အခန်း ၄ (Chapter 4)

7.3K 768 19
                                    

(Unicode Version)


၂၀၁၀ခုနှစ်၊ ဩဂုတ်လ ၂၅ရက်

ကျောင်းမုန့်ဈေးတန်းကို သွားရာလမ်းမှာ 'နွေဦးမေ'က သူ့ကို မေးလိုက်လေသည်။

"ဟိုတစ်နေ့က နင်နဲ့ နေရဲမာန် ပြဿနာတက်ကြသေးတယ်ဆို။"

သူ ဖုံးဖိထားတဲ့ကြားကနေ 'နွေဦးမေ'ဆီ ဒီသတင်းကို ရောက်အောင်ပို့ပေးလိုက်သူက 'လွင်ဦး'သာ ဖြစ်ပေလိမ့်မည်။ 'နွေဦးမေ'ကို ကြိုက်နေတာနဲ့ပဲ သူ့အကြောင်းတွေကို မခြွင်းမချန် လျှောက်ပြောပြပြီး ချဉ်းကပ်နေတာ သေချာပါသည်။

"ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ စကားလေး နည်းနည်း များသွားကြရုံပါ။"

'နွေဦးမေ'က သူ့ကို မျက်စောင်းထိုးပြီး အကြည့်လွှဲသွားလေသည်။

"အန်တီ့ကျန်းမာရေးအခြေအနေကိုလည်း နင် သိရဲ့သားနဲ့။ သူ စိတ်ပူရအောင် မလုပ်စမ်းပါနဲ့ဟာ။"

"ငါလည်း တတ်နိုင်သလောက်တော့ ရှောင်ပါတယ်။ ဒါပေမဲ့ အဲ့ကောင်ကိုက ငါ့ရှေ့မှာ ပြဿနာလာ,လာရှာနေတာ။"

"ဒီတစ်ခါ ပြဿနာတက်တာလည်း ဟိုကောင်လေးကြောင့်ပဲမလား!? နင် ဘာလို့ သူနဲ့ သွားပြီး ပတ်သက်နေရတာလဲ!?"

"ဇေယျနောင်က အရမ်းသနားဖို့ ကောင်းတာ။ သူ့ကို မြင်တိုင်းလည်း ငါ့စိတ်ထဲမှာ ရင်းနှီးနေသလို ခံစားရတယ်။"

"သူ့ကို နင့်ညီလေးလို့ပဲ ထင်နေတာမလား!?"

'နွေဦးမေ'ရဲ့စကားက လူ့လောကထဲကိုပင် မရောက်လိုက်ရဘဲ ကြွေလွင့်သွားခဲ့ရရှာတဲ့ သူ့ညီလေးကို သတိရသွားစေတော့သည်။ အကယ်၍ သူ့ညီလေးကိုသာ မွေးဖွားဖြစ်ခဲ့ရင် အခုချိန်ဆို 'ဇေယျနောင်'လိုမျိုး လေးတန်းကျောင်းသားလေး ဖြစ်နေလောက်ရောပေါ့။

"အဲဒီကိစ္စကြောင့်လည်း ပါမှာပေါ့လေ။ ဒါပေမဲ့ သူ့ဘ၀လေးက တကယ်လည်း သနားဖို့ ကောင်းတာပါ။"

သူတို့နှစ်ဦး မုန့်ဈေးတန်းရဲ့အ၀င်၀နားကို ရောက်လာချိန်မှာ 'ဇေယျနောင်'ကို တွေ့လိုက်ရလေသည်။

"ဇေယျနောင်..."

သူ့ခေါ်သံကိုကြားတာနဲ့ ချက်ချင်း ထ,ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်တဲ့ 'ဇေယျနောင်'ကို သူ လှမ်းဆွဲထားလိုက်မိတော့သည်။ 'ဇေယျနောင်'ရဲ့ခန္ဓာကိုယ်လေးကို သူ့ဘက် ဆွဲလှည့်ပြီး အကြောင်းအရင်းကို မေးလိုက်မိသည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now