အခန်း ၂၄ (Chapter 24)

4.4K 523 37
                                    

(Unicode Version)


၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၇ရက်

မေမေ့ရဲ့အခြေအနေက မနေ့ကထက် ပိုကောင်းမွန်လာခဲ့ပေမယ့် ဆေးရုံမှာပဲ နှစ်ရက်လောက် ဆက်ထားပြီး စောင့်ကြည့်ဖို့ သူတို့သားအဖ ဆုံးဖြတ်ခဲ့ကြ‌သည်။ 'နွေဦးမေ'တို့ မိသားစုကလည်း မေမေ့ဆီကို လူနာသတင်းမေးဖို့အတွက် ရောက်လာကြတော့သည်။

"အန်တီ သက်သာရဲ့လားဟင်!?"

"သက်သာပါတယ်...သမီးရယ်။ နောက်နှစ်ရက်နေရင် ပြန်ဆင်းရတော့မှာပါ။ အန်တီက ဖြစ်နိုင်ရင် ဒီနေ့ ချက်ချင်း ပြန်ဆင်းလိုက်ချင်တာ။ သားနဲ့ သူ့အဖေက လက်မခံကြလို့သာပေါ့။"

မေမေက စကားပြောဖော် ရသွားပြီမို့ ပြုံးရွှင်နေလေသည်။

"ဒီနှစ်ရက်လောက်တော့ သည်းခံပြီး နေလိုက်ပါဦး...အန်တီရဲ့။ ဆေးရုံက‌ ပြန်ဆင်းလာတဲ့နေ့ကျရင် အန်တီ ကြိုက်တတ်တဲ့ ဟင်းတွေကို သမီး ချက်ကျွေးပါ့မယ်။"

"သမီးလေးက လိမ္မာလိုက်တာကွယ်။ အန်တီ့မှာလည်း ဒီလိုမျိုး ချစ်စရာ သမီးလေးတစ်ယောက်လောက် ရှိရင် သိပ်ကောင်းမှာပဲ။"

"တို့သမီးလေးကလည်း မင်းရဲ့သမီးလေးပဲပေါ့...မဟုတ်ဘူးလား!?"

'အန်တီမျိုး'က လိမ္မာပါးနပ်စွာ ၀င်ထောက်ခံလိုက်လေသည်။

"ဟုတ်တာပေါ့...မျိုးရယ်။ ဪ...ဒါနဲ့ သတင်းကောင်းတစ်ခု ပြောရဦးမယ် သိလား!?"

"ဟုတ်လား...ဘာသတင်းလဲ။ ပြောစမ်းပါဦး။"

မေမေက သူ့ဘက်ကို လှည့်ကြည့်ပြီး ပြုံးရွှင်စွာ ပြောလိုက်တော့သည်။

"သားလေးက နောက်နှစ် သူ အသက်(၂၀)ပြည့်တဲ့ နေ့ကျရင် သမီးလေးနဲ့ စေ့စပ်ပွဲ လုပ်ချင်တယ်တဲ့။"

"ဟယ်...ဒါ သတင်းကောင်းပဲ။"

'အန်တီမျိုး'က ကျေနပ်၀မ်းသာစွာဖြင့် 'နွေဦးမေ'ရဲ့ပခုံးကို ဖက်လိုက်ချိန်မှာ 'နွေဦးမေ'ကလည်း သူ့ကို ရှက်နေသလို ပုံစံမျိုးနဲ့ လှမ်းကြည့်‌လိုက်လေသည်။ ထိုအခြင်းအရာကို မေမေက မြင်လိုက်တာမို့ သူ့ကို လှမ်းခေါ်လိုက်တော့သည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now