Chapter : 19

21.4K 3K 53
                                    

Unicode

သူမထံတွင်လည်း အတိတ်တစ်ခုရှိ

____________________

"အရှင့်သား..."

တိုးတိမ်စွာ ရေရွတ်မိ​သည်။

အရုဏသည် ယုဂန်ရှိရာတည့်တည့်သို့ ပြေးလာ​နေ​၏။ယုဂန်ကြောက်ရွံ့စိတ်ဖြင့် အနောက်သို့ဆုတ်သွားသော်ငြား နောက်ကျသွားပြီဖြစ်ပြီး အရုဏက သူ့နားသို့ရောက်ရှိလာလေပြီ။

ထို့နောက် သူ့ကိုကျော်ကာ မြူလွှာတွင်ပေါ်နေသော ၁၀ ပေခန့်ရှိသည့် စုန်းမ​၏အရိပ်ဆီသို့ တည့်တည့်မတ်မတ်သွားသည်။ သူကိုင်ထားသောဓား​၏ဦးချွန်သည် အရိပ်သို့ ဦးတည်စိုက်ထားသည်။ သူ လေပေါ်ခုန်လိုက်ကာ သန်မာသောလက်မှာမူ ဓားရိုးကို တင်းကြပ်စွာဆုပ်ကိုင်ထား​၏။

ယုဂန်​၏မျက်ဝန်းအိမ်မှာ ဝိုင်းစက်ပြူးကျယ်သွားသည်။
အရုဏဟာ စုန်းမကိုမသတ်၊ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရအောင် မပြုလုပ်ပါဟု သမင်ဖိုကိုကတိပေးခဲ့သည် မဟုတ်ပါလား။ အခုတော့ အရုဏ​၏ ဓားသွားသည် စုန်းမ​၏ရင်ဘတ်တည့်တည့်သို့ ဦးတည်နေလေပြီ။

အရုဏသည် မြူနှင်းလွှာထဲဖောက်ဝင်သွား​၏။ အနက်ရောင်စာလုံးများဖြင့် အင်းကွက်ကိုဖြတ်သန်းပြီးနောက် မျက်တစ်ခတ်အချိန်အတွင်း စုန်းမ​၏နှလုံးသားရှိရာတည့်တည့်သို့ ထက်ရှသောဓားရိုးမှာ စူးနစ်ဝင်ရောက်သွားလေသည်။

စူးရှကျယ်လောင်လွန်းလှသော အော်သံထွက်ပေါ်လာသည်။ ထူးဆန်းသည်မှာ လူအော်သံမဟုတ်။ သိမ်းငှက်တစ်ကောင်​၏ အော်သံသာဖြစ်ချေ​၏။

"အရှင့်သား အဆင်ပြေရဲ့လား"

အဆင်ပြေမည်မှန်း ခန့်မှန်းမိသော်လည်း ယုဂန်သည် မည်သည့်အရာများဖြစ်ပျက်သွားသည်ကို သိလိုသဖြင့်
အရုဏနောက်သို့ လိုက်သွားသည်။

အရုဏသည် မြေပြင်ထက်သို့ငုံ့ကြည့်လျက် ရပ်နေ​၏။
သူ​၏ရှေ့၊ မြေပြင်ထက်တွင် သိမ်းငှက်အသေတစ်ကောင်လဲကျနေသည်။

"သိမ်းငှက်လား...စုန်းမရော..?"

"စုန်းမ မရှိဘူး။ အစတည်းက စုန်းမအစစ်က ဒီမှာမရှိနေခဲ့ဘူး။ ထင်တဲ့အတိုင်းပဲ...စုန်းမက ဒီသိမ်းငှက်ကို ကိုယ်ပွားအနေနဲ့လွှတ်လိုက်တာ"

The Everlasting One  ( volume 1 )Wo Geschichten leben. Entdecke jetzt