အခန်း ၅၉ (Chapter 59)

8.4K 385 99
                                    

(Unicode Version)


၂၀၂၇ခုနှစ်၊ ဧပြီလ ၂၅ရက်

အလုပ်တာဝန်တွေကနေ ခဏတာအနားယူဖို့  သူ ဖူးခက်ဘက်ကို ခရီး ထွက်လာခဲ့မိသည်။ ဒီ(၂)နှစ်အတွင်း အလုပ်ထဲမှာပဲ စိတ်နှစ်ရင်းနဲ့ ကုန်ဆုံးစေခဲ့တဲ့ သူ့ရဲ့ကျန်းမာရေးအတွက် ဖေဖေက စိုးရိမ်ပြီး အနားယူဖြစ်ဖို့ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့လည်း ကမ်းခြေမှာ လမ်းလျှောက်နေရင်းနဲ့ အလုပ်အကြောင်းကိုသာ တွေးနေခဲ့မိသည်။

"ဒေါက်တာ..."

တိုင်းတပါးမှာ မြန်မာလို ပြောနေသံတစ်ခုကို ကြားလိုက်ရတာမို့ သူ အံ့ဩပြီး လှည့်ကြည့်မိတော့သည်။ သူ့ကို လှမ်းခေါ်လိုက်တဲ့သူက ခွဲခန်းဝင်လာသမျှမှာ ပထမဆုံး ရှုံးနိမ့်ခဲ့ဖူးတဲ့ အမျိုးသမီးရဲ့အသိမိတ်ဆွေပင် ဖြစ်သည်။

"ဒေါက်တာမှ ဟုတ်ရဲ့လားလို့ သေချာကြည့်နေတာ။ ငါးနှစ်လောက် ကြာသွားပြီဆိုတော့ မျက်နှာကို သိပ်မမှတ်မိတော့ဘူးလေ။"

ထိုလူရဲ့ဘေးမှာ သူနဲ့ လက်ထပ်ထားတယ်လို့ ယူဆရသူလည်း ပါလာခဲ့လေသည်။

"ဟုတ်တယ်။ ကျွန်တော်လည်း တော်တော် စဉ်းစားယူလိုက်ရတာ။"

သူတို့သုံးယောက်က ဆုံခဲ့ဖူးပေမယ့် တစ်ခါမှ မိတ်မဆက်ဖူးခဲ့ကြပေ။ ဒီတစ်ခါတော့ ထိုလူက မိတ်ဆက်စကား ဆိုလာခဲ့လေသည်။

"တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်တော်က ဘုန်းရှိန်ထက်ပါ။"

"ဟုတ်ကဲ့... ကျွန်တော်က မြင့်မိုရ်ဟိန်းပါ။"

"သူကတော့ ကျွန်တော်နဲ့ လက်ထပ်ထားတဲ့ ဇာနည်နိုင်ပါ။ မာယာ့ကလေးကို ကျွန်တော်တို့ကပဲ မွေးစားထားလိုက်တာပါ။"

"ဟုတ်လား!? ကလေးလေးက ဘယ်အရွယ်လောက် ရှိနေပြီလဲ!?"

"သူက လာမယ့် စက်တင်ဘာလဆို (၅)နှစ် ပြည့်တော့မှာပါ။"

"အချိန်တွေတောင် ဒီလောက်ထိ ကုန်သွားခဲ့ပြီပဲ။"

‌"ဒါနဲ့ ဒေါက်တာက ဒီကို တစ်ယောက်တည်းလာလည်တာလား!?"

'ဘုန်းရှိန်ထက်'က သူ့ရဲ့လက်က လက်စွပ်ကို မြင်သွားပြီး မေးလိုက်လေသည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Tahanan ng mga kuwento. Tumuklas ngayon