အခန်း ၁၆ (Chapter 16)

4.9K 572 23
                                    

(Unicode Version)


၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၄ရက်

သုံးလကျော်ခန့်ကြာမြင့်တဲ့ အချိန်ကာလတစ်ခုက မျက်စိတစ်မှိတ်အတွင်းမှာပင် ပြောင်းလဲသွားခဲ့ရလေပြီ။ နောက်ဆုံးစာမေးပွဲလည်း နီးကပ်လာပြီမို့ စာကိုသာ ဦးစားပေးခဲ့ရပေမယ့် 'ဇေယျနောင်'ဆီကိုတော့ အခွင့်အရေးရတိုင်း သူ သွားကြည့်ခဲ့မိသည်။

"ညီလေးတို့စာမေးပွဲက နောက်တစ်ပတ်ဆို စ,ဖြေရတော့မယ်နော်။ စာတွေရော ရနေပြီလား!?"

သူ့ဘေးမှာ ထိုင်နေတဲ့ 'ဇေယျနောင်'က ခေါင်းငြိမ့်ပြပြီး အဖြေပေးလိုက်လေသည်။ ဒီကောင်လေးကို သူ နောက်နှစ် ဘော်ဒါသွားရမယ်ဆိုတဲ့အကြောင်း ဘယ်လိုပြောပြရမလဲ!? နောက်တစ်ပတ်ကျရင် အငယ်တန်းတွေက စာမေးပွဲဖြေရပြီး သူတို့တွေကိုတော့ စာပြန်လေ့ကျင့်ဖို့ ကျောင်းပိတ်တော့မှာ မဟုတ်ပါလား!? ဒီနေ့က သူနဲ့ 'ဇေယျနောင်'အတွက် နောက်ဆုံး ဆုံတွေ့ခွင့်ရမည့်နေ့ပင် ဖြစ်သည်။

"အစ်ကို နောက်နှစ်ကျရင် ဘော်ဒါသွားတက်ရတော့မယ်။"

သူ့စကားကို နားမလည်သလိုပုံစံဖြင့် 'ဇေယျနောင်'က ပြန်မေးလိုက်လေသည်။

"ဘော်ဒါဆိုတာ ဘာကြီးလဲဟင်!?"

"‌ဘော်ဒါဆိုတာက ကျောင်းလိုပဲ...ညီလေးရဲ့။ အဲ့မှာပဲ စာသင်ပြီး အဲ့မှာပဲ ညအိပ်ရတာမျိုး။ အစ်ကိုက အဲ့ကျောင်းမှာ သွားနေရတော့မှာ။"

သူ့စကားရဲ့အဓိပ္ပါယ်ကို နားလည်သွားတဲ့ 'ဇေယျနောင်'က စိုးရိမ်ထိတ်လန့်စွာ ပြန်မေးလိုက်တော့သည်။

"ဒါဆို နောက်နှစ်ရောက်ရင် အစ်ကိုနဲ့ မတွေ့ရတော့ဘူးပေါ့။"

သူ ခေါင်းငြိမ့်ပြလိုက်ချိန်မှာ ငိုမဲ့မဲ့ဖြစ်သွားရှာတဲ့ 'ဇေယျနောင်'ကို ကြည့်ရင်း သူ့ရင်ထဲမှာလည်း စိတ်မကောင်းဖြစ်နေမိသည်။ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ!? သူ့ဘ၀အတွက် အဆုံးအဖြတ်ပေးနိုင်မယ့် အချိန်တစ်ခုကို ရောက်တော့မှာလေ။

"နောက်နှစ်ဆယ်တန်းစာမေးပွဲ ဖြေပြီးသွားရင် ညီလေးဆီ အစ်ကို ပြန်လာမှာပေါ့။ အစ်ကို့ကို စောင့်နေမယ်မလား!?"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Dove le storie prendono vita. Scoprilo ora