အခန်း ၂၁ (Chapter 21)

4.7K 532 49
                                    

(Unicode Version)


၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၄ရက်

ကျေးဌက်လေးတွေရဲ့ တွန်ကျူးသံနဲ့အတူ သာယာစွာ နိုးထလာခဲ့ရတဲ့ နံနက်ခင်းလေးတစ်ခုမှာ သူ ပထမဆုံး သတိရမိသူက 'ဇေယျနောင်'ပင် ဖြစ်လေသည်။ 'ဇေယျနောင်'နဲ့ သူ စတွေ့ခဲ့တဲ့ နေ့လေးကလည်း ယခုလိုမျိုး ဩဂုတ်လပဲ မဟုတ်ပါလား!? သူ့ဆီကို အားကိုးတကြီးနဲ့ တိုး၀င်လာတဲ့ ဒီကောင်လေးက အခုရော ဘယ်သူ့ကို အားကိုးအားထား ပြုပြီး နေ,နေရမလဲ!? သူ့အတွေးထဲ မျောနေစဉ်မှာပင် မေမေက အခန်းတံခါးကို လာခေါက်လေသည်။

"သားရေ...နိုးနေပြီလား!?"

သူလည်း အိပ်ရာက ထပြီး ‌မေမေ့ကို တံခါး သွားဖွင့်ပေးလိုက်ရတော့သည်။

"သား နိုးနေပါပြီ။ မေမေ ဘာခိုင်းစရာရှိလို့လဲ!?"

"ဘာမှမခိုင်းပါဘူးကွယ်။ ဒီနေ့က သမီးမေရဲ့မွေးနေ့ဆိုတော့ သူ့ကို ဘုရားလိုက်ပို့ပေးဖို့ မေမေက လာသတိပေးတာ။"

ဒီနေ့က 'နွေဦးမေ'ရဲ့မွေးနေ့ဆိုတာကို သူ လုံး၀ မေ့နေခဲ့တာပဲ။ နှစ်တိုင်း သူ့ကို ဘုရားသွားဖို့ ‌လာခေါ်နေကြ 'နွေဦးမေ'က မနေ့က ပြဿနာကြောင့် သူ့ကို အခဲမကျေ ဖြစ်နေတာ သေချာသွားလေပြီ။

"ဟုတ်ကဲ့...မေမေ။ သား ရေချိုး၊ အ၀တ်အစားလဲပြီးရင် သူ့ကို ခေါ်ပြီး ဘုရားလိုက်ပို့ပေးလိုက်ပါ့မယ်။"

မေမေက သူ့စကားကြောင့် စိတ်ကျေနပ်သွားဟန်ဖြင့် ပြန်ထွက်သွားလေသည်။ သူလည်း ရေအမြန်ချိုးပြီး 'နွေဦးမေ'ကို ဘုရားလိုက်ပို့ပေးဖို့ ပြင်ရတော့သည်။

"မေရေ...သမီးလေး...ဒီမှာ မြင့်မိုရ်ရောက်နေတယ်။"

သူ့ကို တွေ့တာနဲ့ 'နွေဦ်းမေ'ရဲ့မေမေက အမြန်လှမ်းခေါ်ပေးလေသည်။

"သား...ခဏလေး ထိုင်ဦးနော်။ အန်တီ သူ့ကို သွားခေါ်လာခဲ့ပေးမယ်။"

"ဟုတ်ကဲ့...အန်တီ။"

အန်တီမျိုးက အပေါ်ထပ်မှာရှိတဲ့ 'နွေဦးမေ'ရဲ့အိပ်ခန်းဆီ တက်သွားပြီး ကိုယ်တိုင်သွားခေါ်ပေးရတော့သည်။ ခဏကြာတော့မှ 'နွေဦးမေ'က မျက်နှာမကြည်မလင်နဲ့ အောက်ထပ်ကို ဆင်းလာလေသည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now