Chapter (47) ( Zawgyi+Unicode)

3.4K 380 16
                                    

Chapter (47) ( Zawgyi+Unicode)

ေကာင္းကင္ထက္မွ ျပိဳင္ပြဲကို ေျမျပင္ေပၚက ေမွာ္ဆရာအားလံုး အံ့အားတႀကီး ႀကည့္ေနစဥ္ အေဝးကို လြင့္သြားသည့္ သူရက ေကာင္းကင္ေပၚ ပ်ံတက္လာျပီး ေႏြဦးေဘးတြင္ရပ္္လိုက္ျပီး မင္းသတိုးကို ရင္ဆိ္ုင္လိုက္သည္။ သူရနွင့္ ေႏြဦးက တစ္ဖက္၊ မင္းသတိုးက တစ္ဖက္...
"ဘာေတြျဖစ္ကုန္ျပီလဲ"

"ဘာေႀကာင့္ အရွင္မင္းသတိုးရဲ႕ခ်စ္သူက ဟိုေကာင္ လူယုတ္မာ သူရေဘးမွာရွိေနတာလဲ..."

"ေႏြဦးရဲ႕ကိုယ္ထဲက အေအးစြမ္းအင္က သူရေပးထားတာပဲျဖစ္မယ္။ ဘယ္္လိုေႀကာင့္ အရွင့္ေပၚ ဒီလို လုပ္ရက္တာလဲကြာ။ ဒီလူသားေကာင္ေလးက မယံုရဘူးပဲ။"

"ႀကည့္ရတာ အရွင္မင္းသတိုး မီးနတ္ဆိုးျဖစ္သြားျပီထင္လို႕ ေနာက္ထပ္ အားကိုးရွာလိုက္တာထင္တယ္။"

"ယုတ္မာလိုက္တဲ့ ေကာင္ေလး။ ကိုယ့္ခ်စ္သူ နိမ့္ပါးခ်ိန္မွာ စြန္႕ပစ္ျပီး အျခားလူေနာက္ကို လုိက္တယ္"

"ေႏြဦးနဲ႕ သူရကို နွိမ္နွင္းေပးပါ အရွင္..."
ေအာက္ဘက္မွ ပရိတ္သတ္မ်ား၏ေတာင္းဆိုမႈေႀကာင့္ ေႏြဦး မခုိုးမခန္႕ျပံုးကာ ေအာက္ဘက္ကို အေအးလိႈ္င္းတစ္ခု ပစ္လႊြတ္လိုက္စဥ္ မင္းသတိုးက မီးစြမ္းအင္ျဖင့္ ျဖတ္တားလိုက္သည္။

ေႏြဦးက ေက်နပ္စြာရယ္ေမာကာ ေျပာလိုက္သည္။
"ဟဲ....ဟဲ.... ခင္ဗ်ားရဲ႕ ငယ္သားေတြက ခင္ဗ်ား ခ်စ္သူကို က်ိန္ဆဲေနျပီ။ ဘယ္လိုလုပ္မလဲ။ တစ္ခုေတာ့ ေရြးမွရေတာ့မယ္၊ ေႏြဦးကို ေရြးမလား။ ေမွာ္ေလာကကို ေရြးမလား။ ဒါမွမဟုတ္...သူ႕ကိုပဲ ေရြးမလား..."

ေႏြဦးက ေျပာရင္း ေဘးက သူရကို လွမ္းဖက္ကာ ရင္ခြင္ထဲ တိုးဝင္ျပီး ျပံုးစစနွင့္ေမးလိုက္သည္။ ေမွာ္ဆရာအားလံုး အရွက္မရွိသည့္ ေႏြဦးကို ႀကည့္ကာ သတ္ျဖတ္ခ်င္စိတ္တို႕ တိုးလာခဲ့သည္။

"အရွက္မရွိတဲ့ လူသား.... အရွင့္ေနာက္ကြယ္မွာ ေဖာက္ျပန္တဲ့ေကာင္.... မင္းဘဝမွာ ေအးေအးသက္သာေနရဖို႕ မေမွ်ာ္လင့္နဲ႕..."

မင္းသတိုးသည္ သူရကို စိုက္ႀကည့္ကာ လွမ္းေျပာလိုက္သည္။

"ကေလး...ကိုယ့္ကို ခြင့္လႊတ္ပါ..."
ထိုစကားကိုေျပာျပီးေနာက္ ေႏြဦးကို ျပင္းထန္စြာတိုက္ခို္က္လိုက္ေတာ့သည္။ မင္းသတုိးက ခြန္အား 80 % ကို သံုးလိုက္ေသာေႀကာင့္ ေႏြဦးနွင့္သူရတုိ႕ လူခ်င္းကြဲသြားကာ သူရက ႀကိဳးျပတ္သြာသည့္ စြန္ေလးလို လႊင့္စင္သြားေတာ့သည္။

"ခ်ဴပ္ေနွာင္...."
မီးေက်ာ့ကြင္းက ခ်က္ခ်င္း နဂါးတစ္ေကာင္လို ေပၚလာျပီး သူရကို ခ်ဳပ္ေနွာင္ကာ အေဝးကို သယ္ေဆာင္သြားေတာ့သည္။

"ဒီလို လူခ်င္း ခြဲလိုက္ရံုနဲ႕ ရမယ္ထင္ေနလား.... ဒီကိုယ္ထဲမွာ ခင္ဗ်ားရဲ႕ အသက္ဓါတ္နဲ႕ ခ်ိတ္ေနတဲ့ လက္စြပ္ရွိေနတယ္။ ဒီကုိယ္ခႏၶာ ပိုင္ရွင္ကို ေဖာက္ခြဲလိုက္ရင္ ခင္ဗ်ားလည္း ေသသြားမယ္ဆိုတာ သိတယ္မလား.... ခင္ဗ်ား ခ်စ္သူေလးရဲ႕ ကုိယ္ခႏၶာကို ရက္ရက္စက္စက္ ေဖာက္ခြဲရက္သလား"

ထိုစကားကို ႀကားလိုက္ရေသာအခါမွ လက္ရွိေႏြဦး၏ ကုိယ္ခႏၶာထဲ သူရရဲ႕ဝိဥာဥ္ ဝင္ေနတာကို အားလံုးသိသြား   ေတာ့သည္။ သူတပါး ကုိယ္ခႏၶာကို ပူးကပ္ျခင္းကို ေမွာ္ေလာကမွ ျပင္းထန္စြာ တားျမစ္ထားသည္ကို အရွင္သုပညာ၏ တပည့္ လက္ရွိ မဟာျမိဳင္ေခါင္းေဆာင္က က်ဴးလြန္လိုက္သည္ကို ျမင္လိုက္ရစဥ္ သူရနွင့္ ရူပကလ်ာဏီ၏ တပည့္မ်ားကလြဲျပီး က်န္မဟာျမိဳင္တပ္မ်ားအားလံုး မင္းသတိုး၏ တပ္မ်ားကို တိုက္ခိုက္ျခင္း မျပဳလုပ္ေတာ့ပဲ ပူးေပါင္းလိုက္ေတာ့သည္။

