အခန်း ၂၇ (Chapter 27)

4.4K 505 53
                                    

(Unicode Version)


၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၃၁ရက်

တစ်နှစ်ဆိုတဲ့ အချိန်ကာလက သူ မမျှော်လင့်ထားဘဲ ရောက်လာတတ်တဲ့အရာမျိုးပင်။ နောက်နှစ်ရက်နေရင် ကျရောက်လာမယ့် မွေးနေ့မှာ 'နွေဦးမေ'နဲ့ သူ့ရဲ့စေ့စပ်ပွဲကို ကျင်းပရပေတော့မည်။ မေမေက ထိုနေ့ကို ပျော်ရွှင်စွာ စောင့်မျှော်နေပေမယ့် သူကတော့ စိတ်တွေ လေးပင်စွာ မရောက်လာဖို့သာ ဆုတောင်းနေမိသည်။

"မေနဲ့အတူ အပြင်ကို လျှောက်လည်ပါလား!? နေ့တိုင်း အိမ်ထဲမှာချည်းပဲ စာဖတ်နေရတာ မပျင်းဘူးလား...သားရယ်!?"

အမှန်တော့ စာဖတ်ခြင်းက သူ့အတွက် အချိန်တွေ ကုန်သွားမှန်း မသိရအောင် ကူညီပေးတဲ့ အရာတစ်ခုသာ ဖြစ်သည်။

"သား ကျောင်းစာအတွက် လေ့လာစရာလေး ရှိသေးလို့ပါ...မေမေ။"

မေမေက သူ့ကို ထပ်မံတိုက်တွန်းခြင်း မပြုတော့ဘဲ အိမ်ထဲကို ပြန်၀င်သွားလေသည်။ သူတို့နှစ်ဦးရဲ့စကားတွေကို မလှမ်းမကမ်းမှာ ပန်းပင်ရေလောင်းရင်း နားထောင်နေတဲ့ ဖေဖေက ကြားသွားပြီး သူ့ရှေ့က ထိုင်ခုံမှာ လာထိုင်လေတော့သည်။

"သား..."

"ဟုတ်ကဲ့...ဖေဖေ။"

"ဒီစေ့စပ်ပွဲက သားရဲ့ဆန္ဒရော ပါရဲ့လား!?"

အရာရာ နောက်ကျသွားခဲ့ပြီမို့ သူ ဖွင့်ပြောပြတော့ရော ဖေဖေက ဘာလုပ်ပေးနိုင်မှာမို့လို့လဲ!? စိတ်ညစ်ညူးစရာကိစ္စတွေကို ဖေဖေ့ဆီ သူ မျှဝေမပေးခဲ့ချင်ပေ။

"မေနဲ့ သားက တစ်ချိန်ကျရင် စေ့စပ်ရတော့မှာကို သိထားပြီးသားပဲလေ။ သားကလည်း သူ့အပေါ်မှာ သံယောဇဉ်ရှိတယ်။ မေမေဆိုလည်း အရမ်းပျော်နေရှာတာ။ အားလုံး အဆင်ပြေနေပါတယ်...ဖေဖေရဲ့။"

"ဖေဖေ့မေးခွန်းကို ဘာလို့ ရှောင်နေတာလဲ!?"

ဖေဖေက သူ့ရဲ့စကားအသွားအလာကို ရိပ်မိသွားပြီး မေးလိုက်လေသည်။

"မေမေ့ဆန္ဒက သားရဲ့ဆန္ဒပဲပေါ့။ မေမေ ပျော်ပျော်ရွှင်ရွှင်နဲ့ သားတို့ဘေးမှာ အကြာကြီး ရှိနေနိုင်ဖို့က အရေးကြီးဆုံးပဲလေ။"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now