အခန်း ၁၁ (Chapter 11)

5.4K 599 11
                                    

(Unicode Version)


၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်

အရွယ်မတိုင်ခင် ကြွေလွင့်သွားခဲ့ရတဲ့ 'လွင်ဦး'အပေါ်မှာ သူ အပြစ်မကင်းသလို ခံစားနေရသည်။ ထိုနေ့က 'လွင်ဦး' ကျိန်ဆိုသွားတဲ့ စကားတစ်ခွန်းကိုလည်း သူ ထပ်ခါ၊ ထပ်ခါ ကြားယောင်နေမိသည်။

"သား..."

မေမေ့ခေါ်သံကြောင့် ပြတင်းပေါက်အပြင်ကို ငေးကြည့်နေရင်းက သူ လှည့်ကြည့်လိုက်သည်။ မေမေက သူ့ဘေးနားမှာ လာရပ်ရင်း ကျောလေးကို ပုတ်ပေးလေသည်။

"ဒီနေ့ရော ကျောင်း မသွားချင်သေးဘူးလား!?"

'လွင်ဦး'ရဲ့ကိစ္စ ဖြစ်ပြီးသွားကတည်းက သူ အိမ်တွင်းအောင်းနေခဲ့မိသည်။ ကျောင်းကိုရောက်ရင် အပြစ်သားတစ်ယောက်လို ဝိုင်းကြည့်ကြမယ့် လူတွေရဲ့အကြည့်တွေကိုလည်း သူ မခံစားနိုင်ပေ။

"နောက်ရက်ကျမှပဲ သွားတော့မယ် မေမေ။"

မေမေက သူ့စိတ်ကို နားလည်သူမို့ အတင်းတိုက်တွန်းခြင်း မပြုဘဲ ဖျောင်းဖျလေသည်။

"သား ဘယ်လိုခံစားနေရမလဲဆိုတာ မေမေ နားလည်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း ဒီလိုမျိုး ရှောင်ပြေးနေလို့တော့ မရဘူးလေ။ ရင်ဆိုင်စရာ ရှိတာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမှာပေါ့။ သားကို အပြစ်တင်မယ့်သူတွေ ရှိသလို သားကို စိတ်ပူ‌နေမယ့်သူတွေလည်း ရှိပါသေးတယ်။"

မေမေ့စကားကြောင့် သူ့အတွေးထဲ ပထမဆုံး ၀င်လာသူက 'ဇေယျနောင်'ပင် ဖြစ်သည်။ အဲဒီနေ့က 'ဇေယျနောင်'ရဲ့ရှေ့မှာ သွေးထွက်သံယို မြင်ကွင်းတွေ ဖြစ်သွားခဲ့ရတာလေ။ သူ ဘယ်လောက်တောင် ထိတ်လန့်ပြီး ကြောက်နေရှာမလဲ!? သူ ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ အားမွေးလိုက်ပြီး မေမေ့ကို ပြောလိုက်လေသည်။

"မေမေ...သား ဒီနေ့ ကျောင်းသွားတက်တော့မယ်။"

မေမေကလည်း သူ့ကို ပြုံးကြည့်ရင်းနဲ့ ပြန်ပြောလိုက်တော့သည်။

"မေမေ့သားလေးက အရမ်း‌သတ္တိရှိတာပဲ။"

မေမေနဲ့ စကားပြောပြီးချိန်မှာ ရေချိုးပြီး ကျောင်း၀တ်စုံကို ၀တ်ဆင်ကာ ကျောင်းသို့ ထွက်လာခဲ့လိုက်သည်။ ဒါပေမဲ့ ကျောင်းထဲ ရောက်လာချိန်မှာပင် လူတွေရဲ့တီးတိုးစကားသံတွေကို သူ ကြားလိုက်ရတော့သည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now