ကျေးဇူးတင်လွှာ / ေက်းဇူးတင္လႊာ

11.1K 1.1K 253
                                    

Unicode

" The Everlasting One " ဟာ တစ်နှစ်နဲ့ ၈၁ ရက်ကြာပြီးတဲ့နောက်မှာတော့ Volume 1 ပြီးဆုံးသွားပြီဖြစ်ပါတယ်။

yayyyyyyy!!!! 🙆‍♀️

Volume 2 နဲ့ Volume 3 ကို စောင့်မျှော်ပေးပြီး အရုဏ၊ ယုဂန်တို့နဲ့အတူတူ ရှေ့ဆက်သွားကြရအောင်လားရှင့်...

စစချင်းကတည်းက TEO က ရှည်လျားထွေပြားမယ့်ဇာတ်လမ်းဆိုပြီး ကျွန်မပြောခဲ့ပါတယ်။ Volume 1 ကတော့ အတော်လေးရှည်လျားပါတယ်။ Volume 2 နဲ့ 3 ကတော့ နှစ်ခုပေါင်းမှ အပိုင်း ၉၀ နီးပါးပဲ ရှိမယ်လို့ ထင်ပါတယ်။ ( ၁၀၀ လည်း ကျော်ချင်ကျော်ပါလိမ့်မယ် )

" Volume 2 + volume 3" ကို ကျွန်မရဲ့ wattpad acc ထဲက work မှာ တင်ထားပါတယ်။ သွားရောက်ယူဆောင်ပြီး library ထဲ၊ reading list ထဲထည့်ထားနိုင်ပါတယ်။ ကျွန်မ တစ်ပတ်လောက်နားပြီးတာနဲ့ [ရေးလက်စ LOL (Mission impossible)လေးအပြီးသတ်ဖို့ပါ] Volume 2 ကို တင်သွားမှာပါ။ ဒါကြောင့် TEO နဲ့ နည်းနည်းလေးတောင် အဆက်ပြတ်သွားမှာ မဟုတ်ပါဘူး။

လူတော်တော်များများက စာရှည်ရင်၊ အပိုင်းရှည်ရင် မဖတ်ချင်ကြပါဘူး။ ရှည်လို့ဆိုပြီး TEO ကို drop လိုက်တယ် ဆိုတာမျိုးလည်း တွေ့ခဲ့ဖူးပါတယ်။ ( let me show you what you're missing~~paradise :3)

ဒါကြောင့် အခုချိန်ထိ TEO နဲ့အတူတူရှိပေးခဲ့ စာဖတ်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး TEO ဇာတ်သိမ်းတဲ့အထိ စိတ်ရှည်ရှည်နဲ့စောင့်မျှော်ပေးမယ့် သူတွေကိုလည်း ကြိုပြီးကျေးဇူးတင်ပါတယ်။

Volume 1 မပြီးဆုံးခင် Ongoing နဲ့အတူ စီးမျောပေးခဲ့တဲ့သူတွေကို အထူးတလည်ကျေးဇူးတင်ပါတယ်။ မင်းတို့က စာရေးသူ moti ရဖို့လိုနေတဲ့အင်အားကို ပေးခဲ့တဲ့သူတွေပါ။

reader တွေအကုန်လုံးကို ကျေးဇူးတင်ပေမယ့် Vote နဲ့ comment ၊ vote ရော comment ရောပေးရင် ပိုပြီးကျေးဇူးတင်ပါတယ်။ ကျွန်မက cmt တွေဆို တစ်ခုချင်းစီဝင်ဖတ်ပါတယ်။ ဒါက ကျွန်မကို အတော်လေးပျော်ရွှင်စေတယ်။

မင်းတို့အနေနဲ့ TEO ကို လုံးဝcomplete သွားမှ ဖတ်ချင်ဖတ်လို့ရပါတယ်။ ဒါပေမဲ့ ခုနကပြောခဲ့သလိုပဲပေါ့ Ongoing လိုက်သူတွေက ကျွန်မကို ရှေ့ဆက်သွားဖို့ အားဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်မကတော့ Ongoing လိုက်ကြမယ့်သူ များမလားလို့ ပိစိလေးမျှော်လင့်မိပါတယ်။ TEO ကလည်း ongoing လိုက်ရင် ပိုကောင်းတဲ့ type လို့ထင်ပါတယ်။

The Everlasting One  ( volume 1 )Where stories live. Discover now