"မင္းရဲ႕ မူလအေအးစြမ္းအင္ နိုးထတာ 40% ခိုင္နႈနး္ပဲ ရွိေသးတယ္။ ဒီဟာနဲ႕ပဲ ငါ့ရဲ႕ သက္တမ္း 400 နီးပါး နုိးထခဲ့တဲ့ မူလမီးစြမ္းအင္ကို မင္းယွဥ္နုိင္မယ္ ထင္ေနသလား..."
မင္းသတိုး ေအးစက္စြာေမးလိုက္သည္။

"မယွဥ္နုိင္ပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ့္လက္ထဲမွာ ခင္ဗ်ားရဲ႕ ခ်စ္သူပိုင္တဲ့ ကုိယ္ခႏၶာေလး ရွိတယ္ေလဗ်ာ... ခင္ဗ်ား ဒီ ကုိယ္ခႏၶာကို ေဖာက္ခြဲလိုက္ရင္ ကြ်န္ေတာ့္ဝိဥာဥ္ေပ်ာက္ကြယ္သြားတာမွန္ေပမယ့္ ကြ်န္ေတာ္နဲ႕အတူ ခင္ဗ်ားရဲ႕ အသက္လည္း ယုတ္ေလ်ာ့သြားမယ္။ ျပီးေတာ့ ေႏြဦးက တသက္လံုး က်ြန္ေတာ့္မ်က္နွာနဲ႕ အသက္ရွင္သြားရမယ္ေလ....ဟား...ဟား....ဒီအစီစဥ္မေကာင္းဘူးလား..... ကြ်န္ေတာ္ မပိုင္ဆိုင္ရရင္ ဘယ္သူမွ မပိုင္ဆုိ္င္ရဘူး။"

"မင္း ဒီမဟာျမိဳင္ကို ရေနလ်က္နဲ႕ ဘာေႀကာင့္ ေႏြဦးကို ဒီလို လုပ္ရတာလဲ၊ ေႏြဦးက မင္းကို သံေယာဇဥ္ ဒီေလာက္ႀကီးေနတာကို သိလ်က္နဲ႕...ဘာေႀကာင့္ သူ႕ကို တန္ဖိုးမထားရတာလဲ။ မင္းသာ မဟာျမဳင္ရဲ႕ အႀကီးကဲေကာင္းပီသေအာင္ ေနရင္ ဒီရာထူးကို က်ဳပ္ လက္လႊတ္လိုက္ျပီး ေႏြဦးနဲ႕ အတူ က်ဳပ္ အေဝးကို ထြက္သြားေတာ့မွာပဲ။ မင္း ဘာေႀကာင့္ ေႏြဦးကို ခုလို ခုတံုးလုပ္ရက္တာလဲ။ "

"ရန္ျငိဳးရန္စဆိုတာ ခ်န္မထားေကာင္းဘူး။ ခင္ဗ်ား ပါးစပ္က ဘယ္ေလာက္ေျပာေနပါေစ.... ဒီလို ေမွာ္ေခါင္းေဆာင္ရာထူးကို အလြယ္တကူ ဘယ္လို စြန္႕ပစ္နုိ္င္မွာလဲ။ ျပီးေတာ့ ကြ်န္ေတာ္က ဒီေမွာ္ေလာကို ေသြးသန္႕ေမွာ္ဆရာေတြနဲ႕ပဲ တည္ေထာင္ျပီး ေသြးေနွာေတြ၊ သာမန္လူကေန ေမွာ္က်င့္စဥ္ေႀကာင့္ ေမွာ္ဆရာျဖစ္လာသူေတြကို သုတ္သင္ရင္ ခင္ဗ်ားက ေသခ်ာေပါက္ေရွ႕တက္လာေတာ့မယ္။ ဒါေႀကာင့္ ခင္ဗ်ားကို အရင္ သုတ္သင္ဖုိ႕လုပ္ရတာပဲ။ ဘယ္လိုလဲ။ ကြ်န္ေတာ္ေရႊ႕တဲ့ အကြက္လွတယ္မလား။ ေႏြဦးဆိုတဲ့ ေကာင္ေလးက အယံုသြင္းရလြယ္တယ္။ သူ႕ကုိယ္ခႏၶာကို ရလိုက္တာ ခင္ဗ်ားကို အနိုင္ရဖို႕ တစ္ဝက္ေသခ်ာေနျပီ။ "

"မင္း ဘာေႀကာင့္ ဒီေလာက္ ေသခ်ာေနရတာလဲ...."
မင္းသတိုးက ေမွာ္ဆရာအားလံုးေရွ႕တြင္ ေျဗာင္ဝန္ခံေနသည့္ သူရကို နားမလည္နုိ္င္စြာျဖင့္ ေမးလိုက္သည္။ သူရက အားပါးတရရယ္ေမာလိုက္ကာ လက္ကို ေဝ့ယမး္လိုက္စဥ္ စဝ္ဟုန္ဖ၏ ေနာက္လိုက္မ်ားဦးေဆာင္သည့္ တပ္ဖြဲ႕က ဒီေနရာကို ႀကိဳတင္ အစီရင္ခ်ထားသည့္ ေမွာ္ဝကၤပါကို အသက္သြင္းလိုက္ေတာ့သည္။

"ဝုန္း....."
"ခြ်င္...ခြ်င္....ခြ်င္...."
ႀကီးမားသည့္ စြမ္းအင္လိႈင္းႀကီး၏ ဖိနွိပ္မႈေႀကာင့္ ေမွာ္ဆရာမ်ား အားလံုးကိုင္ဆြဲထားသည့္ လက္နက္မ်ား ေျမေပၚတြင္ ကပ္ကာ အားလံုး၏ေမွာ္စြမ္းအင္ ပိတ္ပင္ျခင္း ခံလိုက္ရေတာ့သည္။

"ခင္ဗ်ားကို ႀကည္ညိဳေလးစားတဲ့ လက္ေအာက္ငယ္သားေတြနဲ႕ အားလံုး တမလြန္ကို သြားရမွာျဖစ္လို႕ ဂုဏ္ယူပါတယ္ မင္းသတုိး.... နူတ္ဆက္လိုက္ပါတယ္။ ခင္ဗ်ားမရွိေတာ့ရင္ ခင္ဗ်ားရဲ႕ ခ်စ္သူ လည္း ဝိဥာဥ္ဘဝနဲ႕ေတာင္ ဆက္ေနေတာ့မယ့္ ပံုမေပၚဘူး..."

