Chapter : 84

14.6K 1.8K 117
                                    

Unicode

ကေသရာ တိုက်ခိုက်မှု

__________________

သုရှင်​၏မွေးနေ့အခမ်းအနားကို လုံခြုံစေရန် နန်းတော်​၏ကာကွယ်ရေး၊ ခုခံရေး,အား တာဝန်ယူထားသည့်လူမှာ မင်းသားအရုဏပင်ဖြစ်သည်။

မွေ့နေ့ညတွင် လာရောက်တိုက်ခိုက်မည်ဟူသော သတင်းရရှိထားမှုကြောင့် အရုဏ​၏တာဝန်မှာ သာမန်ထက်ပို၍ ကြီးမားခက်ခဲနေသည်။ တာဝန်ကြီးသည်နှင့်အညီ အရုဏသည် တစ်နေကုန်နီးပါး နန်းတော်​၏လုံခြုံရေးနှင့် ရဲမက်များနေရာချထားမှုကို ကြီးကြပ်စစ်ဆေးရင်း အလုပ်ရှုပ်နေ​၏။

မွေးနေ့ပွဲအခမ်းအနား စတင်တော့မည့်အချိန်ထိ အရုဏသည် စင်ဘေးနားရှိ မိမိ​၏နေရာတွင် သွားရောက်မထိုင်အားသေးဘဲ လုံခြုံရေးအထပ်ထပ်ကိုသာ ပြန်လည်စစ်ဆေးနေသည်။

ထိုအချိန်တွင် သူ​၏အနားသို့ ယုဂန်ရောက်ရှိလာသည်။

"မောင်"

ယင်းနေရာတွင် သူတို့နှစ်ဦးတည်းသာရှိသည်မို့ ယုဂန်သည် သူ့ကိုအားပါးတရလှမ်းခေါ်ရင်း သူ့ဆီပြေးလာသည်။
အနားသို့ရောက်သော် ယုဂန်, လက်ဖဝါးဖြန့်ပြသည်။ သူ​၏ဖြူပျော့သောလက်ဖဝါးထက်တွင် သကြားလုံးလေးလုံးရှိနေသည်။

" ကျွန်တော် မောင်စားဖို့ သကြားလုံးယူလာတယ်..."

အရုဏ သကြားလုံးလေးလုံးကိုယူလိုက်သော်လည်း စိတ်ထဲဘဝင်မကျ။

သူက ကလေးမှ မဟုတ်ဘဲ။ ဘာလို့သကြားလုံး လာကျွေးတာတုန်း။

"ကျေးဇူးပါ...ဒါပေမဲ့ဘာလို့သကြားလုံးလဲ"

" အချိုစားရင် စိတ်တက်ကြွတယ်လေ...မောင် တစ်နေ့လုံးအလုပ်ရှုပ်နေတော့ စိတ်ပင်ပန်းနေမယ်ထင်လို့...ဒီညလည်း မောင်အိပ်လို့ရမှာ မဟုတ်ဘူးလေ"

"ဪ...အချိုစားရင် တက်ကြွတာလား...မသိခဲ့ဘူး"

"ဒီညအတွက် ကျွန်တော်တို့ဘက်က ကြိုတင်စီစဉ်ထားတယ်ဆိုပေမဲ့ မမျှော်လင့်ထားတာများ ဖြစ်ခဲ့ရင်ဆိုပြီး ကျွန်တော် စိတ်ထင့်နေတယ်...အထူးသဖြင့် မောင့်ကိုကျွန်တော် စိတ်ပူတယ်...တစ်ခုခုဆိုရင် မောင်က အရှေ့ဆုံးကနေ တိုက်ခိုက်ရမယ့်လူလေ..."

The Everlasting One  ( volume 1 )Where stories live. Discover now