volume 1 )Where stories live. Discover now