ထိုစကားကို ေျပာျပီး ေႏြဦး၏ ကိုယ္ထဲ ဝိဥာဥ္ေျပာင္းလဲဝင္ေနသည့္ သူရက လက္ဟန္တစ္ခုကို ေဖာ္ေဆာင္ျပီး အေအးစြမ္းအင္လိႈင္းကို စုစည္းကာ နွလံုးသားထဲ နွစ္ျမွဳပ္ေနသည့္ လက္စြပ္ဆီကို ပို႕ကာ ဖ်က္စီးလိုက္ေတာ့သည္။

"ဝုန္း......"
"အား...."
ေႏြဦး၏နွလံုးသားက မီးဟုန္းဟုန္းေတာက္ေလာင္လာျပီး ကိုယ္ထဲဝင္လာသည့္ မူလအေအးစြမ္းအင္ကို ေလာင္ကြ်မ္းေတာ့သည္။ သူရသည္ သူ၏ စြမ္းအင္ကို အျမန္ရုပ္သိမ္းေပမယ့္ နွလံုးသားထဲက ထြက္လာသည့္ မီးစြမ္းအင္က ဖမ္းခ်ဳပ္ကာ ေလာင္ကြ်မ္းေတာ့သည္။

"မင္း...ဒါ ဘာလဲ.... ဒါ မင္းရဲ႕ အသက္ဓါတ္ လက္စြပ္မဟုတ္ဘူး...မင္း ငါ့ကို လိမ္ထားတာ..."
မင္းသတိုးက ေႏြဦးနွလံုးသားထဲ ျမွဳပ္နွံထားသည့္ မီးအျမဴေတေႀကာင့္ မူလအေအးစြမ္းအင္တို႕ မီးေလာင္တုိက္ သြင္းခံေနရသည္ကို ေအးစက္စက္ႀကည့္ကာ ေျပာလိုက္သည္။

"ဘာလဲဆိုတာ မင္း ျမင္ေအာင္ႀကည့္လိုက္ေပါ့.... မင္း နဲ႕ ထုိက္တန္တာကို မင္းရေနျပီလို႕သာ မွတ္လို္က္ေတာ့...."
မင္းသတုိးက ေျပာလိုက္ျပီး ေကာင္းကင္ထက္မွေနျပီး ခ်ဳပ္ေနွာင္ဝကၤပါ ဗဟိုခ်က္ကို မူလမီးစြမး္အင္ျဖင့္ ဖ်က္စီးလိုက္စဥ္ ေျမျပင္ေပၚမွေမွွာ္ဆရာအားလံုး ေမွာ္အစြမ္းကို ျပန္ရလိုက္သည္။ သူတို႕က ေကာင္းကင္ထက္မွ သူရေျပာလိုက္သည့္ စကားကို ႀကားျပီး အားလံုးရွင္းသြားေလျပီ။

"အရွင္....ကြ်န္ေတာ္တို႕ ဘာဆက္လုပ္ရမလဲ..."
"ရူပကလ်ာဏီတို႕ အဖြဲနဲ႕ စဝ္ဟုန္ဖတို႕ အဖြဲ႕ကို လုိက္ရွာျပီး အားလံုးကို ဖမ္းဆီးလိုက္။ အေရွ႕ေတာင္တန္းေဒသကို ခုကစျပီး ပုန္ကန္သူ စာရင္းသြင္း၊ ျပန္လည္တိုက္ခုိ္က္သူကို တစ္ခါတည္း အျမစ္ျပတ္ သတ္ပစ္လိုက္၊ လက္နက္ခ်သူကို ခ်က္ခ်င္း ဖမ္းဆီးျပီး ေျမေအာက္ေထာင္ကို ပို႕လိုက္..."
"အမိန္႕အတုိင္းပါ အရွင္..."

မင္းသတိုးသည္ ေကာင္းကင္ထက္တြင္ ေလာင္ကြ်မ္းခံေနရသည့္ သူရကို စိုက္ႀကည့္ကာ ေျပာလိုက္သည္။

"မင္းကို ငါ မဖ်က္စီးနုိ္င္ေပမယ့္ နာက်င္ေအာင္ေတာ့ လုပ္နုိင္တယ္။ ဒီေဝဒနာကို နည္းနညး္ ခံစားလုိက္ဦး။ ျပီးမွ မင္း ကို စီရင္မယ့္သူကို ေခၚလာမယ္..."
"ဟား...ဟား...အိပ္မက္ မက္ေနလိုက္.... ငါ့ကို ဖ်က္စီးနုိ္င္မယ့္သူက ဒီေလာက ကေန ေပ်ာက္ကြယ္သြားတာ ႀကာခဲ့ျပီ.....ဟား..ဟား..."

မင္းသတိုးက ဘာမွ မေျပာေတာ့ပဲ ေျမေအာက္ အက်ဥ္းေထာင္ကို တုိက္ရိုက္ဆင္းသက္လာေတာ့သည္။ ေထာင္ထဲတြင္ သူရ စီရင္ထားသည့္ အေအးေထာင္ေခ်ာက္ကို ေလာင္ကြ်မ္းေစျပီးေနာက္ နာယက ဖိုးဖိုးႀကီး သံုးဦးတုိ႕ရွိရာကို ေရာက္လာခဲ့သည္။

"လူေလး...မင္းေရာက္လာျပီလား..."
"ဟုတ္ကဲ့...ေရာက္လာပါျပီ ဘုိးဘိုး.. တပည့္ေနာက္က်သြားတာ ခြင့္လႊတ္ေပးပါ..."
"ေနာက္မက်ပါဘူး၊ အခ်ိန္ေကာင္းပဲ... ကဲ... အရွင္သုပညာကို နိႈးလိုက္ႀကစို႕..."

နာယက ဖိုးဖိုး သံုးဦးက ေျမတိုက္မွ ထြက္လာျပီး လွ်ိဳ႕ဝွက္ခန္းတစ္ခုထဲမွ အရွင္သုပညာကို သီးသန္႕ ေမွာ္ပညာျဖင့္ ေပါင္းကာ နိႈးလိုက္ေတာ့သည္။ အရွင္သုပညာက မ်က္လံုးဖြင့္လာျပီး ထထိုင္ကာ သက္ျပင္း ရိႈက္လိုက္သည္။

"အင္း...ငါ..ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးျပီး သတိလစ္သြားတယ္။ အသက္ႀကီးလာတဲ့သူ တစ္ေယာက္က ေလာကီအေရးမွာ ဝင္မပါသင့္ေတာ့ဘူးဆိုတာ အမွန္ပဲ... မင္းသတိုး... မင္းက အေမွ်ာ္ျမင္ရွိတဲ့ ေမွာ္ဆရာတစ္ေယာက္ပဲ... ကဲ ... သြားႀကစို႕... ငါ လုပ္ထားတဲ့ အမွားကို လက္စသတ္လိုက္ဦးမယ္။"

အရွင္သုပညာက နာယက ဘိုးဘိုး သံုးဦး နွင့္ မင္းသတုိးတုိ႕ကို ဦးေဆာင္ကာ သူရကို ခ်ဳပ္ေနွာင္ထားသည့္ ေနရာကို ထြက္လာခဲ့သည္။ ေျမျပင္တုိက္ပြဲမွ လူအားလံုး ေပ်ာက္ကြယ္ေနသည့္ အႀကီးကဲေလးဦးျပန္လည္ ေပၚထြက္လာသည္ကို ေတြ႕ေသာ္ ဝမ္းသာအားရ ေအာ္ဟစ္လိုက္ႀကေတာ့သည္။ အေရွ႕ဘက္ ေတာင္တန္း သားမ်ား နွင့္ ရူပကလ်ာဏီတို႕ အဖြဲ႕က အေျခေနမဟန္သည္ကို ေတြ႕ေတာ့ ခ်က္ခ်င္း ဆုတ္ခြာ ထြက္ေျပးရန္ ႀကံေတာ့သည္။

