အခန်း ၅၄ (Chapter 54)

3.8K 377 38
                                    

(Unicode Version)


၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂ရက်

ဂျူတီချိန်ပြီးပြီမို့ အိမ်ကို ပြန်ခါနီးမှာ မနေ့ညက ဆုံးသွားတဲ့လူနာနဲ့ ရင်းနှီးတဲ့ အမျိုးသားနှစ်ဦးကို သူ တွေ့လိုက်ရလေသည်။

"ကျွန်တော်တို့က မာယာရဲ့သူငယ်ချင်းတွေပါ။ အခု သူ့ကလေးလေး‌ကို သွားတွေ့ချင်လို့ ဘယ်မှာများ သွားတွေ့လို့ရမလဲဟင်!?"

သူ့ကို စကားလာပြောတဲ့ အမျိုးသားက မနေ့ညက ဝမ်းနည်းစွာနဲ့ ငိုကြွေးနေခဲ့သူပင်။

"ကလေးက အသားဝါရှိလို့ သီးသန့်ခွဲထားရတာပါ။ ကျွန်တော် လိုက်ပြပေးပါ့မယ်။"

ထိုလူနှစ်ယောက်ကို ကလေးထားရာအခန်းဆီ သူ လိုက်ပြပေးခဲ့မိသည်။

"ကလေးလေးက ချစ်စရာလေးနော်။"

"ဟုတ်တယ်...မာယာနဲ့ တူတယ်လို့ ထင်တာပဲ။"

"ဒီကလေးလေးကို ငါတို့မွေးစားလိုက်ကြရင် မကောင်းဘူးလား!?"

"မင်းရဲ့သဘောပဲလေ။"

ထိုစကားတွေကြောင့် စိတ်ထဲမှာ ထူးဆန်းနေသလို ခံစားရပြီး သူ့မျက်လုံးက ထိုလူနှစ်ဦးရဲ့လက်တွေဆီကို ရောက်ရှိသွားလေသည်။ ဆင်တူလက်စွပ်နှစ်ကွင်းကို ဝတ်ဆင်ထားတဲ့ သူတို့နှစ်ဦးရဲ့ပတ်သက်မှုက ဘယ်လိုဆိုတာကို သူ သိရှိသွားရတော့သည်။

"ကျွန်တော်တို့ကို ကလေးနဲ့ တွေ့ခွင့်ပေးခဲ့လို့ ဒေါက်တာ့ကို ကျေးဇူးတင်ပါတယ်။"

ကလေးကို ကြည့်ပြီး ထိုလူနှစ်ဦးက သူ့ဘက်ကို လှည့်လာခဲ့လေသည်။

"ရပါတယ်ဗျာ။ ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦးနော်။"

ထိုလူနှစ်ဦးကို နှုတ်ဆက်ပြီး သူ ထွက်လာခဲ့ချိန်မှာ အကြံတစ်ခု ရလိုက်လေသည်။ သူနဲ့ 'ဇေယျနောင်'လည်း အဲ့လိုမျိုးလေး ဝတ်လို့ရရင် သိပ်ကောင်းမှာပဲလေ။ အိမ်အပြန်လမ်းမှာ လက်ဝတ်ရတနာဆိုင်တစ်ခုကို သူ ဝင်ပြီး သူတို့နှစ်ဦးအတွက် လက်စွပ်လေးဝင်ရွေးခဲ့မိသည်။ တစ်ချိန်ချိန်ကျရင် ဒီလက်စွပ်လေးကို 'ဇေယျနောင်'ရဲ့လက်မှာ သူ ဝတ်ပေးနိုင်အောင် ကြိုးစားရပေလိမ့်မည်။ ကြည်နူးစွာနဲ့ အိမ်ပြန်ရောက်လာချိန်မှာ 'ဇေယျနောင်' က ကျောင်းမသွားဘဲ သူ့ကို စောင့်နေခဲ့လေသည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now