Chapter : 67

23.8K 2.3K 412
                                    

Unicode

လိုအပ်မှားယွင်းမှုများ ရှိနေသည့်ကိစ္စများ

____________________________

မင်းယောဇာသည် သူ​၏ရှေ့တွင်ရပ်နေသော လူယုံတော်ကို စူးစူးရဲရဲစိုက်ကြည့်​၏။ ထို့နောက် သူ​၏သေသပ်သောမျက်ခုံးနှစ်ဖက်ကို ပင့်မြှောက်ကာ

" အာနီက...နောက်ယောင်ခံလိုက်တာကို သိနေတဲ့ပုံစံပေါ့...ဟုတ်လား"

ဟု ပြန်မေးသည်။

" ဟုတ်ပါတယ်...မနေ့က ကျွန်တော်မျိုး သူ့အနောက်ကိုလိုက်တော့ သူကတမင်တကာကိုကွေ့ပတ်ပြီး မျက်ခြည်ပျက်အောင် သွားနေခဲ့ပါတယ်"

"အာနီက ထင်ထားတာထက် လျင်သားပဲ...သူ့ကိုလျှော့တွက်လို့ မရဘူး"

" ကျွန်တော်မျိုးလည်း သူ့ကိုမျက်ခြည်ပြတ်ယောင်ဆောင်ပြီး တစ်နေရာမှာပုန်းခိုနေခဲ့ပါတယ်"

" နောက်ပြီးတော့ရော..."

" သူ့အနောက်ကိုဆက်လိုက်ခဲ့ပါတယ်...သူ အမျိုးသမီးတစ်ယောက်နဲ့တွေ့ပါတယ်...အဲ့ဒီ့အမျိုးသမီးက အရီးတော်မဟာသီဒါရဲ့ ရံရွေတော်ခင်ရီပါ..."

" အရီးတော်လား..."

မင်းယောဇာ အံ့ဩသွား​သည်။

သျှသိမြို့စားဦးဒေဝနာမည်ပါမှန်း ကြားသိကတည်းက အရီးတော်ပါဝင်နိုင်ကောင်းရဲ့ဟု မင်းယောဇာခန့်မှန်းထားခဲ့သည်။ သို့သော်လည်း အရီးတော်လို တရားဓမ္မတွင်သာအာရုံစိုက်ဟန်ရှိသော အမျိုးသမီးအိုကြီးက အနှီကိစ္စတွင် မပါဝင်လောက်ဟုလည်း အနည်းငယ်ယုံကြည်နေခဲ့သည်။ အခုတော့ ကြားရသည့်အရာက အံ့ဖွယ်။

သူတော်ကောင်းသဏ္ဌာန်ပြုသော အရီးတော်က ဒီကိစ္စမှာ တကယ်ကြီး ပါဝင်နေတာပဲ...

ကြိုတင်ခန့်မှန်းထားသည့်တိုင် နားနှင့်ဆက်ဆက်ကြားရတော့လည်း အလွန်အမင်းအံ့ဩရသည်ပင်။

မင်းယောဇာသည် မယုံကြည်နိုင်မှု၊ အံ့အားသင့်မှုတို့ဖြင့်
ပါးချိုင့်နက်နက်များ ခွပ်ဝင်သည်အထိ ဟက်ဟက်ပက်ပက်ရယ်​၏။

ရယ်လို့ဝ,မှ အပြုံးတို့ကိုအဆုံးသတ်ပြီး လေးနက်စွာဆိုသည်။

The Everlasting One  ( volume 1 )Where stories live. Discover now