"သူရ မိုက္လံုးႀကီးလိုက္တဲ့ တပည့္... မူလအေအးစြမ္းအင္ပို္င္ရွင္ တစ္ေယာက္ျဖစ္ေပမယ့္ စိတ္ဓါတ္က ယုတ္ညံ့လြန္းတယ္။ မင္းတို႕ အဆက္ႏြယ္ေတြထဲမွာ မင္းက ေအာက္တန္းအက်ဆံုးနဲ႕ ေလာဘ အႀကီးဆံုးပဲ..."
"အရွင္ သုပညာ...ဆရာသခင္ တပည့္ကို ကယ္ပါဦး... တပည့္ မတရား လုပ္ႀကံခံရတာပါ...အရွင္..."
"အင္း မင္းက ယုတ္ညံ့သိမ္ဖ်င္းရံုမကဘူး။ တဏွာရာဂလည္း ထူေျပာတယ္။ ေက်းဇူးတရားလည္း မသိတတ္ဘူး။ မင္းလိုလူ႕တိရိစၧာန္လက္ထဲ ေမွာ္ပညာရွိေနရင္ လူ႕ေလာကနဲ႕ ေမွာ္ေလာက နစ္နာတယ္...ဒါေႀကာင့္.."
"အား....မလုပ္ပါနဲ႕...အရွင္သုပညာ.... တပည့္က အရွင့္ရဲ႕ တပည့္ရင္းတစ္ေယာက္ပါ။ ကြ်န္ေတာ့္ကို အခြင့္ေရး တႀကိမ္ေလာက္ေပးေတာ္မူပါ..."

"ကိုယ့္ရဲ႕ဆရာကို လုပ္ႀကံျပီး ဝိဥာဥ္အပို္င္စီးထားတဲ့ တပည့္မ်ိဳးကို တပည့္လို႕ သတ္မွတ္စရာမလုိဘူး။ မင္းက မူလအေအးစြမ္းအင္ပို္င္ရွင္တစ္ေယာက္ျဖစ္ရံုနဲ႕ ေမွာ္ေလာကကို အပို္င္စိုးရမယ္ ထင္ေနရင္မွားမယ္။ မင္းမသိေသးတဲ့ ေမွာ္ပညာေတြက ဒီေလာကမွာ အမ်ားႀကီးရွိေသးတယ္။ ငါ့ရဲ႕ မူလကုိယ္ခႏၶာနဲ႕ကိုယ္ပြားကို မင္း ခြဲမသိေသးတာ ကံဆိုးတယ္ ေျပာရမယ္၊ မင္း ဝိဥာဥ္လုျပီး အပို္င္စီး ထိန္းခ်ဳပ္လိုက္တာ ငါ့ရဲ႕ ကိုယ္ပြားနဲ႕ ေမွွာ္ပညာ တစိတ္တေဒသပဲ။ "
"ဆရာသခင္.... တပည့္မွားပါတယ္။ တပည့္ကို တခါေလာက္ ခြင့္လႊတ္ေပးပါ။ တပည့္ မိုက္မဲမိပါတယ္။ တပည့္ ဆရာသခင္ရဲ႕ လမ္းညြန္မႈကို တကယ္လိုက္နာေတာ့မွာျဖစ္လို႕ တပည္ကို တခါေလာက္ ခြင့္လႊတ္ေပးေတာ္မူပါ... ဆရာ...အား..."

အရွင္သုပညာသည္ နာယက ဖိုးဖိုး သံုးဦးကို အခ်က္ျပကာ သူရကို ဝန္းရံလိုက္ျပီး အားလံုးေမွာ္ပညာကို ထုတ္ကာ မူလအေအးစြမ္းအင္ကို တျပိဳင္နက္ ဖ်က္စီးဖုိ႕ လုပ္လိုက္ေတာ့သည္။

"အား....အား...."

မူလအေအးစြမ္းအင္ မည္မွ်ပင္ စြမ္းအားႀကီးေပမယ့္ စြမ္းအားအကုန္ မနိုးထေသးေသာေႀကာင့္ အင္အားႀကီး ေမွာ္အင္အားမ်ား၏ ပူးေပါင္းတိုက္ခိုက္မႈကို ခံနုိ္င္ရည္မရွိပဲ ေကာင္းကင္ထက္တြင္ တျဖည္းျဖည္း ပ်က္စီးသြားေတာ့သည္။ အေအးစြမ္းအားက ထြက္ေျပးနုိ္င္ေသာ္လည္း မီးစြမ္းအား၏ ခ်ဳပ္ေနွာင္ျခင္းေႀကာင့္ က်န္ အင္အားႀကီး ေမွာ္စြမး္အားမ်ား တိုက္ခိုက္မႈကို လည္စင္းခံေနရင္း ေႏြဦး၏ကိုယ္ထဲ ဝင္ေနသည့္ သူရ၏ စိတ္ဝိဥာဥ္ တျဖည္းျဖည္း လံုးပါးပါးလာေတာ့သည္။

ေကာင္းကင္ထက္မွ ေအာ္သံနက္ႀကီးနွင့္ ျပင္းထန္သည့္ မူလစြမ္းအင္ကို ဖ်က္စီးေနသည့္ ျမင္ကြင္းေႀကာင့္ သူရကို ေထာက္ခံကာ ေမွာ္ေလာကကို သိမး္ပိုက္မယ့္လူမ်ား ေႀကာက္ဒူးတုန္ကာ လက္နက္ခ်ကုန္ႀကေတာ့သည္။

"အား....."
သူရ၏ကိုယ္ထဲ ဝင္ေနသည့္ ေႏြဦး၏ စိတ္ဝိဥာဥ္လည္း ေလာင္ကြ်မ္းမႈဒဏ္ကို ခံစားလိုက္ရျပီး ပင္ကိုယ္ အသိစိတ္တျဖည္းျဖည္းဝင္လာေတာ့သည္။ သူ႕ေရွ႕တြင္ စိတ္မေကာင္းစြာစိုက္ႀကည့္ေနသည့္ မင္းသတိုးကို ျမင္ေသာ္ ေႏြဦး၏မ်က္ဝန္းမ်ားေတာက္ပလာခဲ့သည္။

"ကေဝႀကီး..."
"ခဏေတာင့္ခံထားဦး ေႏြဦးေလး...သူရရဲ႕ စိတ္ဝိဥာဥ္ လံုးဝ ပ်က္စီးသြားမွာ မင္းရဲ႕ ကုိယ္ခႏၶာထဲကို ျပန္ဝင္နုိ္င္မွာ...ခဏသည္းခံေပးပါ။ ဒီတစ္ခါ နာက်င္မႈျပီးရင္ ေနာင္ ဘယ္ေတာ့မွ မနာက်င္ေစရေတာ့ပါဘူး။"

ေႏြဦး မ်က္ရည္ဝဲျပီး ေခါင္းျငိမ့္လိုက္သည္။ ခ်စ္တဲ့ ကေဝႀကီး အနားမွာရွိမည္ဆိုရင္ ဒီေဝဒနာထက္ ဆယ္ဆ နာက်င္ရမည္ဆုိလည္း ေႏြဦး ခံနုိ္င္ပါသည္။ အခုက အကိုသူရကို မိမိ သံေယာဇဥ္ မျပတ္မိသည့္ အတြက္ေႀကာင့္ မိမိကို အသံုးခ်ျပီး မိမိခ်စ္သည့္ ကေဝႀကီးကို တိုက္ခို္က္ျခင္း ခံလိုက္ရသည္။ ဒီအျပစ္ေႀကာင့္ ဒီထက္ နာက်င္မႈကို မိမိခံစားထိုက္သည္ဟု ေနြဦး ယူဆသည္။ ဒါေႀကာင့္ ကေဝႀကီးကို ေတာင္းပန္ဟန္ စိုက္ႀကည့္ရင္း ပူေလာင္ျပင္းျပျပီး စိတ္ဝိဥာဥ္အထိ ေလာင္ကြ်မ္းမႈ ေဝဒနာကို ေႏြဦး ႀကိတ္မွိတ္ခံလိုက္သည္။ ကေဝႀကီးကို စိုက္ႀကည့္ရင္း ေနာက္ဆံုး ခံနုိင္ရည္ကို ေက်ာ္သြားခ်ိန္ ေႏြဦး သတိလစ္သြားေတာ့သည္။

