Chapter : 44

21.5K 2.8K 230
                                    

Unicode

အရုဏမင်းသားကို စိတ်ဆိုးမယ်

_____________________________

"ချွေးမတော် နေမကောင်းဘူးဆိုလို့ သတင်းလာမေးရင်းနဲ့...တော်ဝင်သမားတော်ကြီးဆီလည်းခဏဝင်ပြီး ဆေးတွေတောင်းခဲ့သေးတယ်"

မိဖုရားခေါင်ကြီးပဉ္စမာယာသည် ညင်သာစွာပြုံး၍ပြောရင်း စားပွဲပေါ်ရှိဆေးဘူးတို့ကို သုဒြာဘက်သို့တိုးပေးလိုက်သည်။

" ဒီဆေးက တစ်ကိုယ်လုံးနုံးချိပြီးပင်ပန်းတာကို သက်သာစေလိမ့်မယ်...ညအိပ်ခါနီးတစ်ခွက်သောက်လို့တော့ သမားတော်ကြီးက ပြောလိုက်တယ်..."

အပြာရောင်ဘူးအဖုံးနှင့်ဆေးကို လက်ညှိုးဖြင့်ဖိ၍ သူမပြောသည်။ ထို့နောက် အနီရောင်ဘူးအဖုံးနှင့်ဆေးဘူးကို ညွှန်ပြသည်။

"ဒီဆေးက ဖျားနာတာအတွက်ဆေးတော့မဟုတ်ဘူး...သမားတော်ကြီးကို ဒီဆေးစပ်ခိုင်းထားတာတော့ကြာပြီ...ဒီနေ့မှရတာနဲ့ တစ်ခါတည်းယူလာလိုက်တယ်...မနက် အစာစားပြီးတာနဲ့ ရေနွေးနဲ့သောက်တဲ့...သားသမီးရဖို့အတွက် အထောက်အကူပြုလိမ့်မယ်"

" သားသမီး?"

သုဒြာ ထိတ်လန့်တကြားရေရွတ်သည်။ သူမ မည်သို့ပြန်လည်တုံ့ပြန်ရမည်မှန်းမသိဘဲ ခဏတာငြိမ်သွားပြီး ဘရဏသူကို မသိမသာလှည့်ကြည့်သည်။ ဘရဏသူ မျက်မှောက်ကုတ်ကျနေသည်။

" နေ့စဉ်မပြတ် မှန်မှန်တော့ မှီဝဲရမယ်နော်"

မိဖုရားခေါင်က သုဒြာ​၏လက်မောင်းကိုဆုပ်ကိုင်လျက် ရယ်ရယ်ပြုံးပြုံးပြောသည်။ သုဒြာသည် ရွေးချယ်စရာမရှိတော့သည့်ပမာ မချိစွာပြုံးလိုက်​၏။

" ဟုတ်ကဲ့ပါ...ခေါင်ဖုရား"

" အခုရော နေလို့ကောင်းရဲ့လား"

"နည်းနည်းတော့သက်သာနေပါပြီ...ဒါပေမဲ့ ခေါင်းတော့ကိုက်နေတုန်းပဲ"

" ဟုတ်လား...အဲ့တာများ အနားယူနေတာမဟုတ်ဘူးကွယ်"

" စောနတုန်းကအထိ သုဒြာအိပ်နေတာပါ...ခေါင်ဖုရားရောက်လာတယ်ဆိုလို့ ထ,လာ..."

" အို...မဟုတ်တာ...အခုပြန်ပြီးအနားယူလိုက်တော့...ကျွန်ုပ်နဲ့က နောက်မှတွေ့လည်းရတာပဲ..."

The Everlasting One  ( volume 1 )Where stories live. Discover now