Chapter : 48

20.5K 2.8K 787
                                    

Unicode

သဝဏ်လွှာပါးလိုသည်မှာ...

_____________________________

အမတ်ကြီးအနိဒိစ္စ​၏ လွန်ခဲ့သောခုနစ်နှစ်ခန့်က ဆုံးပါးခဲ့သည့် ဇနီးသည်၌ မြတ်နိုးလွန်းသောအကြိုက်တစ်ခုရှိခဲ့သည်။ ယင်းမှာ သဇင်ပန်းများပင်ဖြစ်သည်။

အမတ်ကြီး​၏ဇနီးသည် သဇင်ပန်းများကိုနှစ်သက်လွန်းသဖြင့် စံအိမ်တော်​၏ခြံဝန်း၌ ဓနိတိုင်များစီရီပြီး သဇင်ပန်းများ အများအပြားစိုက်ပျိုးခဲ့သည်။ သူမ​၏ပြုစုယုယမှုကြောင့် ဆောင်းရာသီရောက်တိုင်း စံအိမ်ဝန်းထဲတွင် သဇင်ပန်းများဖွေးဖွေးလှုပ်လေသည်။

သူမ ဆုံးပါးပြီးနောက်ပိုင်းတွင်လည်း စံအိမ်တော်မှ ဥယျာဉ်မှူး​က သဇင်ပန်းများကိုဆက်လက်ထိန်းသိမ်းခဲ့သည်။ ထို့ကြောင့် ဆောင်းရာသီရောက်တိုင်း အမတ်ကြီးအိမ်၌ သဇင်မပြတ်လပ်ပေ။

အထက်တန်းလွှာတို့သည် သူတို့​၏စံအိမ်တော်များကို အမည်နာမများ ပေးအပ်လေ့ရှိကြသည်။ စံအိမ်တော်အတွက်နာမကို အမတ်ကြီးက ဝေးဝေးလံလံမစဉ်းစားနေတော့ဘဲ စံအိမ်တော်​၏ပြယုဂ်အတိုင်း ပေးအပ်လိုက်သည်။

အမည်မှာ 'သဇင်မြိုင်နန်း' ဟူ၍။

တစ်နေ့သ၌ 'သဇင်မြိုင်နန်း' သို့လိပ်မူ၍ စာတစ်စောင်ရောက်ရှိလာခဲ့သည်။

*************************************

ဟီရမြို့တော်ရှိ သဇင်မြိုင်နန်းစံအိမ်တော်ဆီသို့ တတိယမြောက်မင်းသားအရုဏ သဝဏ်လွှာ,ပါးလိုက်သည်။

ယုဂန်နိုင်.......

ဒီသဝဏ်ကိုရေးစဉ်တွင် ကျွန်ုပ်သည် ဇိယတ္တသို့သွားသည့်လမ်းရှိ မုတဟူသောအရပ်၌ စခန်းချနေခြင်းဖြစ်သည်။
ဒီတစ်ည ခေတ္တစခန်းချပြီး မနက်ဖြန်မနက်တွင် ဇိယတ္တသို့ထွက်ခွာမည်ဖြစ်သည်။ ခြေလျင်တပ်အလုံးအရင်းဖြင့် ရအောင်အနိုင်သိမ်းမည်ဟူသော သုရှင်​၏အမိန့်တော်အရ
အရေအတွက်ဖော်ပြခွင့်မရှိသော တပ်မများကို ကျွန်ုပ် ဗိုလ်မှူးမင်းသားလုပ်၍ ဦးဆောင်ကွပ်ကွဲရမည်။

(တပ်တွင် ဘုရင်နှင့်အိမ်ရှေ့စံမပါဘဲ ယုံကြည်ရသောမင်းသားတစ်ပါး အမှူးအချုပ်အဖြစ် ဆောင်ရွက်ကွပ်ကဲလျှင် ထိုမင်းသားကို ဗိုလ်မှူးမင်းသားဟုခေါ်သည်)

The Everlasting One  ( volume 1 )Where stories live. Discover now