Chapter : 59

21.5K 2.6K 482
                                    

Unicode

ဧကန္တ...
မဟုတ်မှလွဲရော...
သူက အရုဏကို...?

_____________________________

" ငါပြန်ရောက်လို့ရှိရင် လိုချင်တာတစ်ခုတော့ရှိတယ်..."

ယုဂန်​၏နားရွက်နားသို့ တိုးကပ်သွားပြီးနောက် အရုဏ တိုးဖွစွာဆိုသည်။

"မနေ့ညကလို မင်းငါ့ကို နမ်းပေးနိုင်မလား..."

သူ​၏အသံမှာ အက်ရှရှနိုင်လှပြီး သူ​၏နှုတ်ခမ်းမှထွက်သောလေနွေးတို့ဟာ ယုဂန်​၏နားသံသီးကို စိုထိုင်းပူနွေးသွားစေသည်။

**************************

မနေ့ညက...

ယုဂန်သည် လေးဘက်လေးတန် ကာရံထားသောအမှောင်ခန်းထဲတွင် ကျုံ့ကျုံ့လေးထိုင်နေခဲ့သည်။ သူ ထိုအမှောင်ခန်းထဲသို့ ရောက်နေသည်မှာ မည်မျှကြာမှန်းလည်းမသိ။ ဘယ်လိုရောက်လာမှန်းလည်းမသိ။ နောက်ပြီး ဒီအမှောင်ခန်းထဲမှ မည်သို့ထွက်သွားရမည်ကိုလည်း မသိချေ။

အသံတစ်ခုကို ကြားလာရသည်။ ထိုအသံမှာ မပီမသ၊ မပြတ်မသားနှင့် တိုးညှင်းရှတသော်လည်း စကားလုံးတိုင်းကို ယုဂန်အလိုလိုနေရင်း နားလည်နေခဲ့သည်။

"အမှတ်က အရင်လထက်လျော့သွားတယ်...ဒီမှာကြည့်စမ်း...မင်းမမှားသင့်တဲ့ဟာကို မှားခဲ့လို့...မင်းရဲ့အမှတ်တွေနည်းတာ...မင်းလွင်"

မင်းလွင်?
မင်းလွင်....

သူက မင်းလွင် ထပ်ဖြစ်ခဲ့ပြီလား....

အမှောင်ခန်းထဲကနေ ဖြတ်ခနဲဆိုသလို စားပွဲတစ်လုံးရှေ့သို့ရောက်သွားသည်။ ယုဂန်​၏ရှေ့ရှိ စားပွဲ၌တစ်စုံတစ်ယောက်ထိုင်နေသော်လည်း ရုပ်ကိုသဲသဲကွဲကွဲမမြင်ရပါ။

မဟုတ်သေး...
ရုပ်ကိုမြင်ရသည်။

သို့ရာတွင် ထိုရုပ်တို့မှာ တစ်စက္ကန့်လျှင်မျက်နှာတစ်ခုနှုန်းဖြင့် ပြောင်းလဲနေသည်။

ယောက်ျားဖြစ်လိုက်၊ မိန်းမဖြစ်လိုက်...
အသက်ငယ်လိုက်၊ အသက်ကြီးလိုက်...

တစ်ခုရှိသည်က ထိုမျက်နှာတွေအကုန်လုံးကို ယုဂန်....

ယုဂန်မဟုတ်....
မင်းလွင်သိသည်။

The Everlasting One  ( volume 1 )Where stories live. Discover now