"ေႏြဦးေလး.... ကိုယ့္ကေလးေလး... ကိုယ္ေတာင္းပန္ပါတယ္။ ကိုယ္ ညံ့လို႕ မင္းကို သူရလို လူယုတ္မာ လုပ္ႀကံတာ ခံရတာ။ ေနာင္ဆိုရင္ သူရဆိုတဲ့ လူယုတ္မာ မင္းကို ဘယ္ေတာ့မွ ဒုကၡဆက္မေပးနုိ္င္ ေတာ့ဘူး။ ကိုယ့္ကေလးေလး... ကိုယ့္ခ်စ္ျခင္းေတြနဲ႕ မင္းကို ေအးခ်မ္းေပ်ာ္ရႊင္ေအာင္ထားမယ္လို႕ ကိုယ္ကတိ ေပးပါတယ္။"
ဒီစကားကို မင္းသတိုး အထပ္ထပ္ ေရရြတ္ေနမိေတာ့သည္။

================
Chapter (47) ( Zawgyi+Unicode)

ကောင်းကင်ထက်မှ ပြိုင်ပွဲကို မြေပြင်ပေါ်က မှော်ဆရာအားလုံး အံ့အားတကြီး ကြည့်နေစဉ် အဝေးကို လွင့်သွားသည့် သူရက ကောင်းကင်ပေါ် ပျံတက်လာပြီး နွေဦးဘေးတွင်ရပ်လိုက်ပြီး မင်းသတိုးကို ရင်ဆိုင်လိုက်သည်။ သူရနှင့် နွေဦးက တစ်ဖက်၊ မင်းသတိုးက တစ်ဖက်...
"ဘာတွေဖြစ်ကုန်ပြီလဲ"

"ဘာကြောင့် အရှင်မင်းသတိုးရဲ့ချစ်သူက ဟိုကောင် လူယုတ်မာ သူရဘေးမှာရှိနေတာလဲ..."

"နွေဦးရဲ့ကိုယ်ထဲက အအေးစွမ်းအင်က သူရပေးထားတာပဲဖြစ်မယ်။ ဘယ်လိုကြောင့် အရှင့်ပေါ် ဒီလို လုပ်ရက်တာလဲကွာ။ ဒီလူသားကောင်လေးက မယုံရဘူးပဲ။"

"ကြည့်ရတာ အရှင်မင်းသတိုး မီးနတ်ဆိုးဖြစ်သွားပြီထင်လို့ နောက်ထပ် အားကိုးရှာလိုက်တာထင်တယ်။"

"ယုတ်မာလိုက်တဲ့ ကောင်လေး။ ကိုယ့်ချစ်သူ နိမ့်ပါးချိန်မှာ စွန့်ပစ်ပြီး အခြားလူနောက်ကို လိုက်တယ်"

"နွေဦးနဲ့ သူရကို နှိမ်နှင်းပေးပါ အရှင်..."
အောက်ဘက်မှ ပရိတ်သတ်များ၏တောင်းဆိုမှုကြောင့် နွေဦး မခိုးမခန့်ပြုံးကာ အောက်ဘက်ကို အအေးလှိုင်းတစ်ခု ပစ်လွှွတ်လိုက်စဉ် မင်းသတိုးက မီးစွမ်းအင်ဖြင့် ဖြတ်တားလိုက်သည်။

နွေဦးက ကျေနပ်စွာရယ်မောကာ ပြောလိုက်သည်။
"ဟဲ....ဟဲ.... ခင်ဗျားရဲ့ ငယ်သားတွေက ခင်ဗျား ချစ်သူကို ကျိန်ဆဲနေပြီ။ ဘယ်လိုလုပ်မလဲ။ တစ်ခုတော့ ရွေးမှရတော့မယ်၊ နွေဦးကို ရွေးမလား။ မှော်လောကကို ရွေးမလား။ ဒါမှမဟုတ်...သူ့ကိုပဲ ရွေးမလား..."

နွေဦးက ပြောရင်း ဘေးက သူရကို လှမ်းဖက်ကာ ရင်ခွင်ထဲ တိုးဝင်ပြီး ပြုံးစစနှင့်မေးလိုက်သည်။ မှော်ဆရာအားလုံး အရှက်မရှိသည့် နွေဦးကို ကြည့်ကာ သတ်ဖြတ်ချင်စိတ်တို့ တိုးလာခဲ့သည်။

"အရှက်မရှိတဲ့ လူသား.... အရှင့်နောက်ကွယ်မှာ ဖောက်ပြန်တဲ့ကောင်.... မင်းဘဝမှာ အေးအေးသက်သာနေရဖို့ မမျှော်လင့်နဲ့..."

မင်းသတိုးသည် သူရကို စိုက်ကြည့်ကာ လှမ်းပြောလိုက်သည်။

"ကလေး...ကိုယ့်ကို ခွင့်လွှတ်ပါ..."
ထိုစကားကိုပြောပြီးနောက် နွေဦးကို ပြင်းထန်စွာတိုက်ခိုက်လိုက်တော့သည်။ မင်းသတိုးက ခွန်အား 80 % ကို သုံးလိုက်သောကြောင့် နွေဦးနှင့်သူရတို့ လူချင်းကွဲသွားကာ သူရက ကြိုးပြတ်သွာသည့် စွန်လေးလို လွှင့်စင်သွားတော့သည်။

"ချူပ်နှောင်...."
မီးကျော့ကွင်းက ချက်ချင်း နဂါးတစ်ကောင်လို ပေါ်လာပြီး သူရကို ချုပ်နှောင်ကာ အဝေးကို သယ်ဆောင်သွားတော့သည်။

"ဒီလို လူချင်း ခွဲလိုက်ရုံနဲ့ ရမယ်ထင်နေလား.... ဒီကိုယ်ထဲမှာ ခင်ဗျားရဲ့ အသက်ဓါတ်နဲ့ ချိတ်နေတဲ့ လက်စွပ်ရှိနေတယ်။ ဒီကိုယ်ခန္ဓာ ပိုင်ရှင်ကို ဖောက်ခွဲလိုက်ရင် ခင်ဗျားလည်း သေသွားမယ်ဆိုတာ သိတယ်မလား.... ခင်ဗျား ချစ်သူလေးရဲ့ ကိုယ်ခန္ဓာကို ရက်ရက်စက်စက် ဖောက်ခွဲရက်သလား"

