အခန်း ၂၉ (Chapter 29)

4.3K 496 81
                                    

(Unicode Version)


၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၁ရက်၊ ည (၁၀)နာရီ

မေမေ့နာရေးသတင်းကြောင့် ဖေဖေက ခရီးကနေ ညတွင်းချင်း ပြန်လာခဲ့ရလေသည်။ (၂၃)နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ငယ်ချစ်ဦးတစ်ယောက်အပေါ် ဖေဖေ့ရဲ့စွဲလမ်းမှုက ပြောမပြတတ်အောင် ကြီးမားပေမယ့်လည်း သူ့ရှေ့မှာမို့ အတတ်နိုင်ဆုံး ထိန်းနေရရှာမှန်း သူ သိနေပါသည်။

"ဖေဖေ...ငိုချင်ရင် ငိုချလိုက်ပါ။ စိတ်ထဲမှာ ထိန်းမထားပါနဲ့တော့။"

‌မေမေ့လက်ကလေးတွေကို ဆုပ်ကိုင်ရင်း ငေးကြည့်နေရင်းက ဖေဖေ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ဝေ့ဝဲလာလေသည်။ ဒီလိုမြင်ကွင်းမျိုးကို မြင်နေရတဲ့ သူ့ရင်ထဲမှာလည်း မချိတင်ကဲ ခံစားနေရတော့သည်။

"🎶...🎶...🎶"

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ ဖုန်းသံတစ်ခုကြောင့် ခေါ်ဆိုသူကို သူ လှမ်းကြည့်လိုက်မိသည်။ နံပါတ်ကတော့ သူ တစ်ခါမှမမြင်ဖူးသေးတဲ့ နံပါတ်ပဲ။

"ဟယ်လို..."

"ဟုတ်ကဲ့...ကိုမြင့်မိုရ်ဟိန်း ဟုတ်ပါသလား ခင်‌ဗျ။"

"ဟုတ်ပါတယ်။ အခု ဖုန်းခေါ်တာ ဘယ်သူပါလဲ!?"

"ကျွန်တော်က စခန်းမှူး ကိုမြင့်ထွန်းပါ။ ခင်ဗျားအမေရဲ့အမှုအတွက် တရားခံကို ရှာတွေ့ထားပြီဆိုတဲ့အကြောင်း လှမ်းပြောပြတာပါ။"

တရားခံကို ရှာတွေ့ပြီတဲ့လား!? စခန်းမှူးဆိုသူကို သူ ချက်ချင်း ပြန်ဖြေလိုက်မိသည်။

"ဟုတ်ကဲ့...ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်။"

ဖုန်းပြောပြီးသွားတာနဲ့ ဖေဖေ့ကို ဆေးရုံမှာ ထားခဲ့ပြီး သူ ရဲစခန်းကို အမြန် ထွက်လာခဲ့လိုက်တော့သည်။

"တရားခံဆိုတဲ့သူ အခု ဘယ်မှာလဲ!?"

စခန်းထဲကို ရောက်တာနဲ့ နှုတ်ဆက်စကားပင် မဆိုနိုင်ဘဲ မေးချလိုက်တဲ့ သူ့ကြောင့် စခန်းမှူးက သတိလှမ်းပေးလိုက်ရလေသည်။

"အခုချိန်မှာ ခင်ဗျားရဲ့စိတ်ခံစားချက်တွေက လွန်ကဲနေမယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကိစ္စတိုင်းကို ဒေါသနဲ့ မဖြေရှင်းဖို့ ကြိုပြီး မေတ္တာရပ်ခံထားပါရစေ။ လာ...ကျွန်တော် ခင်ဗျားကို သူ့ဆီ ခေါ်သွားပေးပါ့မယ်။"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Dove le storie prendono vita. Scoprilo ora