Season - 2, Episode (12) (zawgyi+Unicode)

4.8K 445 62
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (12)

အိပ်ပျော်သွားသည်မဟုတ်ပဲ သူရ၏ အာရုံကနိုးကြားနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ဖုံးနေသည်ကလွဲလျှင် နေရထိုင်ရ သက်တောင့်သက်သာရှိနေသည်။ သူရထထိုင်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ခေါင်းဖြူဖိုးဖိုးသုံးဦးနှင့် မိန်းမလှလေးကို မတွေ့ရတော့ပဲ မျက်မမြင်တစ်ယောက်လိုခံစားရသည့် အမှောင်တကာ့အမှောင်ဆုံးကိုပဲ တွေ့နေရသဖြင့် အနည်းငယ်စိတ်ကျဉ်းကျပ်လာသည်။ ခါတိုင်းမိမိစိတ်ရှုပ်လျှင် အခန်းမီးပိတ်ကာ အမှောင်ထဲငြိမ်ငြိမ်လေးလှဲနေတတ် သော်လည်း ဒီအမှောင်ကိုတော့ မနှစ်မြို့သလိုခံစားရသည်။ အသံရယ်လို့တစ်ခုလေးမှ မကြားရသည့်နေရာ၊ ခြောက်ခြားစရာတိတ်ဆိတ်ခြင်းနဲ့အမှောင်က လူကိုမငြိမ်းချမ်းစေသည့်အပြင် ခြောက်ခြားမှုကိုဖြစ်လာစေသည်။

"ဟယ်လို... "

သူရ သည် တိတ်ဆိတ်ခြင်း၏ဖိအားကိုမခံနိုင်တော့သဖြင့် အသံပြုလိုက်သည်။ သို့သော် မိိမိအသံသည်လည်း ပျောက်ဆုံးသွားသည့်ပမာ ဘာမှမကြားရသဖြင့် ချွေးပြန်လာချင်သည်။

"ဟေး.... ဘယ်သူမှမရှိဘူးလား။ အခုက ဘယ်နေရာကိုရောက်နေတာလဲ။ မင်းသတိုးရဲ့စိတ်ဝိဥာဉ်ထဲကို ရောက်နေတာလား။ ဟယ်လို...တယောက်ယောက်ဖြေကြပါဦး..."

သူရသည် တယောက်ယောက်ထံမှအဖြေကိုကြားချင်သဖြင့် အားစိုက်ကာ အော်မေးလိုက်သည်။ မင်းသတိုး ဆိုသည့် အမည်ပါသွားလို့ထင်သည် ဟိုးအဝေးဆုံးတစ်နေရာတွင် အဖြူရောင် အလင်းသဲ့သဲ့လင်းလာခဲ့သည်။ သူရ သက်ပြင်းရှိုက်ပြီး ထိုင်ရာမှထရပ်လိုက်စဉ် လေဟာနယ်ထဲ ဒလိမ့်ကောက်ကွေးပြုတ်ကျသွားတော့သည်။ ကျတာမှ ရင်ထဲလှပ်ခနဲလှပ်ခနဲဖြင့် ငယ်ငယ်က ဘုရားပွဲမှာ ပထမဆုံးရဟတ်စီးရသလိုကို ခြေလွှတ်လက်လွှတ်ကို ပြုတ်ကျသွားခဲ့သည်။ ဘယ်အချိန်အောက်ကို အရှိန်နှင့်ဆောင့်မိမလဲဆိုပြီး စိုးထိတ်နေသော်လည်း အတော်ကြာသည်အထိ မဆောင့်မိပဲ ဆက်ဆက်ကျဆင်းနေသဖြင့် သူရ သည်းမခံနိုင်တော့ပဲ အော်ပြောလိုက်သည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now