ထိုစကားကို ကြားလိုက်ရသောအခါမှ လက်ရှိနွေဦး၏ ကိုယ်ခန္ဓာထဲ သူရရဲ့ဝိဉာဉ် ဝင်နေတာကို အားလုံးသိသွား   တော့သည်။ သူတပါး ကိုယ်ခန္ဓာကို ပူးကပ်ခြင်းကို မှော်လောကမှ ပြင်းထန်စွာ တားမြစ်ထားသည်ကို အရှင်သုပညာ၏ တပည့် လက်ရှိ မဟာမြိုင်ခေါင်းဆောင်က ကျူးလွန်လိုက်သည်ကို မြင်လိုက်ရစဉ် သူရနှင့် ရူပကလျာဏီ၏ တပည့်များကလွဲပြီး ကျန်မဟာမြိုင်တပ်များအားလုံး မင်းသတိုး၏ တပ်များကို တိုက်ခိုက်ခြင်း မပြုလုပ်တော့ပဲ ပူးပေါင်းလိုက်တော့သည်။

"မင်းရဲ့ မူလအအေးစွမ်းအင် နိုးထတာ 40% ခိုင်နှုန်းပဲ ရှိသေးတယ်။ ဒီဟာနဲ့ပဲ ငါ့ရဲ့ သက်တမ်း 400 နီးပါး နိုးထခဲ့တဲ့ မူလမီးစွမ်းအင်ကို မင်းယှဉ်နိုင်မယ် ထင်နေသလား..."
မင်းသတိုး အေးစက်စွာမေးလိုက်သည်။

"မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်လက်ထဲမှာ ခင်ဗျားရဲ့ ချစ်သူပိုင်တဲ့ ကိုယ်ခန္ဓာလေး ရှိတယ်လေဗျာ... ခင်ဗျား ဒီ ကိုယ်ခန္ဓာကို ဖောက်ခွဲလိုက်ရင် ကျွန်တော့်ဝိဉာဉ်ပျောက်ကွယ်သွားတာမှန်ပေမယ့် ကျွန်တော်နဲ့အတူ ခင်ဗျားရဲ့ အသက်လည်း ယုတ်လျော့သွားမယ်။ ပြီးတော့ နွေဦးက တသက်လုံး ကျွန်တော့်မျက်နှာနဲ့ အသက်ရှင်သွားရမယ်လေ....ဟား...ဟား....ဒီအစီစဉ်မကောင်းဘူးလား..... ကျွန်တော် မပိုင်ဆိုင်ရရင် ဘယ်သူမှ မပိုင်ဆိုင်ရဘူး။"

"မင်း ဒီမဟာမြိုင်ကို ရနေလျက်နဲ့ ဘာကြောင့် နွေဦးကို ဒီလို လုပ်ရတာလဲ၊ နွေဦးက မင်းကို သံယောဇဉ် ဒီလောက်ကြီးနေတာကို သိလျက်နဲ့...ဘာကြောင့် သူ့ကို တန်ဖိုးမထားရတာလဲ။ မင်းသာ မဟာမြုင်ရဲ့ အကြီးကဲကောင်းပီသအောင် နေရင် ဒီရာထူးကို ကျုပ် လက်လွှတ်လိုက်ပြီး နွေဦးနဲ့ အတူ ကျုပ် အဝေးကို ထွက်သွားတော့မှာပဲ။ မင်း ဘာကြောင့် နွေဦးကို ခုလို ခုတုံးလုပ်ရက်တာလဲ။ "

"ရန်ငြိုးရန်စဆိုတာ ချန်မထားကောင်းဘူး။ ခင်ဗျား ပါးစပ်က ဘယ်လောက်ပြောနေပါစေ.... ဒီလို မှော်ခေါင်းဆောင်ရာထူးကို အလွယ်တကူ ဘယ်လို စွန့်ပစ်နိုင်မှာလဲ။ ပြီးတော့ ကျွန်တော်က ဒီမှော်လောကို သွေးသန့်မှော်ဆရာတွေနဲ့ပဲ တည်ထောင်ပြီး သွေးနှောတွေ၊ သာမန်လူကနေ မှော်ကျင့်စဉ်ကြောင့် မှော်ဆရာဖြစ်လာသူတွေကို သုတ်သင်ရင် ခင်ဗျားက သေချာပေါက်ရှေ့တက်လာတော့မယ်။ ဒါကြောင့် ခင်ဗျားကို အရင် သုတ်သင်ဖို့လုပ်ရတာပဲ။ ဘယ်လိုလဲ။ ကျွန်တော်ရွှေ့တဲ့ အကွက်လှတယ်မလား။ နွေဦးဆိုတဲ့ ကောင်လေးက အယုံသွင်းရလွယ်တယ်။ သူ့ကိုယ်ခန္ဓာကို ရလိုက်တာ ခင်ဗျားကို အနိုင်ရဖို့ တစ်ဝက်သေချာနေပြီ။ "

"မင်း ဘာကြောင့် ဒီလောက် သေချာနေရတာလဲ...."
မင်းသတိုးက မှော်ဆရာအားလုံးရှေ့တွင် ဗြောင်ဝန်ခံနေသည့် သူရကို နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ သူရက အားပါးတရရယ်မောလိုက်ကာ လက်ကို ဝေ့ယမ်းလိုက်စဉ် စဝ်ဟုန်ဖ၏ နောက်လိုက်များဦးဆောင်သည့် တပ်ဖွဲ့က ဒီနေရာကို ကြိုတင် အစီရင်ချထားသည့် မှော်ဝင်္ကပါကို အသက်သွင်းလိုက်တော့သည်။

"ဝုန်း....."
"ချွင်...ချွင်....ချွင်...."
ကြီးမားသည့် စွမ်းအင်လှိုင်းကြီး၏ ဖိနှိပ်မှုကြောင့် မှော်ဆရာများ အားလုံးကိုင်ဆွဲထားသည့် လက်နက်များ မြေပေါ်တွင် ကပ်ကာ အားလုံး၏မှော်စွမ်းအင် ပိတ်ပင်ခြင်း ခံလိုက်ရတော့သည်။

"ခင်ဗျားကို ကြည်ညိုလေးစားတဲ့ လက်အောက်ငယ်သားတွေနဲ့ အားလုံး တမလွန်ကို သွားရမှာဖြစ်လို့ ဂုဏ်ယူပါတယ် မင်းသတိုး.... နူတ်ဆက်လိုက်ပါတယ်။ ခင်ဗျားမရှိတော့ရင် ခင်ဗျားရဲ့ ချစ်သူ လည်း ဝိဉာဉ်ဘဝနဲ့တောင် ဆက်နေတော့မယ့် ပုံမပေါ်ဘူး..."

