အခန်း ၅ (Chapter 5)

6.7K 745 98
                                    

(Unicode Version)


'နေရဲမာန်'၏ ဒိုင်ယာရီ


၂၀၁၀ခုနှစ်၊ ဧပြီလ ၂၆ရက်

ဒီနေ့ ဒရိုင်ဘာဦးလေးထွန်းရဲ့သား 'ဇေယျနောင်'ဆိုတဲ့ကောင်လေး အိမ်ကို ရောက်လာတယ်။ ဦးလေးထွန်းက နေမကောင်းတော့ သူ့ကို စောင့်ရှောက်ပေးဖို့ လူမရှိလို့ပါတဲ့။ နယ်ဘက်မှာပဲ နေလာခဲ့ရတယ်ဆိုပြီး အသားကတော့ ဖွေးနေတာပဲ။ အသက်က (၁၀)နှစ်ဆိုတော့ ငါနဲ့ (၅)နှစ်ပဲ ကွာတယ်။ 'ဟုတ်ကဲ့'ဆိုတာက လွဲရင် တခြား ဘာစကားမှလည်း မပြောဘူး။ ဘာပဲဖြစ်ဖြစ် အိမ်မှာ နေရတာ ပျင်းလာရင် စ,နောက်ဖို့ အဖော်တော့ ရသွားတာပေါ့။

---------------


၂၀၁၀ခုနှစ်၊ မေလ ၁ရက်

မာမီက 'ဇေယျနောင်'ကို သိပ်သဘောမကျဘူး ထင်တယ်။ အမြဲတမ်း သူ့ကိုပဲ အပြစ်ရှာပြီး ဆူပူနေတတ်တာ။ ဟိုတစ်နေ့ကလည်း ပန်းကန်တွေဆေးတာ မပြောင်လို့ဆိုပြီး ထမင်းမကျွေးဘဲ အငတ်ထားလေရဲ့။ အဆူခံရတိုင်းလည်း အဲ့ကောင်လေးက ဘာစကားမှ မပြောဘဲ မျက်လုံးလေးအပြူးသားနဲ့ ငြိမ်ပြီး ကြည့်နေတတ်တယ်။ အဲ့လိုမြင်ကွင်းမျိုးကို မြင်နေရတာ စိတ်ရှုပ်ဖို့ တော်တော်ကောင်းတာပဲ။

---------------


၂၀၁၀ခုနှစ်၊ မေလ ၅ရက်

ဒီနေ့ 'ဇေယျနောင်'ကို မာမီက ခါးပတ်နဲ့ (၁၀)ချက်လောက် ရိုက်လိုက်တယ်။ အရှိန်ကလည်း တော်တော်ပြင်းတဲ့ပုံပဲ။ ခြေသလုံးမှာ သွေးစလေးတွေ စို့လာလို့ ဒေါ်ကြီးလှကို ဆေးသွားလူးခိုင်းလိုက်ရတယ်။ ဒီလောက် အရိုက်ခံရတာတောင် တစ်ချက်မှ ငိုမသွားဘူး။ စိတ်ကတော့ တော်တော်မာတဲ့ကောင်လေးပဲ။

---------------


၂၀၁၀ခုနှစ်၊ မေလ ၇ရက်

ဒီနေ့ အကြံတစ်ခုရတာနဲ့ အကောင်အထည် ဖော်လိုက်တာ အဆင်ပြေသွားတယ်။ အဲဒါက 'ဇေယျနောင်'ကို ငါ့ရဲ့အစေခံအဖြစ် ထားပေးဖို့ကိစ္စလေ။ ငါ ပိုင်တဲ့သူကို မာမီကလည်း လာရိုက်လို့ မရတော့ဘူးပေါ့။ တော်လိုက်တဲ့ ငါပါလား!!!

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now