အခန်း ၂၀ (Chapter 20)

5K 507 45
                                    

(Unicode Version)

'နေရဲမာန်'၏ဒိုင်ယာရီ

၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်

နှစ်သစ်ကူးပွဲတော်နေ့ဆိုတော့ ဒယ်ဒီ့မိတ်ဆွေတွေ အိမ်ကို လာလည်ခဲ့ကြတယ်။ ‌မာမီကတော့ ဧည့်၀တ်ကျေနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့တာပေါ့။ ဧည့်သည်ဦးလေးတစ်ယောက်က 'ဇေယျနောင်'ကို တွေ့တာနဲ့ ဒယ်ဒီ့သားငယ်လေးလားဆိုပြီး မေးလိုက်ပါလေရော။ နဂိုထဲက 'ဇေယျနောင်'ကို အမြင်မကြည်တဲ့ မာမီက အဲ့စကားကိုလည်း ကြားရော စိတ်တော်တော်ဆိုးသွားတာ။ နောက်နေ့မနက် ဒယ်ဒီ ကုမ္ပဏီကို သွားတဲ့အချိန်ကတည်းက 'ဇေယျနောင်'ကို အခန်းထဲ သုံးရက်တောင် ထည့်ပိတ်ထားခဲ့တယ်။ အစာနဲ့ရေလည်း လုံး၀ မတိုက်ခိုင်းဘူး။ ဒီအတိုင်း ပစ်ထားရင် ဒီကောင်လေး သေသွားမှာပေါ့။ ငါလည်း ‌မာမီ မရှိတဲ့အချိန်ကို ချောင်းပြီး မုန့်နဲ့ရေကို သွားပို့ပေးခဲ့ရတယ်။ ထမင်းမစားရတော့ သူ့မျက်နှာလေးက တော်တော့်ကို ချောင်ကျသွားတာ။ ဗိုက်ဆာလို့ မုန့်တွေကို အငမ်းမရစားနေရှာတဲ့ သူ့ပုံစံကို ကြည့်ရင်း ငါ သနားနေမိတယ်။ 'ဇေယျနောင်'ရယ်...ဒီဒုက္ခတွေကို မင်းအစား ငါသာ ခံယူပေးလို့ ရရင် သိပ်ကောင်းမှာပဲ။

---------------


၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်

စာမေးပွဲတွေက နောက်လဆိုရင် ဖြေရတော့မယ်။ 'ဇေယျနောင်'ကတော့ စာကျက်ရတဲ့အချိန်ကို လုံး၀မရှိဘူး။ မာမီက သူ ကျောင်းက ပြန်လာတာနဲ့ ဆက်တိုက်ခိုင်းနေတာ။ ဒယ်ဒီကလည်း ကုမ္ပဏီမှာပဲ အနေများပြီး အိမ်ကို တစ်ခါတလေမှ ပြန်လာတယ်။ ပြန်လာရင်လည်း ငါနဲ့ မတွေ့လိုက်ရဘူး။ ဒယ်ဒီ့ဆီ လှမ်းဖုန်းဆက်တော့လည်း အလုပ်ရှုပ်နေလို့ဆိုပြီး စကားတောင် ဆုံးအောင် မပြောရဘူးလေ။ အိမ်မှာ သူ့ကို အကူအညီပေးနိုင်မယ့်သူလည်း တစ်ယောက်မှ မရှိဘူး။ ငါက အမြဲ၀င်တားနေတော့ မာမီကလည်း သံသယ၀င်နေပြီ။ 'ဇေယျနောင်'ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစရာ လုံး၀မလိုဘူးတဲ့။ သူ့ကို ၀င်ကူညီရင် ငါ့ကို နောက်နှစ်ဆယ်တန်းမှာ ဘော်ဒါပို့ပစ်လိုက်မယ်တဲ့လေ။‌‌ ဘော်ဒါတော့ သွားလို့ မဖြစ်ဘူး။ ဒီကောင်လေး ပိုဒုက္ခရောက်သွားလိမ့်မယ်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now