အခန်း ၃ (Chapter 3)

8.1K 818 41
                                    

(Unicode Version)


၂၀၁၀ခုနှစ်၊ ဩဂုတ်လ ၂၃ရက်

ကာယအချိန်မှာ ဘတ်စကတ်ဘောကစားဖို့ သူငယ်ချင်းတွေက လာခေါ်တာကြောင့် သူ လိုက်ပါလာခဲ့ရသည်။ ဒါပေမဲ့ ကွင်းထဲကို ရောက်ချိန်မှာ မမြင်ချင်တဲ့မျက်နှာတစ်ခုကို ‌မြင်တွေ့လိုက်ရလေသည်။

"နေရဲမာန်တို့နဲ့ ကစားမယ်ဆိုတာကို ဘာလို့ ကြိုမပြောရတာလဲ!?"

သူ့ကို နားမလည်နိုင်သလိုပုံစံနဲ့ စည်သူက ပြန်မေးလိုက်လေသည်။

"မင်းနဲ့ သူက မတည့်ဘူးလား!?"

'ဇေယျနောင်'အကြောင်းကို ထည့်မပြောချင်တာနဲ့ သူ စကားလမ်းကြောင်း လွှဲလိုက်ရတော့သည်။

"အဲ့ကောင်ရဲ့ပုံစံကို သိပ်မကြိုက်ဘူး။"

"အားလုံးက စီစဉ်ပြီးနေပြီကွ။ ခဏတော့ သည်းခံပြီး ကစားပေးလိုက်ပါ။"

သူ့အသင်းထဲကလူတွေကို အားနာတဲ့စိတ်နဲ့ ကစားဖို့ ဆုံးဖြတ်လိုက်‌မိသည်။ ထိုအချိန်မှာပင် 'နေရဲမာန်'ဆီက စကားသံ ထွက်ပေါ်လာလေသည်။

"မျိုးမင်းရေ...ငါ့ရဲ့အစေခံလေးကို သွားခေါ်လာခဲ့စမ်းပါ။ ဒီပွဲကို လာကြည့်ပြီး ငါ့ဘက်က အားပေးခိုင်းရအောင်လို့လေ။"

'မျိုးမင်း'ဆိုတဲ့တစ်ယောက်က ချက်ချင်း ထွက်သွားပြီး ခဏအကြာမှာ 'ဇေယျနောင်'ကို ကွင်းထဲ ခေါ်လာလေတော့သည်။ ဘာမှမသိရှာဘဲ မျက်နှာငယ်လေးနဲ့ ပါလာတဲ့ 'ဇေယျနောင်'က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ချက်ချင်း အကြည့်လွှဲသွားလေသည်။

"ရော့...ဒီရေဘူးနဲ့ သဘက်ကို ကိုင်ပြီး ငါတို့ကစားတာကို ထိုင်ကြည့်နေ။ ငါ ရေဘူးလှမ်းတောင်းလိုက်တာနဲ့ မင်း ချက်ချင်း လာပေးရမယ်။"

'ဇေယျနောင်'က ဘာမှပြန်မပြောဘဲ ကွင်းရဲ့ထောင့်က ခုံလေးမှာ သွားထိုင်လိုက်တော့သည်။ သူ သတိထားမိတာတစ်ခုက 'ဇေယျနောင်'က သူ့အကြည့်တွေကို တမင်ရှောင်နေတယ်ဆိုတာပါပဲ။

"မြင့်မိုရ်...မင်း အဆင်သင့် ဖြစ်ပြီလား!? ပွဲက စတော့မှာ။"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now