အခန်း ၅၈ (Chapter 58)

5.2K 377 64
                                    

(Unicode Version)


၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်

ဒီနေ့ညမှာ 'ဇေယျနောင်'ရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပဖို့ ရှိလေသည်။ အသိအကျွမ်းအနည်းငယ်နဲ့သာ ကျင်းပမယ့်ပွဲလေးမို့ လူငယ်ဆန်ဆန် ဝတ်စားသွားဖို့ သူ ဆုံးဖြတ်လိုက်မိသည်။

"သားရေ...ကောင်းကင် ရောက်နေပြီနော်။"

ဖေဖေ့ခေါ်သံကြောင့် အမြန်ပြင်ဆင်ပြီး သူ အောက်ထပ်ကို ဆင်းလာခဲ့ရလေသည်။

"ဖေဖေရော မလိုက်ဘူးလား!?"

ဖေဖေက 'ကောင်းကင်'နဲ့ စကားပြောနေရင်းက သူ့ကို လှမ်းဖြေလိုက်သည်။

"လူငယ်တွေချည်းပဲဆို ပိုလွတ်လပ်တာပေါ့။ တော်ကြာ ဖေဖေ့အတွက် အလုပ်ပို‌နေရလိမ့်မယ်။"

"ဇေယျနောင်က တခြားသူမှမဟုတ်တာပဲ။ သူ့ကို အားနာနေဖို့မှ မလိုတာ ဖေဖေရဲ့။"

"ဖေဖေလည်း အိမ်မှာ နားချင်နေလို့ပါကွယ်။ ကဲ...ပြောနေတာနဲ့ နောက်ကျတော့မယ်။ မြန်မြန်သွားကြတော့။"

ဖေဖေက သူ့ကို မြန်မြန်သွားဖို့ တိုက်တွန်းခဲ့လေသည်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူငယ်တွေကြားမှာ ဖေဖေက အနေခက်နေရှာမှာပေါ့။ သူလည်း 'ကောင်းကင်'ကို ခေါ်ပြီး 'ဇေယျနောင်'ရဲ့အိမ်ရှိရာဆီ ထွက်လာခဲ့တော့သည်။

"အချစ်ဦးရဲ့လက်ထပ်ပွဲမှာ သက်သေနေရာက နေပေးခဲ့တဲ့ သတ္တိခဲ ငါ့သူငယ်ချင်းလေး။ ဘယ်လိုလဲ...နေလို့မှ ပျော်ရဲ့လား!?"

'ကောင်းကင်'က သူ့ကို နောက်ပြောင်လိုက်လေသည်။

"ဟေ့ကောင်...ငါက အချစ်ကို သေချာသိပြီးသွားပြီ။ မင်းကသာ ရည်းစားလည်း ရှာမရ၊ အချစ်ဆိုတာကိုလည်း နားမလည်တဲ့ ချိန်ပါ ဖြစ်နေရတာ။ မင်း မရှက်ဘူးလား!?"

သူ့စကားက ချက်ကောင်းကို ထိမှန်သွားလေသည်။

"လောလောဆယ်တော့ ငါ့ကို လှောင်ထားဦးပေါ့။ အလိမ္မာအိမ်ပါလေးနဲ့ ငါ ယူသွားတော့မှ အားကျစိတ်နဲ့ မင်း ကြေကွဲရလိမ့်မယ်။"

"ယူဖြစ်‌မှ လာပြော..."

သူတို့နှစ်ဦး စကားတပြောပြောနဲ့ မောင်းလာရင်းက 'ဇေယျနောင်'ရဲ့အိမ်ကို ရောက်လာခဲ့တော့သည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now