Chapter : 15

24.6K 3.5K 342
                                    

Unicode

ဒဏ္ဍာရီများကိုသိရှိနေသူ

____________________

သူယောင်မယ်မိန်းကလေး​၏ ရှည်လျားသောအနီရောင်လက်သည်းများသည် ယုဂန်​၏ရင်ဘတ်ဆီသို့ကြမ်းတမ်းခက်ထန်စွာ ဦးတည်လာသည်။ ရုတ်တရက်အတွင်းဖြစ်သွားသည်မို့ ယုဂန်သည် ကြောင်အမ်းရပ်တန့်နေမိရာ
ဘေးနားရှိအရုဏက ယုဂန်ကိုအနောက်သို့ လျင်မြန်စွာ
ဆွဲလိုက်သည်။ ထို့ကြောင့် ယုဂန်သည် ထို ဇီဝချုပ်စေနိုင်သည့်လက်သည်းရှည်များရန်မှ သီသီလေးလွတ်သွား​၏။

"သူတို့က သူယောင်မယ်တွေမဟုတ်တော့ဘူး"

အရုဏ ဩရှစွာပြောသည်။

ဘေးဘီတွင်ဝိုင်းရံနေကြသော သူယောင်မယ်များသည်
လှပနူးညံ့သောပုံစံများ တမုမဟုတ်မချင်းကွယ်ပျောက်သွားကာ သူမတို့​၏မျက်လုံးများသည် မျက်သားဖြူဖြူဖြစ်သွားပြီး လက်သည်းတို့သည် နီရဲ၍ရှည်ထွက်လာကာ ခက်ထန်သောအသွင်ပြောင်းသွားသည်။

ချက်ချင်းဆိုသလို သူယောင်မယ်များသည် သူတို့လေးယောက်အား ဝိုင်းအုံတိုက်ခိုက်ကြတော့သည်။

အရုဏ၊ နန္ဒနှင့် ပီယံတို့သည် သူယောင်မယ်များ​၏တိုက်ခိုက်မှုကို လျင်မြန်စွာတုံ့ပြန်ကာကွယ်ကြသည်။ ယုဂန်သည်
လုံးလုံးမတိုက်ခိုက်နိုင်သောကြောင့် သူတို့ ၏နောက်ကွယ်၌နေလျက်သာ တိုက်ခိုက်လာမှုများကို မနည်းရှောင်ရှားနေရသည်။

သူယောင်မယ်များ​၏လက်သည်းရှည်များသည် ဓားတစ်ချောင်း​၏အသွားပမာ ထက်ရှနေကြသည်။ သူမတို့သည် လေထဲတွင်ပါပျံဝဲလာနိုင်လျက် သရဲမိစ္ဆာများကဲ့သို့
အသွင်သဏ္ဌာန်ပင် ပေါ်ပေါက်လာကြသည်။

အရုဏသည် သူ​၏ဝမ်းဗိုက်တည့်တည့်ထံဦးတည်လာပါသော သူယောင်မယ်တစ်ယောက်​၏လက်သည်းရှည်ကို
ရှောင်ရှားရင်း ထိုသူယောင်မယ်​၏ရင်ညွန့်ကို ဓားဖြင့်ဆောင့်ထိုးလိုက်သည်။ ထုတ်ချင်းပေါက်သွား​၏။ သူမဆီမှသွေးများအလျှံအပယ်ပန်းထွက်လာကာ သူမသည် မြေပြင်ပေါ်သို့ အပုံလိုက်လဲကျသွားတော့သည်။ လဲကျသွားသော သူမ​၏ခန္ဓာကိုယ်သည် ရိရွဲသောအဖြစ်သို့ ချက်ချင်း ရောက်ရှိသွားသည်။ အသီးပုပ်တစ်လုံး လိုပင်။

The Everlasting One  ( volume 1 )Where stories live. Discover now