အခန်း ၅၂ (Chapter 52)

4K 397 75
                                    

(Unicode Version)


၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်

'ဇေယျနောင်'ရဲ့အခြေအနေကို စောင့်ကြည့်နေခဲ့ပေမယ့် ပြန်သတိရလာချိန်ကတည်းက စကားတစ်လုံးမျှ ပွင့်ဟမလာခဲ့ပေ။ ခွဲစိတ်မှုရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်လားဆိုပြီး သူ သံသယဝင်မိတဲ့အထိ ငြိမ်သက်နေခဲ့လေသည်။ အမြဲတမ်း ပြတင်းပေါက်ဘက်ကိုသာ ငေးမောရင်းနဲ့ နှုတ်ဆိတ်နေတတ်တဲ့ 'ဇေယျနောင်'ကို ကြည့်ပြီး သူ စိုးရိမ်နေခဲ့ရတော့သည်။

"ဇေယျနောင်..."

သူ့ကို လှည့်မကြည့်ပေမယ့် 'ဇေယျနောင်' ကြားရမှန်း သိတာမို့ စကားကို ဆက်ပြောလိုက်မိသည်။

"တစ်ခုခု လုပ်ချင်တာ ရှိရင် ကိုယ့်ကို ပြောလေ။"

ဘာတုံ့ပြန်သံမှ မကြားရခြင်းက သူ့အတွက် ထုံးစံတစ်ခုလိုပင် ဖြစ်နေခဲ့လေသည်။ 'ဒေါ်ထက်ထက်ခိုင်'ကို ရဲတွေက ဖမ်းခေါ်သွားပြီး ပြန်ပေးဆွဲရန် ခိုင်းစေမှု၊ လူသတ်ရန်ကြံစည်မှုတွေနဲ့ အရေးယူနိုင်ခဲ့ပြီဆိုတဲ့ အကြောင်း၊ 'နေရဲမာန်'က မေမေ့အမှုအတွက် ကိုယ်တိုင် ဖြောင့်ချက်ပေးပြီး တရားစီရင်မှုကို ခံယူနေရတယ်ဆိုတဲ့အကြောင်း၊ ဒါတွေကို 'ဇေယျနောင်'ကို ပြောပြလိုက်သင့်လား!? ဒါပေမဲ့ စိတ်ပူပန်နေရပြီး ကျန်းမာရေးချို့တဲ့သွားမှာကိုလည်း သူ စိုးရိမ်နေမိပြန်သည်။ 'သူ ဖြစ်ချင်တဲ့ဆန္ဒကို သိအောင် လုပ်သင့်တယ်...' ဖေဖေ ပြောဖူးတဲ့စကားကို ပြန်အမှတ်ရမိပေမယ့် ခက်တာက 'ဇေယျနောင်' လိုအပ်နေတဲ့အရာကို သူ မသိခဲ့ရခြင်းပေ။ထိုအချိန်မှာပင် လူတစ်ယောက်က ဆေးရုံခန်းထဲကို ဝင်လာခဲ့လေသည်။ ထိုလူကို သူ တစ်ခါမှ မတွေ့ဖူးပေမယ့် 'ဇေယျနောင်'နဲ့ ရုပ်ချင်းဆင်နေ‌တာကိုတော့ သတိထားမိလိုက်သည်။

"ဇေယျနောင်နဲ့ ခဏလောက် စကားပြောလို့ရမလားဟင်!?"

ဒီလူက 'ဦးထင်ကျော်'ပဲ ဖြစ်လိမ့်မည်ဟု သူ ကောက်ချက်ချပြီး စကားပြောခွင့်ပေးလိုက်မိသည်။

"ရပါတယ်...ဦး။"

လွတ်လွတ်လပ်လပ် စကားပြောလို့ရအောင် သူ ထွက်သွားပေးဖို့ ပြင်လိုက်ချိန်မှာ 'ဇေယျနောင်'က သူ့လက်ကို လှမ်းဆွဲထားလိုက်လေသည်။ သူ့ကို မသွားစေချင်တဲ့ အပြုအမူမျိုးမှန်း 'ဦးထင်ကျော်'ကလည်း သဘောပေါက်သွားသလိုပင်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now