Chapter : 62 (ပ)

22.3K 2.7K 752
                                    

Unicode

သဘောကျတယ်
____________________________

နောက်ဆုံးသောစာကြောင်းကို သာမန်ကာလျှံကာဖတ်ပြီးချိန်တွင် ယုဂန်သည် ပါးဖောင်းဖောင်းနှစ်ဖက်ကို မို့တက်လိုက်ပြီး အသက်တစ်ချက်ခပ်ပြင်းပြင်းရှူထုတ်လိုက်​၏။

မည်သည့်အရာမဆို ခဏလေးနှင့်မှတ်မိတတ်သောသူသည် ဖတ်ပြီးချိန်ငါးစက္ကန့်တောင် မကြာသောစာကြောင်းကို လွယ်လွယ်ကူကူမေ့သွားကတည်းက သူ ဒီစာအုပ်အပေါ် မည်မျှစိတ်မဝင်စားနေကြောင်း ပေါ်လွင်နေပြီ။

သူလေ့လာနေသောပညာရပ်ဖြစ်သည့် ဝေဒပဏ္ဍိဟူသော ရာသီနက္ခတ်နှင့်ယှဉ်သည့် ဆေးနည်းအဖုံဖုံစာအုပ်ကို ပိတ်လိုက်သည်။ အခုချိန် သူမည်မျှပင် ဖတ်ရှုလေ့လာမှတ်သားလင့်ကစား သူ​၏စိတ်က စာအုပ်ထဲမရှိနေသဖြင့်
ဘာတစ်ခုမှ မှတ်မိလိမ့်မည် မဟုတ်ချေ။

သူ​၏စိတ်ကူးအာရုံမှာ တစ်စုံတစ်ဦးထံလွင့်မျောလျက်ရှိ​၏။ အတွေးအာရုံတို့က ကမ္ဘာအပေါ်ကျသည့် နေအလင်းရောင်လို တားမရဆီးမရဘဲ ဦးနှောက်အတွင်း ဖြာဝေစီးဆင်းနေသည်။

ယုဂန် စားပွဲပေါ် ခေါင်းတင်ချလိုက်ပြီး ခေါင်းကိုဘယ်ဘက်အခြမ်းသို့လှည့်ကာ စာရွက်ဖိသည့်ကျောက်တုံးကို ငေးငိုင်စွာကြည့်သည်။ သူ​၏စက္ခုအာရုံ ဝေဝါးသွားချိန်တွင် အတွေးနယ်မြေက ထင်ရှားလာသည်။

သူ​၏ အတွေးပိတ်ကားစာမျက်နှာပေါ်တွင် မင်းသားအရုဏ​၏ပုံရိပ် ပေါ်ပေါက်လာသည်။ လျင်မြန်လွန်းသော စိတ်ကူးအပိုင်းအစများမို့ ရုပ်ပုံများဟာ ဖျတ်ခနဲ ဖျတ်ခနဲပြောင်းလဲနေသည်။

အစိမ်းရောင်တောက်တောက်မျက်ဝန်းတွေ....
ကျားတစ်ကောင်လို၊ မိချောင်းတစ်ကောင်လို ကျဉ်းမြောင်းရှည်လျားသော မျက်စိသူငယ်အိမ်ပြောင်းသွားသည့် သွေးရောင်မျက်ဝန်းတွေ....
ခပ်စူးစူးအကြည့်များနှင့်....
သူ့ကိုမြင်တိုင်း နူးညံ့သွားလေ့ရှိသည့် အရုဏ​၏အကြည့်တွေ...

စာတွေ မလေ့လာ၊ မမှတ်သားနိုင်ရလောက်တဲ့အထိ
အရုဏအကြောင်း တွေးမိနေတာတော့ မဟုတ်သေးဘူးမို့လား...

The Everlasting One  ( volume 1 )Where stories live. Discover now