အခန်း ၃၃ (Chapter 33)

4.5K 476 54
                                    

(Unicode Version)


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၂၅ရက်

ဒီနေ့လည်း 'ဇေယျနောင်'က ထုံးစံအတိုင်း သူ့ဆီ ရောက်လာခဲ့ပြန်သည်။ ဒါပေမဲ့ သူ့မျက်နှာက မနေ့ကနဲ့မတူဘဲ မှုန်မှိုင်းနေသလိုပင်။ အရင်လို အခြေအနေမျိုးနဲ့သာဆိုရင် သူ အကြောင်းအရင်းကို ချက်ချင်း မေးပြီး ဖြေရှင်းပေးမိမှာ သေချာသည်။ ဒါပေမဲ့ လက်ရှိမှာတော့ ဒါတွေအားလုံးကို မမြင်ချင်ယောင်ဆောင်နေရုံသာ ရှိလေတော့သည်။

"အစ်ကို ဘာမေဂျာယူထားတာလဲဟင်!?"

"သားဖွားမီးယပ်(‌OG)"

သူ့စကားကိုကြားတော့ 'ဇေယျနောင်'က တအံ့တဩနဲ့ ထပ်မေးလိုက်လေသည်။

"ကျွန်တော်က အစ်ကို့ကို ခွဲစိတ်အထူးပြု ယူမယ်လို့ ထင်ထားတာ။"

"ငါ့သဘောနဲ့ ငါ ဘာပဲယူယူပေါ့။ မင်းနဲ့ ဘာဆိုင်လို့လဲ!?"

သူ့ရဲ့ဒေါသစကားကြောင့် 'ဇေယျနောင်'က ပြာပြာသလဲ တောင်းပန်လိုက်တော့သည်။

"ကျွန်တော် ပြောတာ အဲ့သဘောမျိုး မဟုတ်ပါဘူး။ ကျွန်တော့်စကားတွေက ဘောင်ကျော်သလိုမျိုး ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်။"

သူ့ကို ခခယယ,တောင်းပန်နေတဲ့ 'ဇေယျနောင်'ရဲ့မျက်နှာကို အချိန်ကြာကြာ စိုက်ကြည့်ရဲတဲ့ သတ္တိမျိုး သူ့မှာ ရှိမနေခဲ့ပေ။ 'ဇေယျနောင်'ကို မြင်တိုင်း ဒွိဟဖြစ်နေရတဲ့ စိတ်တွေအတွက် တစ်ခုတည်းသော ထွက်ပေါက်က သူ့ရှေ့ကနေ မြန်မြန် ထွက်သွားဖို့ နှင်ထုတ်ပစ်ခြင်းပင် ဖြစ်သည်။

"‌မင်း ဘယ်အချိန်ထိ ငါ့နောက်ကို ဆက်လိုက်နေဦးမှာလဲ!?"

"အစ်ကို ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်တဲ့ အချိန်အထိပေါ့။"

'ဇေယျနောင်'ရဲ့စကားကို သူ ဒေါသတကြီး တုံ့ပြန်လိုက်မိတော့သည်။

"ငါ့အမေ သေခဲ့ရတာ ဘယ်သူ့ကြောင့်လဲ!? ဒါတောင် ငါ့ဆီက ခွင့်လွှတ်မှုကို လိုချင်နေသေးတယ်ပေါ့။ မင်းမှာသာ အသိစိတ်ရှိသေးရင် ဒီလိုစကားမျိုးကို ပြောထွက်လာမှာ မဟုတ်ဘူး။"

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Tempat cerita menjadi hidup. Temukan sekarang