Chapter : 64

21.7K 2.6K 1.1K
                                    

Unicode

သူ့အတွက် ပထမဆုံးတဲ့

__________________________

အပြင်ဘက်တွင် မိုးများ သည်းထန်စွာရွာသွန်းနေသည်။

အခန်းအတွင်းရှိ ယုဂန်နိုင်သည် မှန်ရှေ့တွင်ရပ်လျက် ဆံပင်ကို အားရပါးရဖြီးသင်နေ​သည်။

သူသည် သေသေသပ်သပ်လည်းစည်းနှောင်ချင်​၏။ မြင့်သထက်မြင့်အောင်လည်း ဆံပင်စည်းချင်​၏။ ထိုသို့ဖြစ်အောင် ဆံပင်စည်းရာတွင် ဟိုဆံစကထွက်၊ ဒီဆံနွယ်က မသေမသပ်ဖြစ်နှင့် ဆံပင်စည်းတာနှင့်ပင် အချိန်များစွာ ကုန်လေသည်။ သူသည် တစ်ခါမှ ponytail မြင့်မြင့်ကို ကိုယ်တိုင်မစည်းဖူး၍ အခက်တွေ့နေ​၏။

နောက်ဆုံးတွင် လှပသေသပ်သောဆံပင်မြင့်မြင့်စည်းခြင်း​၏ လျှို့ဝှက်ချက်ကိုရှာတွေ့သွားသည်။ သူဟာ ခါးကုန်းကာ ခေါင်းကြီးငုံ့လျက် အောက်ကျနေသောဆံပင်တို့ကို ဘီးဖြင့်အလိုက်သင့်ဖြီးရင်း စည်းနေသည်။

" သခင်လေးဆံပင်တွေလည်း ကျွတ်ထွက်ကုန်ပါဦးမယ်...ဖြည်းဖြည်းလုပ်ပါ"

ဘေးနားတွင်ကြည့်နေသော စောရံသည် ဆံပင်နှင့်ပတ်လည်ရိုက်နေသည့်ယုဂန်ကို ကြည့်လျက် စုတ်သတ်သည်။

သူ စည်းပေးမည်ဆိုတော့လည်း သခင်လေးက မစည်းပေးနဲ့၊ သူ့ဘာသာသူလုပ်မယ်တဲ့လေ။

နောက်ပြီး သခင်လေးက စိတ်လည်းမရှည်။ ဆံပင်တွေရှုပ်နေပြီဆို ဖြည်းဖြည်းချင်းနုနုယွယွမဖြီးဘဲ သရက်သီးကိုဓားနှင့်ခြစ်နေသည့်အတိုင်း ဆံပင်ကို ဘီးနှင့်ဇွက်ဇွက်ဇွက်ဆိုပြီး ဖြီးသေးသည်။ ထိုအတိုင်း ကြမ်းကြမ်းတမ်းတမ်းဖြီး၍ဆံပင်ကျွတ်သည့်အခါ သူ့ဆံပင်တွေကုန်ပါပြီ ဆိုပြီး နင့်နင့်နဲနဲအော်တတ်သေးသည်။

" ဆံပင်စည်းရတာ လက်မောင်းတောင်အောင့်တယ်...တော်သေးတယ်...ကြည့်ကောင်းလို့"

ယုဂန်သည် သူကြိုးစားပမ်းစားစည်းပြီး အောင်မြင်သွားသည့် ponytail မြင့်မြင့်ကိုကြည့်ရင်း ဂုဏ်ယူဝင့်ကြွားစွာဆိုသည်။ တစ်ဆက်တည်းပင်

" Ariana Grande နဲ့တူသွားပြီ...ဒီနားက အမွေးနည်းနည်းချရမယ်"

ဟုဆိုကာ နဖူးစပ်ကအမွေးအမျှင်တွေကို မရမကဆွဲထုတ်ပြီး နဖူးပေါ် ချနေသည်။

The Everlasting One  ( volume 1 )Where stories live. Discover now