ထိုစကားကို ပြောပြီး နွေဦး၏ ကိုယ်ထဲ ဝိဉာဉ်ပြောင်းလဲဝင်နေသည့် သူရက လက်ဟန်တစ်ခုကို ဖော်ဆောင်ပြီး အအေးစွမ်းအင်လှိုင်းကို စုစည်းကာ နှလုံးသားထဲ နှစ်မြှုပ်နေသည့် လက်စွပ်ဆီကို ပို့ကာ ဖျက်စီးလိုက်တော့သည်။

"ဝုန်း......"
"အား...."
နွေဦး၏နှလုံးသားက မီးဟုန်းဟုန်းတောက်လောင်လာပြီး ကိုယ်ထဲဝင်လာသည့် မူလအအေးစွမ်းအင်ကို လောင်ကျွမ်းတော့သည်။ သူရသည် သူ၏ စွမ်းအင်ကို အမြန်ရုပ်သိမ်းပေမယ့် နှလုံးသားထဲက ထွက်လာသည့် မီးစွမ်းအင်က ဖမ်းချုပ်ကာ လောင်ကျွမ်းတော့သည်။

"မင်း...ဒါ ဘာလဲ.... ဒါ မင်းရဲ့ အသက်ဓါတ် လက်စွပ်မဟုတ်ဘူး...မင်း ငါ့ကို လိမ်ထားတာ..."
မင်းသတိုးက နွေဦးနှလုံးသားထဲ မြှုပ်နှံထားသည့် မီးအမြူတေကြောင့် မူလအအေးစွမ်းအင်တို့ မီးလောင်တိုက် သွင်းခံနေရသည်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

"ဘာလဲဆိုတာ မင်း မြင်အောင်ကြည့်လိုက်ပေါ့.... မင်း နဲ့ ထိုက်တန်တာကို မင်းရနေပြီလို့သာ မှတ်လိုက်တော့...."
မင်းသတိုးက ပြောလိုက်ပြီး ကောင်းကင်ထက်မှနေပြီး ချုပ်နှောင်ဝင်္ကပါ ဗဟိုချက်ကို မူလမီးစွမ်းအင်ဖြင့် ဖျက်စီးလိုက်စဉ် မြေပြင်ပေါ်မှမှော်ဆရာအားလုံး မှော်အစွမ်းကို ပြန်ရလိုက်သည်။ သူတို့က ကောင်းကင်ထက်မှ သူရပြောလိုက်သည့် စကားကို ကြားပြီး အားလုံးရှင်းသွားလေပြီ။

"အရှင်....ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ..."
"ရူပကလျာဏီတို့ အဖွဲနဲ့ စဝ်ဟုန်ဖတို့ အဖွဲ့ကို လိုက်ရှာပြီး အားလုံးကို ဖမ်းဆီးလိုက်။ အရှေ့တောင်တန်းဒေသကို ခုကစပြီး ပုန်ကန်သူ စာရင်းသွင်း၊ ပြန်လည်တိုက်ခိုက်သူကို တစ်ခါတည်း အမြစ်ပြတ် သတ်ပစ်လိုက်၊ လက်နက်ချသူကို ချက်ချင်း ဖမ်းဆီးပြီး မြေအောက်ထောင်ကို ပို့လိုက်..."
"အမိန့်အတိုင်းပါ အရှင်..."

မင်းသတိုးသည် ကောင်းကင်ထက်တွင် လောင်ကျွမ်းခံနေရသည့် သူရကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းကို ငါ မဖျက်စီးနိုင်ပေမယ့် နာကျင်အောင်တော့ လုပ်နိုင်တယ်။ ဒီဝေဒနာကို နည်းနည်း ခံစားလိုက်ဦး။ ပြီးမှ မင်း ကို စီရင်မယ့်သူကို ခေါ်လာမယ်..."
"ဟား...ဟား...အိပ်မက် မက်နေလိုက်.... ငါ့ကို ဖျက်စီးနိုင်မယ့်သူက ဒီလောက ကနေ ပျောက်ကွယ်သွားတာ ကြာခဲ့ပြီ.....ဟား..ဟား..."

မင်းသတိုးက ဘာမှ မပြောတော့ပဲ မြေအောက် အကျဉ်းထောင်ကို တိုက်ရိုက်ဆင်းသက်လာတော့သည်။ ထောင်ထဲတွင် သူရ စီရင်ထားသည့် အအေးထောင်ချောက်ကို လောင်ကျွမ်းစေပြီးနောက် နာယက ဖိုးဖိုးကြီး သုံးဦးတို့ရှိရာကို ရောက်လာခဲ့သည်။

"လူလေး...မင်းရောက်လာပြီလား..."
"ဟုတ်ကဲ့...ရောက်လာပါပြီ ဘိုးဘိုး.. တပည့်နောက်ကျသွားတာ ခွင့်လွှတ်ပေးပါ..."
"နောက်မကျပါဘူး၊ အချိန်ကောင်းပဲ... ကဲ... အရှင်သုပညာကို နှိုးလိုက်ကြစို့..."

နာယက ဖိုးဖိုး သုံးဦးက မြေတိုက်မှ ထွက်လာပြီး လျှို့ဝှက်ခန်းတစ်ခုထဲမှ အရှင်သုပညာကို သီးသန့် မှော်ပညာဖြင့် ပေါင်းကာ နှိုးလိုက်တော့သည်။ အရှင်သုပညာက မျက်လုံးဖွင့်လာပြီး ထထိုင်ကာ သက်ပြင်း ရှိုက်လိုက်သည်။

"အင်း...ငါ..ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး သတိလစ်သွားတယ်။ အသက်ကြီးလာတဲ့သူ တစ်ယောက်က လောကီအရေးမှာ ဝင်မပါသင့်တော့ဘူးဆိုတာ အမှန်ပဲ... မင်းသတိုး... မင်းက အမျှော်မြင်ရှိတဲ့ မှော်ဆရာတစ်ယောက်ပဲ... ကဲ ... သွားကြစို့... ငါ လုပ်ထားတဲ့ အမှားကို လက်စသတ်လိုက်ဦးမယ်။"

အရှင်သုပညာက နာယက ဘိုးဘိုး သုံးဦး နှင့် မင်းသတိုးတို့ကို ဦးဆောင်ကာ သူရကို ချုပ်နှောင်ထားသည့် နေရာကို ထွက်လာခဲ့သည်။ မြေပြင်တိုက်ပွဲမှ လူအားလုံး ပျောက်ကွယ်နေသည့် အကြီးကဲလေးဦးပြန်လည် ပေါ်ထွက်လာသည်ကို တွေ့သော် ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။ အရှေ့ဘက် တောင်တန်း သားများ နှင့် ရူပကလျာဏီတို့ အဖွဲ့က အခြေနေမဟန်သည်ကို တွေ့တော့ ချက်ချင်း ဆုတ်ခွာ ထွက်ပြေးရန် ကြံတော့သည်။

"သူရ မိုက်လုံးကြီးလိုက်တဲ့ တပည့်... မူလအအေးစွမ်းအင်ပိုင်ရှင် တစ်ယောက်ဖြစ်ပေမယ့် စိတ်ဓါတ်က ယုတ်ညံ့လွန်းတယ်။ မင်းတို့ အဆက်နွယ်တွေထဲမှာ မင်းက အောက်တန်းအကျဆုံးနဲ့ လောဘ အကြီးဆုံးပဲ..."
"အရှင် သုပညာ...ဆရာသခင် တပည့်ကို ကယ်ပါဦး... တပည့် မတရား လုပ်ကြံခံရတာပါ...အရှင်..."
"အင်း မင်းက ယုတ်ညံ့သိမ်ဖျင်းရုံမကဘူး။ တဏှာရာဂလည်း ထူပြောတယ်။ ကျေးဇူးတရားလည်း မသိတတ်ဘူး။ မင်းလိုလူ့တိရိစ္ဆာန်လက်ထဲ မှော်ပညာရှိနေရင် လူ့လောကနဲ့ မှော်လောက နစ်နာတယ်...ဒါကြောင့်.."
"အား....မလုပ်ပါနဲ့...အရှင်သုပညာ.... တပည့်က အရှင့်ရဲ့ တပည့်ရင်းတစ်ယောက်ပါ။ ကျွန်တော့်ကို အခွင့်ရေး တကြိမ်လောက်ပေးတော်မူပါ..."

