အခန်း ၁၃ (Chapter 13)

5K 599 29
                                    

(Unicode Version)


၂၀၁၀ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်

ဘော်ဒါက တခြားမြို့တစ်ခုမှာ ရှိတာမို့ မနက်ဖြန် ဖြေဆိုရမယ့် ၀င်ခွင့်စာမေးပွဲအတွက် ရန်ကုန်ကနေ ကြိုထွက်လာခဲ့ရတော့သည်။ ဖေဖေကလည်း အလုပ်ကနေ ခွင့်ယူပြီး သူနဲ့အတူ အဖော်လိုက်လာခဲ့ရလေသည်။

"ဟိုကို ရောက်တာနဲ့ မေမေ့ဆီ အရင်ဆုံး ဖုန်းလှမ်းဆက်လိုက်နော်။ သူက သားအတွက် စိတ်ပူနေရှာတာ။"

ဖေဖေက မေမေ့ကို အမြဲတမ်း စိတ်ချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ခင်ပွန်းကောင်းတစ်ယောက်ပင်။ မေမေ့ကျန်းမာရေးအတွက်လည်း အစစ,အရာရာ သတိထားပြီး ဂရုစိုက်နေထိုင်ပေးခဲ့ရှာပေသည်။ ဖေဖေက သူ့အတွက် ဖခင်ကောင်း၊ မေမေ့အတွက် ခင်ပွန်းကောင်းအဖြစ် သူ စံပြုထားရတဲ့ လူတစ်ယောက်ဆိုလည်း မမှားပေ။

"မေမေ့ကို အရမ်းချစ်တာပဲလားဟင်!?"

ဖေဖေက သူ့အမေးကို အပြုံးဖြင့် ပြန်လည်တုံ့ပြန်ခဲ့လေသည်။

"ဒါပေါ့...သားရဲ့။ ဖေဖေတို့က ငယ်ချစ်ဦးတွေလေ။"

ဖေဖေနဲ့ မေမေက ငယ်သူငယ်ချင်းတွေအဖြစ်ကနေ ချစ်သူတွေအဖြစ်ကို ကူးပြောင်းခဲ့ကြတယ်ဆိုတဲ့အကြောင်း မေမေက သူ့ကို အိပ်ရာ၀င်ပုံပြင်အဖြစ်နဲ့ ပြောပြခဲ့ဖူးပါသည်။ ဖေဖေ့အတွက်လည်း မေမေက အချစ်ဦးဖြစ်ခဲ့သလို မေမေ့အတွက်လည်း ဖေဖေက အချစ်ဦးပင် ဖြစ်သည်။

"အချစ်ဦးကို လူတိုင်းက အဲ့လောက်တောင် အရူးအမူး ချစ်ကြတာလား!?"

ဖေဖေက သူ့ကို ကားမောင်းနေရင်းက တစ်ချက်လှည့်ကြည့်ပြီး မေးလိုက်တော့သည်။

"ဘာလို့လဲ!? သားမှာရော အချစ်ဦး ရှိနေပြီလား!?"

မကြာခဏ ကြားခဲ့ရဖူးတဲ့ 'အချစ်'ဆိုတဲ့ စကားလုံးက သူ့အတွက်တော့ သူစိမ်းဆန်လွန်းလှပါသည်။ (၁၅)နှစ်အရွယ် သူ့ရဲ့ရင်ခုန်သံက အခုထက်ထိ အိပ်စက်လို့ ကောင်းနေဆဲပင်။

"မရှိပါဘူး ဖေဖေရဲ့။ လူတွေက အချစ်ဦးနဲ့ ပတ်သက်ပြီး အမြဲပြောနေကြတော့ သားလည်း သိချင်လာလို့ပါ။"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now