Chapter : 7

26.4K 3.6K 247
                                    

Unicode

ရန်ဖြစ်ခြင်းကိုမေ့ပျောက်ကာ သူငယ်ချင်းအသစ်ရလာခြင်း
__________________________

" ဘာလ်ို့လဲ... "

အောင်မြင်သောအသံကြောင့် ယုဂန်ကိုယ်လေး တုံ့သွားသည်။
မိမိရှေ့မှ ဒေါသတကြီိးဖြစ်နေသူကို ကြောင်ကြည့်နေမိသည်။

တွန့်ချိုးနေသော ထူထူထဲထဲမျက်ခုံးများနှင့်
စိမ်းညှို့သော စိတ်ဆိုးမာန်ရဲမျက်ဝန်း။

အဆိုပါလူဟာ ဒေါသထွက်နေတယ်။ ဘာလို့ ဒေါသထွက်နေရတာလဲ။ယုဂန် ဘာလုပ်မိလို့လဲ။ အိတ်လေးကျန်ခဲ့လို့ စေတနာနဲ့လိုက်ပေးတာ ဒေါသထွက်စရာလား။

" ဘီလူးက ဘီလူးလိုနေမှ ရမှာလား"

အက်ကွဲသောအသံက ဘာလို့နာကျင်နေပုံပေါက်ပါလိမ့်။
ဒီစကားဟာ ဘာကိုဆိုလိုတာပါလဲ။
ယုဂန် နားမလည်နိုင်တော့။ ယုဂန် သူ့အပြုအမူကိုလည်း
နားမလည်။ သူ့စကားကိုလည်း နားမလည်။

ယုဂန် သူ့ရှေ့ကထွက်သွားချင်သည်။ ထွက်ပေါက်မရှိ။
ယုဂန်၏ နောက်ကျောတွင် ရွှေရေးချတိုင်လုံးက ပိတ်ထားသည်။ အရှေ့တွင် သူက အုပ်မိုးထားသည်။ တိုင်လုံးနှင့်
မင်းသားကြားတွင် ယုဂန်ချောင်ပိတ်မိနေသည်။

ကံကောင်းစွာ စောရံက ယုဂန်နားသို့ အပြေးအလွှားရောက်လာသောကြောင့် တော်သေးသည်။

" အရှင့်သား....သခင်လေးအစား ကျွန်တော်မျိုးတောင်းပန်ပါတယ်။သခင်လေးက အတိတ်မေ့ဝေဒနာခံစားထားရတဲ့သူပါ။
သူ မသိလို့ အရှင့်သားကိုဟိုလို ခေါ်လိုက်မိတာပါ။
သူတကယ်မသိလို့ပါ။ ခွင့်လွှတ်ပေးပါ အရှင့်သား။
ကျွန်တော်မျိုးတောင်းပန်ပါတယ်"

တောင်းပန်နေသူ၏ သခင်လေးဆိုသူကို အရုဏ သေချာကြည့်လိုက်သည်။ အရုဏကို ကြည့်နေသော သခင်လေးဆိုသူ၏
မျက်လုံးနက်နက်တွေဟာ ဝိုင်းစက်အရည်လဲ့နေသည်။ နီနီရဲရဲနှုတ်ခမ်းလုံးလုံးတွေဟာ ဘာတစ်ခွန်းမှမပြောသော်လည်း
ထိတ်လန့်နေသယောင်ရှိသည်။

The Everlasting One  ( volume 1 )Where stories live. Discover now