Chapter : 16

22.8K 3.2K 191
                                    

Unicode

ရှင်သန်ဖို့ အကြောင်းပြချက်

___________________

"ဆောင်းနှင်းမြားငွေ့~~မြောက်လေညင်းပြန်~~
​ငွေနှင်းမှုန်ကို~~နတ်တော်ပြာသို~~ဖျန်းသည့်သဇင်နှင့်ခွာပန်းညို~~"

တိုးညှင်းကာ ညင်သာသော တေးဆိုသံဖြစ်သည်။

သူမ​၏မြရောင်တောက်ပနေသော မျက်ဝန်းများသည်
သစ်သားစင်အပေါ် နွယ်၍ဖူးပွင့်နေသော ခွာညိုပန်းများထံငေးကြည့်နေ​၏။ မနက်ခင်း​၏ငွေနှင်းရည်များ ပက်ဖျန်းထားသော ခွာပန်းညိုတို့သည် ရွှန်းရွှန်းစိုစိုနှင့် နှစ်လိုဖွယ်ဖြစ်နေ​သည်။ သူမ​၏ပန်းနုရောင်လက်သည်းခွံရှိသော လက်ချောင်းသွယ်သွယ်လေးများသည် ခွာညိုပွင့်ဖတ်တို့ဆီ မထိတထိ တို့ထိနေ​သည်။ သူမ​၏လက်တစ်ဖက်က
ခွာညိုပန်းတို့ဆီ၊ ကျန်လက်တစ်ဖက်ကတော့ သူ့​၏ကိုယ်လုံးသေးသေးလေးကို အသေအချာပွေ့ချီထားသည်။

"ဒီအချိန်ဆို ရုတ္တတောင်တန်းက မြူနှင်းတွေနဲ့လွှမ်းခြုံခံထားရလောက်ပေါ့။ ရုတ္တတောင်တန်းရဲ့ဆောင်းရာသီမနက်ခင်းတွေက ယဉ်ယဉ်လေးနဲ့လှတယ်။ နံနက်ခင်းအချိန်မှာ တောင်တန်းတွေဟာမြူတွေနဲ့ပိတ်ဖုံးနေတာ၊မသိရင် ပဝါဖြူတစ်စကို ကောင်းကင်ကသိကြားမင်းက မြေပြင်ပေါ်ပစ်ချထားတဲ့အတိုင်းပဲ။ အဲ့ဒီ့မြူနှင်းတွေကြားကနေ နေမင်းကြီးထွက်လာပြီဆိုရင် အဖြူရောင်ကြားကနေ အဝါတွေသန်းလို့ သိပ်လှတာပဲ။ အထူးသဖြင့် ဝင်္ကပါတောင်ကမြင်ရတဲ့ နေထွက်ချိန်ပေါ့။ မယ်မယ် မြင်ခဲ့ဖူးသမျှထဲ အလှဆုံးမြင်ကွင်းပဲ။ မယ်မယ် သားတော်ကိုမွေးတော့လေ၊ သားတော်ရဲ့မျက်နှာလေးကို ပထမဆုံးမြင်ရတော့ ဝင်္ကပါတောင်ရဲ့ ဆောင်းရာသီအရုဏ်ဦးအချိန်တွေကို သွားသတိရတယ်။ အဲ့တာကြောင့် သားတော်ရဲ့နာမည်ကို အရုဏ လို့ပေးခဲ့တာပေါ့။ သားတော်လေး ကြီးလာတဲ့အခါကျရင် မယ်မယ်နဲ့အတူ ဝင်္ကပါတောင်ဆီ သွားလည်မယ်နော်..."

( 'အရုဏ်' ဆိုတဲ့စကားလုံးက 'အရုဏ' ဆိုတဲ့ပါဠိစကားလုံးကနေ ဆင်းသက်လာတာပါ)

"သားတော်က ကြီးနေပါပြီ။ အသက် ၃နှစ်တောင် ရှိနေပြီလေ"

သေးငယ်သောအသံစာစာလေးကြောင့် သူမ နှစ်ခြိုက်စွာရယ်​၏။

The Everlasting One  ( volume 1 )Where stories live. Discover now