Chapter : 91

15.6K 1.8K 249
                                    

Unicode

မင်းယောဇာ၏လျှို့ဝှက်သော အကြံအစည်

______________________

ယုဂန်သည် မြို့စားရွဲထံမှ ခိုးယူရရှိလာသည့်စာကို မဆိုင်းမတွ ဖွင့်ဖတ်ကြည့်လိုက်​၏။ ထိုစာရွက်ပေါ်ရှိ လက်ရေးများသည် ခပ်သော့သော့ဖြစ်၍ အောက်ပါအတိုင်းရေးသားထားသည်ကို တွေ့ရသည်။

မြို့စားရွဲနှင့်ကေသရာထံ သဝဏ်လွှာရောက်ရှိစေလိုသည်။

ကျွန်ုပ်ပြောမည့် အကြောင်းအရာအားလုံးသည် နဂါးမျက်ရှင်ကို ရယူရန် လိုအပ်သောနည်းလမ်းများသာဖြစ်သည်။

နဂါးမျက်ရှင်ကို ရယူရန် မဟာသစ်ပင်ကြီးမှ မွေးဖွားသောသူကို လိုအပ်သည်ဟု ဒဏ္ဍာရီကဆိုသည်။ သို့ရာတွင် ထိုမဟာသစ်ပင်၏သားသမီးမှာ နဂါးမျက်ရှင်၏ပိုင်ရှင် မဟုတ်။ သူတို့သည် အလွန်တရာအစွမ်းထက်လှသဖြင့် နဂါးမျက်ရှင်ကို အလွယ်တကူယူဆောင်နိုင်မည့် သဘောတရားသာ ဖြစ်သည်။ သာမန်လူများအနေနှင့် နဂါးမျက်ရှင်ကိုရယူရန် မဟာသစ်ပင်မှဖွားသောသူ အကူအညီကိုလိုအပ်သည်။

နဂါးမင်းသားအဏ္ဏသည် သူ၏နဂါးမျက်ရှင်ကို သိကာခယမင်း၏မျိုးဆက်အတွက် ရည်ရွယ်ထားခြင်းဟုသိရသည်။ ထို့ကြောင့် သိကာခယမင်းမျိုးဆက်သည် နဂါးမျက်ရှင်၏ပိုင်ရှင်အစစ်ဖြစ်သည်။ နဂါးမျက်ရှင်ကို အရယူရန် သိကာခယမျိုးဆက်ကို လိုအပ်သည်။ နဂါးမျက်ရှင် တည်နေရာအတိအကျကိုလည်း သိကာခယမင်းမျိုးဆက်သာ သိရှိမည်ဟု ကျွန်ုပ်ထင်မှတ်သည်။

ထိုအထိ ဖတ်ပြီးသော် ယုဂန်သည် မြို့စားရွဲနှင့်ကေသရာတို့​၏အကြံအစည်များကို ရိပ်မှန်းမိသယောင်ရှိလာသည်။

သူတို့နှစ်ဦးသည် နဂါးမျက်ရှင်ကိုရှာဖွေနေကြ​၏။ ဒေါဝံကို မြေလှန်ပစ်မည်ဟု ကြံစည်ခြင်းမှာလည်း နဂါးမျက်ရှင်ကို ရှာဖွေရန်သာဖြစ်ရမည်။

The Everlasting One  ( volume 1 )Where stories live. Discover now