အခန်း ၄၂ (Chapter 42)

4.2K 417 76
                                    

(Unicode Version)


၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၅ရက်

ဒီနေ့လည်း 'ဇေယျနောင်'ကို သတိရတဲ့စိတ်နဲ့ သူ တိုက်ခန်းအောက်နားကို ‌ရောက်လာခဲ့မိသည်။ ထုံးစံအတိုင်း နံနက် (၇)နာရီဆိုရင် 'ဇေယျနောင်'က လမ်းလျှောက်ထွက်လေ့ရှိတာမို့ သူ စောစောလာပြီး စောင့်နေခဲ့ခြင်းဖြစ်သည်။ (၇)နာရီတိတိ ထိုးသွားချိန်မှာ 'ဇေယျနောင်'က တိုက်ခန်းပေါ်က ဆင်းလာလေတော့သည်။

"ဇေယျနောင်..."

သူ့ခေါ်သံကြောင့် 'ဇေယျနောင်'က လှည့်ကြည့်လိုက်လေသည်။

"အစ်ကို...ဘာလို့ အစောကြီး ရောက်နေတာလဲ!?"

"ကိုယ်နဲ့ ခဏလောက် လိုက်ခဲ့ပါလား!?"

'ဇေယျနောင်'က နာရီကို တစ်ချက်လှမ်းကြည့်ပြီး သူ့ကို ပြန်ဖြေလိုက်တော့သည်။

"ကျွန်တော် (၈)နာရီ မထိုးခင်တော့ အိမ်ပြန်ရောက်မှ ဖြစ်မယ်။"

ဒီသတ်မှတ်ချက်က 'နေရဲမာန်'နဲ့ သက်ဆိုင်နေမှန်း သူ ရိပ်မိလိုက်ပါသည်။

"ကောင်းပါပြီ။ (၈)နာရီထိုးတာနဲ့ မင်း အိမ်ကို ပြန်ရောက်စေရပါမယ်။"

ထိုအခါကျမှ 'ဇေယျနောင်'က သူ့ကားပေါ်ကို အသာတကြည် လိုက်လာခဲ့လေသည်။ သူတို့နှစ်ဦး ကော်ဖီဆိုင်တစ်ခုမှာ ဝင်ထိုင်ပြီးချိန်မှာ သူ့ဘက်က စကားစ,ပြောလိုက်မိတော့သည်။

"အဲ့အိမ်မှာ နေရတာ အဆင်ပြေရဲ့လား!?"

"ပြေပါတယ်။"

"မင်း ကိုယ့်ကို ဘာလို့ ဒီလိုမျိုး ဆက်ဆံနေရတာလဲ!?"

"အစ်ကို ကျွန်တော့်အပေါ်မှာ သံယောဇဉ်တွေ ပိုနေမှာကို မလိုချင်ဘူး။ ဖြစ်နိုင်ရင် ကျွန်တော့်ဆီကိုလည်း လာမတွေ့ပါနဲ့တော့။"

သူ နေ့တိုင်း မြင်တွေ့ချင်နေမိတဲ့သူက သူ့ကို လာမတွေ့ဖို့ တားမြစ်နေတယ်တဲ့လား!? 'ဇေယျနောင်'ရယ်...မင်းက တစ်ခါတလေကျရင် ကိုယ့်အပေါ် သိပ်ရက်စက်တာပဲ။

"ကိုယ့်မှာ မင်းနဲ့ စကားပြောခွင့်၊ ‌လာတွေ့ခွင့်လေးတောင် မရှိတော့ဘူးလား!?"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now