Chapter : 9

25.5K 3.4K 121
                                    

Unicode

အသက်ဘေးမှ လက်မတင်အလိုလေး.....
__________________________

" ဟေ့...ယုဂန်...ယုဂန်...ယုဂန်..."

နာမည်ကိုတကြော်ကြော်အော်ခေါ်ရင်း ယုဂန်ဆီသို့
ဆဋ္ဌမမြောက်မင်းသားနန္ဒကန်စီ ခုန်ပေါက်၍ပြေးလာသည်။ နန္ဒ၏မျက်နှာမှာ ပျော်ရွှင်စရာတစ်ခုခုတွေ့နေသည့်အလား တက်ကြွရွှင်လန်းနေ​၏။

" နန္ဒ...ငါလည်းမင်းကိုလိုက်ရှာနေတာ....ငါတို့အခု သင်္ချာ
သင်ရမယ့်အချိန်ရောက်ပြီလေ...."

" ဒီနေ့တော့ သင်္ချာကိုခဏထားလိုက်....ငါ ပျော်စရာတစ်ခုခုလုပ်မလို့..... မင်းလိုက်ခဲ့..."

နန္ဒက ပြုံးဖျဖျ ပြောလေသည်။

"ဟင်...ဘာလုပ်မလို့လဲ...."

" ငါရယ်...အစ်ကိုတော်သုဒီပါရယ်...
နန်းတော်အနောက်ဘက်က တောထဲကချောင်းမှာ ငါးသွားပက်မလို့....ပြီးရင် ဖမ်းမိတဲ့ငါးတွေကို မီးကင်စားမယ်"

" ငါးစားချင်ရင် ရံရွေတော်တွေကိုပြောလိုက်လေ...
ဘာလုပ်ဖို့ ကိုယ်တိုင်သွားဖမ်းမှာလဲ"

" မတူဘူးလေကွာ....ကိုယ်တိုင်ဖမ်းပြီးစားတာက ပိုပြီးပျော်ဖို့ကောင်းတယ်..... မင်း လိုက်မှာလား မလိုက်ဘူးလား....ဒါပဲပြော...."

ယုဂန်သည် ခေတ္တစဉ်းစားနေပြီးမှ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ...လိုက်မယ်"

**********************************

နေ့ခင်းအချိန်သို့ တဖြေးဖြေးရောက်ရှိလာပြီမို့
ဆောင်းရာသီမနက်ခင်း၏အအေးဓာတ်မှာ လျော့သွားလေပြီ။
သို့သော် အပင်တို့အုပ်ဆိုင်းနေသော တောအုပ်အတွင်းမှာတော့ ချမ်းစိမ့်စိမ့်ရှိနေပါသေးသည်။

ချောင်းဆီသို့ရောက်ရန် သုဒီပါ၊နန္ဒနှင့် ယုဂန်တို့သည်
နန်းတော်အနောက်ဘက်တံခါးမှထွက်ကာ တောထဲသို့
ဝင်လာခဲ့ကြသည်။ တောသည် စိမ်းစိုသောတောဖြစ်၍
ဆောင်းရာသီပွင့်သော တောပန်းအချို့မှာလည်း ပွင့်လန်းနေကြသည်။  မင်းသား၂ပါး၏ပြောပြချက်အရ တောအုပ်မှာ
အလွန်ကျယ်ဝန်းသောတောအုပ်ဖြစ်ပြီး တောအနက်ပိုင်း၌
ကျား ဆင်စသော သားရဲတိရိစ္ဆာန်များရှိသည်ဟု သိရသည်။
သို့သော် ထိုတိရိစ္ဆာန်များမှာ လူသူအရောက်အပေါက်
နည်းသော ဝေးလံသည့်တောအတွင်းပိုင်း၌သာနေကြပြီး
တောစပ်နားသို့လာလေ့မရှိသောကြောင့် ကြောက်စရာမလိုပေ။

The Everlasting One  ( volume 1 )Where stories live. Discover now