Chapter : 5

28K 3.6K 514
                                    

Unicode

နိုင့်ထက်စီးနင်းပြုလိုသူနှင့် မဟုတ်မခံစွာတေးလန်

__________________________________

၄ရက်မြောက်သောနေ့....

လင်းလက်သောနေရောင်ခြည်သည် တိမ်စွယ်များကြားမှ စံအိမ်တော်ပေါ်သို့ ချွန်မြစွာစီးကျနေ​၏။ မင်းလွင် တစ်ဖြစ်လဲ ယုဂန်နိုင်တစ်ယောက် စံအိမ်တော်ခြံဝန်းထဲရှိ
ကျောက်သလင်းခုံပေါ်တွင်ထိုင်နေရင်း အပြာရောင်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်တွင် တိမ်များ တရွေ့ရွေ့ပြေးလွှားနေသည်။

ယုဂန်နိုင်ထိုင်ရာ ကျောက်သလင်းခုံ​၏အရှေ့တွင် စံပယ်ချုံပုတ်ရှိသည်။ စောရံပြောပြတာတော့ စံပယ်ပွင့်တဲ့ရာသီမဟုတ်သေးတာကြောင့် စံပယ်ပန်းများမပွင့်သေးဟုဆိုသည်။ ပန်းအကြောင်းတစ်ခုမှမသိသည့် ယုဂန်သည်
စံပယ်ပန်းများ မိုးဦးမှပွင့်ကြောင်း စောရံပြောမှသိရှိခဲ့ရသည်။ သို့စေကာမူ ကျောက်သလင်းခုံ​၏ ညာဘက်ဘေးတွင်  စီရီထားသောဓနိတိုင်များဖြင့် သဇင်ပန်းတို့ကတော့
ဖွေးဖွေးလှုပ်နေပါသည်။

စံပယ်ချုံမှ သစ်ရွက်တို့လှုပ်ရှားသွား​၏။ သစ်ရွက်အချင်းချင်းထိခတ်သံအချို့ထွက်ပေါ်လာသည်။
ချုံကြားထဲမှ သစ်ကိုင်းခြောက်များကိုချိုးဖျက်သောအသံကဲ့သို့ တဖျောက်ဖျောက်အသံက ညင်းညင်းသဲ့သဲ့ထွက်ပေါ်လာသည်။

ယုဂန် ချုံပုတ်အတွင်းသို့စူးစိုက်ကြည့်လိုက်သည်။
ချုံပုတ်​၏တလှုပ်လှုပ်ဖြစ်နေပုံမှာ လေတိုက်သောကြောင့်
မဖြစ်ရာ။ စိမ်းရင့်ရောင်သစ်ရွက်တို့ကြားမှ အဖြူရောင်ကိုထင်ရှားစွာတွေ့မြင်လိုက်ရသည်။  စံပယ်ပန်းတို့မရှိသောကြောင့် ထိုအဖြူရောင်မှာ ပန်းတော့မဖြစ်နိုင်ရာ။
ထိုအဖြူက ကြည်လင်သောအဖြူရောင်။
နူးအိသောသန့်ရှင်းသည့် အဖြူရောင်။

ယုဂန် ကျောက်သလင်းခုံပေါ်မှဆင်းကာ ချုံပုတ်ရှေ့တွင်
ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

"မင်းလား"

ဟုတ်ပါ့မလားဟူ၍မေးလိုက်သောမေးခွန်း။
အဖြူရောင်အမွှေးပိုင်ရှင်က  ယုဂန်ရှေ့ကိုထွက်လာရန်အဆင်သင့်ဖြစ်နေလေပြီ။

The Everlasting One  ( volume 1 )Where stories live. Discover now