အခန်း ၄၉ (Chapter 49)

3.5K 368 46
                                    

(Unicode Version)


၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂ရက်

ဒီနေ့က သူ့ဆီကို 'ဇေယျနောင်'ရောက်လာမယ့်နေ့လေးမို့ ပျော်ရွှင်စွာ နိုးထလာရင်းနဲ့ စိတ်ကူးလှလှလေးတွေကို ပုံဖော်ကြည့်နေမိတော့သည်။

"ဖေဖေ... သား ဇေယျနောင်ကို သွားကြိုပြီး ဟိုအိမ်ကိုပဲ တန်းသွားလိုက်တော့မယ်နော်။"

"အေးပါကွယ်...ကားကို သေချာမောင်းနော်။ ဇေယျနောင်ကိုလည်း သေချာဂရုစိုက်လိုက်ဦး။ သူ့ဘဝလေးကလည်း တော်တော်ခက်ခဲခဲ့တာပဲ။"

"ဟုတ်ကဲ့ပါ ဖေဖေ။ ဒါဆို သား သွားတော့မယ်နော်။"

"အေးပါ..."

"မြင့်မိုရ်ရေ!!!"

ဖေဖေ့စကားမဆုံးသေးခင်မှာ ကြားလိုက်ရတဲ့ အော်သံကြောင့် သူတို့နှစ်ဦး အိမ်ပေါက်ဝနားကို ထွက်ကြည့်မိ‌ကြတော့သည်။ ခြံတံခါးဝနားကနေ သူ့နာမည်ကို အော်ခေါ်နေသူက ‌'နွေဦးမေ'ပင် ဖြစ်လေသည်။

"မေ... ဘာဖြစ်လာတာလဲ!?"

'နွေဦးမေ'ရှိရာဆီ သူ အမြန်ပြေးသွားပြီး ခြံတံခါးကို ဖွင့်ပေးလိုက်မိသည်။

"‌ငါ့မေမေကို ကယ်ပါဦး။"

စိုးရိမ်တကြီး ပြောနေတဲ့ 'နွေဦးမေ'ကို သူ ထပ်မေးမနေဘဲ 'အန်တီမျိုး'ဆီကိုသာ ပြေးသွားလိုက်မိသည်။ သူ ရောက်သွားချိန်မှာ 'အန်တီမျိုး'က မျက်နှာတစ်ခြမ်းရွဲ့နေပြီး လက်တစ်ဖက်ကလည်း မလှုပ်ရှားနိုင်တော့ပေ။

"အန်တီမျိုးကို ဒီအတိုင်း ကြာကြာထားလို့မဖြစ်ဘူး။ ဆေးရုံကို အမြန်ပို့ပြီး သွေးခဲပျော်ဆေး ထိုးပေးမှဖြစ်မှာ။"

'အန်တီမျိုး'ကို သူ ပွေ့ချီလာပြီး ကားပေါ်သို့ တင်ပေးကာ ဆေးရုံရှိရာသို့ အမြန်ထွက်လာခဲ့ရလေသည်။ သွေးခဲပျော်ဆေး ထိုးပေးပြီး ခဏကြာချိန်မှာ 'အန်တီမျိုး'က စကားပြန်ပြောနိုင်လာပြီး လက်လည်း ပြန်လှုပ်ရှားနိုင်သွားတော့သည်။

"နင့်ကို ကျေးဇူးအရမ်းတင်ပါတယ်... မြင့်မိုရ်ရယ်။ နင့်ကြောင့်သာ မေမေ အခုလို ပြန်သက်သာလာတာပါ။"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now