Chapter : 61

22.6K 2.4K 409
                                    

Unicode

လျှိုဝှက်ခဲ့သောအကြောင်းများ
__________________________

မဟာသီဒါသည် စာရေးနေရင်း တစ်ချက်ပြုံးသွား​၏။
မဟာသီဒါ့အနားရှိ ရံရွေတော်တစ်ဖြစ်လဲ လူယုံတော်ခင်ရီမှာ မဟာသီဒါ အဘယ့်ကြောင့်ပြုံးသွားသည်ကို စပ်စုလျက်ရှိသည်။

" သူ့ကိုခေါ်ဖို့ အချိန်ရောက်ပြီ..."

မဟာသီဒါ တိုးဖွစွာဆို​၏။
ခင်ရီအံ့ဩသွားဟန်ရှိပြီး ပါးစပ်ပွင့်အာသွားသည်။

မဟာသီဒါ​၏ရေးလက်စစာမှာ ရှည်လျားပြီး လိပ်စာတပ်ထားသည်က ဦးဒေဝ​၏အမည်ဖြစ်သည်။ စာ​၏ဆိုလိုရင်းကို တစ်ခွန်းတည်းပြောရပါက

' ဒေါဏကိုနန်းတွင်းထဲခေါ်ဖို့ ဆောင်ရွက်ရတော့မည် '

ဟူ၍သာ။

( ဦးဒေဝ= သျှသိမြို့စား =အရီးတော်ရဲ့ခဲအို)

****************************

တစ်ကိုယ်လုံးအပြည့် အနက်ရောင်ဝတ်ဆင်ကာ မျက်နှာကိုဖုံးလွှမ်းထားသော သူတစ်ဦးသည် ကျောက်ဆောင်ကျောက်စွန်းတစ်ခု၌ ရပ်နေပြီး သူ့အရှေ့ကြမ်းပြင်ရှိ ဂူအပေါက်ကိုစိုက်ကြည့်နေသည်မှာ အစာကိုရှာတွေ့ထားသည့် ကျ်ီးငှက်တစ်ကောင်လိုပင်။

အနှီလှိုဏ်ဂူသည် ဂူအမိုး၌အပေါက်တစ်ပေါက်ပါရှိပြီး ထိုအပေါက်မှတစ်ဆင့် ဂူအတွင်းသို့ လှမ်းမြင်နိုင်သည်။

အနက်ရောင်ဝတ်ထားသောသူသည် လွယ်ထားသော လေးနှင့်မြားကို အသင့်အနေအထားပြင်လိုက်​၏။

လေးတွင်တပ်သောမြား​၏ထိပ်မှာ ဂူအတွင်းရှိ တစ်စုံတစ်ယောက်စီဦးတည်နေသည်။ သူ ပစ်မှတ်ကိုချိန်နေခိုက်မှာပင် ဂူအတွင်းမှ အသံတစ်သံထွက်ပေါ်လာသည်။

"ဒီစုန်းမက သတ်ရင်သေတော့မယ်...အစ်ကိုတော်အရုဏပြောသလိုပဲ...ဘယ်လိုသေမလဲ ရွေးကြည့်လိုက်စမ်းပါ...သင့်ဘက်က ပြောလာတဲ့အထိ နှိပ်စက်ပစ်မှာ"

သူ့လက်မှ လေးကြိုးလွတ်သွားသည်။ သူသည် အလွန်အမင်းလက်ဖြောင့်သော လေးသည်တော်တစ်ဦးဖြစ်သောကြောင့် အရှိန်ဖြင့်တွန်းကန်ထွက်သောမြားမှာ လေထုကိုထွင်းဖောက်ပြီးလျှင် ပစ်မှတ်ဆီ တည့်တည့်စိုက်ဝင်သွား​၏။

The Everlasting One  ( volume 1 )Opowieści tętniące życiem. Odkryj je teraz