အခန်း ၁၈ (Chapter 18)

4.6K 548 82
                                    

(Unicode Version)


၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၂ရက်

သုံးနှစ်ဆိုတဲ့ အချိန်ကာလတစ်ခုက ပျင်းရိငြီးငွေ့စွာ ကုန်ဆုံးသွားခဲ့ပြီး သူ့ရဲ့ရည်မှန်းချက်ကို ရရှိဖို့ ကြားကာလတစ်ခုဖြစ်တဲ့ ဆေးကျောင်းသားဘ၀ကို ကျော်ဖြတ်နေခဲ့ရလေသည်။

"မြင့်မိုရ်...ဘာတွေ တွေးနေတာလဲ!?"

စာသင်ခန်းရဲ့အပြင်ဘက်ကို ငေးမောကြည့်ရင်း အတွေးလွန်နေတဲ့ သူ့ကို 'ကောင်းကင်'က လှမ်းမေးလိုက်သည်။

"ပျင်းလို့ လျှောက်တွေးကြည့်နေတာပါ။"

"ကန်တင်းန်ကို သွားရအောင်ကွာ။ မုန့်စားရင်းနဲ့ ကောင်မလေးတွေကိုလည်း ငမ်းလို့ရတာပေါ့။"

ဒီနေ့ စာသင်ရတာ စိတ်မပါသလို ဖြစ်နေတာမို့ သူ ငြင်းဆန်မနေတော့ဘဲ ကန်တင်းန်ကို လိုက်ပါလာခဲ့ရတော့သည်။

"ဟိုကောင်မလေးက တော်တော်ချောတယ်နော်။ Fresherလေးလား မသိဘူး။ ငါတို့လိုဒုတိယနှစ်သမားတွေထဲမှာလည်း သူ့လို ချောချောလေးတွေ ရှိသင့်တယ်။"

'ကောင်းကင်'က နှာခေါင်းမီးတောက်နေစဉ်မှာ သူကတော့ စိတ်ညစ်ညူးစွာဖြင့် ခပ်လှမ်းလှမ်းကိုသာ ငေးကြည့်နေလိုက်မိသည်။ ထိုအချိန်မှာပင် ရှုပ်ထွေးလှတဲ့ လူအုပ်ကြားထဲမှာ ကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်ရလေသည်။

"ဇေယျနောင်!!!"

ပတ်၀န်းကျင်ကို သတိမထားနိုင်ဘဲ ထိုကောင်လေးရှိရာဆီသို့ နာမည်ခေါ်ရင်း သူ ပြေးထွက်သွားမိသည်။ သို့ပေမယ့် ထိုကောင်လေးက သူ့ဘက်ကို နည်းနည်းလေးတောင် ပြန်လှည့်မကြည့်ခဲ့ပေ။

"ဇေယျနောင်!!!"

သူ ထပ်ပြီး အော်ဟစ်လိုက်ချိန်မှာ ထိုကောင်လေးက လှည့်ကြည့်လိုက်လေသည်။ ဒါပေမဲ့ ထိုကောင်လေးက သူ မျှော်လင့်နေတဲ့ 'ဇေယျနောင်'တော့ မဟုတ်ခဲ့ပေ။

"ကျွန်တော့်ကို ခေါ်တာလား!?"

ထိုကောင်လေးရဲ့အမေးကြောင့် လူတွေအားလုံးရဲ့အကြည့်က သူ့အပေါ် ကျရောက်လာခဲ့တော့သည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now