Season - 2Episode (9)(zawgyi+Unicode)

5.1K 417 16
                                    

သန်းခေါင်ယံ ချစ်သူ
Season - 2
Episode (9)

"မောင်... နွေဦး ဘယ်လိုဖြစ်တာလဲ.."

"မေ.ရောက်လာပြီလား။ ဒီကောင်လေး ဖျားနေတာကို ဘယ်သူ့မှမပြောပဲ ဂျူတီဆင်းတာ။ အိုဗာတိုင်ပါ ဆက်ဆင်းတော့ မဟန်နိုင်လို့ဆိုင်ကယ်စတန်းမှာ မူးလဲသွားတာ။ အားနည်းနေလို့ သတိမေ့သွားတာ..."

မေဘရဏီသည် ယူလာသည့် ညနေစာချိုင့်ကိုခေါင်းရင်းကဗီရိုမှာတင်လိုက်ပြီး နွေဦး၏နဖူးကိုစမ်းလိုက်သည်။ ကိုယ်ကခြစ်ခြစ်တောက်ပူနေပြီး သတိကင်းနေသဖြင့် စိတ်ပူသွားသည်။ တကယ်ဆိုလျှင် သူ့လက်တွင် အရှင်မင်းသတိုး၏ လက်စွပ်ကိုစွပ်ထားလျက်နှင့် ဒီလိုဖျားနာတာတွေဖြစ်စရာ အကြောင်းမရှိတော့ပေ။ မှော်လက်စွပ်တွင် အရှင့်စွမ်းအားတို့ စီးဝင်နေသဖြင့် သူ့ကိုကာကွယ်ပေးထားရမှာဖြစ်သော်လည်း ယခုနွေဦးအဖျားကြီးပြီးသတိလစ်နေသည်ဆိုတာ့ မကောင်းသည့် အရာတခုခုရှိနေမည်ကို အတပ်သိလိုက်သည်။

မေဘရဏီသည် နွေဦး၏ လက်ကိုဆုပ်ပြီးမိမိစွမ်းအားဖြင့်အာရုံခံကြည့်လိုက်သည်။ သို့သော် မိမိစွမ်းအား အားလုံးပင်လယ်ထဲကျသွားသည့် ကျောက်ခဲလေးပမာ အစအနရှာမရဖြစ်နေသဖြင့် မေဘရဏီလန့်သွားပြီး လက်ကိုလွတ်လိုက်သည်။ ဒေါက်တာသက်ဇော်နိုင်သည် မျက်နှာဖြူဖျော့သွားသော ချစ်သူကိုဖေးမကာ အားပေးလိုက်သည်။

"မေ... နွေဦး ဘာမှမဖြစ်ပါဘူး။ အားနည်းပြီးသတိလစ်နေတာပါ။ မနက်ဆို သတိရလာလိမ့်မယ်နော်။ ဘာမှမပူနဲ့။ ထိုင်ဦး။ မေ နေမကောင်းဘူးလား။ မျက်နှာလည်းဖြူဖျော့နေတာပဲ..."

မေဘရဏီသည် ထိုအခါမှ သတိဝင်လာပြီး သူ့ကိုပြန်ပြီးပြုံးပြကာ ဒေါက်တာသက်ဇော်နိုင်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"မေက ဆရာဝန်ဆိုတာ သံမဏိလူသားလို့မှတ်ထားတာ။ သူများဖျားနာတာကို ပျောက်အောင်ကုပေးတဲ့သူတွေဆိုတော့လေ သူတို့က မဖျားမနာနိုင်ဘူးလို့ကို တွက်ထားမိတာ။ အခု နွေဦးခမျာ ဖျားပြီး သတိမေ့သွားတဲ့အထိဆိုတော့ မောင့်အတွက်ကို စိုး၇ိမ်သွားလို့ပါ.."

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now