အခန်း ၄၆ (Chapter 46)

3.8K 389 53
                                    

(Unicode Version)


၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်

'ဇေယျနောင်'ကို သတိပေးစကားပြောဖို့ 'နေရဲမာန်' အပြင်ထွက်သွားမယ့်အချိန်ကို သူ လာစောင့်နေခဲ့ရသည်။ ထုံးစံအတိုင်း 'နေရဲမာန်'က နံနက် (၉)နာရီလောက်မှာ အိမ်ပေါ်က ဆင်းလာလေသည်။ မကြာခင်မှာပင် 'ဇေယျနောင်'ကလည်း ဆင်းလာပြီး ဈေးဘက်ကို ဦးတည်သွားလေတော့သည်။ ဒီနေ့ မသင်္ကာစရာ လူနှစ်ယောက်ကိုတော့ သူ မတွေ့ရသေးပေ။

"ဇေယျနောင်!!!"

ခေါ်သံကြောင့် နောက်ကို လှည့်ကြည့်လိုက်တဲ့ 'ဇေယျနောင်'ကို သူ ကားထဲ အမြန်ဆွဲခေါ်လာခဲ့မိသည်။

"အစ်ကို...ဘာဖြစ်လာတာလဲဟင်!?"

ရေးကြီးသုတ်ပျာ ဖြစ်နေတဲ့ သူ့ကို ထူးဆန်းသလို ကြည့်ပြီး‌ 'ဇေယျနောင်'က မေးလိုက်လေသည်။

"မင်းကို ကိုယ် သတိပေးစရာရှိတယ်။ အခု ကိုယ် ပြောတာကို သေချာနားထောင်ပြီး မေးသမျှကိုလည်း အမှန်အတိုင်း ဖြေရမယ်။"

"ဟုတ်ကဲ့။"

"ဟိုတလောတုန်းက မင်းကို ဝိုင်းထိုးကြိတ်နေတဲ့ လူသုံးယောက်ကို မှတ်မိလား!?"

"ဟုတ်ကဲ့...မှတ်မိပါတယ်။"

"အဲ့လူတွေက အခုတလော ဒီအိမ်နားမှာ မင်းကို လာစောင့်ကြည့်နေကြတယ်။"

သူ့စကားကို ကြားချိန်မှာ 'ဇေယျနောင်'က အံ့အားသင့်သွားလေတော့သည်။

"အစ်ကို လူမှားတာ မဟုတ်ဘူးလား!?"

"သူတို့ပဲဆိုတာ သေချာတယ်။ မနေ့က မင်းကို ဝင်ဖမ်းဖို့ သူတို့ ကြိုးစားကြသေးတယ်။ နေရဲမာန်က မင်းနဲ့အတူရှိနေလို့ ပြန်လှည့်သွားကြတာ။ ပြီးတော့ လူတစ်ယောက်ဆီကို ဖုန်းဆက်ပြီး အခြေအနေ လှမ်းပြောတာကိုလည်း ကိုယ် ကြားလိုက်တယ်။"

ထိုစကားကြောင့် ‌'ဇေယျနောင်'က တစ်ခုခုကို ရိပ်မိသွားသလိုပုံစံမျိုးနဲ့ ငြိမ်သက်သွားလေသည်။

"နောက်ကွယ်က ခိုင်းနေတာ ဘယ်သူမှန်း မင်း သိတယ်မလား!?"

"ကျွန်တော် မသိပါဘူး။"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now