အခန်း ၁၅ (Chapter 15)

5.2K 598 50
                                    

(Unicode Version)


'နေရဲမာန်'၏ ဒိုင်ယာရီ


၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်

မာမီ့သူငယ်ချင်း အန်တီဒေစီ့အိမ်ကို ဒီနေ့ သွားလည်ရမယ်ဆိုလို့ 'ဇေယျနောင်'ကို ကျောင်းလိုက်ပို့ပေးဖို့ ဒေါ်ကြီးလှကို မှာထားခဲ့ရသေးတယ်။ ဘာပဲပြောပြော မာမီက ငါနဲ့ ပါလာတာဆိုတော့ သူ့အတွက် စိတ်အေးရသေးတာပေါ့။ အန်တီဒေစီက သားသမီးမရှိတော့ ငါ့ကို တော်တော်ချစ်တာ။ မာမီပြီးရင် ငါ့ကို အချစ်ဆုံးက သူပဲ ဖြစ်လိမ့်မယ်။ ငါ လိုချင်သမျှကို ၀ယ်ဖို့ သူ့ရဲ့ဘဏ်ကတ်ကိုတောင် ပေးခဲ့တာ။

---------------


၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်

'လွင်ဦး'ရဲ့ကိစ္စ ဖြစ်ပြီးသွားကတည်းက ကျောင်းပိတ်ရက်တိုင်း ဘောလုံးသွားကန်တဲ့ အစီအစဉ်လည်း ပျက်သွားခဲ့ရပြီလေ။ အခုတလော မာမီ အလုပ်ရှုပ်နေလို့သာ တော်တော့တယ်။ 'ဇေယျနောင်'ကို အိမ်မှာပဲ စာခိုးသင်ပေးနေရတာဆိုတော့ မာမီ ပြန်ရောက်လာတာနဲ့ ထုံးစံအတိုင်း ဘီလူးဆိုင်း ထ,တီးပြရတာပေါ့။ ဒါပေမဲ့ ဒီကောင်လေးက စာတွေကို ခဏလေး သင်ပေးလိုက်တာနဲ့ တတ်လွယ်တယ်။ အင်္ဂလိပ်စာဆိုလည်း ငါ သင်ပေးတဲ့ စာကြောင်းအတိုင်း ပီပီသသနဲ့ အလွတ်,လိုက်ရွတ်တတ်နေပြီ။

---------------


၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်

ဒီနေ့ ငါ့ရဲ့(၁၅)နှစ်ပြည့် မွေးနေ့ဆိုတော့ ဒယ်ဒီက မနက်အစောကြီး ဖုန်းလှမ်းဆက်ပြီး မွေးနေ့ဆုတောင်းပေးတယ်။ မာမီနဲ့ အန်တီဒေစီကလည်း လက်ဆောင်တွေ အများကြီး ၀ယ်ပေးကြတယ်။ တစ်အိမ်လုံးမှာ ငါ့ကို အဖက်မလုပ်တဲ့သူဆိုလို့ 'ဇေယျနောင်'ပဲ ရှိတာ။ 'မွေးနေ့မှာ ပျော်ရွှင်ပါစေ' ဆိုတဲ့ စကားလေးတစ်ခွန်းတောင် မပြောပေးဘူး။ တော်တော့်ကို နေနိုင်တဲ့ကောင်လေး...တစ်အိမ်တည်း အတူနေလာတဲ့ ငါ့အပေါ် နည်းနည်းလေးတောင် သံယောဇဉ် မရှိဘူး ထင်တယ်။ ညမိုးချုပ်တော့မှ အခန်းတံခါးကို လာခေါက်ပြီး စာရွက်လေးတစ်ရွက် လာပေးတယ်။ ငါ့မွေးနေ့အတွက် ဆွဲပေးထားတာတဲ့...သူ့ပန်းချီထဲမှာ ငါ့ပုံစံက တော်တော်ကို ရယ်ရတာ။ ဒါပေမဲ့လည်း ဒါ သူ့ဆီက ပထမဆုံး ရဖူးတဲ့ လက်ဆောင်လေးပဲမလား!? တန်ဖိုးထားပြီး သေချာ သိမ်းပေးထားရမှာပေါ့။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now