"ကိုယ့်ရဲ့ဆရာကို လုပ်ကြံပြီး ဝိဉာဉ်အပိုင်စီးထားတဲ့ တပည့်မျိုးကို တပည့်လို့ သတ်မှတ်စရာမလိုဘူး။ မင်းက မူလအအေးစွမ်းအင်ပိုင်ရှင်တစ်ယောက်ဖြစ်ရုံနဲ့ မှော်လောကကို အပိုင်စိုးရမယ် ထင်နေရင်မှားမယ်။ မင်းမသိသေးတဲ့ မှော်ပညာတွေက ဒီလောကမှာ အများကြီးရှိသေးတယ်။ ငါ့ရဲ့ မူလကိုယ်ခန္ဓာနဲ့ကိုယ်ပွားကို မင်း ခွဲမသိသေးတာ ကံဆိုးတယ် ပြောရမယ်၊ မင်း ဝိဉာဉ်လုပြီး အပိုင်စီး ထိန်းချုပ်လိုက်တာ ငါ့ရဲ့ ကိုယ်ပွားနဲ့ မှော်ပညာ တစိတ်တဒေသပဲ။ "
"ဆရာသခင်.... တပည့်မှားပါတယ်။ တပည့်ကို တခါလောက် ခွင့်လွှတ်ပေးပါ။ တပည့် မိုက်မဲမိပါတယ်။ တပည့် ဆရာသခင်ရဲ့ လမ်းညွန်မှုကို တကယ်လိုက်နာတော့မှာဖြစ်လို့ တပည်ကို တခါလောက် ခွင့်လွှတ်ပေးတော်မူပါ... ဆရာ...အား..."

အရှင်သုပညာသည် နာယက ဖိုးဖိုး သုံးဦးကို အချက်ပြကာ သူရကို ဝန်းရံလိုက်ပြီး အားလုံးမှော်ပညာကို ထုတ်ကာ မူလအအေးစွမ်းအင်ကို တပြိုင်နက် ဖျက်စီးဖို့ လုပ်လိုက်တော့သည်။

"အား....အား...."

မူလအအေးစွမ်းအင် မည်မျှပင် စွမ်းအားကြီးပေမယ့် စွမ်းအားအကုန် မနိုးထသေးသောကြောင့် အင်အားကြီး မှော်အင်အားများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပဲ ကောင်းကင်ထက်တွင် တဖြည်းဖြည်း ပျက်စီးသွားတော့သည်။ အအေးစွမ်းအားက ထွက်ပြေးနိုင်သော်လည်း မီးစွမ်းအား၏ ချုပ်နှောင်ခြင်းကြောင့် ကျန် အင်အားကြီး မှော်စွမ်းအားများ တိုက်ခိုက်မှုကို လည်စင်းခံနေရင်း နွေဦး၏ကိုယ်ထဲ ဝင်နေသည့် သူရ၏ စိတ်ဝိဉာဉ် တဖြည်းဖြည်း လုံးပါးပါးလာတော့သည်။

ကောင်းကင်ထက်မှ အော်သံနက်ကြီးနှင့် ပြင်းထန်သည့် မူလစွမ်းအင်ကို ဖျက်စီးနေသည့် မြင်ကွင်းကြောင့် သူရကို ထောက်ခံကာ မှော်လောကကို သိမ်းပိုက်မယ့်လူများ ကြောက်ဒူးတုန်ကာ လက်နက်ချကုန်ကြတော့သည်။

"အား....."
သူရ၏ကိုယ်ထဲ ဝင်နေသည့် နွေဦး၏ စိတ်ဝိဉာဉ်လည်း လောင်ကျွမ်းမှုဒဏ်ကို ခံစားလိုက်ရပြီး ပင်ကိုယ် အသိစိတ်တဖြည်းဖြည်းဝင်လာတော့သည်။ သူ့ရှေ့တွင် စိတ်မကောင်းစွာစိုက်ကြည့်နေသည့် မင်းသတိုးကို မြင်သော် နွေဦး၏မျက်ဝန်းများတောက်ပလာခဲ့သည်။

"ကဝေကြီး..."
"ခဏတောင့်ခံထားဦး နွေဦးလေး...သူရရဲ့ စိတ်ဝိဉာဉ် လုံးဝ ပျက်စီးသွားမှာ မင်းရဲ့ ကိုယ်ခန္ဓာထဲကို ပြန်ဝင်နိုင်မှာ...ခဏသည်းခံပေးပါ။ ဒီတစ်ခါ နာကျင်မှုပြီးရင် နောင် ဘယ်တော့မှ မနာကျင်စေရတော့ပါဘူး။"

နွေဦး မျက်ရည်ဝဲပြီး ခေါင်းငြိမ့်လိုက်သည်။ ချစ်တဲ့ ကဝေကြီး အနားမှာရှိမည်ဆိုရင် ဒီဝေဒနာထက် ဆယ်ဆ နာကျင်ရမည်ဆိုလည်း နွေဦး ခံနိုင်ပါသည်။ အခုက အကိုသူရကို မိမိ သံယောဇဉ် မပြတ်မိသည့် အတွက်ကြောင့် မိမိကို အသုံးချပြီး မိမိချစ်သည့် ကဝေကြီးကို တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ ဒီအပြစ်ကြောင့် ဒီထက် နာကျင်မှုကို မိမိခံစားထိုက်သည်ဟု နွေဦး ယူဆသည်။ ဒါကြောင့် ကဝေကြီးကို တောင်းပန်ဟန် စိုက်ကြည့်ရင်း ပူလောင်ပြင်းပြပြီး စိတ်ဝိဉာဉ်အထိ လောင်ကျွမ်းမှု ဝေဒနာကို နွေဦး ကြိတ်မှိတ်ခံလိုက်သည်။ ကဝေကြီးကို စိုက်ကြည့်ရင်း နောက်ဆုံး ခံနိုင်ရည်ကို ကျော်သွားချိန် နွေဦး သတိလစ်သွားတော့သည်။

"နွေဦးလေး.... ကိုယ့်ကလေးလေး... ကိုယ်တောင်းပန်ပါတယ်။ ကိုယ် ညံ့လို့ မင်းကို သူရလို လူယုတ်မာ လုပ်ကြံတာ ခံရတာ။ နောင်ဆိုရင် သူရဆိုတဲ့ လူယုတ်မာ မင်းကို ဘယ်တော့မှ ဒုက္ခဆက်မပေးနိုင် တော့ဘူး။ ကိုယ့်ကလေးလေး... ကိုယ့်ချစ်ခြင်းတွေနဲ့ မင်းကို အေးချမ်းပျော်ရွှင်အောင်ထားမယ်လို့ ကိုယ်ကတိ ပေးပါတယ်။"
ဒီစကားကို မင်းသတိုး အထပ်ထပ် ရေရွတ်နေမိတော့သည်။

================

သန္းေခါင္ယံခ်စ္သူSeason-2 (zawgyi+unicode)Where stories live. Discover now