အခန်း ၃၀ (Chapter 30)

4.8K 486 67
                                    

(Unicode Version)


'နေရဲမာန်'၏ ဒိုင်ယာရီ


၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၈ရက်

'ဇေယျနောင်'အတွက် ဆေး၀ယ်ပေးရင်းနဲ့ ဆေးကျောင်းကို သွားပြီး ဂိတ်စောင့်ဦးလေးကြီးကို သွားတွေ့ဖြစ်ခဲ့တယ်။ ငါ ထင်တဲ့အတိုင်းပဲ...မြင့်မ်ုရ်ဟိန်းက သူ့ဖုန်းနံပါတ်ကို ပေးသွားတယ်လေ။ ငါလည်း သူ့ဖုန်းနံပါတ်နဲ့ ငါ့သူငယ်ချင်းတစ်ယောက်ရဲ့နံပါတ်ကို လဲပေးထားခဲ့ရတယ်။ 'ဇေယျနောင်'ရဲ့ဘေးမှာ ရှိနေရမယ့် တစ်ဦးတည်းသောသူက ငါပဲ ဖြစ်စေရမယ်။ စီစဉ်စရာရှိတာ စီစဉ်ထားခဲ့ပြီးမှ အိမ်ကို ပြန်လာခဲ့ရတယ်။ ထမင်းစားတိုင်း နှုတ်ခမ်းထောင့်လေးမှာ ထမင်းစေ့လေး ပေပေနေတတ်တဲ့ ဒီကောင်လေးက တကယ့်ကို ချစ်ဖို့ကောင်းတာ။ သူ့မျက်နှာလေးကို တစ်နေ့လုံး ထိုင်ကြည့်နေလိုက်ချင်တယ်။ သူကလည်း အရင်ကထက်စာရင် ငါ့အပေါ် ပြေပြေလည်လည် ဆက်ဆံလာပါတယ်။ တစ်ခုပဲ...မြင့်မိုရ်ဟိန်းဆိုတဲ့ကောင်သာ ပါမလာခဲ့ရင်ပေါ့။ အခုလည်း ကြည့်...အဆင်ပြေနေရာကနေ သူက ဆေးကျောင်းကို သွားချင်တယ်တဲ့လေ။ ငါ စောစောစီးစီး အကြံရလိုက်လို့ တော်သေးတာပေါ့။ သူ ကားပေါ်က ဆင်းသွားတုန်း ငါ့သူငယ်ချင်းဆီ အကူအညီ လှမ်းတောင်းလိုက်ရတယ်။ ငါ့အကြံအစည်တော့ အောင်မြင်သွားပါတယ်။ ဒါပေမဲ့ သူကတော့ တော်တော်လေး စိတ်ညစ်သွားတဲ့ပုံပဲ။ ဇေယျနောင်ရယ်...သူ့အပေါ် ဘာလို့ ဒီလောက်ထိ စွဲလမ်းနေရတာလဲကွာ!? မင်းကို ရူးမတတ် ချစ်မိနေတဲ့ ငါ့ဘက်ကိုလည်း လှည့်ကြည့်ပေးပါဦး...မင်း နာကျင်နေတာကို မြင်တိုင်း ငါ့နှလုံးသားကို ဓါးနဲ့ မွှန်းသလို ဖြစ်နေရတာကိုရော မင်း သိရဲ့လား!? မင်းကို ငါ့ဘေးနားမှာ ထားနိုင်ဖို့အတွက် ဒီနာကျင်မှုကို လက်ပိုက်ကြည့်နေရုံပဲ ရှိ‌တော့တာပေါ့။

----------------


၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၃၁ရက်

'ဇေယျနောင်'သာ သပ်သပ်ရပ်ရပ် ၀တ်စားထားရင် အရမ်းကြည့်လို့ ကောင်းသွားမှာ။ သူ့အသက်ကလည်း ကြီးထွားနေတဲ့ အရွယ်လေးဆိုတော့ အင်္ကျီ၀ယ်ပေးရတာ ခက်လာတယ်။ ဒီတော့ သူ့ကို ကိုယ်တိုင်ခေါ်သွားပြီး ၀ယ်မှ ဖြစ်တော့မယ်။ ငါလည်း သူ့လက်ကို ဆွဲပြီး အိမ်ကနေ ခေါ်ထုတ်လာခဲ့လိုက်တယ်။ ဆံပင်ပုံစံလေး ပြောင်းလိုက်တော့ သူ့မျက်နှာ ပိုပေါ်သွားတာပေါ့။ သူ့ကို ဆံပင်ညှပ်ဆိုင်ထဲက ကောင်မလေးတွေတောင် လှမ်းကြည့်ကုန်ကြပြီ။ သူက ငါ ပိုင်တဲ့သူပဲ...ဘယ်သူမှ တပ်မက်စိတ်နဲ့ လာကြည့်ခွင့် မရှိဘူး။ သူ့လက်ကို ဆွဲပြီး ဆိုင်ထဲ‌ကနေ အမြန် ထွက်လာခဲ့ရတယ်။ အင်္ကျီဆိုင်ရောက်တော့ သူက ငတုံးလေးလေ။ ခေတ်ပေါ် အ၀တ်အစားတွေကိုလည်း လုံး၀မသိဘူး။ ပြောင်းပြန်၀တ်ရတဲ့ စတိုင်ကို သူက နားမလည်ဘဲ မှား၀တ်လာသေးတာ။ သူ့ကို ၀တ်ပုံ၀တ်နည်း ပြဖို့ အ၀တ်လဲခန်းထဲ ခေါ်လာခဲ့ပေမယ့် ကိုယ့်သေတွင်း ကိုယ် တူးမိသွားတာပဲ။ ဖြူဖွေးနုဖတ်နေတဲ့ သူ့ခန္ဓာကိုယ်လေးကို ငါ ပိုင်ဆိုင်ချင်မိတယ်။ သူ့ကို ငါ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖွက်ထားချင်တယ်။ မင်းနဲ့ ဆုံတွေ့ချိန်တိုင်းမှာ ငါ့ရဲ့စိတ်တွေ အဆုံးစွန်ထိ ရူးသွပ်မသွားအောင် ငါ ဘယ်လောက်ထိန်းရသလဲဆိုတာ မင်းကတော့ ဘယ်သိပါ့မလဲ!?

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Donde viven las historias. Descúbrelo ahora