Questions time!!!

16.4K 1.2K 458
                                    

Unicode

( Interview video တစ်ခုလိုခံစားပြီး ဖတ်ကြပေါ့နော် 😂)

"အားလုံးပဲ မင်္ဂလာပါ....ဒီနေ့အတွက် မေးခွန်းတွေမေးပေးမယ့် host ကတော့ ကျွန်မ ဘီးဘီး(Bee Bee) ပဲဖြစ်ပါတယ်...အခု မေးခွန်းဖြေဆိုဖို့ ဖိတ်ခေါ်ထားတဲ့ Guest တွေကတော့ မင်းသားအရုဏနဲ့ ယုဂန်နိုင်ပဲဖြစ်ပါတယ်...သူတို့ကို ကြိုဆိုလိုက်ရအောင်"

👏👏👏👏👏

ဘီးဘီး: တကယ်တော့ မင်းသားအရုဏနဲ့ ယုဂန်နိုင်ကိုပဲ မေးမယ်ဆိုပြီး လုပ်ထားတာပေါ့နော်...ဒါပေမဲ့ readerတွေက author ကိုပါ မေးထားတာတွေရှိလို့ Author ပါ မေးခွန်းဖြေမယ့်အထဲ ပါလာတယ်....

​author : ကျွန်မကိုမေးထားတာတွေအကုန် spoiler မလွတ်ဘူး...တကယ်ပါ 😢

ဘီးဘီး: ပထမဆုံး မေးခွန်းက အမေးအများဆုံးဖြစ်ပါတယ်...မင်းသားအရုဏနဲ့ယုဂန်နိုင်ကို မေးထားတာပါ...တစ်ဖက်လူက ဘယ်အချိန်မှာ ချစ်ဖို့အကောင်းဆုံးလဲတဲ့...

အရုဏ: ယုဂန်က ( ယုဂန်ဘက်ကိုလှည့်ကြည့်) အချိန်တိုင်းချစ်ဖို့ကောင်းတယ်...

ဘီးဘီး : မဟုတ်ဘူးလေ အရှင့်သားရဲ့...ချစ်ဖို့အကောင်းဆုံး အချိန်တစ်ချိန်ကိုပဲ ပြောကြည့်ရမှာ...

အရုဏ: ဒါဆို...သေမူးနေတဲ့အချိန်ပါ...

ယုဂန် : ဝိုး...တကယ်လား...ခဏခဏသောက်မှနဲ့တူတယ် ဟဲဟဲ...မောင် ချစ်ဖို့အကောင်းဆုံး အချိန်ကကျတော့ အူတူတူဖြစ်နေတဲ့အချိန်...ဒီလိုကွာ...မောင်က အရမ်း
တဲ့တိုးတွေးတော့ စနောက်ပြီးပြောတာတွေဆို သိပ်နားမလည်ဘူး...အဲ့ကျရင် သူအူတူတူဖြစ်နေရော...ကျွန်တော်က ညမအိပ်တဲ့ကလေးတွေကို ကြောင်ကြီးကိုက်တတ်တယ်လို့ပြောလည်း သူယုံတာပဲ...အဲ့ကျရင် သူ့ရုပ်က ကြောင်က ဘာလို့အားအားယားယား လိုက်ကိုက်နေလဲ ဆိုတဲ့အူတူတူရုပ်ဖြစ်သွားရော...

အရုဏ: (အံ့ဩတကြီး) ကြောင်က တကယ်လိုက်မကိုက်ဘူးလား

ယုဂန်: (အရုဏဘက်ကို လက်မဖြင့်ထိုးပြ) တွေ့လား....
.
.

ဘီးဘီး : နောက်မေးခွန်းတစ်ခုကတော့ မင်းသားအရုဏကိုမေးထားတာပါ...ယုဂန်က ဘယ်အချိန်မှာ ကြောက်ဖို့အကောင်းဆုံးလဲတဲ့...

The Everlasting One  ( volume 1 )Where stories live. Discover now