အခန်း ၇

Începe de la început
                                    

အခြားဂျာနယ်တွေက ဒီထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး လုကျိုးအနေနဲ့ မသေချာပေမယ့် အေအမ်စီ ဆိုရင်တော့  သူယုံကြည်မှုရှိပေသည်။ ဒါ့အပြင်အေအမ်စီ မှာသွားထုတ်လုပ်လျှင် ပြဿနာမရှိလောက်ဘူးလို့လည်း ခံစားမိပါ၏။ သို့ရာတွင် ကျိုးရဲ့အပရိုစီမေးရှင်း ကို သိပ္ပံဂျာနယ်ထဲထည့်ပြီးထုတ်ဝေဖို့ကတော့ ခက်ခဲမယ်လို့ သူထင်သည်။

ပြဿနာက လက်ခံမလား၊ လက်မခံဘူးလားဆိုတာသာရှိလေသည်။ လက်ခံလိုက်ပြီဆိုတာနဲ့ သူချက်ချင်း ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး သေချာပေါက် အောင်မြင်အောင်လုပ်ရပေမည်။ လုကျိုးက တတိယလုပ်ငန်းကိုသာ ရွေးချယ်လိုက်သည်။ ကျိုးရဲ့အပရိုစီမေးရှင်း ကို အသုံးပြုဖို့ သူမရည်ရွယ်တော့ပေ။ အဲ့ဒီအစား သူက အျခား စာတမ်းအတုလေး ကိုသာ ဒီလုပ်ငန်းကို ကျော်ဖြတ်နိုင်ဖို့အတွက် ချရေးလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

သူ့ရဲ့ အဆင့်မြင့်သင်္ချာနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း တွေအပေါ် ဗဟုသုတများပြားလာပုံက မာစတာကျောင်းသားတစ်ယောက်ရဲ့ ဉာဏ်ရည်လောက်ရှိနေပြီဖြစ်သည်။ သူကသာ သူ့အဆင့်လေး အင်္ဂလိပ်စာတမ်း တစ်ခုကိုရေးချင်တယ် ဆိုပါက ဒီထက္ပိုတဲ့ နည်းပညာစကားလုံးတွေကို အနည်းငယ်သင်ဖို့သာ လိုအပ်တော့မည်ဖြစ်သည်။ အဘိဓါန်တွင် မဖြေရှင်းနိုင်တဲ့အရာ မရှိပေ။

အနှစ်ချုပ်ဆိုရသော် ပထမလုပ်ငန်းကို လုပ်ဆောင်ဖို့အတွက် သူ့အတွက် လုံလောက်တဲ့အတွေ့အကြုံအဆက်အသွယ်တွေလည်း မရှိပါချေ။ ဒုတိယလုပ်ငန်းအတွက်ဆိုလျှင်လည်း တက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသားတစ်ယောက်ကို ရူပဗေဒအတန်းတွေကို တက်ရောက်ခွင့်မရှိသေးပါချေ။ ဒီစနစ္က အဆင့်မြင့်အထက်တန်းကျောင်းတွေက ရူပဗေဒမေးခွန်းတွေကိုသာထုတ်ပေးပြီး သူတကယ်ဖြေရတဲ့အချိန်ကျမှ ခက်ခဲမှုအဆင့်က မြင့်မားနေမှာကိုလည်း သူစိုးရိမ်မိပေသည်။
မည်သို့ပင်ဆိုစေ ရူပဗေဒရဲ့အဆင့်သတ်မှတ်ချက်နဲ့ပတ်သက်ပြီး သူ ဂရုမစိုက်ပါချေ။ လက်ရှိအချိန်မှာသူသင်ယူဖို့မှ မလိုအပ်သေးလေဘဲ။ လိုအပ်လာတဲ့အချိန်ကျမှ သူချက်ချင်းကောက်ပြီးသင်ယူနိုင်တာပဲ မဟုတ္လား။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲUnde poveștirile trăiesc. Descoperă acum