Chapter : 95

31K 2.2K 325
                                    

Unicode

အိမ်ရှေ့စံ ထီးနန်းစိုးစံခြင်း

____________________________

မျက်ခွံမို့မို့ကိုအနားကွပ်သော ရှည်လျားကော့ညွတ်သည့် မျက်တောင်များ လှုပ်လီလှုပ်လဲ့ဖြစ်လာသည်။

မျက်တောင်ထူထူရှုပ်ရှုပ်တို့ ဖြည်းဖြည်းချင်းပွင့်လာသောအခါ မည်းနက်ဝိုင်းစက်သောမျက်ဆံကလေးက မျက်ခွံအပြင်ဘက်မှ မြင်ကွင်းများကို တအံ့တဩငေးကြည့်လာ​၏။

သူသည် မျက်စိရှေ့တည့်တည့်၌ရှိသော အသွယ်သွယ်အဆိုင်းဆိုင်း မျက်နှာကြက်ကို ပြတ်သားစွာမမြင်ရသေးခင်မှာပင် အသံတစ်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

"ယုဂန် နိုးလာပြီလား"

" မောင်"

ယုဂန် ခေါင်းကိုတည့်တည့်နေရာမှ ဘေးသို့စောင်းချလိုက်သည်။ သူလဲလျောင်းရာကုတင်ဘေးတွင် ထိုင်ကာ သူ​၏လက်ကိုဆုပ်ကိုင်ထားသည့် အရုဏကိုတွေ့သည်။

အရုဏ​၏ မြစိမ်းရောင်မျက်ဝန်းများက သူ့ကို မမှိတ်မသုန်စိုက်ကြည့်နေ​၏။ ထိုမျက်ဝန်းတို့၌ အမြဲတစေတွေ့ရလေ့ရှိသော နူးညံ့ခြင်းနှင့်ချစ်ကြည်မြတ်နိုးခြင်းတို့ကို သူမြင်နေရသည်။

" ဘယ်လိုနေသေးလဲ...အဆင်ပြေရဲ့လား"

"ကိုယ်တွေလက်တွေတော့ ကိုက်ခဲနေတယ်...ဒါပေမဲ့အဆင်ပြေပါတယ်"

အရုဏ နွေးထွေးစွာပြုံးသည်။ သူက ယုဂန်​၏ဆံနွယ်ပျော့ပျော့များကို ညင်သာစွာပွတ်သပ်သည်။

"အင်း...သေချာအနားယူလိုက်ဦး"

ယုဂန်သည် သူရောက်ရှိနေသောကုတင်​၏ဘေးဘီကို လှည့်ပတ်ကြည့်ရှုသည်။ အကြည့်တစ်ချက်နှင့်တင် ယခုအခန်းက သူ​၏စံအိမ်တော်မှ အခန်းမှမဟုတ်မှန်း တန်းသိလိုက်​၏။

" ကျွန်တော် အခုဘယ်ရောက်နေတာလဲ"

" မောင့်နန်းဆောင်မှာ...ယုဂန်က နေမကောင်းဖြစ်နေတော့ မောင့်နန်းဆောင်မှာပဲ လတ်တလောထားဖို့စီစဉ်ထားတယ်...နေကောင်းသွားမှ သဇင်မြိုင်နန်းဆီပြန်ပေါ့"

The Everlasting One  ( volume 1 )Where stories live. Discover now